Monday, December 30, 2013

Internet Download Manager သုံးမရဖြစ်နေရင် ဖြေရှင်းနည်း [1000000% Working]




Internet Download Manager 6.18 Build 8 Final (Released: Nov 28, 2013)

What's new in version 6.18 build 8 ?

(Released: Nov 28, 2013)
IDM ချည်းပဲ ခဏ ခဏ ရှင်းနေရလို့ New User တွေအတွက် လွယ်တာလေးကို တင်ပေးလိုက်ပါတယ်....။ ဒီလောက်လွယ်တာတော့ အခြားမှာ မတွေ့ရသေးပါဘူး ဒါအလွယ်ဆုံးနည်းပါ...:)


 New User တွေ အဖြစ်များတဲ့ IDM ပြဿနာလေးကတော့ အင်တာနက်ထဲကနေ IDM ကို 30-day trial version ကိုဒေါင်းယူပြီး သုံးတတ်ကြပါတယ်... ရက် ၃၀ ပြည့်တဲ့အခါ IDM က အလုပ် မလုပ်တော့ပါဘူး... ဒါမှမဟုတ် IDM က တစ်လမှာ အနည်းဆုံး နှစ်ကြိမ်လောက် Update ထွက်တတ်ပါတယ် .. အဲ့ဒီအခါ IDM ကို Update လုပ်ပေးမိရင်လည်း IDM ကသုံးမရတော့ပြန်ပါဘူး Serial Key ထည့်ပါ (သို့) ၀ယ်ပါဆိုပြီး အတင်ခိုင်းပါတော့တယ်..... အဲ့ဒီအတိုင်း Trial ရက်ကုန်ဆုံးသွားလို့ ဖြစ်စေ Update လုပ်ပေးမိလို့  Serial Key တောင်းနေလို့ဖြစ်စေ IDM က လုံးဝ သုံးမရဖြစ်နေရင်.... အောက်က နည်းလမ်း အတိုင်းသာ လုပ်ပေးလိုက်ပါ....

(ပထမဆုံး IDM မရှိသေးသူများကတော့ မူရင်းဆိုက်ဒ်ကနေ Update ဖြစ်နေတဲ့ နောက်ဆုံး Version ကို ဒီနေရာကတဆင့် >>>  IDM Trial Version <<< ဒေါင်းယူပါ...Next အဆင့်ဆင့်နဲ့ Install လုပ်ပါ... Finish ကိုနှိပ်ပါ... Serial Key တောင်းတဲ့ Box လေးတွေတတ်လာရင် ပိတ်ပစ်ပါ...  IDM ကို မ Run ပါနဲ့ဦး Run နေရင် ကွန်ပြူတာရဲ့ ညာဘက်ထောင့်နားက Tray Icon ထဲမှာ IDM Logo လေးပေါ်ကို Right Click > Exit ပေးလိုက်ပါ .....
 ပြီးမှ ဒီအောက်က Patch ဖိုင်လ်လေးကို  ဒေါင်းယူပါ... Rar ဖိုင်လ်လေးကို ဖြည်ပြီး UniPatch 2.7.exe ဆိုတဲ့ exe လေးကို Double Click နဲ့ Run ပေးပါ ... ခဏစောင့်ပါ... ကျန်တာတွေကိုတော့ အောက်မှာဖေါ်ပြထားတဲ့အတိုင်း တစ်ဆင်ချင်း လုပ်ပေးလိုက်ရင် Full Version အဖြစ်နဲ့ အမြဲတမ်း သုံးလို့ရသွားပါပြီ...) 

(အရေးကြီးဆုံးအချက်ကလေးတွေကတော့ ဒီအောက်က Patch လေးကို မ Run ခင် IDM ကို Exit ပေးထားပါ..... ပြီးတော့ Patch,Crack တို့ကို တချို့ Antivirus တွေက Virus အဖြစ် သတ်မှတ်တတ်ပါတယ်.. Patch,Crack တွေ ဖွင့်မရဖြစ်နေရင်တော့ Antivirus ကို ခဏ Disable ပေးထားဖို့ လိုအပ်မှာပါ... )



Download Link Update (29 Nov 2013)
Download IDM New Patch

Thursday, December 19, 2013

Photoshop CS5 Full Registed (Portable)




Gmail ထဲ သူငယ်ချင်းတယောက် အကူညီတောင်းထားလို့ Photoshop CS5 လေး တင်ပေးလိုက်ပါတယ်။
ဒီဆောဝဲလေးကတော့ portable လေးဖြစ်တဲ့ အတွက် ဒေါင်းပြီးတာနဲ့ install စရာမလိုပဲ mouse နဲ့ ၂ ချက်ကလစ်လိုက်တာနဲ့ သုံးလို့ရပါပြီ....။ Photoshop ဆို အားလုံးသိကြမယ်လို့ထင်ပါတယ်...။အထွေထူး ရှင်းပြစရာမလိုလောက်ဘူးထင်ပါတယ်....။    Register
 ပြီးသားမို့ ဒေါင်းပြီးတာနဲ့ full version သုံးရပါပြီ ဖိုင်ဆိုဒ်ကတော့ 165.25MB ပဲ ရှိပါတယ်...။Photoshop လေးနဲ့ ပုံတွေ အလန်းလေးဖြစ်အောင် ဖန်တီးချင်တဲ့ သူငယ်ချင်းများအားလုံး အလွယ် ရယူနိုင်အောင် ဆိုဒ် ပေါ် တင်ပေးလိုက်ပါတယ်...။ လက်ရှိကျနော် သုံနေတဲ့ ဆောဝဲလေးလည်းဖြစ်ပါတယ်....။photo ဒီဇိုင်းသမားဆို မရှိမဖြစ်ဆောဝဲလေး ဆို လည်း မမှားပါဘူး...။အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ........။

>>>>>Download Now<<<<<

App Screenshots

အားလုံးအဆင်ပြေပါစေ.......။

Adobe Photoshop CS 5 အသုံးပြုနည်းစာအုပ်

Facebook က သူငယ်ချင်းတစ်ယောက်တောင်းလို့ ပို့စ်တစ်ခုအနေနဲ့ တင်ပေးလိုက်တာပါ

Adobe Photoshop CS5 အသုံးပြုနည်းအသေးစိပ်ကို
 မြန်မာလိုရေးထားတဲ့ စာအုပ်လေးပါ ..

Tool တစ်ခုချင်းစီရဲ့ အသုံးပြုပုံအသေးစိပ်ကအစ Effect တွေကို ပေါင်းစပ် အသုံးပြုပုံတွေအဆုံး
Photoshop နည်းပညာတွေကို Pro တစ်ယောက်
အဆင့်လောက်အထိ ကျွမ်းကျင်မှုရှိလာအောင် စေ့စေ့စပ်စပ် ရေးသားထားတဲ့ စာအုပ်ကောင်းလေး
တစ်အုပ်လည်း ဖြစ်ပါတယ်


ဒါ့အပြင် Photoshop CS 5 ကို အသုံးပြုပြီး Website ဒီဇိုင်းတွေ ရေးစွဲနည်းကိုပါ
လေ့လာနိုင်မှာ ဖြစ်ပါတယ် ...

လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါ


နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Monday, December 16, 2013

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နောက်ဆုံးရ ဆုတံဆိပ် အခြေအနေနဲ့ ရုပ်သံလိုင်းများ..

              (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နောက်ဆုံးရ ဆုတံဆိပ် အခြေအနေနဲ့ ရုပ်သံလိုင်းများ..

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နောက်ဆုံးရ ဆုတံဆိပ် အခြေအနေကို Update ဖော်ပြပေးနေတဲ့ 2013 Southeast Asian Games Wikipedia Pageပါ...။
တခြား ဆုတံဆိပ် Result တွေဖော်ပြပေးနေတဲ့ ဆိုဒ်တွေထက် နိုင်ငံအလိုက် ရလဒ်တွေ ဖော်ပြတာ မြန်ဆန်ပါတယ်..။

လင့်ခ်ကတော့ http://en.wikipedia.org/wiki/2013_Southeast_Asian_Games ဖြစ်ပါတယ်..။ အောက်ဆုံးထိ ဆွဲကြည့်သွားရင် လတ်တလော Update Resultတွေကြည့်နိုင်ပါတယ်..။



Sea Games Channel, Sky Net, MRTV လင့်ခ် http://myanmartvchannel.com/sky-net.html

Sea Games Channel,MRTV လင့်ခ် http://www.pinoyheadline.com/2013/12/02/sea-games-2013-live-streaming/

ဓာတ်ပုံ... ၁၃ရက်နေ့က ကျင်းပတဲ့ မြန်မာ-ထိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲကို လာရောက် အားပေးခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်...။

Tuesday, December 10, 2013

Windows 8 တွင် Myanmar Fonts အမှန်ပေါ်ချင်သူများအတွက်

Posted by my blog on Jul 17, 2013 0

ကျွန်တော်တို့ အခုနောက်ပိုင်း Windwos 8 Preview Version ထွက်လာပြီးနောက်ပိုင်း အများစု Windows 8 ကို စမ်းပြီး အသုံးပြုလာတာ တွေ့ရပါတယ်.. ဒီနေရာမှာ ဘာတွေ ပြသနာကြုံ နေရလဲဆိုတော့ အခုအသစ် ထွက်လာတဲ့ Windows 8 မှာ Myanmar text  ဆိုပြီးတော့ Unicode ကို Support လုပ်ပေးထားပါတယ် .. အဲ့ဒီအတွက် ကျွန်တော်တို့ အနေနဲ့  Unicode ကိုပဲအသုံးပြုနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး .. ဒါပေမယ့် အများစုက ဇော်ဂျီဝမ်း ကိုသာ အသုံးပြုနေတဲ့ အချိန်မှာ Folder Rename ကို Zawgyi-One နဲ့ပေးထားလို့ Windows 8 မှာ ဖောင့်တွေ ပြောင်းပြန်တွေ ပေါ်နေတာတွေ G-Talk ပြောတဲ့ အခါမှာ မြန်မာလို ပေါ်ပေမယ့် ဖောင့်တွေက တစ်လွဲတွေ ဖြစ်နေတာကို ကျွန်တော် Keymagic သုံးပြီး ဖြေရှင်းလို့ ရမယ့်နည်းလမ်းလေးကို ရေးပေးသွားပါမယ်.

ကျွန်တော်တို့ Keymagic ကိုသုံးနေတဲ့ သူတွေအတွက်က ပြသနာမရှိပေမယ့် မသုံးဘူးသေးတဲ့ သူတွေအတွက် နည်းနည်း အခက်အခဲ ရှိနိုင်တာမို့လို့ ကျွန်တော် Keymagic အသုံးပြုနည်းလေးကိုပါ ရေးပေးပါမယ် .. ဘာမှတော့ မခက်ပါဘူး .. အရင်ဆုံး Windows 8 မှာ Keymagic အလုပ်လုပ်ဖို့အတွက် Microsoft Visual C++ 2008 Redistributable Package ကိုအရင် Install လုပ်ပေးဖို့ လိုအပ်ပါတယ် ..
32 Bits Users တွေကတော့ ဒီအောက်ကလင့်မှာဒေါင်းလော့သွားချလိုက်ပါ..
 
 
 
အားလုံးဒေါင်းလော့ချပြီးရင် Microsoft က ဒေါင်းလော့ချထားတဲ့ Package လေးကို အရင် Install လုပ်လိုက်ပါ .. ပြီးမှ Keymagic ကို Install လုပ်ပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ကျွန်တော် တစ်ချက်ပြောဖို့ ကျန်ခဲ့တာက Zawgyi-One ဖောင့်ကို Install လုပ်မယ်ဆိုရင်လည်း အရင် Windows 7 မှာတုန်းက အတိုင်းပါပဲ ဘာမှမထူးပါဘူး .. Install လုပ်ပေးလိုက်ပါ .. 

ဒါဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ Myanmar Text ရော Zawgyi-One နှစ်မျိုးလုံး အသုံးပြုလို့ ရသွားပါပြီ .. Keymagic ကို အသုံးပြုရတာ လွယ်ပါတယ် .. ကျွန်တော်တို့က Zawgyi-One ကိုအသုံးပြုမယ် ဆိုရင် အရင် Windows 7 က အတိုင်းအသုံးပြုယုံပါပဲ .. Keymagic နဲ့ Unicode Font ကိုပြောင်းသုံးချင်တယ် ဆိုရင်တော့ Keyboard မှ Shift + Ctrl + Z ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် ကျွန်တော်တို့ က Keyboard မှ Zawgyi-One လက်ကွက်နဲ့ ရိုက်နေပေမယ့်လည်း စာလုံးတွေက Unicode ဖောင်နဲ့အလိုလိုပြောင်း သွားပါလိမ့်မယ် .. Convert လုပ်ပေးတာပါ .. ဒါဆိုရင်တော့ လက်ကွက်အတွက် အဆင်ပြေသွား ပြီလို့ထင်ပါတယ် .. 

ကျွန်တော်တို့ ဖိုဒါတွေမှာ မြန်မာလို  Zawgyi-One ဖောင်နဲ့ မပေါ်တော့ တာတွေအတွက် အရင် Windows 7 တုန်းကလို Font ကိုသွားချိန်း ပေးလို့မရပါဘူး .. အဲ့ဒီအတွက် ကျွန်တော်တို့ လုပ်ရမှာတစ်ခုက Zawgyi -One ဖောင့်နဲ့  Rename ပေးထားတာတွေကို Keymagic  သုံးပြီး Myanmar Text နဲ့ပြန်ပြီး rename ပေးမှသာ Folder တွေမှာ မြန်မာဖောင့် ပေါ်တော့မှာ ဖြစ်ပါတယ် .. 

နောက်တစ်ချက်ကတော့ G-Talk သုံးတဲ့အခါမှာ Myanmar လိုပေါ်နေသော်လည်း Font တွေက ထုံးစံအတိုင်း တလွဲတွေပေါ်နေ ပါလိမ့်မယ် ..  အဲ့ဒီအတွက် ကျွန်တော်တို့က G-Talk က Setting ထဲမှာ Zawgyi-One ဖောင့်ကိုသွားပြီး ပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် .. 


အားလုံးပဲအဆင်ပြေကြပါစေ...
 Ref & Credit  => http://www.mmithelper.com/2013/05/windows-8-myanmar-fonts.html

မြန်မာ Font အဆင်မပြေသူများအတွက် ….

ကျွန်တော့် Site မှာ Myanmar Zawgyi Fonts ကိုအသုံးပြုထားပါတယ်။ ဖြစ်နိုင်ရင်တော့ Standard ရှိတဲ့ Unicode (Myanmar3) ကို သုံးချင်ပါတယ်။ ဒီ Zawgyi နဲ့ Unicode ပြဿနာကလဲ ဇတ်လမ်းစတည်းက အခုချိန်ထိကို ငြင်းလို့ခုံလို့ ၊ အရှုပ်အရှင်းတွေက အပြီးသေးဘူးထင်တယ်။ ဒါပေမဲ့လူတိုင်းက Zawgyi ဖြစ်နေတယ်။ Gtalk မှာ Chatting ထိုင်တာ ၊ Facebook သုံးတာ ၊ မြန်မာ website တော်တော်များများကို လည်ပတ်ကြည့်မယ်ဆိုလဲ zawgyi ဖြစ်နေတော့ ကျွန်တော်လဲ zawgyi ဖြစ်နေလိုက်ပါတော့တယ်။ 

ဥပမာ - Computer မှာ Zawgyi-One Fonts မရှိခဲ့ဘူးဆိုရင် ကျွန်တော့် Site ကစာတွေကိုဖတ်လို့ မရနိုင်ပါဘူး။ ဂြိုလ်သားစာတွေ ဖြစ်နေပါလိမ့်မယ် :P ။ Zawgyi-One Fonts မရှိသေးသူများအတွက် အဆင်ပြေအောင် ကျွန်တော် Zawgyi Fonts Install လုပ်နည်းကိုဖေါ်ပြပေးလိုက်ပါတယ်။ ဒါကလဲ အကျွမ်းတ၀င် ရှိပြီးသား သူတွေအတွက် ပြဿနာမရှိပေမဲ့ စတင်လေ့လာနေတဲ့ သူတစ်ယောက်အတွက် ကျ အခက်အခဲရှိနိုင်ပါတယ်။ 

ပထမဆုံးအနေနဲ့ အောက်မှာကျွန်တော်ပေးထားတဲ ZawGyi Fonts ကို Download ချလိုက်ပါ။ 32 Bits နဲ့ 64 Bits နှစ်မျိုးထဲက မိမိ Computer OS ပေါ်မူတည်ပြီး အဆင်ပြေတာကို download ဆွဲလိုက်ပါ။

ဇော်ဂျီမြန်မာဖောင့် Download   32 bits
ဇော်ဂျီမြန်မာဖောင့် Download   64 bits


For Zawgyi Fonts 32 bits

32 bits Windows ကိုအသုံးပြုထားတဲ့ user များတွက် အပေါ်က ကျွန်တော်ပေးထားတဲ့ Link ကနေ Download ကို နှိပ်ပြီး Save File ကိုနှိပ်ပါ။
အပေါ်ကပုံအတိုင်း Download လုပ်ပြီးလို့ Mozilla Download Windows ကျလာရင် အဲဒီ file ပေါ်ကို Right Click နှိပ်ပြီး Open Containing Folder ကိုနှိပ်ပါ။၎င်း download file တည်ရှိရာ နေရာကို ရောက်သွားပါမယ်။ 
အဲဒီကမှ ZFK-EG-WC.exe ကို Double Click နှိပ်ပါ။ တစ်ချို့ computer တွေမှာ Windows ရဲ့ User Account Control ကြောင့် yes (or) No Box ကျလာတက်ပါတယ်။ Yes လို့ပြောပေးလိုက်ပါ။ ပြီးရင်တော့ Zawgyi Installation Wizard ကျလာပါလိမ့်မယ်။ အရမ်းလွယ်တဲ့အတွက် ပုံနဲ့ မပြတော့ပါဘူး။ Next , Cancel , Install အဲဒါတွေပဲ ပါတာပါ။ 
Install လုပ်ပြီးသွားရင်တော့ Computer ကို Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာတဲ့အခါ Zawgyi Fonts သုံးလို့ ရသွားပါပြီ။ Computer Taskbar ညာဘက် မှာလဲ zawgyi Keyboard လေး ရောက်လာပါလိမ့်မယ်။ English နဲ့ Myanmar ကို Keyboard က Ctrl+Shift Key ကိုတွဲနှိပ်ပြီး အပြောင်းအလဲလုပ် အသုံးပြုနိုင်ပါတယ်။ 

For Zawgyi Fonts 64 bits 

64 Bits User တွေအတွက်ကတော့ အပေါ်က ကျွန်တော်တင်ပေးထားတဲ့ Link ကနေ Download ချလိုက်ပါ။ ပြီးသွားရင် Download ချထားတဲ့ Folder လေးထဲက 32 bits ကို install လုပ်ပြီးသွားရင် 64 bits Folder ထဲက Install_me ဆိုတဲ့ exe file လေးကို Install လုပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ computer ကို restart ချပေးဖို့ လိုအပ်ခဲ့ရင်လဲ restart ချပေးလိုက်ပါ။ တစ်ချို့ computer တွေကတော့ restart ချစရာ မလိုပါဘူး။

Zawgyi နဲ့ Unicode နှစ်မျိုးလုံး အသုံးပြုချင်သူများအတွက် 

Zawgyi Fonts ကို Install လုပ်ပြီးလို့ မကျေနပ်နိုင်သူများအတွက်ကတော့ မြန်မာနိုင်ငံမှာ online အသုံးပြုတဲ့ မြန်မာ fonts နောက်တစ်မျိုးက Unicode ပါ။ Computer မှာ Zawgyi ရော Unicode ပါ နှစ်မျိုးစလုံး အသုံးပြုထားနိုင်ပါတယ်။ အဲဒါဆို မြန်မာ website တွေကို လည်ပတ်တဲ့အခါ အဆင်ပြေသွားတာပေါ့။ သူတို့ Zawgyi နဲ့ Unicode ဘာပဲ သုံးသုံး အဆင်ပြေသွားတာပေါ့။

Myanmar Unicode Fonts download 

Unicode အသုံးပြုဖို့အတွက် အရင်ဆုံး အပေါ်မှာ ကျွန်တော်တင်ပေးထားတဲ့ Unicode Fonts ကို Download လုပ်လိုက်ပါ။ Download လုပ်ပြီးသွားရင် အထဲက Fonts တွေ အကုန်လုံးကို Install လုပ်ပေးလိုက်ပါ။ fonts Install လုပ်တာကလဲ လွယ်ကူပါတယ်။ မခက်ခဲပါဘူး။
Windows XP အသုံးပြုတဲ့ User တွေအတွက်ကတော့ Fonts တွေကို Copy ယူပြီး Control Panel ထဲက Fonts ထဲကို Paste လုပ်ပေးလိုက်ရင် အဆင်ပြေပါတယ်။

Windows 7 အသုံးပြုတဲ့ User တွေအတွက်ကတော့ Fonts ပေါ်မှာ Right Click နှိပ်ပြီး Install Fonts ကို Click နှိပ်ပေးလိုက်ပါ။ Control Panel ထဲက Font ထဲကို Paste လုပ်ပြီး ထည့်မယ်ဆိုလဲ ရပါတယ်။

Unicode Fonts ကို Install လုပ်ပြီးသွားပြီဆိုရင် Myanmar Unicode နဲ့ အသုံးပြုထားတဲ့ စာတွေကို ဖတ်လို့ ရသွားပါပြီ။ အဲဒါမှ မကျေနပ်သေးဘူး ။ Zawgyi Keyboard လိုမျိုးသုံးပြီး စာရိုက်ချင်သေးတယ်ဆိုရင်တော့ အောက်မှာ ကျွန်တော့်ပေးထားတဲ့ Link ကနေ KeyMagic Software လေးကို Download ဆွဲပြီး Install လုပ်လိုက်ပါ။ အဲဒါဆို၇င်တော့ Unicode keyboard ကိုအသုံးပြုပြီးလဲ စာရိုက်လို့ ရသွားပါပြီ။ 

Myanmar Unicode Keyboard Download 

Zawgyi-One ကို အသုံးပြုမယ်ဆိုရင် ကီးဘုတ်က Ctrl နဲ့ Shift ကိုတွဲနှိပ်ပြီးပြောင်းလဲ အသုံးပြုနိုင်သလို Unicode လက်ကွက်နဲ့ စာရိုက်မယ်ဆိုရင်တော့ ကီးဘုတ်က Ctrl + Shift + Z ကိုနှိပ်ပြီး ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။


အားလုံးပဲ အဆင်ပြေကြပါစေ ... လေးစားစွာဖြင့် ... သူရ

Sunday, December 8, 2013

VA – Summer 2 သင်္ကြန်သီချင်းများ (၂၀၁၃) [Album]



၀၁။ ဖက်ပစ်လိုက် နမ်းပစ်လိုက် – ဟဲလေး
၀၂။ တွေ့ဖူးတယ်ကလေးလိုလျှောက်မဖွနဲ့ – Waiလျှံ
၀၃။ သင်္ကြန်ညချမ်း – ယံယံ
၀၄။ အချိန်တွေကုန်တာမြန်လွန်းတယ် – ဆိုင်းနော်
၀၅။ မပျော်နိုင်ဘူး – အစ္စဏီ
၀၆။ ပိတောက်မကြိုက်တော့ဘူး – ဒီးဒီး
၀၇။ Let’s go tonight – Dယံ၊ ခန့်ဇော်
၀၈။ အတူကဲကြစို့ကွာ – ဒီရေတိုး၊ ဆူးလေး
၀၉။ ဖြည်းဖြည်းလောင်းပါ – အိမ့်ချစ်
၁၀။ မလွယ်ဘူးအထာရှိတယ် – စစ်သွေး၊ Waiလျှံ
၁၁။ အမှတ်တရသင်္ကြန် – N ကိုင်ရာ
၁၂။ ရေမီးစုံ လေထီးခုန် – သြရသ
၁၃။ မငြင်းနဲ့တော့ – မှူးရတနာ
၁၄။ ရောင်စုံကာလာ – ဟဲလေး၊ ပင်းပင်း
၁၅။ ရင်ခုန်သံကကြိုး – စွဲလမ်းဖြူ
၁၆။ သင်္ကြန် Party – သားလေး
၁၇။ သီချင်းနဲ့ပျော် – မတြာ
၁၈။ သင်္ကြန်ရှုခင်း – မေဟင်္သာ

[Download Whole Album]        

                    ++++++ ဒီနေရာမှ သမလာပါသည်++++++
          **********************************************

Saturday, December 7, 2013

Portable Adobe Photoshop CS4 Special Edition


ကဲတောင်းဆိုတဲ့ သယ်ရင်းတစ်ယောက်အတွက်ပါ
ပိုတေးဘဲလ် လေးတင်ပေးလိုက်တယ်နော်
ပေါ့ပေါ့ပါးပါး သုံးလို့ရပါတယ်နော် အဆင်ပြေပါစေ
ဒေါင်းရန် .. ဒီမှာ ဆိုတာကိုနှိပ်ပြီးဝင်ရောက်ဒေါင်းယူပါ


ဒီနေရာမှ မျှ ဝေပါသည်...