Saturday, August 29, 2015

Mobile Hardware (အခြေခံသမာများအတွက်) မီတာတိုင်းနည်း



မီတာ တိုင်းနည်းလေးပါ
(အခြေခံသမာများအတွက်)
မီတာတိုင်းရာမှာ အဓိကအသုံးပြုတဲ့ တိုင်းနည်း သုံးမျိုးရှိပါတယ်
(၁) မီတာအသုံမြည်တဲ့နေရာထားပြီး
ပါတ်လမ်းတိုင်းတာနည်း
(၂)
Volt မှာထားပြီး သက်ရောက်ဗို့အား ရှိမရှိ တိုင်းတာနည်း
(၃)
Ohm မှာထားပြီး
ပါတ်လမ်းရဲ့ အတွင်းခုခံ မှု တန်ဖိုး ကိုတိုင်းတာနည်း
လက်တွေ့မှာတော့ ဒီသုံးနည်းနဲ့ တိုင်းတာပြီး error တော်တော်များများ ရှင်းလို့ရပါတယ်
(၁)ပတ်လမ်းအဆက်အသွယ် တိုင်းတာနည်း
ပါတ်လမ်း တစ်နေရာနဲ့ တစ်နေ တစ်ဆက်တည်း ရှိမရှိ တိုင်းတာချင်ရင်တော့ မီတာကို အသံမြည်တဲ့နေရာထားပါ
မီတာတံနှစ်ခုကို ပူးလိုက်တဲ့အခါ တဆက်ထဲ ဖြစ်သောကြောင့် အသံမြည်လာပါတယ်
ဆာကစ်ဘုတ်ပေါ်မှာလဲ ထိုနည်း၎င်းပါပဲ ပတ်လမ်း တစ်ဆက်ထဲရှိတဲ့နေရာ နှစ်ခုထောက်မိရင် အသံမြည်ပါလိမ့်မယ်
အကယ်၍ ပါတ်လမ်းအဆက်အသွယ် သေချာပေါက်ရှိရမယ် နေရာ point နှစ်ခုကိုထောက်မိတဲ့အခါ အသံမမြည်ဘူးဆိုရင်တော့ ပတ်လမ်းအဆက်အသွယ် ပျက်နေပါပြီး
နောက်တစ်ချက် ရှော့ရှာတဲ့နေရာမှာ အဓိက C လေးတွေကို တိုင်းကြည့်တဲ့အခါမှာပေါ့
C လေးတွေက Volt ပါတ်လမ်းနဲ့ Groung ကို ခွပြီး volt လှိုင်းမှာ ရောယှက်ပါလာတဲ့ အနှောင့်အယှက်တွေကို G ထဲ ဆွဲချချေဖြတ်တဲ့နေရာနဲ့ volt တွေ သိုလှောင်တဲ့နေရာတွေမှာ သုံးထားပါတယ် အကယ်၍ ဆားကစ်က ရှော့ဖြစ်နေပြီး ဆိုရင်တော့ အရင်ဆုံး volt လမ်းကြောင်း
ဘယ်လမ်းကြောင်း ရှော့ဖြစ်လဲ အရင်ဆုံး C လေးတွေအသံမြည်တဲ့နေရာ ထားတိုင်းရပါမယ်
မီတာတံကို တစ်ဘက်ကို G ချ နောက်တစ်ဖက် c လေးတွေရဲ့ ဟိုးဖက်ထိပ် ဒီဘက်ထိပ် ကိုတိုင်း
တစ်ဖက်ပဲအသံမြည်ပြီးတော့ နောက်တစ်ဖက်က အသံမမြည်ဘူးဆိုရင်တော့ ပုံမှန်အနေအထားပါ
ဟိုဘက်ထိပ်ကော ဒီဘက်ထိပ်ကော အသံမြည်နေရင်တော့ အဲ့ဒီလမ်းကြောင်း ရှော့ကျနေပါပြီး
(၂) Volt တိုင်းတာနည်း
မီတာကို volt skill မှာထားပြီး တိုင်းရပါမယ်
Volt တိုင်းတဲ့အခါ မီတာတံအနက်ကို Groung ထား
မီတာတံအနီကို volt ပတ်လမ်းပေါ်တင်ပေးလိုက်ပါ ပတ်လမ်းမှာရှိတဲ့ volt ပမာဏ ပြပါလိမ့်မယ်
ဗို့တိုင်းနိုင်တဲ့အနေအထားတွေကတော့
*စက်ပြားကို စပလိုင်းနဲ့ချိတ်ပြီး standby ဗို့ရောက်မရောက်တိုင်းတဲ့ အနေ အထား
*စက်ကို ပါဝါဖွင့်ပြီး အထွက်ဗို့လိုင်းကိုတိုင်း တာရတဲ့အနေ အထား
စတဲ့အမျိုးမျိုးသော အနေအထားတွေနဲ့ တိုင်တာနိုင်ပါတယ်
(၃) အတွင်းခုခံမှုတန်ဖိုး Ohm တိုင်းတာခြင်း
မီတာတံအနက်ကို G ချ
အနီကို ကိုယ်တိုင်းချင်တဲ့ ပတ်လမ်းပေါ်မှာ ထောက်လိုက်
တဲ့အခါ အဲ့ပါတ်လမ်း ရဲ့ ခုခံမှု ohm ဘယ်လောက်ရှိလဲ အပေါ်မှာ မူတည်ပြီး Ohm မှန်မမှန် စဉ်းစားပြီး error ရှင်းလို့ ရမှာပါ
ဘယ်မှာ ohm ဘယ်လောက်ရှိရမယ်
ဘယ်မှာဗို့ဘက်လောက်ရှိရမယ်
ဘယ်ဟာနဲ့ဘယ်ဟာတွေ အဆွက်အသွယ်ရှိရမယ်ဆို တာကိုတော့
Schematic Diagram သင်ပြရင်း
Error နည်း သင်ခန်စာတွေ တင်တဲ့အခါ

သင့်သလို့ ထည့်ရေးပေးပါမယ်

PDF လေးလုပ်ထားပါတယ်
အောက်မှာဒေါင်းလော့ရယူပါ


Credit မိုဘိုင်း ဆားဗစ် သရဲ

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment