Sunday, August 18, 2013

ကိုလိုရာဆွဲနေသောအတွေးများ


အဟက်……..
တစ်ခါလာလဲ …..၈၈….
တစ်ခါလာလဲ ….ဆဲဗင်းဂျုလိုင်…..


တစ်ခါလာလဲ …..စစ်တပ်….
တစ်ခါလာလဲ ……တစ်မတ်သား…..

တစ်ခါလာလဲ ……ပြည်သူ့ အသံ……
တစ်ခါလာလဲ …….ပြည်သူ့ ဆန္ဒ…….။

နေစမ်းပါဦးဗျာ……..
မသိလို့ မေးပါရစေအုန်း…..

အဲဒီ ပြည်သူ့ အသံ…..
ပြည်သူ့ ဆန္ဒ ဆိုတဲ့ အထဲမှာ……
လွတ်လပ်ရေးရကတည်းက ……
သေနတ်သံနဲ့  ကြီးလာရတဲ့ ရှမ်းမလေးတွေ…..
အရွယ်ရောက်ကတည်းက ……
ပြည်တွင်းစစ်ထဲ ၀င်လာရတဲ့ ကရင်လေးတွေ…..
ဗကပ ၀တ်စုံ ဘယ်တော့မှ မချွတ်ခဲ့ရတဲ့ ……
ကိုးကန့် နဲ့ ဝလေးတွေ…….
ကတ္တရာလမ်း မမြင်ဘူးတဲ့  ……
ချင်းတောင်တန်း ပေါ်က နာဂ လေးတွေ…
ကချင်ပြည်နယ်က တဂျိမ်းဂျိမ်း ဆက်ကြေးတောင်းခံနေရတဲ့  ……
အရပ်သူအရပ်သားတွေ…..
မြို့ ပြင်ထွက်လိုက်တာနဲ့ တိုက်ပွဲစဖြစ်တဲ့  ……
ဒေသအသီးသီးက အစိုးရ၀န်ထမ်းတွေ……
၁၉ ဖာပွန် တမလွန်လို့ နာမည်တွင်ခဲ့ ရတဲ့ …..
ကိုးဆယ်ပြည့်လွန် နှစ်ကာလ…..
ဖာပွန် ခလရ (၁၉) က တပ်မိသားစုတွေ……
…………………………………………….
သူတို့ အသံ …သူတို့ ဆန္ဒတွေရောပါလား……။

၈၈မှာပါမှ…..
ကိုးဆယ့်ကိုးမှာပါမှ……
ပြည်သူလား……။

ဟိုခေါင်းဆောင်ကို ထောက်ခံမှ …..
ဒီခေါင်းဆောင်ကိုထောက်ခံမှ…
ပြည်သူလား…….။

ဟိုအဖွဲ့ ကိုဝင်မှ…..
ဒီအဖွဲ့ ကို ၀င်မှ……
ပြည်သူလား…….။

သူတို့ အတွက် ပထမဆုံး အရေးကြီးတာ….
ခရိုနီ ခရိုနီနက်လား…..
ငြိမ်းချမ်းရေးလား……..။

တစ်မတ်သားနဲ့ ဦးပိုင်လား…..
အပစ်အခတ်ရပ်စဲရေးလား…….။

ဘောင်းဘီဝတ် ဘောင်းဘီချွတ်ခွဲဖို့ လား….
ဒုက္ခသည်စခန်း သွားမနေရရေးလား…..။

စစ်တပ်ကို ကမ္ဘာမကြေရေးလား……
အချင်းချင်း စည်းလုံးညီညွတ်ရေးလား……။


သိပ်ပြီးတော့ မရောင်ရာ ဆီလူးမနေနဲ့ …..
တစ်ခွန်းပဲပြောမယ်……
ပြည်သူ့ အသံ ဆိုတာ……
မင်းတို့ အသံ မဟုတ်ဘူး…….
ရောမချနဲ့ ….
မှတ်ထား….ဒါပဲ……..။

( ရောင်တဲ့ နေရာကိုပဲ ဆီလူးချင်တဲ့ ရဲမိုး) 


Ye Moe

No comments:

Post a Comment