Thursday, August 20, 2015

♪ “MyanPay တွင် MPU ကတ်ဖြင့်ငွေဖြည့်သွင်းနိုင်ပြီ” ♫

MyanPay Online Payment ဂိတ်ဝေးတွင် MPU ကတ်စနစ်ဖြင့် ငွေဖြည့်သွင်းမှုပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။၂၀၁၅ သြဂုတ် ၁၀ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး လက်ရှိတွင် e-commerce စနစ်အဆင်သင့် ဖြစ်နေပြီဖြစ်သော ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ ဧရာဝတီဘဏ်၊ AGD ဘဏ်၊ ယူနိုက်တက် အမရဘဏ်၊ မြ၀တီဘဏ်တို့၏ MPU e-commerce ကတ်များဖြင့် ငွေဖြည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါကတ်များလက်ဝယ်ရှိပါက ယခင်ကဲ့သို့ MyanPay အကောင့်တွင်း ငွေဖြည့်သွင်းရန် အတွက် ဘဏ်သို့သွားရောက်ဖြည့်သွင်းရန် မလိုအပ် တော့ဘဲ MyanPay အကောင့်သို့ အွန်လိုင်းမှပင် MPU e-commerce ကတ်ဖြင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်မည်ဖြစ်သည်။ ထို့နောက် MyanPay မှ ချိတ်ဆက်ထားသော Merchant Website များတွင် ငွေပေးချေမှု ပြုလုပ်နိုင်ကြောင်း သိရသည်။

အွန်လိုင်းငွေပေးချေမှု ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော MyanPay နှင့်ချိတ်ဆက် ထားသော Merchant Website စာရင်းကို http://merchant.myanpay.com.mm/ တွင် ၀င်ရောက်ကြည့်ရှုနိုင်ပြီး MPU ကတ်ဖြင့် MyanPay အသုံးပြုပုံအဆင့်ဆင့်ကို လေ့လာသိရှိလိုပါက http://help.myanpay.com.mm/…/add-f…/add-funds-from-mpu-card/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPU E-commerce စနစ်သုံးကတ်များကို ယခုနောက်ပိုင်း MPU ကတ် အသစ်ပြုလုပ်သူများအတွက် တစ်ပါတည်းပါဝင်စေရန် ဘဏ်အချို့က ပြုလုပ်ပေးနေပြီး ယခင်ကတ်အဟောင်း အသုံးပြုသူများအနေဖြင့် လည်း ဘဏ်သို့သွားရောက်၍ အသုံးပြုမည့် e mail ပေးကာ အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ MPU e-commerce စနစ်ကို ဗဟိုဘဏ်နှင့် MPU တို့မှ အဖွဲ့ဝင်ဘဏ်အားလုံးကို ခွင့်ပြုပေးပြီး ဖြစ်သော်လည်း ဘဏ်အချို့တွင်သာ အသုံးပြုနိုင်သေးကြောင်း တွေ့ရသည်။

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday) https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment