Friday, November 18, 2016

♪ Xiaomi အကြောင်း သင်မသိသေးတဲ့ အချက်(၅)ချက် ♫


Xiaomi ရဲ့သမိုင်းကြောင်းဟာ သိပ်မရှည်လျားသေးပါဘူး။ ၂၀၁၀ ခုနှစ်ကစတင်ပြီး အချိန်တိုတိုအတွင်းမှာပဲ ကမ္ဘာတစ်လွှားမှာ နာမည်ကြီးသွားတဲ့ ကုမ္ပဏီတစ်ခုဆိုရင်လည်း မမှားပါဘူး။ တခြားနိုင်ငံတွေမှာထက် တရုတ်ပြည်မှာပိုနာမည်ကြီးပြီး စမတ်ဖုန်းတွေဟာလည်း ကြော်ငြာမလိုဘဲနဲ့တောင် အောင်မြင်နေခဲ့ တာဖြစ်ပါတယ်။ ဒါကိုတော့ Xiaomi ရဲ့ ပရိသတ်တွေအကုန်သိပြီးသားဖြစ်ပေမယ့် တခြား အတွင်းကျကျ သိသင့်တဲ့ စိတ်ဝင်စားစရာအချက်ကလေးတွေ ရှိနေပါသေးတယ်။

**ဆန်းပြားတဲ့နာမည်**
တရုတ်ထုတ်လုပ်သူဖြစ်လို့ တရုတ်နာမည်ပဲဖြစ်ရမယ်လို့ မခံယူထားပါဘူး။ “Xiaomi” ဆိုတဲ့ စာလုံးဟာ တရုတ်စကားလုံးကနေ အနောက်တိုင်းအက္ခရာအဖြစ် ပြောင်းလဲထားတဲ့စာလုံးပဲဖြစ်ပါတယ်။ တရုတ်အက္ခရာနှစ်လုံး (Xiao နဲ့ Mi) ကိုဘာသာပြန်ကြည့်လိုက်ရင် “little rice” လို့အဓိပ္ပာယ်ရတဲ့အတွက် နာမည်ကိုတိုက်ရိုက်ဘာသာပြန်လိုက်ရင်နည်းနည်းတော့ ရှုပ်ထွေးသွားမှာပါပဲ။

အင်္ဂလိပ်အက္ခရာ “mi” ကို Xiaomi ရဲ့ logo အနေနဲ့ သတ်မှတ်ထားပါတယ်။ Xiaomi က တရုတ်စာလုံးကို Latin စကားလုံးနဲ့ ဆက်စပ်ဖို့ကြိုးစားခဲ့ပြီး “Mi” ဆိုတဲ့ စကားလုံးကလည်း “heart (နှလုံးသား)” လို့ အဓိပ္ပာယ်ရတဲ့စာလုံးနဲ့ တော်တော်လေးတူပါတယ်။ “Mi” ဆိုတဲ့စာလုံးကို brand ရဲ့ ပစ္စည်းတွေနာမည်တိုင်းမှာတွေ့နိုင်ပါတယ်။(Mi, Mi Note, RedMi) အနောက်နိုင်ငံတွေအတွက်ပါ ရည်ရွယ်ထားတဲ့ နာမည်နဲ့ ပတ်သတ်တဲ့အတွေးကောင်းလေးဟာ အနောက်နိုင်ငံရဲ့ နည်းပါးလှတဲ့ဝယ်ယူအားပေးသူတွေကြားမှာ ပျောက်ကွယ်ခဲ့ရပါတယ်။

xiaomi-mi-logo-w782

**လုပ်ငန်းစတင်ငွေသင့်တော်မှု**
နာမည်တစ်ခုရလာဖို့ လူ၃၀လောက်နဲ့စခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းငယ်တစ်ခုအနေနဲ့ ဥရောပမှာရှိစဉ်က Xiaomi က ကမ္ဘာမှာ လုပ်ငန်းစတင်ငွေအတန်ဆုံး ကုမ္ပဏီတစ်ခုအဖြစ် Uber ကိုထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀ ဘီလီယံထက်တော့ မနည်းပါဘူး။

တကယ်လို့ Uber ကနံပါတ်တစ်နေရာကို ပြန်ရောက်ခဲ့ရင်တောင်မှ Xiaomi က $46 ဘီလီယံနဲ့ ဒုတိယနေရာကိုဆက်လက်ထိန်းထားနိုင်မှာပါ။ ကုမ္ပဏီကလည်း တဖြည်းဖြည်းကြီးလာပြီး ဝန်ထမ်းပေါင်း ၈၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမယ့် ဝန်ထမ်းပေါင်း ၁၇၀၀၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ တရုတ် Huawei ကုမ္ပဏီနဲ့ ယှဉ်ရင်တော့ မပြောပလောက်တဲ့ပမာဏလို့ ဆိုရမှာပါ။

စီးပွားရေးလုပ်ငန်းတွေကလည်း တိုးတက်များပြားလာပြီး ဈေးကွက်ထဲမှာနောက်ကမကျန်ခဲ့ချင်ဘူး ဆိုရင်တော့ ရပ်နားနေလို့မရပါဘူး။

**အမျိုးမျိုးသော စီးပွားရေးနည်းလမ်းလုပ်ဆောင်ချက်များ**
Sony, Huawei နဲ့ Samsung တို့လို ကုမ္ပဏီကြီးတွေက ကဏ္ဍများစွာခွဲလုပ်နေတာတော့ အံ့သြစရာမရှိပါဘူး။ ဒါပေမယ့် Xiaomi လိုစီးပွားရေးလုပ်ငန်းသေးသေလေးက ကုမ္ပဏီကြီးတွေရဲ့ လမ်းစဉ်အတိုင်းသွားနိုင်တာက စိတ်ဝင်စားစရာပါပဲ။ ကြီးမားတဲ့ နည်းပညာဈေးကွက်မှာ အောင်မြင်နိုင်မယ့် အဓိကသော့ချက်က ကဏ္ဍတွေခွဲပြီး လုပ်ဆောင်ဖို့ဆိုတာကို Xiaomi က ကောင်းကောင်းနားလည်ပါတယ်။ ကုန်ကျစရိတ်တန်ဖိုးလောက်ပဲရှိတဲ့ စမတ်ဖုန်းတွေက ဝယ်သူတွေကို စွဲဆောင်နိုင်မှာ အသေအချာပါပဲ။ Xiaomi ကဒါထက်ကိုပိုပါတယ်။

Xiaomi ဟာ စမတ်ဖုန်း,tablet, smart လက်ပတ်, smart TV လို လျှပ်စစ်ပစ္စည်းတွေထုတ်တဲ့နေရာမှာ ထူးကဲအောင်လုပ်ထားပါတယ်။နားကြပ်ကစလို့ smart shoes တွေအထိ အမျိုးမျိုးသောအသုံးအဆောင်တွေ ကိုလည်း ပြုလုပ်နေပါတယ်။ Xiaomi ဟာ router နည်းပညာ, game pad အပြင် drone တွေကိုတောင် ဖန်တီးနေပြီဆိုတဲ့ အံ့သြဖွယ်သတင်းတွေကိုလည်း ဟိုဟိုဒီဒီမှာ ကြားနေရပါတယ်။ဒါပေမယ့် ကြားရတဲ့ အတိုင်း drone တွေထုတ်ခဲ့ရင်တောင် သူထုတ်သမျှထဲမှာ အကောင်းဆုံးပစ္စည်းမဖြစ်နိုင်ပါဘူး။

androidpit-xiaomi-mi-band-2-review-4-w782

**ဝါရင့် အတွေ့အကြုံများသူတွေကို စွဲဆောင်နိုင်**
Xiaomi မှမဟုတ်ပါဘူး။ဘယ်စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် သေးသေးကြီးကြီးအဆက်အသွယ်ကောင်းကောင်းရှိဖို့လိုပါတယ်။ဈေးကွက်ကို စတင်ဝင်ရောက်လာတဲ့ Xiaomi အနေနဲ့ သူတို့တွေဆီက ဘယ်လိုအကြံဥာဏ်ယူရမလဲဆိုတာ သိဖို့လိုပါတယ်။ Google ရဲ့ အရင်ကproduct မန်နေဂျာတစ်ယောက်ဖြစ်ခဲ့တဲ Hugo Barra ကို ၂၀၁၃ မှာသူ့ရဲ့ ဒုဥက္ကဌအနေနဲ့ ခန့်အပ်နိုင်ခဲ့ပါတယ်။

၂၀၁၄မှာတော့ Xiaomi မှ Apple ရဲ့တည်ထောင်သူသုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ Steve Wozniak ကိုဖိတ်ခေါ်ခဲ့ပါတယ်။ သူ့ကြောင့်ပဲ Xiaomi ဟာ အမေရိကန်ဈေးကွက်ကိုတောင်ထိုးဖောက်နိုင်လောက်တဲ့ အကောင်းဆုံးပစ္စည်းတွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Xiaomi ရဲ့ဖန်တီးသူတွေထဲကတစ်ယောက်ကိုတော့ “Chinese Steve Jons” လို့ခေါ်ပြီး နောက်တစ်ယောက်ကတော့ တရုတ်မှာ Google ရဲ့ အရင်ကကျော်ကြားခဲ့တဲ့သူဖြစ်ပြီး Microsoft မှာလည်း အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ ခြုံပြောရရင်တော့ လုပ်ငန်းစတင်ကတည်းက အကောင်းဆုံးဝန်ထမ်းတွေနဲ့ လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

**Xiaomi ကို ထောက်လှမ်းမှုပြုတယ်လို့ စွပ်စွဲ**
တရုတ်လူမျိုးတွေကသူတို့တွေရဲ့ဖုန်းတွေကို ထောက်လှမ်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကို အားလုံးလည်း ကြားလိုက်မှာပါ။ တကယ်လားဆိုတာတော့ မသေချာပါဘူး။ ၂၀၁၄ မှာ တရုတ်၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်မှာရောင်းချခဲ့တဲ့ Xiaomi RedMi Note နဲ့ Xiaomi RedMi 1S တွေက spyware(spy software) တွေကိုကာကွယ်နိုင်ပါတယ်။ ဒီသတင်းကို မီဒီယာတွေကလွှင့်ပြီး ထိုင်ဝမ်ကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ရလဒ်ကတော့ ဘယ်မှာမှ ပြဿနာမရှိဘူးဆိုတာပါပဲ။

၂၀၁၅မှာ ဂျာမန်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ G Data က Star N9500 မှမှတ်တမ်းတွေအရ တရုတ်ဖုန်းတွေမှာ spyware တွေ ပုံမှန်တွေ့ရကြောင်း ကြေညာခဲ့ပါတယ်။အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်ခဲ့လဲ? တရုတ်တွေကပဲ သူတို့အကြောင်းကိုပိုသိတာလား၊ Google ကပဲ သူတို့အကြောင်းကို အကုန်သိသလားဆိုတာကို မသိတာကခက်ပါတယ်။
နောက်ဆုံးအနေနဲ့မေးချင်တာကတော့ သင်ကရော Xiaomi ပစ္စည်းတွေရဲ့ ပရိတ်သတ်တစ်ယောက်လား?


Credit to ==> Myanmar Mobile App

No comments:

Post a Comment