Monday, August 31, 2015

True Smart 3.5 ဖုန်းတွေကို ဘာ box မှ မသုံးဘဲ Unlock လုပ်နည်း & Firmware တင်နည်း (PDF)



ထိုင်းမှာ အခုနောက်ပြီ true ကနေ ဖုန်းအစုတ်၁လုံးပေးပြီ အလိုက်ပေးလိုက်လဲပေးနေ
တဲ့ true smart 3.5 ဖုန်းကို Firmware တင်နည်းကို PDF လေးလုပ်ပြီးတင်ပေးလိုက်ပါတယ်။

မနက်ဖြန်မှ Firmware နဲ့ အခြားသော Flash Tool များကိုတင်ပေးသွားမှာပါ
PDF ကိုတော့အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါပြီ။

Download Here

Credit ထိုင်းရောက်အိုင်တီလူငယ်များ
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

Samsung IMEI error ကို Oneclick နဲ့ ဖြေရှင်းမယ်


Samsaung Phone တွေ အတွက် Firmware အမြင့်တင်မိသော်လည်ကောင်း အနိုမ့်ဆင်းမိသော်လည်ကောင်း IMEI ပြသနာတွေကို One Click နဲ့ ဖြေရှင်းနိုင်ဖို့ 
ရည်ရွယ်ပြီးတင်ပေးတာ ပါ အဲ့ tool လေးကတော့ Samsaung Remote Client လို့ ခေါ်တဲ့ tool လေးပါhttp://www.unlocksamsungonline.com/files/srs-samsung-free-install.exe အဲ့ Tool ကို 

သုံးမယ်ဆိုရင်တော့ အင်တာနက် ရှိဖို့ လို ပါတယ်


user name = test
password = srscom

ပြီးရင် connect နိုပ်လိုက်ပါ ပြီးရင်ဖုန်းကို ပါဝါဖွင့် လိုက်ပါ ကြိုးထိုးလိုက်ပါ ဖုန်းရဲ့  မော်ဒန် အမျိုးအစား ရွေးချယ်ပါ Rescan နိုပ်ပါ ပြီးရင် Baseband repair Tool ထဲဝင်ပါ repair method 3 မျိုး ရှိပါတယ် အဲ့သုံးမျိုးနဲ့ ပြင်ကြည့်ပါ တော်ရုံဆိုပြင်လို့ ရပါတယ် အောက်မှာ EFS Backup   လို့ ရတယ် Restore လဲ လုပ်လို့ ရပါတယ် ကျန်တာတော့ ကိုယ့်ဘာသာ ပဲ ကလိကြည့်ပေါ့ …ကျွန်တော် စမ်းသပ်လို့ အောင်မြင်တဲ့ ဆော့ဝဲတစ်ခုပါ.  


Credit ဟယ်လိုသားကြီး
www.myanmarmobileapp.com

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

Xiaomi ထုတ် Mi/Redmi ဖုန်းတွေမှာ Google Play နဲ့ Google Service App တွေအလွယ်ဆုံးသွင်းနည်း(PDF)



Xiaomi ကထုတ်တဲ့ Redmi/MI ဖုန်းတွေမှာ Internation ROM မဟုတ်ရင် China ROM တို့ Developer ROM တို့လိုမျိုးတင်ထားရင် Google Play ကဲ့သို့သော Google Service App တွေမပါတတ်ပါဘူး။ ယင်းသို့သော ဖုန်းတွေမှာ Google Play နဲ့ Google Service App တွေအလွယ်ဆုံးသွင်းနည်းကိုတင်ပြပေးချင်ပါတယ်။ Xiaomi မှနောက်ဆုံးထွက်ရှိထားတဲ့ Xiaomi Mi Note (2015) ဖုန်းအထိ ဒီနည်းနဲ့ကောင်းစွာအလုပ်လုပ်တာကိုတွေ့ရပါတယ်။
အရင်ဆုံး Google Installer app ကို Download ရယူပါ။
ယင်း app ကိုဖုန်းမှာ install လုပ်လိုက်ပါ။ ပြီးလျှင် ယင်း Google Installer app ကိုဖွင့်လိုက်ပါ။ Google Play ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။ Install ကိုနှိပ်ပါ။
ကျန်တဲ့ Tutorial တွေကိုတော့ PDF လေးလုပ်ပေးထားပါတယ်
အောက်မှာဒေါင်းလော့ရယူလိုက်ပါ။

Download Here

Credit သက်နိုင်စိုး (Myanmar Mobile App)
http://www.facebook.com/thetnaing.mmas

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

Mi Fonts Changer (Xiaomi ဖုန်းများကို မြန်မာစာထည့်သွင်းသည့် Android App)


မင်္ဂလာပါ
မြန်မာ Developer တစ်ဦးဖြစ်တဲ့ညီလေး Phyochan ရဲ့
ကြိုစားအားထုတ်မှုဖြင့်ဒီနေ့ August 31, 2015 ရက်မှာထွက်ရှိလာတဲ့
Mi Fonts Changer လေးကိုအားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အခုဗားရှင်းမှာတော့ Mi Fonts Changer ဟာ
Xiaomi နောက်ဆုံးထွက် UI ဖြစ်သည့် Xiaomi MIUI 7 တွင်
မြန်မာစာ ထည့်သွင်းအသုံးပြု ရန်အတွက် MIUI 7 Myanmar Font Installer
Zawgyi မှ Unicode .... Unicode မှ Zawgyi ပြောင်းလဲ ထည့်သွင်းအသုံးပြုနိုင်ပြီး
Clash Of Clan တွင် မြန်မာစာ 100% မှန်ကန်စွာ ရေး၊ဖတ် နိုင်ပါတယ်။
မည်သည့် Xiaomi Rom MIUI 7 အတွက်မဆို မြန်မာစာ ထည့်သွင်းနိုင်ပါသည် ။

Download Here

OR

Download Here

Credit Phyochan

www. mmsdromfinder.com


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

IP ​တွေ​ကျော်​တဲ့​နေရာမှာ အရမ်း​ကောင်းတဲ့ Hola Vpn (Updated)


Hola Vpn ဆိုမသိတဲ့သူ မရှိ့​လောက်​ဘူး ထင်​ပါတယ်
IP ​ကျော်​​တဲ့​နေရာမှာ အရမ်း​ကောင်းတဲ့ Apk ​လေးပါ
အခု ​နောက်​ဆုံး Updated မှာ​တော့ ပုံစံ​လေး
အနည်းငယ်​​ပြောင်းသွားတာကို​တွေ့ရပါတယ်
Facebook lock ​တွေ​ဖြေရင်​ပဲဖြစ်​ဖြစ်
Myanmar IP နဲ့ ဝင်​မရတဲ့ site ​တွေကို
ဝင်​ချင်​ရင်​ပဲဖြစ်​ဖြစ်​ vpn ​တော့မဖြစ်​မ​နေသုံးရမှာပါ
New Version ​လေးလိုချင်​ရင်​ ​အောက်​က Link မှာ
အခမဲ့ ရယူနိုင်​ပါတယ်​ခဗျာ


အဆင်​​ပြေပါ​စေ
ကို​နေဇင်​ (နည်းပညာ)

✔ DOWNLOAD ✔ 
ကျ​နော်​တင်​သမျှကို Facebook ကတိုက်​ရိုက်​လိုချင်​ရင်
ဒီ​နေရာမှာ
Like တစ်​ချက်​​ပေးခဲ့ပါ

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link

How to Install TWRP / Without Root Myanmar Font & Root Galaxy S6 Edge on Android 5.1.1


batllo-0853
Samsung Galaxy S6 Edge ကို Root မလုပ်ပဲမြန်မာစာ သွင်းချင်သူများ နဲ့
Root လိုအပ်ဝူများအတွက်ပါ တင်ပေးလိုက်ပါတယ်။ Root မလုပ်ပဲမြန်မာစာသွင်းနိုင်ရန်
လိုအပ်တာလေးတွေအရင် Download ရယူလိုက်ပါ။


Odin Tool >>> One Click Download

အရင်ဆုံး TWRP recovery ကို Flash ပေးရပါမယ်။
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။ Odin က PDA ဆိုတဲ့နေရာမှာ TWRP recovery.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။ Odin မှာ PASS ပြပြီး
ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။ ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ TWRP recovery သွင်းခြင်းပီးဆုံးပါပြီ။

ဖုန်းထဲကိုဖြစ်ဖြစ် SDcard ထဲကိုဖြစ်ဖြစ် Final Solution 3.0.zip ကို ထည့်လိုက်ပါ။ ပြီးရင်ဖုန်းကို
recovery mode ၀င်ပြီး Final Solution 3.0.zip ကို install လုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ဖုန်းကို
Zawgyi Font Build-in ထည့်ခြင်း လုပ်ဆောင်ချက်ပြီးဆုံးပါပြီ။ မြန်မာစာကို အဆင်ပြေပြေသုံးနိုင်ပါပြီ။


Root ပါထပ်လုပ်ချင်ရင်တော့ SuperSU-update.zip လေးကို recovery mode ကနေပဲ install ထပ်လုပ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ Root accept ပါ ရပါပြီ ခင်ဗျာ။





အဆင်ပြေပါစေ။
Warmly Welcome

♪ သင့် စမတ်ဖုန်းရဲ့ Sensor စနစ်တွေကို သိပါသလား…။ သူတို့က ဘာတွေများ စုဆောင်းသိမ်းဆည်းတတ်ပြီး၊ ဘယ်လိုများ လုပ်ဆောင်နေကြပါသလဲ။ ♫

စမတ်ဖုန်းတွေဟာ ဘာလို့များ လူတွေကြားထဲမှာ ဒီလောက်ခေတ်စားလာရသလဲဆိုတာက သိသာတဲ့အချက်တွေ ရှိပါတယ်။ ပထမတစ်ချက်ကတော့ လွယ်ကူရိုးရှင်းတာပါ။ Desktop တွေ၊ Laptop တွေထက် သူတို့က သုံးရတာ ပိုလွယ်ပါတယ်။ နောက်အားသာချက်တစ်ခုက သူတို့မှာ sensor တွေ ပါဝင်လာပါတယ်။ ဒီ sensor တွေက စမတ်ဖုန်းတွေကို Laptop တွေ ထက် ပိုပြီးအသုံးတည့်စေပါတယ်။ အဓိကကတော့ သူတို့ကပေးတဲ့ data တွေ၊ information တွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ် လူမှုဘဝတွေကို ပိုမိုလွယ်ကူစေပြီး၊ အပြောင်းအလဲတွေကို ဖန်တီးပေးလာနိုင်တာပါ။

ဒီနေ့ခေတ်စမတ်ဖုန်းတွေအနေနဲ့ ဘာတွေလုပ်နိုင်တယ်၊ ဘယ်တွေစွမ်းဆောင်နိုင်တယ်ဆိုတာကို ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုစာ လောက်တုန်းကသာ ပြောနေတယ်ဆိုရင် ယုံတမ်းပုံပြင်လို ဖြစ်နေမှာပါ။ နည်းပညာအသစ်အဆန်းတွေ မှန်သမျှဟာ ကျွန် တော်တို့ရဲ့ iPhone နဲ့ Android ဖုန်းတွေထဲကို စုပြုံတိုးဝင်လာနေပါတယ်။ အခု အသုံးပြုထားတဲ့ sensor တွေကို ကြည့်မယ် ဆိုရင်ပဲ စမတ်ဖုန်းတွေပေါ်မှာ နည်းပညာတွေ ဘယ်လောက်ခေတ်မီလာနေလဲဆိုတာ သိနိုင်ပါတယ်။ ဒါဆိုရင် စမတ်ဖုန်းတစ် လုံးမှာ ဘယ်လို sensor အမျိုးအစားတွေ ပါဝင်မယ်လို့ ထင်ပါသလဲ။

ကျွန်တော်တို့ စစချင်းမှာ အသုံးအများဆုံး sensor ဖြစ်တဲ့ accelerometer ကနေစပါမယ်။ သူ့နာမည်မှာ ပါတဲ့အတိုင်းပဲ၊ accelerometer ဟာ ကျွန်တော်တို့ရဲ့ handset ဟာ ဘယ်လိုလှုပ်ရှားနေသလဲဆိုတာကို အဓိကတိုင်းတာပေးပါတယ်။ သူ့ရဲ့ ဦးတည်ရာကို ရွှေ့လိုက်တာနဲ့ sensor ကနေ ထွက်လာတဲ့ data တွေဟာ ချက်ချင်းဆိုသလို မြင့်တက်သွားပါမယ်။ တကယ် လို့ ပြန်ငြိမ်အောင် ထားလိုက်တာနဲ့ ချက်ချင်း data လှိုင်းက ပြန်ငြိမ်သွားမှာပါ။ sensor က device ရဲ့ orientation တွေကို three axes ပုံစံနဲ့ ပြပေးပါတယ်။ App တွေဟာ ဒီကထွက်လာတဲ့ data တွေကို ယူပြီးတော့ ဖုန်းဟာ portrait လား၊ landscape လား၊ အထောင်လား၊ ဇောက်ထိုးလားဆိုတဲ့ orientation ကို ပြပေးပါလိမ့်မယ်။


Gyroscope ကလည်းပဲ ဖုန်းရဲ့ orientation ကို ပြပေးတာပါပဲ။ ဒါပေမယ့် သူက ပိုပြီးတိကျမှု ရှိပါတယ်။ ဒီ sensor ကိုသုံးပြီး တော့ Android ရဲ့ Photo Sphere camera feature ကို တည်ဆောက်ထားတာ ဖြစ်ပြီး၊ ဖုန်းကိုဘယ်လောက်လှည့်သလဲ၊ ဘယ်ဦးတည်ရာကိုလှည့်သလဲဆိုတာတွေကို ဒီ sensor ကနေရယူတာပါ။ Google ရဲ့ Sky Map ဟာလည်း ကိုယ့်ဖုန်းဟာ ဘယ်ဦးတည်ရာကို လှည့်ထားသလဲဆိုတာကို ဒီ sensor ကနေရယူပါတယ်။

နောက်ထပ်ထူးခြားတဲ့ sensor တစ်ခုက magnetometer ပါပဲ။ သူ့ရဲ့အလုပ်က သံလိုက်စက်ကွင်းရှိတဲ့နေရာကို detect လုပ် ပေးတာပါ။ iPhone မှာပါတဲ့ compass application ဟာဆိုရင် ဒီ sensor က မြောက်ဝင်ရိုးစွန်းကို ချိန်ပေးတာကို ဖတ်ထား တာပါ။ ဒါကိုသုံးပြီး metal detector အနေနဲ့လည်း သုံးနိုင်ပါတယ်။ နောက်တစ်ခုက Maps app တွေမှာ ကိုယ့်ရဲ့တည်နေရာ နဲ့ ဦးတည်ရာကို ပိုတိကျမှုရှိအောင်လည်း လုပ်ပေးပါတယ်။

နောက်တစ်ခုကတော့ proximity sensor ပါပဲ။ infrared LED နဲ့ IR light detector တွေကို ပေါင်းစပ်ထားတာပါ။ ဖုန်းပြော နေချိန်မှာ ဖုန်းကို နားနားကို ကပ်လိုက်ချိန်မှာ ဖုန်းရဲ့ screen ကို ပိတ်ပေးထားပါတယ်။ sensor ကနေထွက်လာတဲ့ မမြင်ရတဲ့ infrared beam ဟာ ဘေးနားက တစ်စုံတစ်ခုနဲ့ ထိမိပြီး ပြန်ကန်လာတာကို IR detector ကနေ ဖမ်းမိတယ်၊ မမိဘူးဆိုတာကို ပြန်တိုင်းတဲ့ စနစ်ပါပဲ။


Light sensor ကတော့ ambient light က ဘယ်လောက်လင်းသလဲဆိုတာကို တိုင်းတာပေးပါတယ်။ ဒီကနေ ထွက်လာတဲ့ data ပေါ်မှာ မူတည်ပြီး ဖုန်းရဲ့ software က diplay ရဲ့ brightness ကို အလိုလျောက်ချိန်ညှိပေးပါလိမ့်မယ်။ တကယ်လို့ ambient light က အရမ်းများနေရင် screen brightness က မြင့်လာမှာပါ။ ဘေးမှာမှောင်နေရင် display က မှိန်သွားပါလိမ့် မယ်။ Samsung Galaxy ဖုန်းအမြင့်တွေမှာ ပါဝင်တဲ့ Advanced light sensor ဟာ အဖြူ၊ အနီ၊ အစိမ်းနဲ့ အပြာရောင်အလင်း တွေကို သီးခြားစီ measure လုပ်ပေးနိုင်ပါတယ်။ Adapt Display feature ဟာ ဒီအချက်အလက်တွေကို ရယူပြီး image representation တွေကို အသေးစိတ်ချိန်ညှိပေးပါတယ်။

အမြင့်ဖုန်းတွေမှာဆိုရင် barometer က built-in ပါဝင်လာပြီး၊ လေထုဖိအားကို တိုင်းတာပေးပါတယ်။ အဲဒီကနေရလာတဲ့ data တွေဟာ ပင်လယ်ရေမျက်နှာပြင်အမြင့်ကို အတိအကျတိုင်းတာပေးနိုင်တဲ့အတွက် GPS ရဲ့ accuracy ကို ပိုကောင်းသွား စေပါတယ်။ Motorola XOOM နဲ့ Samsung Galaxy Nexus တွေဟာ ဒီ feature တွေကို အသုံးပြုနိုင်တဲ့ sensor တွေ ပထမ ဦးဆုံး ပါဝင်လာတဲ့ Android devices တွေ ဖြစ်ပါတယ်။

Samsung ရဲ့ Galaxy S4 မှာတော့ theromometer ပါဝင်ပြီး ပတ်ဝန်းကျင်ရဲ့ အပူချိန်ကို တိုင်းတာပေးပါတယ်။ ဒီ thermometer ဟာဆိုရင် ပြင်ပမှာသုံးတာထက် စမတ်ဖုန်းထဲမှာ အသုံးပြုပြီး၊ ဖုန်းရဲ့ အပူချိန်ကို အချိန်ပြည့်စောင့်ကြည့်နေပြီး တော့ တကယ်လို့ အန္တရာယ်ရှိလောက်အောင် အပူချိန်မြင့်လာပြီဆိုရင် ဖုန်းကိုပိတ်ချလိုက်ပြီးတော့ အချိန်တစ်ခုတော့ အေးသ သွားအောင် စောင့်ပြီးမှ အားသွင်းတာလိုမျိုး အပူချိန်များတဲ့အလုပ်တွေကို ပြန်လုပ်ခွင့်ပေးမှာပါ။

Galaxy S4 မှာက နောက်ထပ်ထူးခြားတာက Air humidity sensor ပါလာတာပါ။ ဒီ sensor ကနေပေးလိုက်တဲ့ data တွေ ဟာ S Health app ကနေတဆင့် ဖုန်းသုံးသူတွေက Comfort Zone တစ်ခုကို လေထုရဲ့ အပူချိန်နဲ့ စိုထိုင်းဆတွေကနေ တိုင်း တာတွက်ချက်ပြီး သိနိုင်စေပါတယ်။

Health နဲ့ fitness အကြောင်း ပြောနေချိန်မှာပဲ နောက်တစ်ခု ပြောသင့်တာက pedometer sensor အကြောင်းပါ။ သူကဖုန်း ကိုင်ထားတဲ့သူရဲ့ ခြေလှမ်းတွေကို တိုင်းတာပေးပါတယ်။ ဒီ data တွေကို accelerometer ရဲ့ data တွေနဲ့ပေါင်းစပ်ပြီး အသုံး ပြုလို့ရပါတယ်။ အဲဒါဆို ထွက်လာတဲ့ဒေတာတွေက ပိုပြီးတိကျသလို၊ ပိုပြီးလည်း ထိရောက်မှု ရှိပါတယ်။ Google Nexus 5 ဟာ ဒီ pedometer ကို built in အနေနဲ့ ထည့်ပေးထားတဲ့ ရှားပါးဖုန်းတွေထဲက တစ်ခုပါ။

Galaxy S5 မှာတော့ Heart rate monitor ပါဝင်လာပါတယ်။ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်ပြီး၊ လူရဲ့လက်ချောင်းထဲက သွေးလွှတ်ကြောမှာ တစ်မိနစ်ကို သွေးဘယ်လောက်ခုန်တယ်ဆိုတာကို ကြည့်ပြီးတော့ တိုင်းတာတာပါပဲ။

နောက်ထပ်တစ်ခုကတော့ လုံခြုံရေးနဲ့ ပတ်သက်လို့ပါ။ အခုအခါမှာ ဖုန်းအတော်များများမှာ fingerprint sensor တွေ ပါဝင် လာပါတယ်။ ဒီ sensor ကိုသုံးပြီးတော့ ကိုယ့်ရဲ့ ဖုန်းကို lock ဖြည်တာတွေ လုပ်နိုင်မယ့်အပြင် ငွေပေးချေမှုတို့၊ log in ဝင် တာတို့ လုပ်တာတွေမှာပါ သုံးနိုင်လာပါတယ်။ Fingerprint scanners တွေဟာ လုံခြုံရေးအတွက် တကယ့်ကို ထိရောက်ပြီး သုံးရလွယ်တဲ့ နည်းပညာတွေ ဖြစ်လာပါတယ်။

နောက်ထပ် ထူးခြားတဲ့ sensor ကတော့ radiation ရောင်ခြည်သင့်မှုကို တိုင်းတာတာပါ။ ဖုန်းအတော်များများမှာ မပါသေး ပေမယ့် Sharp Pantone 5 မှာတော့ ထည့်ပေးထားပါတယ်။ ဂျပန်နိုင်ငံမှာ ထုတ်ဝေတဲ့ ဒီဖုန်းဟာဆိုရင် သူ့အတွက် သီးခြား button တစ်ခုပါဝင်ပြီး ခလုပ်ကိုနှိပ်လိုက်ရင် app တစ်ခုပွင့်လာပြီးတော့ အဲဒီနေရာမှာရှိတဲ့ radiation level ကို တိုင်းတာပေး ပါတယ်။

Microphone တွေ၊ ကင်မရာတွေ အစရှိသဖြင့် ရှိရှိသမျှ sensor တွေကို ပေါင်းလိုက်ရင် လက်ရှိ စမတ်ဖုန်းတွေမှာ အသုံးပြုနေ တဲ့ sensor အမျိုးအစားပေါင်း ၁၄၊ ၁၅ မျိုးလောက် ရှိပါတယ်။ ဒီ sensor တွေကနေတဆင့် စမတ်ဖုန်းတွေဟာ data တွေ အများအပြားကို စုဆောင်းနိုင်ပါတယ်။ Apple ဆိုရင် sensor တွေတင်မကပဲ၊ Motion coprocessor ဆိုတာကိုပါ ထည့်ပေး ထားပြီးတော့ sensor တိုင်းတာမှုတွေကို ပိုမိုတိကျကောင်းမွန်အောင် လုပ်ပေးထားပါတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း sensor အမျိုးအစားသစ်တွေ အများအပြား ပေါ်ထွက်လာနေတုန်းပါ။ အခုဒီဆောင်းပါးမှာ စမတ်ဖုန်းတွေမှာ လက်ရှိအသုံးပြု နေတဲ့ အသုံးများတဲ့ sensor အချို့ကို ဖော်ပြပေးထားပြီး နောက်ပိုင်းမှာလည်း အသစ်ပေါ်ထွက်လာတဲ့ sensor တွေနဲ့ သူတို့ရဲ့ အသုံးဝင်ပုံတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။


Credit to ==> Myanmar Mobile View

Reverse Movie FX PRO – Magic Video v1.3.2 Pro APK [Latest]


အရမ်းလန်းတဲ့ magic video လေးတွေကို android ဖုန်းပေါ်မှာဘဲ ဖန်တီးကြမယ်။ 
အရမ်းကောင်းတဲ့ apps တစ်ခုပါဘဲ။ မိတ်ဆွေတို့ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်လေးတွေကို ပြောင်းပြန်
effect သုံးပြီးတော့ ရုပ်ရှင်ကားတွေထဲက ဖန်တီးထားသလိုမျိုး ဖန်တီးလို့ရပါတယ်။ ဥပမာဗျာ
ခင်ဗျားတို့ အချိုရည်ဗူးထဲကနေ အချိုရည်ကိုခွက်ထဲကို လောင်းထည့်နေတာမျိုး ရိုက်ထားတယ်ဆိုပါတော့။ အဲဒီ ဗီဒီယိုဖိုင်လေးကို အခု apps လေးနဲ့ဖန်တီးလိုက်မယ် ဆိုရင်
ခွက်ထဲက အချိုရည်တွေက ပုလင်းထဲကို ပြန်ပြီး စီးဝင်သွားသလိုမျိုးပေါ့။ နမူနာvideo ဖိုင်လေးပါ တင်ပေးထားပါတယ်။ စိတ်ကူးရှိရင် ရှိသလို ဖန်တီးနိုင်တယ်နော်။ ပြီးရင် ကိုယ့်ရဲ့ 
Facebook ပေါ်မှာ သူငယ်ချင်းတွေကို ဝေမျှပေးနိုင်တာပေါ့ဗျာ။ ဖိုင်ဆိုဒ်က လည်း 33 MB ဘဲရှိပါတယ်
ကဲ အခုဘဲ ကိုယ့်ရဲ့ idea လေးတွေနဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖလန်းဖလန်းဖြစ်နေတဲ့
ဗီဒီယိုဖိုင်လေးတွေအဖြစ် ဖန်တီးလိုက်ကြရအောင်............
Reverse Movie FX PRO 
Reverse Movie FX PRO is an app that lets you create a reverse video that looks like a magic trick! First record a video of someone (or you): walking, drinking orange juice, talking or any other idea that comes to your head! After that select a desired movie fragment and press start! The app will reverse your video: you will see people walking backwards, your friend spitting the juice out, people talking backwards!
A few ideas of Video Reverse
Item kinetic attraction (you have to throw an item)
Tear a sheet of paper
Throwing a sheet of papier to the toilet
Drinking a juice (and spitting it out as a result)
Spilling a juice
Money attracting
Etc.
Reversing options
Add music
Reversed + original
Original + reversed


Download From Pcloud (33 MB)


ဖုန်း Locker အလန်းစားလေး - VLocker


Download
     
                         
                                    www.patheinit.com
                                       
Payephyokyaw

Sunday, August 30, 2015

iOS 7 မှာ Activation Lock ကျနေရင် ဖြည်နည်း (PDF)


မင်္ဂလာပါ

iOS ချစ်ပရိတ်သတ်များအတွက် မသိမဖြစ် သိထားသင့်
တတ်ထားသင့်တဲ့ Tip & Tricks တွေထဲမှာဒီနည်းပညာလေးက
Top ဖြစ်မယ်လို့ထင်ပါတယ်ကျနော်လည်းအွန်လိုင်းတစ်ခွင်ပတ်ရှာရင်းနဲ့
ကိုကိုဝင်း( ပြည် ) ရဲ့ iOS 7 မှာ Activation Lock ကျနေရင် ဖြည်နည်း
 ပိုစ့်လေးကိုအားလုံးလည်းအဆင်ပြေသွားအောင် PDF လေးလုပ်ပြီး
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

iOS 7 မှာ Activation Lock ကျနေရင် ဖြည်နည်း


Download Here

Credit ကိုကိုဝင်း( ပြည် )

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

Stylish Touch Penfor Phones and Tablets



ယနေ့ခေတ် စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ် လူနေမှု ဘ၀အတွက် အလွန်ကိုအရေးကြီးပါတယ်။ တချို့စမတ်ဖုန်းတွေဟာအသုံးပြုချိန်ကြာမြင့်လာတာနဲ့ အမျှ မျက်နှာပြင် အပူချိန် မြင့်မားလာတတ်ပါတယ်။ ဒါ့ကြောင့် မြင့်မားတဲ့ မျက်နှာပြင် အပူချိန်ကိုအချိန်အကြာကြီးလက်နဲ့ တို့ထိအသုံးပြုရမှာကိုရှောင်ရှားလိုတဲ့ သူငယ်ချင်းတွေ အနေနဲ့ စတိုင်ကျလှပတဲ့ touch pen လေးတွေကိုတန်ဖိုး ၂ ထောင်ကျပ်သာရှိတာကြောင့် ဝယ်ယူဆောင်ထားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။
မည်သည့် ဖုန်းအရွယ်အစား၊ အမျိုးအစား၊ Android (သို့မဟုတ်) iOS ကြိုက်နှစ်သက်ရာမှာတွဲဖက် အသုံးပြုလို့ရပါတယ်။




ဝယ်ယူလိုပါက 09 262 37 8142 သို့ ဆက်သွယ်ကာ ဖြစ်စေ https://www.facebook.com/trendyproducts.bizသို့ message ပို့ထားပြီး ဖြစ်စေ၊ http://www.kaymu.com.mm/pen-for-tablets-and-phones-105468.html တို့မှာဖြစ်စေဝယ်ယူနိုင်ပါတယ်။

SM-N900 Lollipop v 5.0 Custom recovery သွင်းနည်း။



install-custom-recovery-galaxy-s5-international-sprint-t-mobile.w654
Samsung Galaxy Note 3 ( Sm-N900 ) ကို version 5.0 မှာ Custom recovery သွင်းချင်လို့
တောင်းဆိုထားတဲ့ အကိုအတွက် တင်ပေးလိုက်ပါတယ်။ အရင်ဆုံးလိုအပ်တာကို အောက်ကလင့်မှာ
Download ရယူလိုက်ပါ။




Recovery သွင်းနည်း
…………………………..

ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။ Odin က PDA ဆိုတဲ့နေရာမှာ n900-cwm-recovery-6.0.5.0-kk_L5.0(0812).tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။ Odin မှာ PASS ပြပြီး
ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။ ပါဝါပြန်တက်လာပြီဆိုရင်တော့ recovery mode သွင်းခြင်း ပြီးဆုံးပါပြီ။



အဆင်ပြေပါစေ။
Warmly Welcome

ဖုန်း Hardware ပိုင်းစတင်လေ့လာသူတွေ၏ အခြေခံပိုင်းကျကျ ရှင်းပြထားသောစာအုပ်ပါ။






အခုတင်ပေးလိုက်တဲ့ စာအုပ်က ဖုန်း Hardware ပိုင်းစတင်လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက် အခြေခံပိုင်းကို တိကျရှင်းလင်းစွာရေးပြထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဖုန်းတလုံး Hardware တခုခု ချို့ယွင်း ၍ မီးမလာတာဖြစ်စေ ပစ္စည်းလဲခြင်း၊ IC အစရှိတဲ့ အပိုင်းတွေကို သေသေခြာခြာ ရှင်းပြထားပြီး အခြေခံပိုင်းကောင်းကောင်း နားလည်အောင် သေခြာရှင်းပြထားပါတယ်။

ယခုလက်ရှိ ကျနော့်သင်တန်းသားတွေကို အခြေခံပိုင်း အရင်ဆုံးနားလည်အောင် ယခုလို စာတွေ့ နှင့် အရင်ဆုံး ရှင်းပြရပါတယ်။ စာအုပ်ဖတ်ပြီး အခြေခံပိုင်း ကောင်းကောင်းနားလည်မှ လက်တွေ့ပိုင်း စတင် လေ့လာရပါတယ်။ Hardware စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက် အမှန်တကယ် အသုံးဝင်စေမဲ့ စာအုပ်ဖြစ်ပါတယ်။ စတင်လေ့လာသူတွေအတွက် ဆားကစ်ပြာရဲ့ဖွဲ့စည်းပုံ တွေ ပါဝင်ပါတယ်။ အပိုင်း (၂) ပိုင်း ခွဲထားပေးပါတယ်။ 
အခုအပိုင်း (၁) ကိုအရင်တင်ပေးလိုက်ပါတယ်။ အပိုင်း (၂) ကို ဆက်လက်ရေးသားနေ ပါတယ်။ ပြီးတာနဲ့ ဆက်လက် တင်ပေးပါမယ်။ ယခုနည်းလမ်းကို လေ့လာရုံနှင့် အခြေခံအပိုင်း တော်တော်လေးနားလည် သွားမှာ ဖြစ်ပါ တယ်။ နောက်ပိုင်း ဆက်လက် တင်ပေးသွား မှာဖြစ်ပါတယ်။
Hardware ပိုင်း စိတ်ဝင်စားသူတွေအတွက် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
 
 
Thiha Htike(THT)


ANDROID PHONE များ SCREEN LOCK ( PATTERN / PIN / PASSCODE ) ကျနေတဲ့အချိန်မှာ ဘာတွေလုပ်ထားဖို့လိုသလဲ ???


Screen_Lock


screen lock
ကျတော်တို့ Android အသုံးပြုသူများအတွက် Screen Lock ( Pattern / Pin / Passcode ) ကျနေတဲ့အချိန်တွေမှာ ဘာတွေလုပ်ထား
သင့်သလဲဆိုတာကို ကျတော့်အမြင် နဲ့ အတွေ့အကြုံလေးအရ ကျတော်တင်ပြပေးလိုက်ပါတယ်။
Android ဖုန်းတစ်လုံးအသုံးပြုပြီဆိုရင်တော့ လူတိုင်းလိုလို Screen Lock ( Pattern / Pin / Passcode ) ဆိုတာတော့ ထားတက်ကြပါတယ်။
အဲဒီလို Screen Lock ချထားတဲ့အချိန်ကိုယ့်ရဲ့ lock ကို ပြန်မမှတ်မိတော့ဘူးဆိုရင်တော့ User တော်တော်များများအနေနဲ့
ကိုယ့်ရဲ့ အရေးကြီးတဲ့ data များကိုတော့ပြန်လိုချင်ကြပါတယ်။ ဒါပေမဲ့အဲလိုအခြေအနေမှာ Screen Lock ကို ပြန်ဖြည်နိုင်ရန်
နည်းလမ်း ( ၂ ) မျိုးရှိပါတယ်။ Reset ချပြီးပြန်ဖြည်တဲ့နည်း နဲ့ Software များကို အသုံးပြုပြီး ပြန်ဖြည်တဲ့နည်းတွေပဲဖြစ်ပါတယ်။
Reset ချတဲ့နည်းကတော့ ဖုန်းရဲ့ Internal Memory မှာရှိတဲ့ data တွေကို ဖုန်းကအလိုလိုမဖျက်ပစ်မှာဖြစ်ပါတယ်။
ဒီလိုဆို ကိုယ်ပြန်လိုချင်တဲ့ Contact , Message နဲ့ အခြားအရေးကြီးတဲ့ data တွေကိုပြန်ရနိုင်တော့ပါဘူး။ တကယ်လို့ data တွေကို
ကျတော်တို့ပြန်လည်လိုချင်တယ် ဆိုရင်တော့ Software များကိုအသုံးပြုမှအဆင်ပြေမှာဖြစ်ပါတယ်။ အဲလိုအခြေအနေမှာဆိုရင်
အရေးကြီးတာကတော့ Computer ကနေ ဖုန်းကိုသိနေဖို့ပါပဲ။ အဲလိုသိနေအောင် Setting ထဲကဘယ်အရာရာကို အဓိကအနေနဲ့
on ထားဖို့လိုအပ်ပါသလဲ ??? ကျတော်တို့ အဲလိုအခြေအနေမှာတော့ အဓိကအနေနဲ့ on ထားဖို့လိုအပ်တာကတော့
Setting >>> Developer option ထဲက USB Debugging ပဲဖြစ်ပါတယ်။ ဒီ Function လေးကို on ထားခြင်းမရှိဘူးဆိုရင်တော့
Screen Lock ကို Software တွေနဲ့ပြန်ဖြည်တဲ့အခါ Computer ကနေ ဖုန်းကိုသိရှိနိုင်ရန် support ပေးမှာမပာုတ်တော့ပါဘူး။
ဒါကြောင့် ဒီ Function လေးကိုတော့ on ထားဖို့လိုအပ်ပါမယ်။ နောက်အရေးကြီးတာကတော့ သင့်ဖုန်းမှာ Root လုပ်ထားဖို့ပဲဖြစ်ပါတယ်။
Root လုပ်မထားဘူးဆိုရင်တော့ Software တွေကနေ ဖုန်းကိုသိရှိနိုင်ရန် support ပေးမှာ မပာုတ်တော့ပါဘူး။
ဒါကြောင့် Screen Lock ဖြည်ချင်တဲ့အခါ data တွေမပျက်စီးချင်ရင်တော့ ဒီအချက်နှစ်ချက်ကို ပြုလုပ်ထားရန်လိုအပ်ပါမယ်လို့
မသိသေးသူများအတွက် ကျတော်နားလည်သလို ပြန်လည်တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။
Remark ; ယခု version များတွင် Developer option ကိုမတွေ့ရှိပါက About Phone ထဲကနေပြီး Build number ကို ( ၇ ) ချက်လောက်
နှိပ်ပေးခြင်းဖြင့် Developer option ကို ဖော်ပေးပါ။

Saturday, August 29, 2015

Third-party App တွေကို iPhone, iPad & iPod Touch မှာအလွယ်တကူ Install လုပ်နည်း


App Store မှ ပိုက်ဆံဖြင့်ပေးဝယ်ရတဲ့ Apps တွေကို မိမိတို့ရဲ့ iOS Device ပေါ်မှာထည့်သွင်းအသုံးပြုချင်သူများအနေနဲ့ Store မှ Official ၀ယ်သုံးစရာမလိုပဲ Third-party Stores ကို Install လုပ်ကာ အဆိုပါ Store ထဲမှ ရယူနိုင်ပါတယ်......

iOS အတွက် Third-party Store App Store တွေများစွာရှိတဲ့အထဲကမှ အောက်မှာ အသုံးပြုရကောင်းမွန်တဲ့ Store ဖြစ်တဲ့ Kuaiyong third-party App Storeရဲ့ Install လုပ်နည်းနဲ့အသုံးပြုနည်းကိုပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်....

PDF စာအုပ်လေးကိုတော့အောက်ကလင့်မှာရယူပါ


THINK DIFFERENT

HtetWai (iOSKnowledgeBank.MM)

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

ဖုန်းတစ်လုံးပါဝါနိုးဖို့ဆိုရင်သိထားသင့်တဲ့အရာများ (PDF)


ဖုန်းတစ်လုံးပါဝါနိုးဖို့ မလွယ်ပါဘူး။မလွယ်ရတဲ့အကြောင်းလေးတွေလဲအရင်ကရေးပေးဖူးပါတယ်။
အခုအကြောင်းကတော့ ဖုန်းတစ်လုံးကိုပါဝါမတက်နိင်အောင် နှောက်ယှက်နေတဲ့အကြောင်းလေးတွေရှိနေတာ
သိသလောက်မျှဝေပေးလိုက်ပါတယ်။
1-volts.
2-clock.
3-resrt.
4-os.
1-Volts လို့ ပြောတဲ့နေရာမှာ ၃မျိုးရှိပါတယ်။
1-battery တတ်လိုက်တဲ့အခါမှာ ဖုန်းပတ်လမ်းတစ်လျှောက် standby volt တွေရောက်နေတဲ့နေရာတွေရှိပါတယ်။ဖုန်းတစ်လုံးနဲ့တစ်လုံးဖွဲ့ စည်းပုံမတူတဲ့အတွက် Filter capacitor ဘယ်နှစ်လုံးရှိတယ်ဆိုတာကိုအတိအကျပြောဖို့ ခက်ပါတယ်။

အများအားဖြင့် RFMD,PA,BL,FLASH Coil,DC to DC,PMU, စတဲ့အပိုင်းတွေ တိုက်ရိုက်ပေးထားတတ်ပါတယ်။
ဒါကြောင့်မို့ standby ဗို့ ပေးထားတဲ့ လမ်းကြောင်းတစ်လျှောက် (V-BATT) မှာရှိတဲ့ C တွေ IC တွေ တစ်ခုခု
ရှော့ဖြစ်နေရင် လုံးဝပါဝါမတက်နိင်တော့ပါဘူး။
2- VPH လို့ ခေါ်ကြတဲ့ အထွက်ဗို့ လမ်းကြောင်းအတွက် အထောက်အပံ့ပေးထားတဲ့ ပင်မလမ်းကြောင်းတွေရှိပါတယ်။အဲဒီ VPH လမ်းကြောင်းတွေကိုဖုန်းမော်ဒယ်အလိုက် FET,AC9,AC6, အစရှိတဲ့ electronic switch လေးတွေတစ်ဆင့်ခံပြီး ပါဝါအိုင်စီကိုပေးသွင်းထားတတ်ပါတယ်။
VPH လမ်းကြောင်းတွေဟာလဲအဖော်နဲ့ အပေါင်းနဲ့ ရှိတတ်တဲ့အတွက် သူနဲ့ ဆက်နွယ်နေတဲ့ လမ်းကြောင်းတစ်ခုခုမှာရှိတဲ့ filter လေးတွေ၊ အိုင်စီလေးတွေရှော့ဖြစ်နေရင် ပါဝါလုံးဝမတက်နိင်တော့ပါဘူး။
3-Output volts လို့ ပြောကြတဲ့ vregs တွေဟာ Switch mode regulator ပိုင်းတွေ programming logic
ပိုင်းတွေ pwm control ပိုင်းတွေနဲ့ အဆင့်ဆင့် တည်ငြိမ်အောင်၊ကောင်းမွန်အောင် လိုအပ်ချက်မရှိအောင်
ပြုလုပ်ထားတဲ့အတွက် feed back လမ်းကြောင်းတွေ၊ control လမ်းကြောင်းတွေ၊ bsi လမ်းကြောင်းတွေ မှာ error တစ်ခုခုရှိနေပြီဆိုရင်လုံးဝပါဝါမတက်နိင်တာမျိုး၊ user interface ရောက်မှ ပါဝါပြန်ကျသွားတာမျိုး၊
ပါဝါစလိုင်းနဲ့ဖွင့်ရင် ရပြီး battery ဖွင့်ရင်မရတာတွေ စတဲ့၉၆ပါးရောဂါတွေတက်လာပါတယ်။
2-CLOCK
Clock ဆိုတဲ့ခုန်လိုင်းတွေရဲ့ အရေးပါမှုကတော့ digital electronic ပစ္စည်းတိုင်းမှာ မပါရင်မပြီးတဲ့ အရာတစ်ခု
ပါပဲ။CPU အိုင်စီကြီးရဲ့ ပင်မ ခုန်လိုင်းထုတ်ပေးတဲ့ clock generator အပိုင်းကနေ ဖုန်းတစ်လုံး လုံးမှာရှိတဲ့
data လမ်းကြောင်းမှန်သမျှကို clock နဲ့ ထိန်းချုပ်ထားပါတယ်။clock မပါပဲ data ကြီးသက်သက် မကူးလူးနိင်ပါဘူး။အဲဒီ clock တွေထဲကမှ ပါဝါအိုင်စီနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ clock တွေကတော့
logic start clock (MSM Clock).
TCXO Clock.
Sleep Clock.
ဆိုပြီးသုံးမျိုးတွေ့ ရပါတယ်။
အားလုံးကသူ့ နေရာနဲ့ သူအရေးပါနေပါတယ်။နောက် clock တစ်မျိုးကတော့ I2C လို့ ခေါ်ကြတဲ့ SCL,SDA, လမ်းကြောင်းတွေပဲဖြစ်ပါတယ်။အိုင်စီတစ်လုံးနဲ့တစ်လုံး data အချက်အလက်တွေအပြန်အလှန်သယ်ယူပေးပို့ တဲ့ ဆက်သွယ်မှုစံနစ်တစ်မျိုးပါ။ဒီစံနစ်ကလဲ ကာလာတီဗွီ ခေတ်ထဲကပေါ်နေတာပါ။ tuner pad တွေမှာအမြဲတွေ့ နေကြပါ။
ဖုန်းတစ်လုံးစတင်ပါဝါနိုးဖို့ ပါဝါအိုင်စီကစတယ်ဆိုပေမယ့် အဓိကထိန်းချုပ်သွားတာကတော့ CPU အိုင်စီကြီးပါ။
သူကိုပို့ ပေးလိုက်တဲ့ဗို့ ရောက်တာနဲ့ clock ခုန်လိုင်းတွေကို သက်ဆိုင်ရာအိုင်စီအသီးသီးကိုပေးပို့ ပြီး
address တစ်ခုခြင်းစီရဲ့ data ကိုအပြန်အလှန်စစ်ဆေးပေးရပါတယ်။အလားတူပါဝါအိုင်စီအတွက်လိုအပ်တဲ့
clock လိုင်းကိုလဲပေးပို့ ရပါတယ်။ MSM Clock ရောက်လာမှသာ ပါဝါအိုင်စီရဲ့အတွင်းပိုင်းမှာရှိတဲ့ logic control
ပိုင်းတွေ programmable switching mode အပိုင်းတွေဆက်လက်အလုပ်နိင်မှာပါ။ ဒါကြောင့်မို့ ဒီ clock ပိုင်းကို logic start clock လိုင်းလို့ လဲခေါ်နိင်ပါတယ်။
TCXO Clock.
ဒီ clock ကတော့ network ပိုင်းနဲ့ ချိတ်ဆက်ထားပြီး second power ပိုင်းအနေနဲ့ ဆက်လက်လုပ်ဆောင်ပါတယ်။ဒါကြောင့်မို့  TCXO Clock ပိုင်းမကောင်းရင် ပါဝါခလုတ်နှိပ်လို့ 
အမ်ပီယာ 0.1,0.2 လောက်တက်ပြီးလွတ်ရင်ပြန်ကျသွားပါတယ်။ TCXO crystal ဖြုတ်ထားမိရင်တော့
0.1A,0.2A လောက်မှာဆန့် ငင်ဆန့် ငင်ဖြစ်နေတတ်ပါတယ်။ဒီနေရာမှာစ်ခုသတိထားဖို့ လိုတာက
TCXO ကိုပေးထားတဲ့ ဗို့  2.8v ရောက်မရောက်စစ်ပေးဖို့ လိုပါတယ်။အဲဒီဗို့ ပျောက်နေရင်လဲ network
ပိုင်းလိုက်လို့ အကျိုးမထူးပါဘူး။တကယ်လို့ ဗို့ ရောက်တယ်ဆိုရင်တော့ TCXO လမ်းကြောင်းသုံးခုခွဲပြီးထွက်လာပါတယ်။တစ်ခုက ပါဝါအိုင်စီကို feedback ပြန်ပေးထားပါတယ်။
တစ်လိုင်းက RX,TX ပိုင်းကိုပေးပြီး တစ်လိုင်းကတော့ CPU ကထိန်းချုပ်ပေးထားပါတယ်။
SLEEP Clock.
Sleep clock အပိုင်းကတော့ ပါဝါပိုင်းကိုတိုက်ရိုက်မနှောက်ယှက်ပါဘူး။သူအဓိကဖြစ်တတ်တာက WLAN အပိုင်းမှာ MSM Sleep ၀င်သွားတဲ့အခါ ပါဝါပိုင်းကိုပါ reset တစ်ကြီမ်ချပေးပါတယ်။အဲဒီလို MSM Reset ချချိန်မှာ WLAN အပိုင်းမှာ error တစ်ခုခု တက်နေရင် MSM Reset ဟာ ပါဝါအိုင်စီထံရောက်မလာတော့ပါဘူး။
ဒါကြောင့် timer တစ်ခုပြည့်သွားလို့  screen ပိတ်သွားချိန်မှာပါဝါကိုလုံးဝပြန်ဖွင့်လို့ မ၇တော့ပါဘူး။
manual reset လုပ်တဲ့အနေနဲ့  battery ပြန်ဖြုတ်ပြန်တတ်လုပ်ပေးလိုက်ရင် ပုံမှန်ကောင်းနေတတ်ပါတယ်။
ဒီလို ဖြစ်တတ်တဲ့error ကို sleep mode error လို့ ခေါ်ကြပါတယ်။အများအားဖြင့် wifi အိုင်စီကြောင့်အဖြစ်များပါတယ်။
RESET အနေနဲ့ ကတော့ CPU စီဟာ သူ့ အတွက်လိုအပ်တဲ့ဗို့ အားအသီးသီးရောက်တာနဲ့ ကိုယ်ပိုင် clock
generator ပိုင်းစတင်နိုးပြီး clock လိုင်းအသီးသီးထွက်လာပါတယ်။သက်ဆိုင်ရာ device အသီးသီးကို စစ်ဆေးပါတယ်။အဲဒီလိုစစ်ဆေးလို့ I2C လမ်းကြောင်းပေါ်မှာ ရှိတဲ့ device တစ်ခုခုမှာ error ရှိနေရင် တိကျတဲ့လုပ်ဆောင်ချက်မရှိတဲ့အတွက်ပါဝါနိုးခြင်းလုပ်ငန်းစဉ်ကို ဆက်လုပ်ခွင့်မပြုတော့ပါဘူး။
ဒါကိုတနည်းအားဖြင့် MSM Reset မလုပ်ဖူးလို့ လဲပြောလို့ ရပါတယ်။ 0.7A လောက်မှာ ရှေ့ ဆက်မတက်တဲ့
လက္ခဏာမျိုးတွေ့ ရပါတယ်။
OS ပိုင်းကတော့ ဖုန်းမှမဟုတ်ပါဘူး။မန်မိုရီပါဝင်တဲ့မည်သည့် electronic ပစ္စည်းမဆို lowlevel programming code တွေနဲ့ ပါဝါကိုစတင်နိုးထစေပါတယ်။ TV တွေ EVD တွေ မှာတော့ EPROM လို့ ခေါ်တဲ့ memory အိုင်စီလေးထဲမှာ code တွေကိုထည့်သွင်းမှတ်သားထားပါတယ်။အဲဒီမှတ်ထားတဲ့ data code လေးတွေပျက်သွားပြီဆိုရင် စက်မှာပါဝါ မတက်နိင်တော့ပါဘူး။
ဖုန်းတွေမှာတော့ programming code တွေပါဝင်တဲ့ OS ကြီးတစ်ခုလုံးကို အပိုင်းလေးတွေခွဲပြီး flash memory လို့ ခေါ်တဲ့ emmc ထဲမှာထည့်သွင်းမှတ်သားထားပါတယ်။ဒါကြောင့်မို့  OS ပိုင်းမှာ တစ်ခုခုချို့ ယွင်းနေရင်လဲ ပါဝါမတက်နိင်တဲ့ ပြစ်ချက်တွေဖြစ်လာပါတယ်။
အချုပ်အားဖြင့်ပြောရရင်တော့ V-BATT,VPH,CLOCK,RESET,OS, စတဲ့အပိုင်းတွေဟာ ဖုန်းတစ်လုံးပါဝါ
မတက်နိင်အောင် နှောက်ယှက်နေတဲ့အဓိကအကြောင်းတွေပဲဖြစ်ပါတယ်လို့ လေ့လာမိသလောက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Download Here

Credit ဖိုး စပ် စု

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

Mobile Hardware (အခြေခံသမာများအတွက်) မီတာတိုင်းနည်း



မီတာ တိုင်းနည်းလေးပါ
(အခြေခံသမာများအတွက်)
မီတာတိုင်းရာမှာ အဓိကအသုံးပြုတဲ့ တိုင်းနည်း သုံးမျိုးရှိပါတယ်
(၁) မီတာအသုံမြည်တဲ့နေရာထားပြီး
ပါတ်လမ်းတိုင်းတာနည်း
(၂)
Volt မှာထားပြီး သက်ရောက်ဗို့အား ရှိမရှိ တိုင်းတာနည်း
(၃)
Ohm မှာထားပြီး
ပါတ်လမ်းရဲ့ အတွင်းခုခံ မှု တန်ဖိုး ကိုတိုင်းတာနည်း
လက်တွေ့မှာတော့ ဒီသုံးနည်းနဲ့ တိုင်းတာပြီး error တော်တော်များများ ရှင်းလို့ရပါတယ်
(၁)ပတ်လမ်းအဆက်အသွယ် တိုင်းတာနည်း
ပါတ်လမ်း တစ်နေရာနဲ့ တစ်နေ တစ်ဆက်တည်း ရှိမရှိ တိုင်းတာချင်ရင်တော့ မီတာကို အသံမြည်တဲ့နေရာထားပါ
မီတာတံနှစ်ခုကို ပူးလိုက်တဲ့အခါ တဆက်ထဲ ဖြစ်သောကြောင့် အသံမြည်လာပါတယ်
ဆာကစ်ဘုတ်ပေါ်မှာလဲ ထိုနည်း၎င်းပါပဲ ပတ်လမ်း တစ်ဆက်ထဲရှိတဲ့နေရာ နှစ်ခုထောက်မိရင် အသံမြည်ပါလိမ့်မယ်
အကယ်၍ ပါတ်လမ်းအဆက်အသွယ် သေချာပေါက်ရှိရမယ် နေရာ point နှစ်ခုကိုထောက်မိတဲ့အခါ အသံမမြည်ဘူးဆိုရင်တော့ ပတ်လမ်းအဆက်အသွယ် ပျက်နေပါပြီး
နောက်တစ်ချက် ရှော့ရှာတဲ့နေရာမှာ အဓိက C လေးတွေကို တိုင်းကြည့်တဲ့အခါမှာပေါ့
C လေးတွေက Volt ပါတ်လမ်းနဲ့ Groung ကို ခွပြီး volt လှိုင်းမှာ ရောယှက်ပါလာတဲ့ အနှောင့်အယှက်တွေကို G ထဲ ဆွဲချချေဖြတ်တဲ့နေရာနဲ့ volt တွေ သိုလှောင်တဲ့နေရာတွေမှာ သုံးထားပါတယ် အကယ်၍ ဆားကစ်က ရှော့ဖြစ်နေပြီး ဆိုရင်တော့ အရင်ဆုံး volt လမ်းကြောင်း
ဘယ်လမ်းကြောင်း ရှော့ဖြစ်လဲ အရင်ဆုံး C လေးတွေအသံမြည်တဲ့နေရာ ထားတိုင်းရပါမယ်
မီတာတံကို တစ်ဘက်ကို G ချ နောက်တစ်ဖက် c လေးတွေရဲ့ ဟိုးဖက်ထိပ် ဒီဘက်ထိပ် ကိုတိုင်း
တစ်ဖက်ပဲအသံမြည်ပြီးတော့ နောက်တစ်ဖက်က အသံမမြည်ဘူးဆိုရင်တော့ ပုံမှန်အနေအထားပါ
ဟိုဘက်ထိပ်ကော ဒီဘက်ထိပ်ကော အသံမြည်နေရင်တော့ အဲ့ဒီလမ်းကြောင်း ရှော့ကျနေပါပြီး
(၂) Volt တိုင်းတာနည်း
မီတာကို volt skill မှာထားပြီး တိုင်းရပါမယ်
Volt တိုင်းတဲ့အခါ မီတာတံအနက်ကို Groung ထား
မီတာတံအနီကို volt ပတ်လမ်းပေါ်တင်ပေးလိုက်ပါ ပတ်လမ်းမှာရှိတဲ့ volt ပမာဏ ပြပါလိမ့်မယ်
ဗို့တိုင်းနိုင်တဲ့အနေအထားတွေကတော့
*စက်ပြားကို စပလိုင်းနဲ့ချိတ်ပြီး standby ဗို့ရောက်မရောက်တိုင်းတဲ့ အနေ အထား
*စက်ကို ပါဝါဖွင့်ပြီး အထွက်ဗို့လိုင်းကိုတိုင်း တာရတဲ့အနေ အထား
စတဲ့အမျိုးမျိုးသော အနေအထားတွေနဲ့ တိုင်တာနိုင်ပါတယ်
(၃) အတွင်းခုခံမှုတန်ဖိုး Ohm တိုင်းတာခြင်း
မီတာတံအနက်ကို G ချ
အနီကို ကိုယ်တိုင်းချင်တဲ့ ပတ်လမ်းပေါ်မှာ ထောက်လိုက်
တဲ့အခါ အဲ့ပါတ်လမ်း ရဲ့ ခုခံမှု ohm ဘယ်လောက်ရှိလဲ အပေါ်မှာ မူတည်ပြီး Ohm မှန်မမှန် စဉ်းစားပြီး error ရှင်းလို့ ရမှာပါ
ဘယ်မှာ ohm ဘယ်လောက်ရှိရမယ်
ဘယ်မှာဗို့ဘက်လောက်ရှိရမယ်
ဘယ်ဟာနဲ့ဘယ်ဟာတွေ အဆွက်အသွယ်ရှိရမယ်ဆို တာကိုတော့
Schematic Diagram သင်ပြရင်း
Error နည်း သင်ခန်စာတွေ တင်တဲ့အခါ

သင့်သလို့ ထည့်ရေးပေးပါမယ်

PDF လေးလုပ်ထားပါတယ်
အောက်မှာဒေါင်းလော့ရယူပါ


Credit မိုဘိုင်း ဆားဗစ် သရဲ

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

ဖုန်းထဲမှာ effect တွေ အမိုက်စားနဲ့ လုပ်မယ်-PIP Camera - Photo Effect v3.2.3 Apk


Android ဖုန်းကိုင်ထားသေါ ဘော်ဒါတို့အတွက် အရမ်းကိုလန်းတဲ့ Camera Android Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ် ။ ဒီကောင်လေးကတော့ အရမ်းလန်းတယ်ဗျ။ ဘာဖြစ်ဆိုတော့ ဓာတ်ပုံတွေကို ပုံစံ အမျိုးမျိုး Effect အမျိုးမျိုး တွေနဲ့လုပ်လိုရပါတယ် ။ ပြော၇မယ်ဆိုရင် PC မှာ သုံးနေတဲ့ Adobe Software ကိုကျော်သွားလောက်အောင်ကောင်းပါတယ်ဗျာ။ ဘယ်လို့ ပုံစံတွေရသလည်းဆိုရင် ကျနော် အောက်မှာ ပုံစံ screen shot လေးရိုက်ပြထားပါတယ်။ ဒီ Android Application ကတော့ 2.3 အထက်ရှိဖုန်းများသုံးနိုင်ပြီး ဖိုင်ဆိုဒ်လေးကတော့ 14.23 MB ရှိပါတယ်။ အသုံးပြုလိုသူများအတွက် အောက်မှာ ဒေါင်းလုပ်ယူနိုင်ပြီး။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)