Wednesday, November 2, 2016

♪ MPT မှ ၃၉၉ ကျပ် နဲ့ တစ်နေ့တာလုံး အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မယ့် Daily Unlimited Voice Package ကိုမိတ်ဆက် ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ တစ်ရက်လျှင် (၃၉၉) ကျပ်ပေးသွင်းရုံနဲ့ MPT ဖုန်းအချင်းချင်း စိတ်ကြိုက်ဖုန်းခေါ်ဆိုနိုင်မယ့် အစီအစဉ်တစ်ခုအဖြစ် Daily Unlimited Voice Package ကို မိတ်ဆက်ကြေညာလိုက်ပါတယ်။

MPT သုံးစွဲသူများအနေနဲ့ အဆိုပါ တစ်နေ့တာလုံး စိတ်ကြိုက်ဖုန်းခေါ်ဆိုနိုင်မယ့် ပရိုမိုးရှင်းအစီအစဉ်ကို  ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်ပြီး ပျော်ရွှင်စွာ ရယူအသုံးပြု နိုင်ပြီဖြစ်ပါတယ်။

အဆိုပါအစီအစဉ်သစ်ကို MPT-GSM/WCDMA ဖုန်းအသုံးပြုသူများအားလုံး ရယူသုံးစွဲနိုင်မှာ ဖြစ်ပြီး *399# ကို ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) 1332 သို့ VP1 ဟု စာတို ရိုက်နှိပ်ပေးပို့ခြင်းဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

ဖုန်းနံပါတ် တစ်ခုက တစ်ရက်မှာ Voice Pack တစ်ကြိမ်ဝယ်ယူရုံနဲ့ တစ်နေ့တာလုံး (ဝယ်ယူတဲ့နေ့ရဲ့ ညသန်းခေါင်ယံအချိန်အထိ) MPTဖုန်းအချင်းချင်းအကန့်အသတ်မရှိ ဖုန်းပြောနိုင်မှာဖြစ်ပါတယ်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “အခုအစီအစဉ်သစ်ကြောင့် သုံးစွဲသူတွေအနေနဲ့  မိမိတို့ အပေါင်းအသင်းတွေနဲ့အတူ  အကောင်းဆုံး ဖုန်းပြောဆို ဆက်သွယ် နိုင်တော့မှာပါ။ ပရိုမိုးရှင်း အစီအစဉ်ကို အသုံးပြုပြီး မိမိတို့ချစ်ခင်နှစ်သက်သူများနဲ့ ဖုန်းပြောဖို့ပဲဖြစ်စေ တစ်ယောက်ယောက်နဲ့ အကြာကြီးဖုန်းပြောဖို့ပဲဖြစ်စေ ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ဒါကလည်း သုံးစွဲသူများရဲ့ကျေးဇူးကို ကျွန်တော်တို့ဘက်က ပြန်လည် တုံ့ပြန်တဲ့အနေနဲ့ ဆောင်ရွက်ပေးနေ တဲ့ နည်းလမ်းများထဲက တစ်ခုပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရဲ့ အကျယ်ပြန့်ဆုံး မိုဘိုင်းကွန်ရက် ကနေ တစ်ဆင့် သုံးစွဲသူများအချင်းချင်း အဆက်အသွယ်မပျက်ရှိစေဖို့ ကျွန်တော်တို့ဘက်က ကြိုးပမ်းပေးနေတဲ့ ဆောင်ရွက်ချက်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။”  ဟု ပြောကြားခဲ့တယ်လို့ သိရပါတယ်။


Credit to ==> Digital Times

No comments:

Post a Comment