Tuesday, August 27, 2013

မီတာအလုံးရေ သောင်းကျော်ကို ၀န်ထမ်းနှစ်ဦးနဲ့ ငွေလက်ခံမှုကြောင့် မီတာလာဆောင်သူတွေ ဒုက္ခဖြစ်နေ


မြ၀တီ သြဂုတ်၂၇

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ (၂၄)နာရီမီးလင်းရေး အပိုင်း(၁)ရုံးတွင် မီတာအလုံးရေ သောင်းကျော်ရှိသော်လည်း မီတာခ လက်ခံဝန်ထမ်းမှာ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦးသာထားရှိ လက်ခံပေးခြင်းကြောင့် ယခုကဲ့သို့ မီတာလာရောက် ဆောင်သူ လုပ်သားပြည်သူများမှာ နံနက်(၀၉း၀၀)နာရီ ကတည်းက အိမ်အလုပ်များ ပစ်ထားခဲ့ရပြီး လာရောက်တန်းစီ စောင့်ဆိုင်းနေရသည်မှာ ကလေးလည်း ကျောင်းမကြိုနိုင် ထမင်းဟင်းလည်း မချက်နိုင်ဖြင့် နေ့လည်(၁၂း၀၀)နာရီထိုးသည်အထိ မိမိအလှည့်လည်းမကျသေးသည်ကို စိတ်ပျက်ဖွယ်ပုံပါ အတိုင်းတွေ့မြင်ရပါသည်။

မီတာစာရွက်လာရောက်ပေးသော နေ့မှာလည်း ၂၆.၈.၂၀၁၃ရက်နေ့မှသာ လာရောက်ပေးပြီး၂၈.၈.၂၀၁၃ရက်နေ့တွင် နောက်ဆုံးနေ့ သတ်မှတ်ပြီး သတ်မှတ်ရက် ကျော်လွန်ပါက ဒဏ်ကြေးသတ်မှတ်ခြင်း၊ မီးဖြတ်ခြင်း တို့ကိုပြုလုပ်မည်ဟု တစ်ဖက်သတ် စည်းကမ်းများ ချမှတ်ထားပါသည်။

ကျနော်လေ့လာကြည့် ရသလောက်ဆိုလျှင် မော်လမြိုင်မြို့တွင် အများပြည်သူ အဆင်ပြေစေရန်အတွက် ကားဖြင့် လာရောက်ကောက်ခံခြင်း သတ်မှတ်နေရာ များတွင်ကားရပ်နားပြီး မိုက်ခရိုဖုန်းဖြင့် ကြေငြာခြင်းတို့ဖြင့် ၀န်ဆောင်မှုပေးသည်ကိုတွေ့ရပြီး မြ၀တီမြို့တွင်တော့ ထိုင်းမှဝယ်ယူထားသော ပုဂိုလ်လိကမီးလင်းရေးဖြစ်သော်လည်း ၀န်ဆောင်မှုမပြည့်ဝခြင်း သုံးစွဲသူအပေါ်တွင်သာ ဖိနှိပ်ခံရခြင်း၊ မီးမမှန်ခြင်းတို့ကြောင့် နှစ်နာသူများဘက်မှ အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ရှိသူများမှစီမံဆောင်ရွက်ပေးနိုင်ပါရန်တင်ပြအပ်ပါသည်။

မြတ်ကို(ဒေါနမြေ)

by Myanmar News Now




Sunday, August 18, 2013

ကိုလိုရာဆွဲနေသောအတွေးများ


အဟက်……..
တစ်ခါလာလဲ …..၈၈….
တစ်ခါလာလဲ ….ဆဲဗင်းဂျုလိုင်…..


တစ်ခါလာလဲ …..စစ်တပ်….
တစ်ခါလာလဲ ……တစ်မတ်သား…..

တစ်ခါလာလဲ ……ပြည်သူ့ အသံ……
တစ်ခါလာလဲ …….ပြည်သူ့ ဆန္ဒ…….။

နေစမ်းပါဦးဗျာ……..
မသိလို့ မေးပါရစေအုန်း…..

အဲဒီ ပြည်သူ့ အသံ…..
ပြည်သူ့ ဆန္ဒ ဆိုတဲ့ အထဲမှာ……
လွတ်လပ်ရေးရကတည်းက ……
သေနတ်သံနဲ့  ကြီးလာရတဲ့ ရှမ်းမလေးတွေ…..
အရွယ်ရောက်ကတည်းက ……
ပြည်တွင်းစစ်ထဲ ၀င်လာရတဲ့ ကရင်လေးတွေ…..
ဗကပ ၀တ်စုံ ဘယ်တော့မှ မချွတ်ခဲ့ရတဲ့ ……
ကိုးကန့် နဲ့ ဝလေးတွေ…….
ကတ္တရာလမ်း မမြင်ဘူးတဲ့  ……
ချင်းတောင်တန်း ပေါ်က နာဂ လေးတွေ…
ကချင်ပြည်နယ်က တဂျိမ်းဂျိမ်း ဆက်ကြေးတောင်းခံနေရတဲ့  ……
အရပ်သူအရပ်သားတွေ…..
မြို့ ပြင်ထွက်လိုက်တာနဲ့ တိုက်ပွဲစဖြစ်တဲ့  ……
ဒေသအသီးသီးက အစိုးရ၀န်ထမ်းတွေ……
၁၉ ဖာပွန် တမလွန်လို့ နာမည်တွင်ခဲ့ ရတဲ့ …..
ကိုးဆယ်ပြည့်လွန် နှစ်ကာလ…..
ဖာပွန် ခလရ (၁၉) က တပ်မိသားစုတွေ……
…………………………………………….
သူတို့ အသံ …သူတို့ ဆန္ဒတွေရောပါလား……။

၈၈မှာပါမှ…..
ကိုးဆယ့်ကိုးမှာပါမှ……
ပြည်သူလား……။

ဟိုခေါင်းဆောင်ကို ထောက်ခံမှ …..
ဒီခေါင်းဆောင်ကိုထောက်ခံမှ…
ပြည်သူလား…….။

ဟိုအဖွဲ့ ကိုဝင်မှ…..
ဒီအဖွဲ့ ကို ၀င်မှ……
ပြည်သူလား…….။

သူတို့ အတွက် ပထမဆုံး အရေးကြီးတာ….
ခရိုနီ ခရိုနီနက်လား…..
ငြိမ်းချမ်းရေးလား……..။

တစ်မတ်သားနဲ့ ဦးပိုင်လား…..
အပစ်အခတ်ရပ်စဲရေးလား…….။

ဘောင်းဘီဝတ် ဘောင်းဘီချွတ်ခွဲဖို့ လား….
ဒုက္ခသည်စခန်း သွားမနေရရေးလား…..။

စစ်တပ်ကို ကမ္ဘာမကြေရေးလား……
အချင်းချင်း စည်းလုံးညီညွတ်ရေးလား……။


သိပ်ပြီးတော့ မရောင်ရာ ဆီလူးမနေနဲ့ …..
တစ်ခွန်းပဲပြောမယ်……
ပြည်သူ့ အသံ ဆိုတာ……
မင်းတို့ အသံ မဟုတ်ဘူး…….
ရောမချနဲ့ ….
မှတ်ထား….ဒါပဲ……..။

( ရောင်တဲ့ နေရာကိုပဲ ဆီလူးချင်တဲ့ ရဲမိုး) 


Ye Moe

Wednesday, August 14, 2013

ဦးနှောက်၏ ထူးဆန်းသော အချက်များ

 
Myanma Light
ဦးနှောက်၏ ထူးဆန်းသော အချက်များ
14/8/2013
-ဦးနှောက်သည်နာကျင်မှုကို မခံစား ရပေ။ အခြားနေရာမျိုးစုံ နာကျင်မှု များအား ဦးနှောက်ထံသတင်းပေးပို့ ခြင်းဖြင့် အဆုံးသတ်သော်လည်း ဦးနှောက်ကိုယ်တိုင်နာကျင်မှုကို ခံစား သိရှိရခြင်းမရှိပေ။
- ဦးနှောက်သည် ခန္ဓာကိုယ်အလေး ချိန်၏နှစ်ရာခိုင်နှုန်းသာရှိသော်လည်း ခန္ဓာကိုယ်အောက်စီဂျင်နှင့် ကယ်လို ရီသုံးစွဲမှုစုစုပေါင်း၏ နှစ်ဆယ်ရာ နှုန်းကို ရယူလျက်ရှိသည်။
-ဦးနှောက်သည် ပြင်ပလေနှင့်ထိ တွေ့မှသာ အစိုင်အခဲသဏ္ဌာန်မြင်ရ လေ့ရှိပြီး ဦးခေါင်းခွံအတွင်းလုံလုံခြုံ ခြုံရှိနေသည့်ဦးနှောက်မှာ အရည် များဖြင့် (၈၀) ရာခိုင်နှုန်းဖွဲ့စည်းထား သောနူးညံ့သည့်အစိုင်အခဲတစ်ခုဖြစ်သည်။
-ခန္ဓာကိုယ်သည် နေ့ဘက်တွင် အလုပ်လုပ်၍ ညဘက်အနားယူ သော်လည်း ဦးနှောက်သည် အိပ် စက်အနားယူချိန်ရောက်မှ အလုပ်ပို လုပ်လေ့ရှိသည်။
- ဦးနှောက်နဗ်ကြောများသည် လျှပ် စီးကြောင်းများဖြင့် သတင်းပေးပို့ တတ်ကြပြီး ခန္ဓာကိုယ်ပြင်ပတွင် ဦးနှောက်ကို ရှင်သန်စေရန် အထောက် အပံ့ပေးရမည်ဆိုပါက လျှပ်စစ်စွမ်းအား(၁၀)ဝပ်ခန့်လိုမည်ဖြစ်သည်။
- ဆယ်ကျော်သက်အရွယ်၌ ခန္ဓာ ကိုယ်ဖွံ့ဖြိုးမှု တစ်ရှိန်ထိုးမြန်ဆန် သကဲ့သို့ ဦးနှောက်ဖွံ့ဖြိုးမှုလည်း ရုတ်ချည်း ပြောင်းလဲတတ်သည်ဖြစ် ရာ ဆယ်ကျော်သက်များအား စွန့် စားလိုစိတ်၊ တဇွတ်ထိုးစိတ်များဖြစ် ပေါ်ခံစားရစေသည်။
-မြင်သမျှ၊ ကြားသမျှ၊ ခံစားရသမျှ တို့ကို တစ်ခုမကျန် ဦးနှောက်ကသိုမှီးထားနိုင်သော်လည်း မှတ်ဥာဏ် တွင်းမှ ပြန်လည်ထုတ်ယူနိုင်စွမ်း (recall) ကိုမူတည်၍ သတိကောင်း ခြင်း၊သတိမေ့ခြင်းတို့ဖြစ်ပေါ်လာ ရသည်။
-ဦးနှောက်၏အစိတ်အပိုင်းတစ်ခု နှင့်တစ်ခု မြန်နှုန်းမတူပါ။ သတင်းအချက်အလက်သယ်ယူသည့်နေရာချင်းလည်းမတူပါ။ ထို့ကြောင့် အချို့ ကိစ္စများကို သတိရလွယ်ပြီး အချို့ ကို သတိရစေရန် အချိန်အတော်ယူရ လေ့ရှိသည်/
သီဟ
Source:BSN
Health Updates Journal

Tuesday, August 13, 2013

ဘ၀အတွက်ရိုးရှင်းတဲ့ဒဿနလေးတွေ

 
Myawady News
ဘ၀အတွက်ရိုးရှင်းတဲ့ဒဿနလေးတွေ

၁။ အခန်းကို ဘာအရောင်သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့ အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။ တစ်ခါတလေ ရိုးရှင်းပြီး ရှေးကျတဲ့နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။

၂။ တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။ စားမယ်လို့ ရည်ရွယ်ထားတဲ့အစာကို ချို့တဲ့သူတွေအတွက် ပေးကမ်းစွန့်ကြဲပါ။ အစာကိုစွန့်နေချိန်အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။

၃။ တကယ်လို့ ဖြစ်နိုင်ရင် ကလေးတွေကို (၁၆)နှစ်ပြည့်တာနဲ့ အလုပ်တစ်ခုရှိဖို့ အားပေးကူညီပါ။ ဒါဟာ လူ့ဘဝအရသာကို အချိန်စောပြီး သူတို့ ခံစားသိမြင်စေသလို အရာရာ ခက်ခဲကြောင်း သူတို့နားလည်စေပါတယ်။

၎။ ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို လက်ကိုင်ထားပါ။ ဒါဟာ အချစ်ကို ထာဝရလတ်ဆတ်စေသလို လူ့ဘဝကို ကြာရှည်ခံစေတဲ့အရာဖြစ်တယ်။

၅။ သားသမီးတွေကို အကောင်းဆုံးအရာမပေးနိုင်မှာကို စိတ်မပူပါနဲ့။ သူတို့အတွက် အကောင်းဆုံး"သင်"ကိုပဲ ပေးပါ။ ဒါဟာ သူတို့အလိုချင်ဆုံးအရာဖြစ်သလို သူတို့ရဲ့ အလိုအပ်ဆုံးလည်းဖြစ်ပါတယ်။

၆။ အမုန်းဆိုတာ အလွယ်တကူ ကူးစက်တတ်တဲ့ ခံစားချက်ဖြစ်တယ်။ ဒါကြောင့် အမုန်းကို စိတ်ထဲ အဝင်မခံပါနဲ့။ ဒီနေ့အထိ လူတွေ တိုးပွားလာရတာဟာ အမုန်းကြောင့်မဟုတ်ဘဲ အချစ်ကြောင့်ဖြစ်ပါတယ်။

၇။ သက်ရှိတိုင်းက လေးစားထိုက်သူတွေပါ။ လေးစားမှုတွေ ရင်ဝယ်ပိုက်ပြီး သက်ရှိတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းဖို့ ကျွန်တော်တို့ ဆန္ဒပြုရအောင်...

၈။ သူငယ်ချင်းကောင်းဆိုတာ သင်ရဲ့ကိုယ်ခွဲလေးပါ။ အဖော်ကောင်းတစ်ယောက် ပိုင်ဆိုင်တာဟာ လူ့ဘဝခရီးလမ်းမှာ သင့်ကို အထီးမကျန်စေပါဘူး။

၉။ ကတိဆိုတာ နှလုံးသားတစ်ခုက အခြားနှလုံးသားတစ်ခုကို သစ္စာပြုတာဖြစ်တယ်။ ဒါကြောင့် ကတိတည်ပါစေ။

၁၀။ အေးဆေးတည်ငြိမ်တဲ့ ညချမ်းတစ်ခုမှာ တစ်ယောက်တည်း မြက်ခင်းပေါ်လဲပြီး ကောင်းကင်က ကြယ်ကလေးတွေကို ရေတွက်ပါ။ စိတ်လည်း အပန်းဖြေဖို့လိုပါတယ်။

၁၁။ အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အချက်နှစ်ချက်လိုအပ်တယ်။ တစ်..အသင့်တော်ဆုံးလူကို ရှာယူပါ။ နှစ်.. အသင့်တော်ဆုံးလူဖြစ်အောင် ကြိုးစားပါ။ ဒီနှစ်ချက်မှာ တစ်ချက်ချက် မရှိလို့ မဖြစ်ဘူးဆိုတာ မြဲမြဲမှတ်ပါ။

၁၂။ လျှပ်တစ်ပြက်အောင်မြင်ဖို့ အချိန်(၁၅)နှစ် လိုအပ်တယ်။ အောင်မြင်ခြင်းရဲ့ တောက်ပမူကိုသာမြင်ပြီး မအောင်မြင်ခင် ကြုံတွေ့ရတဲ့ အခက်ခဲတွေကို လျစ်လျူမရှူလိုက်နဲ့။ တစ်ကြိမ်အောင်မြင်ဖို့ ကျဆုံးခြင်းတွေ အများကြီး စုပုံရပါတယ်။

၁၃။ အားလပ်ရက်မှာ နေ့တစ်ဝက်လောက် အချိန်ခိုးပြီး အနားယူ အိပ်စက်ပါ။ နိုးလာတဲ့အခါ သင့်စိတ်ဟာ မွန်းလွဲနေရောင်ခြည်လို ကြည်လင်တောက်ပနေလိမ့်မယ်။

၁၄။ သင်မွေးနေ့မှာ သင်ကိုယ်တိုင် သစ်ပင်တစ်ပင်စိုက်ပါ။ သစ်ပင်ကို သင်နဲ့အတူ ရှင်သန်ကြီးထွားပါစေ။

၁၅။ ငယ်ရွယ်နုပျိုစဉ်မှာ ဓာတ်ပုံများများရိုက်ပါ။ အကောင်းဆုံးကာလကို ဘဝမှာ အမှတ်တရချန်ခဲ့ပါစေ။

၁၆။ တခြားသူက သင့်ကို ကတ် သို့မဟုတ် လက်ဆောင်ပေးတဲ့အခါ ကျေးဇူးတင်လွှာရေးပို့ဖို့ မမေ့ပါနဲ့။

၁၇။ ကလေးသူငယ်တွေကို စည်းကမ်းတကျ သင်ပြောဆိုဆုံးမပြီးနောက် သူတို့ကို စိတ်ပါလက်ပါ ပွေ့ဖက်ပါ။ သူတို့ကို သင်ဘယ်လောက်ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာကို သူတို့သိပါစေ။

၁၈။ များပြားလှတဲ့ အလုပ်ကြောင့် သင့်ရဲ့နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့လိုက်နဲ့။ ဘဝမှာရှိတဲ့ နေ့ထူးနေ့မြတ်တိုင်းက သင့်ဘဝမှာစုဆောင်းမိတဲ့ အကောင်းဆုံး စည်းစိမ်ချမ်းသာတွေဖြစ်တယ်။

၁၉။ မသိတတ်၊ နားမလည်တတ်သူတွေအတွက် ကောင်းတာတွေ လုပ်ပေးပါ။ သူတစ်ပါးကို ကူညီတာ တုန့်ပြန်မှုတွေ မလိုပါဘူး။

၂၀။ သင့်မျက်စိရှေ့က မြင်ကွင်းကို အမြဲလှပအောင် ထိန်းသိမ်းပါ။ ပုလင်းထဲထိုးထားတဲ့ ပန်းတစ်ပွင့်ဆိုရင်လည်း လှပနေပါစေ။

၂၁။ သင့်နာရီကို ငါးမိနစ်မြန်ထားပါ။ ဘာပဲလုပ်လုပ် တခြားသူထက် သင်ခြေတစ်လှမ်း မြန်နေပါစေ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါစေ။

၂၂။ စွန့်စားခြင်းဆိုတာ ရဲဝံ့ခြင်းပဲ။ တကယ်လို့ သင်မစွန့်စားရင် အောင်မြင်ခြင်းရဲ့ ရဲဝံ့မှုကို သင်မသိဘူး။ စွန်းစားခြင်းထဲကနေ အောင်မြင်တဲ့လူ့ဘဝကို ရှာယူပါ။

၂၃။ သင့်အကြိုက်ဆုံး တေးဂီတနဲ့ နေ့ရက်တိုင်းကို ဖွင့်ပါ။ ဂီတဆိုတာ စိတ်ဝိညာဉ်ရဲ့သီချင်းဖြစ်တယ်။ မနက်ခင်းတိုင်းမှာ စိတ်ဝိညာဉ်ကို ကြည်လင်လန်းဆန်းပြီး နေ့ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။

၂၄။ လင်မယားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ထိခိုက်စေတဲ့အခါ ဘယ်သူ့အမှားပဲဖြစ်ဖြစ် အရင်ဆုံးတောင်းပန်တတ်ဖို့ သင်ယူပါ။ "ဆောရီးပဲ.. နင့်ကို ဒေါသထွက်စေခဲ့ပြီ။ ငါ့ကိုခွင့်လွတ်ပါ"။ ဒါဟာ စိတ်ထိခိုက်တာကို ကုသတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။

၂၅။ တစ်ယောက်ယောက်က သင့်ကိုပွေ့ဖက်တဲ့အခါ သင့်ရင်ခွင်ထဲကနေ သူအရင် ခွာပါစေ။ သင့်ဝေးရာကို အချစ်မထွက်သွားမချင်း အချစ်ကို သင့်ဖက်ကစပြီး အရင်လက်မလွတ်ပါနဲ့။

၂၆။သိလိုစိတ်တွေ အမြဲပြင်းပြနေပါစေ။ "ဘာကြောင့်" ဆိုတာကို များများမေးပါ။ ဒါဟာ ထိုးထွင်းဖန်တီးနိုင်စွမ်းကို ဖြစ်စေပြီး ဘဝကို မညှိုးနွမ်း မခြောက်သွေ့စေတဲ့ ရင်းမြစ်ဖြစ်တယ်။

၂၇။ အချစ်မှာ ထူးခြားဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေရှိတယ်။
အချစ်က လေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသန်းစေတယ်။
လူကို သေရာက ရှင်သန်လာစေတယ်။ လူကို အမြဲနုပျိုစေတယ်။
ဒါကြောင့် အချစ်ရဲ့အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။

၂၈။အနာဂတ်မှာ ဖြစ်ပျက်လာမယ့်အကြောင်းကို စိုးရိမ်ပူပန်လွန်ပြီး မျက်စိရှေ့က လှပတဲ့အရာတွေကို လက်မလွတ်မိစေနဲ့။ ပစ္စုပန်မှာ နေပျော်တတ်ဖို့ သင်ယူပါ။ အနာဂတ်ကို ကြိုတင်တွေးကြောက်သူဟာ လက်ရှိတန်ဖိုးရှိတဲ့အရာတွေနဲ့ ပိုပိုဝေးသွားပါလိမ့်မယ်။

၂၉။ အိမ်၊ အမေကို မကြာခဏ ဖုန်းဆက်ပါ။ အချစ်ရှိရင် လွမ်းဆွတ်မှုက ရှိစမြဲပါ။ တခြားလူကို လွမ်းဆွတ်ခြင်းရဲ့ ညင်းပန်းမှုဒဏ်တွေ မခံပါရစေနဲ့။ ဖုန်းဆက်တာဟာလည်း ချစ်ကြောင်းကိုတခြားနည်းနဲ့ ထုတ်ဖော်ပြသခြင်းပါပဲ။

၃၀။ အချစ်အတွက်နဲ့ လက်ထပ်ပါ။ အချစ်စစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူး။ လက်ထပ်ခြင်းမှာ အချစ်ဆိုတာ လိုအပ်သလို ဒါဟာလည်း ခိုလှုံခြင်းဖြစ်တယ်။

၃၁။ အခွင့်အရေးကို အေးဆေးသက်သာ ရှာလို့မရဘူး။ အေးဆေးသက်သာဆိုတာ ကမ်းစပ်မှာရပ်နေတဲ့ လှေငယ်လေးလိုဖြစ်တယ်။ အေးဆေးသက်သာရပ်နေပြီးမလှုပ်ရှားလို့ လှေအောက်ပိုင်းဟာ မကြာခင်မှာ ဆွေးသွားတော့မယ်။

၃၁။ နေ့ရက်တွေကို ရိုးရိုးရှင်းရှင်းဖြတ်ကျော်ပါ။ ရိုးရှင်းတာက ဘဝကို ပိုလက်တွေ့ကျစေသလို တန်ဖိုးအရှိဆုံးလည်းဖြစ်တယ်။

၃၂။ ခွေးတစ်ကောင်ဖြစ်ဖြစ်၊ အခြားတိရစ္ဆာန်ပဲဖြစ်ဖြစ် မွေးမြူကြည့်ပါ။ သက်ရှိတစ်ခုကို ဘယ်လို တန်ဖိုးထား ဂရုစိုက်ရမယ်ဆိုတာကို သင်နားလည်လာလိမ့်မယ်။ —
You might also like:

ပန်းရောင် ဂြိုဟ်သစ် တစ်လုံးကို သိပ္ပံပညာရှင်များ ရှာဖွေ တွေ့ရှိ

 
 
ဝါရှင်တန် သြဂုတ် ၁၁
နာဆာမှ နက္ခတ္တဗေဒ ပညာရှင်များသည် နေဂြိုဟ်ကဲ့သို့ အရွယ်အစား ကြီးမားသော ကြယ်ကြီး တစ်လုံးကို အလင်းနှစ် ၅၇ နှစ် အကွာအဝေးမှ လှည့်ပတ်နေသည့် ပန်းရောင် အဆင်းရှိ ဂြိုဟ်ငယ် တစ်လုံးကို တွေ့ရှိ ခဲ့ကြပြီး
ထိုဂြိုဟ်ငယ်သည် တွေ့ရှိခဲ့ဖူးသော ဂြိုဟ်များအနက် အသေးငယ်ဆုံး ဂြိုဟ်တစ်လုံး ဖြစ်ကြောင်း သိရသည်။ အမည်ဝှက် GJ 504b ဟု အမည် ပေးထားသော အဆိုပါ ဂြိုဟ်ငယ်ကို ဟာဝိုင်ရီရှိ နက္ခတ်တာရာ ကြည့် မှန်ပြောင်းမှ တစ်ဆင့် တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ဂြိုဟ်ကို တိုက်ရိုက် ပုံရိပ်ဖမ်း ကြည့်ရှုသည့် နည်းပညာကို အသုံးပြု၍ ကြည့်ရှုရာတွင် အသေးဆုံးသော ဂြိုဟ်ငယ်အဖြစ် မြင်တွေ့ ရသော်လည်း ၎င်းသည် ကြာသပတေး ဂြိုဟ်၏ အရွယ်အစားထက် လေးဆခန့် ကြီးမားနိုင်ကြောင်းနှင့် အပူချိန်မှာလည်း ၂၃၇ ဆဲလ်ဆီးယပ်စ် အထိ ရှိနိုင်ကြောင်း သိပ္ပံ ပညာရှင်များက ပြောကြား ခဲ့ကြသည်။

ကြောင်ဘယ်နှစ်ကောင်ရှိ...

 
နှိုင်းရင့်နွေ
ကြောင်ဘယ်နှစ်ကောင်ရှိ...
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
မူကြိုကျောင်းတစ်ကျောင်းမှာ မူကြိုဆရာမက ကျောင်းသားလေးကို ဂဏန်းသင်္ချာအခြေခံလေးတွေ သင်ပေးနေပါတယ်...
ဆရာမ။ အကယ်လို့ သားကို ဆရာမက ကြောင်နှစ်ကောင်ပေးမယ်... ပြီးရင် နောက်ထပ်နှစ်ကောင်ပေးမယ်... ပြီးရင်နောက်ထပ်နှစ်ကောင် ထပ်ပေးမယ်... ဒါဆိုသားမှာ ကြောင်ဘယ်နှစ်ကောင်ရှိမလဲ......
ကျောင်းသား။ ခုနစ်ကောင်ပါ ဆရာမ....

ဆရာမ။ မဟုတ်သေးဘူးကွယ်... ပြန်ပြောပြမယ်... သေချာ နားထောင်နော်သား... ဆရာမက သားကို ကြောင်နှစ်ကောင်ပေးမယ်... ပြီးရင်နောက်ထပ် ကြောင်နှစ်ကောင်ပေးဦးမယ်... အဲ့ဒါပြီးရင် ကြောင်နောက်ထပ်နှစ်ကောင် ထပ်ပေးမယ်... ဒါဆိုရင် သားမှာ ကြောင်ဘယ်နှစ်ကောင်ရှိမလဲ...
ကျောင်းသား။ ခုနစ်ကောင်ပါ ဆရာမ...
ဆရာမ။ ဒါဆို နောက်တစ်မျိုးမေးမယ်ကွယ်... ဆရာမက သားကို ပန်းသီး နှစ်လုံးပေးမယ်... ပြီးရင် နောက်ထပ်ပန်းသီးနှစ်လုံးထပ်ပေးမယ်... ပြီးရင် ပန်းသီးနှစ်လုံးထပ်ပေးဦးမယ်... ဒါဆိုသားမှာ ပန်းသီးဘယ်နှစ်လုံးရှိမလဲ...
ကျောင်းသား။ ခြောက်လုံး...
ဆရာမ။ တော်တယ်... ဟုတ်ပြီ... အခုဆရာမက သားကို ကြောင်နှစ်ကောင်ပေးမယ်... နောက်ထပ်ကြောင်နှစ်ကောင်ပေးမယ်... နောက်ထပ်ကြောင်နှစ်ကောင်ထပ်ပေးမယ်... ဒါဆိုသားမှာ ကြောင်ဘယ်နှစ်ကောင်ရှိမလဲ...
ကျောင်းသား။ ခုနစ်ကောင်....
ဆရာမ။ (စိတ်တိုလျက်) ဘယ်ကနေကြောင်ခုနစ်ကောင်ဖြစ်လာတာလဲဟဲ့...
ကျောင်းသား။ (စိတ်မရှည်သံဖြင့်) သားအိမ်မှာကြောင်တစ်ကောင် ရှိပြီးသားမို့လို့ပေါ့ဗျ..
----------------------------------------------------------------
Ref: Inspire Your Friends

မှတ်မှတ်ရရ စကားစုလေးများ




လူငယ်တို့သည် အတောင်ပါသော ငှက်ကလေးများဖြစ်ကြသည်။

ပျံသန်းခွင့်.........ပေးလိုက်ပါ။

သစ်သားနှင့်တူပေမဲ့ နံ့သာတုံးက ထင်းမဖြစ်ပါ။ သူ့ရဲ့ သင်းပျံ့တဲ့ မွှေးရနံ့ကြောင့်ပေါ့။

အသေအချာဆုံး ရင်းနှီးမြှုပ်နှံမှု့ကတော့
 
 ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။

ဆုံးဖြတ်ချက်ဆိုရင် ဖြေးဖြေးချ။ လုပ်စရာရှိရင် မြန်မြန်လုပ်။

ရိုးရိုးကန်ရုံနဲ့ မအောင်မြင်နိုင်ဘူး ရုန်းပြီးကန်လိုက်စမ်းပါ။

တစ်ခါမှ အမှားမလုပ်ဖူးတဲ့သူဟာ ဘာမှ မလုပ်ဖူးတဲ့သူပဲ။

တံခါးဖွင့်ထားတယ် တွန်းပြီးဝင်လာရမှာက မင်းအလုပ်။

သက်သာဖို့မကြိုးစားပါနဲ့ အရည်အချင်းရှိဖို့ ကြိုးစားပါ။

ဒူးထောက်ပြီး အသက်ရှင်ရတာထက် မက်တပ်ရပ်ပြီး သေရတာကမြတ်တယ်။


ပညာဆိုတာ ရတဲ့နေရာမှာယူ လိုတဲ့နေရာမှာသုံး။

ရိုးသားခြင်းက ခိုးစားခြင်းထက် ပိုပြီးမြတ်တယ်။

ဝီရိယဆိုတာ ပင်ပန်းစွာ လုပ်ခိုင်းတာမဟုတ်ပါ။ နိုးကြားထကြွခြင်းကိုသာ ဆိုလိုတာပါ။

စွန့်ပစ်သင့်တဲ့ လူ့ဘ၀ရဲ့ အမှိုက်လေးမျိုးရှိတယ်။ အဲ့ဒါ.... လောဘ၊ ဒေါသ၊ အတ္တ၊ မာန။

ကလဲ့စားချေတယ်ဆိုတာ ကိုယ်ရှုံးနိမ့်ခဲ့ဖူးကြောင်း ၀န်ခံလိုက်တာပါပဲ။

မရိုးသားဘူးဟု ထင်ရသူထက်စာလျှင် ရိုးသားချင်ယောင်ဆောင်သူက ပိုကြောက်စရာကောင်းပါသည်။

လောကကြီးမှာ မင်းထက်တော်တဲ့လူ မရှိဘူး၊

လောကကြီးမှာ မင်းထက်ကြိုးစားနေတဲ့ လူတွေပဲရှိတယ်။

ဒုက္ခဆိုတာ ကိုယ်စိုက်ခဲ့သော သစ်ပင်ဖြစ်သည်။

မာနဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီးတူးဆွခံနေရတဲ့ ပေါက်ချွန်းတစ်လက်ပါ။

ပိုက်ဆံရှိတိုင်း.... လူချမ်းသာမဟုတ်ဘူး။ စာရိတ္တမွဲရင်...လူမွဲပဲ။

အလုပ်မလုပ်သောသူများသည်

အလုပ်လုပ်သော သူများထက်ပိုပြီး မောပန်းလွယ်ကြ၏ ။

နိုင်ရင်ခေါင်းမော့ချင်မော့။ ဒါပေမဲ့ရှုံးရင်တော့.... ခေါင်းမငုံ့မိပါစေနဲ့ ။

ဒုက္ခတွေထဲမှာ မျှော်လင့်ခြင်းများစွာနဲ့ အသက်ရှင်နေရတာလည်း

ဒုက္ခတစ်ခုပါပဲနော်။

ဆင်းရဲခြင်းများ၊ ပူလောင်ခြင်းများ၊ ငိုကြွေးခြင်းများဖြင့် အထပ်ထပ်

ရစ်ပတ်နှောင်ဖွဲ့ခံထားရတဲ့ သတ္တ၀ါကို လူဟုခေါ်ပါသည်။

လူတစ်ယောက်ရဲ့ အနာဂတ်ကို သိချင်ရင် အဲဒီလူရဲ့ ပစ္စုပ္ပန်အလုပ်ကို ကြည့်ရတယ်တဲ့။

အောင်မြင်တယ်ဆိုတာ အခက်အခဲတွေနဲ့ ဒုက္ခတွေကို အနိုင်ရခဲ့ခြင်းဖြစ်တယ်။

ထာဝရအလင်းတန်းများ
မြဝတီ-

Tuesday, August 6, 2013

ဘာဘွန်းမျောက်ကြီးများကြောင့် သတ္တဗေဒပညာရှင်များ ဦးနှောက်ခြောက်ရ

 
Aye Chan Mon
ဘာဘွန်းမျောက်ကြီးများကြောင့် သတ္တဗေဒပညာရှင်များ ဦးနှောက်
ခြောက်ရ
Monday, August 05, 2013
နယ်သာလန် တိရစ္ဆာန်ဥယျာဉ်မှ ဘာဘွန်းမျောက် ကြီးများ၏ ထူးဆန်းသော
အပြု အမူကြောင့် သတ္တဗေဒပညာရှင် များကို စိတ်ရှုပ်ထွေးစေခဲ့ကြောင်း သိရသည်။
မျောက်ကြီးများ၏ အပြု အမူမှာ တစ်ခုခုကိုကြောက်လန့် နေသကဲ့သို့ သတ္တဗေဒပညာရှင် များကိုပင် ခေါင်းစားစေခဲ့သည် ဟု ဆိုသည်။
''လွန်ခဲ့တဲ့ရက်ကစပြီး သူတို့ အထိတ်တလန့်လန့်ဖြစ်ပြီး ဆောက် တည်ရာမရဖြစ်နေခဲ့တာ၊ ခါတိုင်း လို ခုန်ပေါက်တာမျိုးလဲ မလုပ် တော့ဘဲ ထူးဆန်းတဲ့အပြုအမူ မျိုးကိုပြုမူနေခဲ့တယ်''ဟု နယ်သာ လန်မြောက်ပိုင်း အမ်မင်ဒီရာရီ တိရစ္ဆာန်ဥယျာဉ်မှ သတ္တဗေဒပညာရှင် ဝစ်ခ်ျဘရင်းလန့်မင်း
က ပြောကြားခဲ့သည်။

ဘာဘွန်မျောက်ကြီးများမှာ သစ်ပင်ပေါ်မှာ သို့မဟုတ် မြေ ပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ရင်း နေရာမှ ရွှေ့လည်းမရွှေ့ အစားလည်း မစားဘဲ နေနေကြ
သည်ဟုဆိုသည်။
မျောက်ကြီးများမှာ တိရစ္ဆာန် ဥယျာဉ်သို့ အလည်လာရောက် သူများကို လှည့်၍ပင်မကြည့်ဘဲ ကျောခိုင်းကာ ထိုင်နေကြသည်ဟု ဆိုသည်။
ဘာဘွန်းမျောက်များမှာ အနှစ်၂ဝအတွင်း ထိုကဲ့သို့ ပြုမူသည်မှာ စတုတ္ထ
အကြိမ်မြောက် ဖြစ်သည်ဟု သတ္တဗေဒပညာရှင် က ပြောကြားခဲ့သည်။
ဘာဘွန်း မျောက်များ ယခုကဲ့သို့ သောက ရောက်စေသည်မှာ မည်သည့်
အ ကြောင်းကြောင့်ဖြစ်သည်ကို တွေးဆ၍မရကြောင်း၊ မျောက်များနှင့် ပတ်သက်သည့် တွေးခေါ်ယူဆမှု အများအပြားကို ကြားဖူးသော်လည်း ယခုအဖြစ်အပျက်မှာမူ သူ့ အတွက်လက်မှိုင်ချရသည့် ဖြစ် ရပ်မျိုးဖြစ်ကြောင်း လန့်မင်းက ပြော ကြားခဲ့သည်။
ဘာဘွန်းမျောက်များ၏ အဖြစ်နှင့်ပတ်သက်၍ မှန်းဆ၍ ရသည်မှာ သားရဲတစ်ကောင်ကို တွေ့မြင်လိုက်ရ၍ ဒါမှမဟုတ် တိရစ္ဆာန်ဥယျာဉ်သို့ အလည်လာ သူတစ်ဦး၏ တီရှပ်ပေါ်မှ ပုံရိပ် တစ်ခုကြောင့် ဒါမှမဟုတ် မြေ ငလျင်လှုပ်သည်ကိုခံစားမိ၍ သို့ မဟုတ် သဘာဝကပ်ဘေးတစ်ခု ၏အလားအလာကို ခံစားမိ၍ဖြစ် နိုင်ကြောင်း၊ ထို့ထက်ပို၍ အရူး သွပ်ဆုံးယူဆမှုမှာ ပန်းကန်ပြားပျံ တစ်စင်းကြောင့် ဖြစ်ဖွယ်ရှိကြောင်း လန့်မင်းက ပြောကြားခဲ့သည်။

ကံဆိုးတာလား၊ ကံကောင်းတာလား ???

 
Myanmar News Update
ကံဆိုးတာလား၊ ကံကောင်းတာလား ???
တစ်ခါတုန်းက တရုတ်လယ်သမားကြီးတစ်ယောက်ရှိတယ်။ သူ့ ဆီမှာ လယ်ကိုထွန်ယက်စိုက်ပျိုးရာမှာ အသုံးပြုတဲ့ မြင်းတစ်ကောင်ရှိတယ်။ တစ်နေ့ မှာ အဲဒီမြင်းပျောက်သွားတဲ့အတွက် သူ့ ရဲ့ အိမ်နီးချင်းတွေက ဒီလယ်သမားကြီး ကံမကောင်းရှာဘူးဆိုပြီးတော့ စိတ်မကောင်းဖြစ်ကြတယ်။ လယ်သမားကြီးက တော့ ကံဆိုးလား၊ ကံကောင်းလား၊ ဘယ်သူကသိမှာလဲလို့ ပြန်ဖြေတယ်။
တပါတ်လောက်ကြာတော့ သူ့ ရဲ့ မြင်းက အခြား မြင်းရိုင်းတွေနဲ့ အတူ ပြန်လာတဲ့အခါမှာ သူ့ ရဲ့ အိမ်နီးချင်းတွေက ဒီလယ်သမားကြီး ကံကောင်းလိုက်တာ ဆိုပြီး ၀ိုင်းပြီး ချီးမွမ်းပြန်တော့ လယ်သမားကြီးက တော့ ကံဆိုးလား၊ ကံကောင်းလား၊ ဘယ်သူကသိမှာလဲလို့ ပြန်ဖြေပြန်တယ်။
အဲဒီနောက်မှာ လယ်သမားကြီးရဲ့ သားဟာ မြင်းရိုင်းတေ...ွထဲက တစ်ကောင်ကို ယဉ်သွားအောင် ထိန်းကျောင်းနေတဲ့အခါမှာ အဲဒီမြင်းက ကန်လိုက်တဲ့အတွက် လယ်သမားကြီးရဲ့ သားဟာ ခြေထောက်ကျိုးသွားပါလေရော။ အားလုံးကလည်း လယ်သမားကြီး ကံဆိုးရှာတယ်လို့ ထင်မြင်ကြပြန်တော့ လယ်သမားကြီးရဲ့  တုန့် ပြန်မှုကတော့ ကံဆိုးလား၊ ကံကောင်းလား၊ ဘယ်သူကသိမှာလဲ တဲ့လေ။
ရက်သတ္တပါတ် အနည်းငယ်ကြာပြန်တော့ ရွာထဲကို စစ်တပ်ကြီးက ချီတပ်လာပြီး အရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းတဲ့သူမှန်သမျှကို စစ်တပ်ထဲကို ၀င်ဖို့  လာရောက်ခေါ်ယူတယ်။ လယ်သမားကြီးရဲ့ သားကတော့ ခြေထောက်ကျိုးနေရှာတဲ့အတွက် စစ်တပ်မှာ အမှုထမ်းရမယ့် အဖြစ်ကလွတ်မြောက်သွားတယ်။ အားလုံးကလည်း လယ်သမားကြီးကံကောင်းတယ်ဆိုပြီး ပျော်နေကြတာပေါ့။
ဒါပေမယ့် ဒီအဖြစ်ကရော် ကံဆိုးလား၊ ကံကောင်းလား၊ ဘယ်သူကသိမှာလဲ။

ပုံပြင်ကတော့ ဘ၀မှာ ကြုံဆုံလာသမျှဟာ အကောင်းအဆိုး အကျိုးအကြောင်းသင့်စွာ ဖြစ်ပျက်နေတယ်ဆိုတာကို နားလည်စေပါတယ်။ ကျွန်မတို့ တွေဟာ အဖြစ်အပျက်တစ်ခုခုကို ကြုံလာပြီဆိုရင် အကြောင်းအရာတစ်ခုလုံးကို ခြုံငုံသုံးသပ်ခြင်း (Big Picture) ဆိုတာကို မမြင်တတ် သဘောမပေါက်တတ်ကြဘူး။ ခဏတာအမြင်နဲ့ ကံကောင်းခြင်း ကံဆိုးခြင်းကို ဆုံးဖြတ်တတ်ကြတယ်။
(ခရစ်ယာန်ဘာသာ အရပြောမယ်ဆိုရင်တော့ ဖြစ်ဖြစ်လာသမျှ အရာတိုင်းမှာ အကြောင်းပြချက်ရှိနေတယ်။ အားလုံး အတွက် ဘုရားမှာ အကြံအစည်တော်ရှိပြီးသားဆိုတာကို နားလည်သဘောပေါက်စေခြင်းသာဖြစ်ပါတယ်။) ကျွန်မတို့ အနေနဲ့ ကတော့ ဖြစ်သမျှအရာတိုင်းကို အရှိတိုင်းလက်ခံပြီး အကောင်းဆုံး အသက်ရှင်ဖို့ ရာ အရေးကြီးပါတယ်။
အင်တာနက်က ဖတ်ရတဲ့ တရုတ်ပုံပြင်လေးကို ဘာသာပြန်ဆိုထားတာပါ။ မူရင်းအင်္ဂလိပ်လိုလည်း ထည့်သွင်းပေးထားပါတယ်။
စနိုး
The Chinese farmer
There is a Chinese story of an old farmer who had an old horse for tilling his fields. One day the horse escaped into the hills and, when all the farmer's neighbors sympathized with the old man over his bad luck, the farmer replied, 'Bad luck? Good luck? Who knows?'
A week later the horse returned with a herd of wild horses from the hills and this time the neighbors congratulated the farmer on his good luck. His reply was, 'Good luck? Bad luck? Who knows?'
Then, when the farmer's son was attempted to tame one of the wild horses, he fell off its back and broke his leg. Everyone thought this very bad luck. Not the farmer, whose only reaction was, 'Bad luck? Good luck? Who knows?'
Some weeks later the army marched into the village and conscripted every able-bodied youth they found there. When they saw the farmer's son with his broken leg they let him off. Now was that good luck? Bad luck? Who knows?
ဘာသာပြန်ပုံပြင်များ

Saturday, August 3, 2013

Samsung ချစ်သူများအတွက် သတိထားစရာ




       SAMSUNG က အ ရောင်း စင် တာ တ နေ့ ရောက် သွား တော့...SIII နှစ် လုံး ကို ပေါ် တင် ယှဉ် ပြ ထား တယ်။ တစ် လုံး က420000 နောက် တစ် လုံး က 460000 ။ ဒါ နဲ့ မ ရှင်း လို့ မေး လိုက် တော့။ ဈေး နည်း တဲ့ ၁ လုံး က pi အ လုံး ပါ။ နောက် ၁ လုံး Official အ လုံး ပါတဲ့ ။ 


             pi ဆို တာ ဘာ လဲ လို့ မေး လိုက် တော့ Quality Pass မ ရ တဲ့ အ လုံး... SAMSUNG က ထုတ် တဲ့ ဖုန်း တော့ ဟုတ် တယ် ချို့ ယွင်း ချက် အ နည်းငယ် ရှိ တဲ့ ၊ အ ရည် အ သွေး အ နည်း ငယ် နိမ့် တဲ့ ဖုန်း တွေ ပါ တဲ့ ။

 သာမန် လူ တော့ မ သိ နိုင် ပါ ဘူး တဲ့။ ယူ ရ တဲ့ ဈေး လည်း မတူ ပါ တဲ့ ။ ။ ဒါဆို တ ချို့ သော ဆိုင် တွေ က pi ဖုန်း တွေ ကို Official ဖုန်း ဈေး နဲ့ ရောင်းတာ တွေ ရှိ မှာ ပေါ့ ။ ရှိ ပါ တယ် ။ ဒါ ကြောင့် လည်း ဖုန်း ချင်း တူ တူ ဈေးနည်း တာ ကိုင် ချင် သူ တွေ အ တွက် ရောင်း ပေး တာ ပါ တဲ့ ။

 pi နဲ့ official ကို ဘယ် လို ခွဲ ရ မ လဲ ဆို တော့ ဘက္ကရီ အောက် က ဖုန်း ကိုယ်ထည် ကို ကြည့် လိုက် ပါ ။ Made in China ပါ Samsung, Made in Vietnam ပါ Samsung စ သည် ဖြင့် နိုင် ငံ အ မည် တွေ နဲ့ ဆို ရင် Official ဖုန်း ၊ အဲ ဒီ လို မ ဟုတ် ဘဲ Made by Samsung ဆို ရင် တော့ pi
ပါ တဲ့ ခင် ဗျာ ။ 


ကဲ ၀ယ် ပြီး သား သူ တွေ လည်း ကိုယ့် ဖုန်း ကိုယ် ပြန်ကြည့် ပေ တော့ ဗျာ ။ SAMSUNG Phone Model တိုင်း မှာ pi ရှိ တယ် တဲ့ခင် ဗျာ ။

ဇော်သက်......credit MMSD

==========
စာရေးသူကို မယုံလို့တော့ မဟုတ်ပါ google မှာရှာကြည့်တော့ Samsung မှာ counterfeit ရှိတယ်လို့ Comments တော်တော်များကို တွေ့ရပါတယ်ခင်ဗျာ
ထိုက်တန်တဲ့ဈေးနှုန်းနှင့် ထိုက်တန်သော ကုန်ပစ္စည်းများရကြပါစေ.....


https://www.facebook.com/photo.php?fbid=344737615657352&set=a.273551502775964

ဒဿန( ၁ )





၁။ဘ၀မှာမေ့သင့်တဲ့အရာဆိုရင် မေ့ကိုမေ့ပစ်ရမယ်။

၂။လှပတဲ့နံနက်ခင်းကိုမြင်ဖို့အတွက် ညကတည်းက အိပ်မက်လှလှလေးတွေမက်ဖို့လိုတယ်။

၃။သူတစ်ပါးကကိုယ့်အပေါ် နင်းသွားပေမဲ့ အပြုံးမပျက်အရှုံးမတွက်ဘဲ ပြန်ထနိုင်ရမယ် ... ။

၎။အခက်အခဲတစ်ခုကို ရင်ဆိုင်ရတဲ့အခါမှာ ကျဉ်းမြောင်းတဲ့ဘောင်အတွင်းကနေ မစဉ်းစားပါနှင့်။ ရှုထောင့်အမျိုးမျိုးက တွေးပြီး ထွက်ပေါက်ရှာပါ။

၅။လက်တွေ့မပါသော စိတ်ကူးသည် အချိန်ဖြုန်းခြင်းဖြစ်သည်။

၆။အရာရာကို အလကားရလိုသူသည် အလကားလူ။

၇။အစစ်အမှန်လွတ်လပ်သူဆိုတာ ကိုယ့်လိပ်ပြာကိုယ်သန့်တဲ့သူပါဘဲ။

၈။အလုပ်လုပ်ပြီးပြောတဲ့စကားမှာ ခွန်အားတွေပါပါတယ်။

၉။အချစ်ဟာနှလုံးသားကို ဖွဲမီးလိုဘဲ တငွေ့ငွေ့လောင်မြိုက်စေပါတယ်။

၁၀။မှန်ကန်သော ခေါင်းဆောင်မှုအောက်တွင် သစ္စာရှိသောငယ်သားတို့များပြား၏။

၁၁။အခက်ခဲဆုံးတွေရဲ့ အနားမှာ အလွယ်ကူဆုံးတွေရှိတယ်။

၁၂။တစ်ရွာမပြောင်း သူကောင်းမဖြစ်၊ ဒကာမကောင်း တစ်ကျောင်းမဖြစ်။

၁၃။ယုံလွယ်ရင်ဘ၀ပါ ပျက်တတ်တယ် ...။

၁၄။ကိုယ်နေတဲ့အရပ်ကကိုယ့်အတွက် ပျော်စရာမကောင်းပေမဲ့အဲဒီကရနိုင်တဲ့ ဗဟုသုတအသိပညာတွေကိုတော့ ရအောင်ယူသင့်ပါတယ်။

၁၅။နှုတ်မထိန်းရင် ရှုပ်ကိန်းမြင်တယ်နော် ... သူငယ်ချင်း။

၁၆။အပြစ်တွေမြင်နေသမျှတော့ ချစ်နိုင်မှာ မဟုတ်တော့ဘူး။

၁၇။ကိုယ့်စိတ်ကိုယ်မဆုံးဖြတ်နိုင်သေးဘဲနဲ့ သူများနှလုံးသားကိုမစပါနှင့်။

၁၈။မပိုင်ဆိုင်ရသေးတဲ့အရာထက် လက်ထဲမှာရှိတဲ့အရာကိုပိုပြီး တန်ဖိုးထားပါ။

၁၉။အောင်မြင်မှုဆိုတာ ကိုယ်သတ်မှတ်ထားတဲ့အတိုင်းအတာအပေါ်မှာ မှုတည်ပါတယ်။

၂၀။အားနည်းချက်ဆိုတာ လူတိုင်းမှာရှိတယ်။ ဖြည့်တွေးတတ်ပါစေ။

၂၁။မိန်းကလေးတစ်ယောက်အတွက် မသင်ဘဲ တတ်တဲ့ပညာက မာယာ။

၂၂။ဘယ်ပညာမဆို တတ်ထားရင် သူနေရာနှင့်သူ အကျိုးရှိရှိအသုံးချနိုင်တယ်။

၂၃။အခွင့်အလမ်းကို ဖန်တီးတတ်တဲ့သူတွေဟာ အောင်မြင်သူတွေပါဘဲ။

၂၅။လူတိုင်းကို စိန်ခေါ်ပစ်လိုက်ပါ။ လိမ္မာတာ ပြိုင်မယ်လို့။

၂၆။လွတ်လပ်ပျော်ရွှင်စွာနေပါ။ စည်းမဲ့ကမ်းမဲ့ လက်လွတ်မနေပါနှင့်။

၂၇။လုပ်သလိုဖြစ်နိုင်တဲ့ဘ၀မှာ ဖြစ်သလို မလုပ်လိုက်ပါနှင့်။

၂၈။အမှားကိုဝန်ခံတတ်တာကောင်းပါတယ်။ ဒါပေမဲ့ စိတ်ထဲက မပါဘဲ နှုတ်ဖျားကနေ ပေါ့ပေါ့လေးဝန်ခံတတ်သူတော့ မဖြစ်စေနဲ့ပေါ့။

၂၉။သူတစ်ပါးကို ခုလုံးလုပ်ပြီးမှရလာတဲ့ အောင်မြင်မှုဟာ အောင်မြင်မှုစစ်စစ်မဟုတ်ပါ။

၃၀။ဘယ်လောက်ဘဲ လွယ်ကူတဲ့အလုပ်ဖြစ်ဖြစ် ကိုယ်တိုင်လုပ်ဖူးမှ အသေးစိတ်သိနိုင်တာပါ။


https://www.facebook.com/photo.php?fbid=344958502301930&set=a.27355150277596

ပိုက်ဆံစုချင်သလား…


Friday, Augest 02, 2013

ဒီရက်ပိုင်းတွေက လစာထုတ်ရက်ဆိုတော့ ကျွန်တော့်မှာလည်း ငွေကြေးလေး ရွှင်နေတာပေါ့ဗျာ။ ဒါပေမယ့် လစာ ထုတ်ရက်တိုင်း၊ ငွေပို ငွေလျှံရှိတိုင်း စုထားမယ်လို့ ကြံရွယ်ထားပေမယ့် မစုဖြစ်ပါဘူးဗျာ။ ဒါနဲ့ အချိန်လေး အား တုန်း ပိုက်ဆံစုဖို့ နည်းလမ်းကောင်းလေးတွေ အင်တာနက် မှာ လျှောက် ရှာကြည့်တယ်ဗျာ။ နည်းလမ်းတွေ၊ ဆောင်းပါးတွေ အများကြီး တွေ့ပါတယ်။ ဒီတစ်ပုဒ်ကတော့ ကျွန်တော်တို့နဲ့ ကိုက်တယ်ဗျ။ ဒါကြောင့် ကျွန်တော် က ပြန်ပြီး ဝေမျှပေးလိုက်တာပါ။

ကျွန်တော် ဖော်ပြပေးမှာကတော့ ကျွန်တော်တို့ဆီမှာ နေထိုင်နေတဲ့ လူနေမှု စရိုက်နဲ့ သင့်တော်တဲ့ အချက်တွေပဲ ဖြစ်ပြီး အချို့သော အချက်တွေက အသုံး မ ၀င်လို့ မဖော်ပြပေးတော့ပါဘူး။ ကဲ… ပိုက်ဆံ စုချင်သူတွေ ဒီစာလေး ဖတ်ပြီး အောင်မြင်အောင် စုနိုင် ဆောင်းနိုင်ပါစေ။

(၁) အိမ်မှာပဲ ထမင်းချက်စားပါ၊ ဆိုင်မှာ မစားပါနဲ့။

(၂) ကော်ဖီသောက်တတ်ရင်လည်း ရုံးမှာ၊ အိမ်မှာပဲ အထုပ်ဖျော်သောက်ပါ။ ဆိုင်မှာ မသောက်ပါနဲ့။

(၃) ဈေးဝယ်မသွားခင် ဈေးစာရင်း ရေးပြီး ၀ယ်ပါ။

(၄) လူသုံးကုန်၊ စားသောက်ကုန်တွေကို အများကြီး မ၀ယ်ပါနဲ့။ ၀ယ်ထားပြီးသား ပစ္စည်းတွေကိုလည်း သုံးစွဲရက် မကျော်ခင် သုံးပါ။

(၅) အရည်အသွေးကောင်း၊ ထုပ်ပိုးမှု ပုံစံမြင့် ပစ္စည်းတွေထက် အရည်အသွေးကောင်း ပစ္စည်းတွေသာ ၀ယ်ယူသုံးစွဲပါ။ ထုပ်ပိုးမှု စရိတ်တွေက ပစ္စည်းတန်ကြေးကို မြင့်တက်စေရုံသက်သက်ဆိုတာ နားလည်ပါ။

(၆) အကြွေးရှိရင် ပိုက်ဆံ မစုခင် အကြွေးအရင်ဆပ်ပါ။ နောက်မှ စုပါ။

(၇) ပေးဆောင်ဖို့ရှိတဲ့ အခွန်တွေကိုလည်း အချိန်မီ ပေးဆောင်ပါ။ အပိုကြေး၊ ဒဏ်ကြေး မပေးရအောင် နေပါ။

(၈) ATM Cardသုံးသူတွေက ကိုယ်အပ်ထားတဲ့ ဘဏ်ရဲ့ ATMစက်မှာ ပဲ ငွေထုတ်ပါ။ တခြားသော ဘဏ်တွေက ATMတွေမှာ ထုတ်ရင် အပိုကြေး ပေးဆောင်ရတတ်ပါတယ်။

(၉) သင့်မှာ ကလေးငယ်တွေနဲ့ လူကြီးသူမ မိသားစုတွေရှိရင် ကြိုးဖုန်းကို မသုံးပါနဲ့။ မိုလ်ဘိုင်းဖုန်းကိုပဲ သုံးသင့်ပါတယ်။

(၁၀) စာအုပ်တွေ ၀ယ်စုတာနဲ့ စာရင် စာအုပ်တွေ ငှားဖတ်ပါ။

(၁၁) စာအုပ်ဝယ်တော့မယ်ဆိုရင်လည်း ဘယ်လောက် ကိုယ့်အတွက် ဘယ်လောက် အသုံးဝင်မလဲ သေချာ စဉ်းစားပြီးမှ ၀ယ်ပါ။

(၁၂) ဈေးကြီးတဲ့ အရာတွေ မ၀ယ်ခင်တိုင်း ဈေးမေးပါ။ ဖြစ်နိုင် ရင် ဈေးဝယ်တိုင်း ဈေးနှုန်း ကြိုမေးပါ။

(၁၃) ကိုယ့်ရဲ့ ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာတွေကို ပြုပြင် ထိန်းသိမ်းခြင်းတွေ ပုံမှန် လုပ်ဆောင်ပါ။

(၁၄) လျှပ်စစ်မီးကို တတ်နိုင်သလောက် ချွေတာ သုံးစွဲပါ။

(၁၅) အပန်းဖြေ ခရီး မကြာခဏ မထွက်ပါနဲ့။


https://www.facebook.com/photo.php?fbid=344957838968663&set=a.273551502775964.

မျောက် ၅ ကောင်ပုံပြင်




တစ်ခါက…သိပ္ပံပညာရှင်တစ်စုဟာ မျောက် ၅ကောင်ကို လှောင်အိမ်ထဲထည့်ပြီး စမ်းသပ်မှုတစ်ခုကိုပြုလုပ်ကြပါတယ်..။ လှောင်အိမ်ရဲ့  အလယ်မှာတော့ လှေခါးတစ်ခုကိုထောင်ထားပြီး လှေခါးထိပ်မှာ ငှက်ပျောသီးတစ်ဖီးကိုတင်ထားပါတယ်..။ မျောက်တစ်ကောင်ကောင်ဟာ လှေခါးထိပ်ကငှက်ပျောသီးကို တက်ယူတဲ့အခါတိုင်း မျောက်လှောင်အိမ်ပေါ်ကနေ မျောက်အားလုံးပေါ်ကို ရေခဲရေနဲ့လောင်းချပါတယ်..။
ခဏကြာမှာတော့ မျောက်တွေဟာ ငှက်ပျောသီးတက်ယူရင် ရေခဲရေလောင်းချခံရတာကို သတိထားမိလာကြပါတယ်..။ ငှက်ပျောသီးကိုယူဖို့လည်း လက်လျော့လိုက်ကြတယ်..။
 သူတို့ထဲက တစ်ကောင်ကောင်က လှေခါးပေါ်တက်တိုင်း ကျန်မျောက်တွေက ဆွဲချ..ထုကြထောင်းကြသတဲ့..။ 
 
သိပ္ပံပညာရှင်တွေဟာ လှောင်အိမ်ထဲက မျောက်တစ်ကောင်ကိုထုတ်ပြီး မျောက်အသစ်တစ်ကောင်ကို အစားထိုးထည့်လိုက်ပါတယ်..။ မျောက်အသစ်က ရေခဲရေအကြောင်းကိုမသိတော့ ငှက်ပျောသီးမြင်တာနဲ့ တက်ယူဖို့ကြိုးစားတာပေါ့..။ သူလှေခါးပေါ်တက်တိုင်း ကျန်တဲ့မျောက်တွေက ဆွဲချရိုက်နှက်ကြပါတော့တယ်..။ ဒီတော့ နောက်ရောက်လာတဲ့မျောက်ကလည်း ငှက်ပျောသီးယူရင် အထောင်းခံရတယ်ဆိုတာသိပြီး လက်လျော့လိုက်တယ်…။

နောက်တစ်ခါ မျောက်အဟောင်းထဲကတစ်ကောင်ကို အခြားမျောက်သစ်တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်..။ အလားတူပဲ ဒီမျောက်သစ်လည်း ငှက်ပျေားသီးတက်ယူတာနဲ့ အထောင်းခံရတာပဲ…။ စိတ်ဝင်စားစရာကောင်းတာက ပထမဆုံးအလဲခံရတဲ့ မျောက်ကလည်း ဒုတိယမျောက်သစ်ကို ဝင်ဆော်ပါသတဲ့..။ဘာလို့လည်းဆိုတော့ သူ့တုန်းကလည်းဒီလိုပဲ အထောင်းခံရလို့ သူကလည်းပြန်ထောင်းတာပါ..။

ဒီလိုနဲ့မျောက်တွေကို တစ်ကောင်ချင်း အစားထိုးလိုက်တာ..နောက်ဆုံးမှာ မျောက်အသစ်တွေချည်းပဲကျန်ပါတော့တယ်…။ သူတို့ဟာ ရေခဲရေအကြောင်းကို မသိပါဘူး။ ဒါပေမယ့်..ငှက်ပျောသီးကိုမယူရ၊ ယူတဲ့မျောက်ကို ထုထောင်းရမယ်..ဆိုတဲ့အယူကိုတော့ ဆက်လက်ကျင့်သုံးနေမြဲပါပဲတဲ့..။

ကျနော်တို့ဟာ နေ့စဉ်နေ့တိုင်းဆုံးဖြတ်ချက်တွေချနေကြရပါတယ်..။ နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါ ကိုယ့်အတွေ့အကြုံတွေ သူတစ်ပါးအတွေ့အကြုံတွေ ဓလေ့ထုံးတမ်းလုပ်ရိုးလုပ်စဉ်တွေရဲ့  လောင်းရိပ်မိနေတ⁠တ်ကြပါတယ်..။ ဒါကြောင့် ကျနော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းလေးနှစ်ခုလောက်မေးကြည့်ဖို့လိုပါလိမ့်မယ်…။

(၁) သင်ခံယူထားတဲ့ အတွေးအခေါ်အယူအဆတွေဟာ..ကိုယ်တိုင်စိစ⁠စ်ပြီးအမှန်တရားကိုမြင်လို့ ကျင့်သုံးနေတာလား..

(၂) သင်လုပ်ဆောင်နေတဲ့ အပြုမူတွေဟာလည်း လုပ်ရိုးလုပ်စဉ်မို့၊ သူများလုပ်တာတွေ့လို့ လိုက်လုပ်နေတာလား ၊ ကိုယ်တိုင်စီစ⁠စ်ပြီး လုပ်သင့်လို့ လုပ်နေတာလား ဆိုတာကိုယ့်ကိုယ်ကို မေးကြည့်ပါ…

ဒီမေးခွန်းတွေအတွက် အဖြေမရှိရင်တော့.. ကျုပ်တို့ဟာ ပုံပြင်ထဲကမျောက်တွေလိုပါပဲ..။
အထူးအဖြင့် ကျနော်တို့ နိုင်ငံကလူငယ်တွေရဲ့ စိတ်ဓာတ်တွေကို ပုံသွင်းခံ၊ မှိုင်းတိုက်ခံထားရပါတယ်…။ ပုံပြင်ထဲက မျောက်တွေကို လုပ်ထားသလိုမျိုးပါပဲ…။ ဘာလို့လဲဆိုတော့ “ တို့လူလေးများ ဆိုသလေး….” လို့ဆိုလိုက်ရင် “ ဝေ.. လေ…လေး…” ဆိုတာတွေများပါတယ်…။ ဝေလေေ⁠လတွေများတယ်။ ကိုယ်ပိုင်အတွေးအခေါ်မရှိဘူး။ ဘယ်သူမှရှေ့ မထွက်ချင်ဘူး။ မထွက်ရဲဘူး။ 
 
သူများထွက်ရင်လည်း နောက်ကနေဆဲတယ်..။ ခုခေတ်က အင်တာနက်ခေတ်ဆိုတော့ online ပေါ်ကနေ လက်သီးလက်မောင်းတွေတမ်းကြ.၊ ပစ်ပစ်နှစ်နှစ်တွေဆဲလိုက်ကြ..။ ဆဲတဲ့သူတွေကြည့်ပြန်တော့ ဘယ်သူမှန်းမသိ ဘယ်ကမှန်းမသိ ၊ ဘာမှ ကိုယ်ရေးအချက်အမှန် .. ဓာတ်ပုံမှန်မတင်ရဲတဲ့..ကိုယ့်စကားကိုယ်တာဝန်မယူရဲ ကိုယ်ကိုယ်ကို ယုံကြည်မှုမရှိတဲ့သူတွေဖြစ်နေပြန်တယ်..။

ဒါတွေအသာထားလို့ ကျနော့သယ်ရင်းတွေအနေနဲ့တော့ ပတ်ဝန်းကျင်ရဲ့  မှိုင်းတိုက်မခံရအောင် ပုံသွင်းမခံရအောင်.. ကိုယ့်ရဲ့  အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို စိစ⁠စ်ကြဖို့ အမှန်တရားကိုရှာဖွေကြဖို့ စေတနာစကားပါးလိုက်ရပါတယ်ဗျား…
 

ဘဝအကြောင်းပုံပြင်…




 
               တစ်ခါက…ခရီးသွားတစ်ယောက်ဟာ လွင်ပြင်တစ်ခုကိုဖြတ်လျက် ခရီးသွားနေတုန်း သတ္တဝါကြီးတစ်ကောင်နောက်ကနေ လိုက်လာပါသတဲ့..။ ဒါနဲ့သူဟာ ရေမရှိတဲ့ရေတွင်းပျက်ထဲကို တွယ်ကပ်ဆင်းလိုက်ပါတယ်…။ ဒါပေမယ့် ရေတွင်းရဲ့  အောက်ခြေမှာလည်း နဂါးကြီးတစ်ကောင်က ပါးစပ်ကြီးဟပြီး စောင့်နေပါသတဲ့..။ဒါကြောင့် ခရီးသွားဟာ အပေါ်လည်းမတက်ရဲ အောက်လည်းမဆင်းဝံ့ဘဲ ရေတွင်းအုတ်ကြားမှာတွယ်ကပ်ပေါက်နေတဲ့ သစ်ပင်တစ်ပင်ရဲ့  သစ်ကိုင်းကို တွယ်ပြီး တွဲလောင်းခိုထားပါတယ်..။
 
            ခိုထားတဲ့ လက်တွေဟာလည်း အားအင်ဆုတ်ယုတ်လာကြပါတယ်..။ မကြာမီမှာပဲ သူဟာ ရေတွင်းအောက်သို့ဆင်းရမည်..ဒါမှမဟုတ် အထက်သို့တက်ရမည်..။ အောက်ဆင်းသည်ဖြစ်စေ အထက်တက်သည်ဖြစ်စေ ခရီးသည်ဟာ မိမိသေမယ်ဆိုတာ သိတဲ့အတွက် အားခဲပြီး သစ်ကိုင်းကိုတွဲခိုထားပါတယ်..။

              ခရီးသည်ခိုထားတဲ့ အပင်ရဲ့  အမြစ်ကိုတော့ ကြွက်ဖြူနဲ့ ကြွက်မည်းနှစ်ကောင်က လှည့်ပတ်ကိုက်ဖြတ်နေကြပါတယ်..။ ခရီးသည်က သူဆွဲကိုင်ထားတဲ့ သစ်ကိုင်းကိုစူးစမ်းကြည့်တဲ့အခါ ပျားအုံတစ်အုံလည်းစွဲနေတာကို သတိထားမိပါသတဲ့။ တစ်ခါ⁠တစ်ခါ ပျားတုတ်ခံရတာပေါ့…။ တစ်ခါ⁠တစ်ခါမှာတော့ ပျားအုံက ကျလာတဲ့ ပျားရည်စက်ကလေးတွေကို လျှာနဲ့ လှမ်းလျက်လိုက်ပါသေးသတဲ့…။ ပျားရည်ရဲ့  အရသာကို စွဲမက်ယစ်မူးပြီး ပျားအုံကို တုတ်နဲ့ထိုးလိုက်…ပျားတုတ်ခံလိုက်.. ရံဖန်ရံခါ ကျလာတဲ့ ပျားရည်စက်ကလေးကို တရှိုက်မက်မက်လျက်လိုက်နဲ့ သူ့ရဲ့  လက်ရှိဒုက္ခတွေကို မေ့လျော့သွားပါတော့သတဲ့…။

        အဲဒီခရီးသွားကတော့ တစ်ခြားမဟုတ်ပါဘူး..။ ကျနော်တို့တွေ ကိုယ်တိုင်ပါပဲ..။ သစ်ကိုင်းကတော့ တို့တွေရဲ့ ဘဝပါ..။ကြွက်ဖြူနဲ့ ကြွက်မည်းကတော့ နေ့နဲ့ညဆိုတဲ့ အချိန်ပါ…။ ပျားရည်စက်လေးကတော့… တို့တွေတပ်မက်နေကြတဲ့ စည်းစိမ်ဥစ္စာကာမဂုဏ်အာရုံတွေပေါ့…။ ကာမဂုဏ်စည်းစိမ်ဆိုတာ…ဒုက္ခတွေကြားက ပျားရည်စက်မျှသာပါပဲ..။ ပျားတုတ်ခံရတယ်ဆိုတာက ဒီကာမဂုဏ်အာရုံတွေ ရှာဖွေလို့ ကြုံလာရတဲ့ ဒုက္ခတွေပေါ့..။

      မြတ်စွာဘုရားက သဗ္ဗေသင်္ခါရာ ဒုက္ခာ၊ ဖြစ်ပျက်သမျှ ဒုက္ခလို့ ဟောပါသော်လည်း ဘဝကိုဒုက္ခလို့ မမြင်နိုင်ကြပါဘူး..။ ဘဝဒုက္ခကို ပျားရည်စက်ကလေးနဲ့ ဖုံးထားခံရတာပါ..။ ဒီပျားရည်စက်ကလေးပေါ် တပ်မက်မှုကို ဖယ်ခွာပြီး ကိုယ့်ဒုက္ခကိုယ်မြင်ကာ ဒုက္ခလွတ်ရာလမ်းကို ရှာဖွေကြပါစို့လား သူငယ်ချင်းရာ…. ။ ။

ကျမ်းကိုး…. ဘဝအဓိပ္ပါယ်နှင့်ဘဝသစ္စာ(နန္ဒာသိန်းဇံ)
 
You might also like:

ထောက်ခံချက်

 
နှိုင်းရင့်နွေ
ထောက်ခံချက်
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
ကိုသံချောင်းဟာ အသက် ၃၂ နှစ်ရှိပါပြီ... ဒါပေမဲ့ အခုထိ လူပျိုကြီးဖြစ်နေတုန်းပါပဲ...
တစ်နေ့မှာတော့ သူ့သူငယ်ချင်းတစ်ယောက်ကသူ့ကို မေးတယ်..
"ဘာကြောင့်အခုထိ မိန်းမ မယူသေးတာလဲ... မင်းနဲ့သင့်တော်မယ့် မိန်းကလေးမျိုး တစ်ယောက်မှ ရှာမတွေ့လို့လား..."
ကိုသံချောင်းက ပြန်ပြောပါတယ်..
"တကယ်တော့ ငါယူချင်တဲ့ မိန်းကလေးတွေအများကြီးကို တွေ့ခဲ့ပါတယ်... ဒါပေမဲ့ သူတို့ကို ငါ့မိဘတွေနဲ့ပေးတွေ့ဖို့ခေါ်သွားတိုင်း ငါ့အမေက သဘောမကျတာချည်းပဲဖြစ်နေတယ်လေ..."
သူ့သူငယ်ချင်းက ခဏစဉ်းစားလိုက်ပြီး ပြန်ပြောတယ်...
"အကောင်းဆုံးအဖြေကို ငါတွေ့ပြီဟေ့... မင်းအမေနဲ့တူတဲ့ မိန်းကလေးတစ်ယောက်ကိုရှာလိုက်ရုံပဲ..."
လအနည်းငယ်ကြာတဲ့အခါ သူတို့နှစ်ယောက်ပြန်ဆုံကြပါတယ်... သူ့သူငယ်ချင်းကမေးလိုက်တယ်...
"မင်းအတွက် အသင့်တော်ဆုံးမိန်းကလေးကို ရှာတွေ့ရဲ့လား... မင်းအမေကကော သူ့ကိုသဘောကျရဲ့လား...."
မခံချိမခံသာပုံစံနဲ့ ကိုသံချောင်းက ပြန်ဖြေပါတယ်...
"အေး... ငါ့အတွက်သင့်တော်မယ့် ကောင်မလေးတစ်ယောက်ကိုတွေ့တယ်ကွ... သူက ငါ့အမေလိုပုံစံမျိုးပဲ... မင်းပြောတာမှန်တယ်... ငါ့အမေက သူ့ကိုအရမ်းသဘောကျတယ်..."
သူ့သူငယ်ချင်းက ဆက်မေးတယ်...
"ဒါဆို ဘာကပြဿနာလဲ..."
ကိုသံချောင်းပြန်ဖြေလိုက်တာကတော့...
"ငါ့အဖေက သူ့ကိုလုံးဝသဘောမကျဘူးကွာ..."
----------------------------------------------------------------
Ref: Inspire Your Friends

ရေကြီးမှုတွေ ဖြစ်ခဲ့တဲ့ မြဝတီမှာ ရေပြန်ကျ

ကရင်ပြည်နယ်မှာ အဆိုးရွားဆုံး ရေကြီးခဲ့တဲ့ မြ၀တီမြို့မှာ ကြာသပတေးနေ့လောက် ကစပြီး ရေပြန်ကျ သွားပြီ ဖြစ်ပါတယ်။

ထိုင်း မြန်မာ နယ်စပ် အဖြစ် ပိုင်းခြား ထားတဲ့ သောင်ရင်း မြစ်ရေဟာ သောကြာနေ့မှာ ၅၀၁ စင်တီမီတာ အထိ ကျလာပြီး စိုးရိမ် ရေမှတ် ဖြစ်တဲ့ ၄၇၇ စင်တီမီတာထက် ၁ ပေအမြင့်လောက် အထိ ကျလာပါတယ်။

မြ၀တီ မြို့ထဲမှာ တခိျု့ နိမ့်တဲ့ နေရာတွေမှာ ခြေသလုံးလောက် ၊ဒူးလောက် အထိ ရေတွေရှိနေပြီး နေရာ အတော်များများမှာတော့ ရွှံ့ဗွက်တွေ အပျက်အစီး အပိုင်းအစတွေနဲ့ ပြည့်နေပါတယ်။

လောလောဆယ်မှာ ရေဘေးဒဏ်ကြောင့် သေဆုံးသူ အလောင်း ၃လောင်း ရထားတယ်လို့ တရားဝင် သိရကြောင်း၊ ကျန်တာတွေကိုတော့ တရားဝင် မသိရသေးကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ အတူ မြ၀တီကို ရောက်နေတဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ်ရုံး ညွှန်ကြားရေးမှူး ဦးမြင့်တင် က ဘီဘီစီကို ပြောပါတယ်။

ရေသန့်နဲ့ အစားအသောက်တွေ ကိုတော့ မြ၀တီမြို့တွင်းကအစိုးရနဲ့ ပရဟိတအဖွဲ့တွေက ရေဘေးသင့် လူထုတွေ အတွက် စီစဉ်ပေးနေသလို မဲဆောက်ဖက်က ထိုင်းနဲ့မြန်မာ ပရဟိတ အဖွဲ့တွေ ကလည်း နေ့စဉ် စီစဉ် ပို့ဆောင် ပေးနေပါတယ်။

လမ်းပန်း ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး နယ်စပ် မြ၀တီမြို့ကနေ ပြည်တွင်းကို သွားတဲ့ ကားလမ်းမှာ တောင်ပြိုတဲ့ နေရာတွေ၊ မြေပြိုတဲ့ နေရာတွေကို ဗဟိုအစိုးရက ပို့လိုက်တဲ့ အကြီးစား စက်ယန္တရားတွေနဲ့ အမြန်ဆုံး ပြုပြင်နေပြီး စနေနေ့က စလို့ ကားငယ်တွေကို အသွား အလာ စခွင့်ပြုမယ်လို့လည်း ဦးမြင့်တင် ကပြောပါတယ်။

လျှံတက်လာတဲ့ ရေတွေဟာ ရွေ့လျား စီးဆင်းနေတဲ့ ရေ ဖြစ်တာကြောင့် တခြား ကူးစက်ရောဂါ စတာတွေ မရှိပေမဲ့ မိုးဒါဏ်၊ လေဒါဏ်ကြောင့်၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး ဖြစ်တာတွေ များနေပြီး ကျန်းမာရေးဌာနနဲ့ ပရဟိတ အဖွဲ့တွေက ဆေးဝါး ကုသပေးနေပါတယ်။

ဒါပေမဲ့ တမြို့လုံးရဲ့ လမ်းကြို၊ လမ်းကြားတွေက ရွှံ့ဗွက်တွေ၊ ရေကျန်တွေကို ချက်ချင်း မရှင်းပစ်နိုင်ရင် မြို့နေ လူထု ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ပရဟိတ ကျန်းမာရေး အဖွဲ့တွေက ပြောပါတယ်။

လောလောဆယ် မြ၀တီဖက်မှာ ရေကျသွားပေမဲ့ ဒီရက်ပိုင်းအတွင်း အင်ဒမန် ပင်လယ်ထဲက လေဖိအားနည်း မုန်တိုင်း၊ မြန်မာနိုင်ငံကုန်းတွင်းပိုင်းကို ၀င်နိုင်တယ်လို့ ထိုင်းဇလဗေဒဌာနက ကြေညာထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Friday, August 2, 2013

ကွန်ပြူတာ လုပ်ဆောင်ချက် မြန်စေရန် လိုက်နာသင့်သည့် အချက်များ




၁။ ကွန်ပြူတာ ဖွင့်လိုက်ပြီး သူ Boot တက်ပါတယ်။ (အမှန်တော့ Boot ကလည်းတက်တာပဲ။ တက်ကလည်း တက်တာပဲ ဖြစ်ပေမယ့် ဒီလိုပဲ စကားအရ Boot တက်တယ်လို့ဆိုခြင်းပါ။ ကွန်ပြူတာစဖွင့်လိုက်ရင် သတ်မှတ်ထားတဲ့ ပရိုဂရမ်တွေ စ Run ခြင်းဖြစ်ပါတယ်။) အဲဒါမျိုးဖွင့်ပြီးရင် Boot အချိန်မပြည့်သေးပဲ သုံးချင်လှတဲ့ G Talk တွေ၊ Browser တွေ၊ ဆော့ဖ်ဝဲတွေ သွားဖွင့်တဲ့ အလေ့အထက မိမိကွန်ပြူတာ လုပ်ဆောင်ချက်ကို နှေးကွေး စေပါတယ်။

၂။ Applcation တစ်ခုသုံးပြီး ပိတ်လိုက်တိုင်း Desktop ကို Refresh လုပ်ပေးဖို့ လိုပါတယ်။ သူက RAM ကို Refresh လုပ်ပေးတာပါ။ မဟုတ်ရင် unused file တွေ ကျန်နေတတ်တဲ့အတွက် လုပ်ဆေင်ချက် နှေးစေ ပါတယ်။ ဒီတော့ Program တွေကို တစ်ခုသုံးပြီးတိုင်း မလိုအပ်ရင် ပိတ်လိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှလည်း Memory usage သက်သာမှာ ဖြစ်ပါတယ်။

၃။ အရွယ်ကြီးလွန်းတဲ့ Wallpaper များကို Desktop Background တင်တာ လည်းရှောင်သင့်ပါတယ်။ 64MB ထက်များတဲ့ အရွယ်အစား တွေကိုပါ။ သူက လည်း RAM မှာနေရာယူတဲ့အတွက် ဖွင့်လိုက်တာနဲ့ကို CPU utilize နှုန်း တက်နေစေပါတယ်။

၎။ Desktop ပေါ်မှာ short cut များမလိုရင် မတင်ပါနဲ့။ လိုအပ်တာတွေ လောက်ပဲ၊ အရေးကြီး သုံးဖြစ်တာလောက်ပဲ တင်သ့င် ပါတယ်။ Short Cut တစ်ခုတိုင်းဆီက RAM မှာ 500 byte ပမာဏ သုံးစွဲ ပါတယ်။ ဒါကြောင့်မို့ လုပ်ဆောင်ချက် နှေးစေပါတယ်။

၅။ Recycle Bin ကို ပုံမှန် empty ဖြစ်အောင် ရှင်းပေးပါ။ file တွေကို ဖြတ် လိုက်ပေမယ့် အမှန်တော့ သူတို့က မပျက်သေးပါဘူး။ အသေးငယ်ဆုံး Byte ပမာဏ ဖြစ်အောင် Compress လုပ်ပြီး Recycle Bin ခေါင်းစဉ်အောက်မှာ အစုအဖွဲ့တစ်ခုအနေနဲ့ သွားရှိနေစေပါတယ်။ ဒါကြောင့် သူ့ကိုသာ ပုံမှန် မရှင်း ပေးရင် စက်ကိုလေးစေ၊နှေးကွေး စေပါတယ်။

၆။ အင်တာနက် temporary file, history တွေကို ဖြတ်ပေးပါ။ ဒါလည်း အရေးကြီးပါတယ်။ အင်တာနက်သုံးလို့ကျန်တဲ့ Cache တွေ၊ Cookie တွေ၊ (Cookie) ဆိုလို့ စားရတဲ့ ကွတ်ကီးကိုဆိုလိုခြင်းမဟုတ်ပါဘူး။ ဝဘ်ဆိုဒ်မှာ မှတ်သားပြီးချန်ခဲ့တဲ့ အချက်အလက်၊ အရာ သဘောမျိုးပါ။ သူတို့ကိုသာ ပုံမှန်မဖြတ်ပေးရင်လည်း Browser application ကိုသာမက ကွန်ပြူတာ System တစ်ခုလုံးရဲ့  လုပ်ဆောင်ချက်ကို နှေးကွေး စေပါတယ်။

၇။ Startup Program များ လျော့ပါ။ Startup program ဆိုတာဒီလိုပါ။ ကွန်ပြူတာကို စဖွင့်လိုက်တာနဲ့ တက်လာစေမယ့် Application များ ဖြစ်ပါတယ်။ အထူးသဖြင့် Antivirus software တို့၊ G Talk တို့၊ Skype, Dropbox အစရှိသဖြင့်တို့ကို Startup မှာတစ်ခါတည်း တက်လာစေဖို့ Default အနေနဲ့ ပေးထားတတ်ကြပါတယ်။ ဒီတော့ ဖြုတ်ထားလေ ကောင်းလေပါတယ်။ တစ်ခါတစ်လေ မသုံးဖြစ်ပဲ ထားတဲ့ဟာတွေဆိုရင် RAM အလကား စားပြီး System ကိုနှေးကွေး စေပါတယ်။ Window မှာ Startup တွေဖြုတ်ချင်ရင် Command + R နှိပ်ပြီး msconfig ကိုနှိပ်လို့ လိုရာရွေးနိုင်ပါတယ်။

အကြံပေးချက်

ကျနော်တို့ ကွန်ပြူတာတွေ စက်က ဟန်းသွားရင်၊ ဘာမှနှိပ်လို့မရရင် အများစု လုပ်ဖြစ်ကြတာက ပါဝါပိတ်ပြီး ပြန်ဖွင့်တာမျိုးပါ။ သူက RAM ကို လုံးဝ power supply ဖြတ်တောက်ပြီး Start ပြန်လုပ်တာဖြစ် တဲ့အတွက် ပြဿနာ ဖြေရှင်းပြီးသွားပြီလို့ ထင်ရပေမယ့် နောက်ပိုင်း ပါဝါ မတက်တဲ့ ပြဿနာမျိုးတွေ ကြုံတတ်ပါတယ်။ အတွင်းက Diode တွေ ပျက်ဆီးသွားခြင်းပါ။ ဒီတော့ စက်က ဟန်းသွားရင်၊ ဘာမှ လုပ်လို့ မရ ဖြစ်သွားရင် ၅ မိနစ်မှ ၁၀ မိနစ်ကြားတော့ အနည်းဆုံး စောင့်သင့်ပါတယ်။ ဒါမှ မထူးခြားဘူးဆိုမှ ပိတ်နိုင်ပါတယ်။

ပြီးတော့ Task Manager ဖွင့်ပြီး Force နဲ့ Application ကို End Process လုပ်တာကလည်း ဖြေရှင်းနည်းတစ်မျိုးပါ။ သူက System တစ်ခုလုံးကို Effect မဖြစ်သေးချိန်မှာ အသုံးပြုလို့ရပါတယ်။ System တစ်ခုလုံးကို Effect ဖြစ်သွားရင် Task Manager ဖွင့်ဖို့နေနေသာသာ Arrow key တောင် ရွေ့ မရ ဖြစ်သွားပါတယ်။

ဒီတော့ Third Party Software လည်းသုံးတတ်ဖို့လိုအပ်ပါတယ်။ သိပ် အများကြီး သုံးဖို့ မလိုပါဘူး။ အမှိုက်သရိုက်ရှင်းဖို့အတွက် C Cleaner တို့လို ဆော့ဖ်ဝဲ၊ အန္တရယ်ရှိ ဆော့ဖ်ဝဲတွေကို ထောက်လှမ်း တားဆီး ပေးမယ်၊ နှိပ်နှင်းပေးမယ့် Antivirus ပရိုဂရမ် တစ်ခု ဒီလောက်ဆိုရင် လုံလောက်ပါပြီ။ အဲဒါကို တစ်ခု မက ထည့်ထားလွန်းရင်လည်း စက်ကို ဟန်းလေး၊ လေးစေ၊ နှေးစေ ပါတယ်။

ဒီလောက်ဆိုရင် မိမိကွန်ပြူတာကို ဘယ်လိုပြုစု အသုံးပြုရမယ်ဆိုတာကို အခြေခံအားဖြင့် သိပြီလို့မျှော်လင့် ပါတယ်။

အောင်ခမ်း (TSJ team)


https://www.facebook.com/photo.php?fbid=450894308341739&set=a.351047714993066.

မြဝတီရေကြီးရခြင်းမှာ ထိုင်းမှ ဆည်ဖောက်ချသောကြောင့်ဖြစ်



မြဝတီ နှင့် ကရင်ပြည်နယ်တွင်း သောင်းရင်းမြစ်ရေကြီးရကြီးရခြင်းမှာ ထိုင်းမှ ဆည်ဖောက်ချသောကြောင့်ဖြစ် တယ်လို့ သိရပါတယ်။ မြဝတီမြို့နဲ့ မဲဆောက်မြို့ကြားကနေ စီးဆင်းနေတဲ့ သောင်ရင်းမြစ်ဟာ တောင်ဘက်ကနေ မြောက်ဘက် ကို ပြောင်းပြန် စီးတဲ့မြစ်ဖြစ်ပြီး သောင်းရင်းမြစ် အထက်ပိုင်း ထိုင်းနိုင်ငံဘက်မှာ ဆည်တွေ တည်ဆောက်ထားပါတယ်။ အခုလို မိုးကြီးတဲ့ ကာလတွေမှာဆို ရေကာတာကျိုးမှာ စိုးတဲ့အတွက် ဆည်ဖောက်ချတာဖြစ်တယ်လို့ သိရပါတယ်။  မြဝတီ တစ်မြို့လုံး ရေနစ်ရတဲ့အပြင် မွန် နှင့် ကရင် ပြည်နယ် အနှံ့အပြား ရေဘေးဒုက္ခခံစားနေရပါတယ်။ အမှုမကင်းတဲ့ ထိုင်းအစိုးရမှ ကယ်ဆယ်ရေးသမား အချို့စေလွှတ်ခဲ့ပေမယ့် ထိရောက်မှုတော့မရှိဘူးသေးပါဘူး။ မြန်မာအစိုးရမှ ဆည်ဖောက်ချချိန်များတွင် ပြည်တွင်း ပြည်ပ မီဒီယာများက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် ယခု ထိုင်းအစိုးရမှ ရေဖောက်ချခြင်းကိုတော့ ဘယ်မီဒီယာ၊ ဘယ်ပညာရှင်မှ ဝေဖန်ခြင်းမရှိသေးပါဘူး။ လက်တလောအားဖြင့် နယ်မြေခံတပ်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။


.. www.MyanmarExpress.net

ကိုယ်တိုင်ချက်ပြုတ်စားသောက်တတ်သော မျောက်ဝံ Kanzi

 
Myawady News
ကိုယ်တိုင်ချက်ပြုတ်စားသောက်တတ်သော မျောက်ဝံ Kanzi
Thursday, August 01,2013
ထူးဆန်းပါတယ်။ သို့ပေမယ့် တကယ် ဖြစ်ပါတယ်။ Kanzi အမည်ရ မျောက်ဝံ ကို အမေရိကန်ပြည်ထောင်စု၊ Iowa ပြည်နယ် Des Moines မြို့ နေ အမျိုးသမီး ဆရာဝန် Sue Savage-Rumbaugh မှ မွေး ထားခြင်း ဖြစ်ပါတယ်။
မျောက်ဝံကို မွေးပြီး လူတွေနဲ့ယဉ်ပါးအောင်သင်ပေးပါတယ်။ နောက်တော့ လူသားတို့ လုပ်ဆောင်တဲ့ ကိစ္စအတော်များများကိုပါ သင်ပေးလို့ ရတဲ့ အနေအထား တစ်ခုဖြစ်လာပြီး အစားအသောက်ဆိုရင် ချက်ပြုတ်မထားရင် မစားတဲ့အထိကို ဖြစ်သွားပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။ သခင်မနဲ့ တောခရီးသွားတဲ့အခါ ချက်ပြုတ်တဲ့ တာဝန်ကို ချင်ပန်ဇီ မျောက်ဝံ Kanzi က တာဝန်ယူထားပါတယ်။ အစား အသောက် ချက်ပြုတ်ခြင်း၊ မီမွေးခြင်းတု...ိ့ကို ပြုလုပ်နိုင်ပါတယ်။ ယခုလို တမူထူးခြား တဲ့ အမူအရာကြောင့် ချင်ပန်ဇီတို့ရဲ့  ဥာဏ်ရည် မြင့်မားမှုကို လူသိများစေခဲ့ကြောင်း သိရ ပါတယ်။
.
Ref: DailyMail

Aung Kham (MM Social Sky)

Thursday, August 1, 2013

ရင်ဘတ်ချင်းတူသူများသို့ 




ကျနော်တို့ မပြန်ခင် တစ်ခါလောက်တော့ ကွာလာလမ်ပူမှာ ဆုံကြတာပေါ့ဗျာ

ကျနော်တို့ မသေခင် အလှုကြီးကြီး ကျောင်းကြီးတစ်ခု လှုကြည်ကြတာပေါ့ဗျာ

ကျနော်တို့ လစာကောင်းအခွင့်သာနေ့ စဉ် တစ်လစာလောက်ဒါနပြုလှုကြမယ်ဗျာ

အဖေတို့ အမေတို့ မသေခင် ကျောင်းဆောင်ကြီးတစ်ခုလှုတော့မယ်
လို့ ပြောကြမယ်ဗျာ

ကျနော်တို့ အထက်ရောက်နေစဉ် မရှိဆင်းရဲသားတွေအတွက် ပြန်ကြည့်ရအောင်ဗျာ

ကျနော်တို့ ကောင်းကောင်းစားနေရရင် နဲနဲလျှော့စား ငတ်နေသူကိုခွဲကြွေးရအောင်ဗျာ

ကျနော်တို့ မိဘရှိ ၊အနာဂတ်ရှိ ၊ ဒါဆို မိဘမဲ့တွေရဲ့ အိမ်မက်တွေကို ဆေးချယ်မယ်ဗျာ

ကျနော်တို့ အချိန်နဲနဲပို ပညာတတ်တယ် ပညာငတ်နေသူတွေကို စာပြန်မျှမယ်ဗျာ

ကျနော်တို့ အချိန်ကောင်းနေရာကောင်း ဒါဆို မရှိသူတွေ ပြန်ကူဖို့  ကြိုးစားကြမယ်ဗျာ

အသေးအမွှားအတွက် ကျနော်တို့ ရန်မဖြစ်ဘူး ရင်ဘတ်ချင်းတူ လက်တွဲကြမယ်ဗျာ

အကျိုးမရှိတာအတွက်ကျနော်တို့ အချိန်ကုန်မခံ လုပ်နိုင်စွမ်းရှိသလောက်လုပ်မယ်ဗျာ

ကျောင်းကြီးဆောက်မယ် လမ်းကြီးခင်းမယ် ပြန်တွေးမိတိုင်း ပီတိဖြစ်စေမယ်ဗျာ

 

Composed by မောင်စွယ်စုံကျမ်း @ 31-7-2013 @ 10:53PM

မအိပ်ခင်-ဒီဟာသလေးဖတ်သွားကြပါဦး-အရမ်းရယ်ရလို့ ပါ။

 
Myanmar News Update
မအိပ်ခင်-ဒီဟာသလေးဖတ်သွားကြပါဦး-အရမ်းရယ်ရလို့ ပါ။
မိန်းကလေး သုံးယောက်နဲ. ကြက်တူရွေး
မိန်းကလေး သုံးယောက် ကျောင်းသွားတက်ရာ
လမ်းခုလတ်က အိမ် တအိမ်တွင်ကြက်တူရွေး
တစ်ကောင်မွေးထားသည်။
ထိုကြက်တူရွေးသည် ထိုမိန်းကလေး သုံးယောက်အိမ်ရှေ.ဖြတ်သွားတိုင်း အရောင်၃ ရောင် ကို ရွက်သည်။
နေ.တိုင်းရွတ် နေတော့ မိန်းကလေး သုံးယောက်လဲ သတိထားမိလာသည်။
တနေ. တွင်သေချာနားထောင်ကြည့်လိုက်ရာ ‘အ၀ါ၊ အနီ၊ အနက်’ လို. ရွတ်နေသည် ကိုကြားမိလိုက်သည်။
မိန်းကလေး တစ်ယောက်က သွားစဉ်းစားမိသည်မှာ ဒီအရောင်ဟာ သူမရဲ. အတွင်းခံဘောင်းဘီ အရောင် ပါလား လို. သဘောပေါက်လာပြီး ကျန်နှစ်ယောက် ကိုပြောပြသည်။
ဒါပေမယ့် လက်ခံ ဖို့ အင်တင်တင်ဖြစ်နေကြသေးသည်။
ဒါနဲ.နောက်တနေ. သုံးယောက်လုံး အနက်ရောင် အတွင်းခံ ဘောင်းဘီ ကိုယ်စီဝတ်ဆင်ခဲ့ရာမှာ ထိုကြက်တူရွေး က ‘အနက်၊ အနက်၊ အနက်’ လို.ရွတ် သဖြင့်အင်မတန်အံ့အားသင့် ခဲ့ပြန်သည်။
ထိုအခါ မိန်းကလေးတစ်ယောက် က ‘ဟေ့ ငါ့တို. မနက်ဖြန် ဒီကြက်တူရွေး ကိုပညာပြရအောင်’ ဟု
ဆို ကာ သုံးယောက်လုံး အတွင်းခံ ဘောင်းဘီ မ၀တ်ပဲထွက်လာကြသည်။
ထိုနေ.တွင် ကြက်တူရွေး က ထိုသုံးယောက်ကို မြင်တော့
အနည်းငယ် ထွေသွားပြီးဦးခေါင်းကို ခါယမ်းခါ ၍ ခဏတာ စဉ်းစား အပြီး ဟောဒီလိုရွတ်လိုက်ပါတော့သည်။
‘အအို ၊ အအို ၊ အပျို'

Credit to Original uploader
U & me - We r thr Family Page