Monday, August 17, 2015

သွေးလိုအပ်သူများနဲ့ သွေးအလှူရှင်များကို ချိတ်ဆက်ပေးမဲ့ Myanmar Blood


MM Blood
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပရဟိတအနေနဲ့ ကူညီပံ့ပိုးမှုမှာ ကမ္ဘာ့နံပါတ်တစ်ရရှိထားတဲ့ နိုင်ငံဖြစ်ပါတယ်။ နေရာမျိုးစုံကနေ ပရဟိတ အလုပ်တွေလုပ်နေကြတဲ့ ကျွန်တော်တို့တွေဟာ သွေးလှူခြင်းကိုလည်း တစ်ဖက်တစ်လှမ်းကနေ အဖွဲ့အစည်းအမျိုးမျိုးနဲ့ ဖွဲ့စည်းဆောင်ရွက်နေကြပါတယ်။ သွေးလှူခြင်းဆိုတာ မိမိသွေးနဲ့ အခြားသူတစ်ယောက်ရဲ့ အသက်ကိုကယ်တင်ခြင်းဖြစ်တဲ့အတွက် တကယ်မွန်မြတ်တဲ့ အလှူတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းကြုံတွေနေ ရတဲ့ ပြဿနာတစ်ခုတော့ရှိပါ တယ်။ သွေးဆိုတာ ခုချက်ချင်းလို ခုချက်ချင်းဖောက်ပြီးလှူလို့ရတဲ့ အရာမဟုတ်သလို မိမိသွေးအမျိုးစားနဲ့ကိုက်ညီမှုရှိပြီး သန့်စင်တဲ့ သွေးအမျိုး အစားမှသာ လှူဒါန်းနိုင်တာဖြစ်ပါတယ်။ ရံဖန်ရံခါမှာတော့ တကယ်သွေးလိုအပ်နေချိန်မှာ သွေးလှူရှင်ရှာမရတဲ့ ပြဿနဲ့  သွေးလှူဒါန်းမှုကြာချိန် ၄ လ ပြည့်နေရတာတွေကို ကြုံရတတ်ပါတယ်။
ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် အခုဆိုရင် နေရာဒေသ အသီးသီးမှာ ပရဟိတ အဖွဲ့အစည်း အသီးသီး ဖွဲ့စည်းပြီး သွေးလိုအပ်သူတွေကို လိုက်လံ ကူညီကာ သွေးအလှူရှင်ရှာပေးခြင်းနှင့် သွေးအလှူရှင်များနဲ့ ချိတ်ဆက်ပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒါတွေကိုပိုမိုလွယ်ကူစေရန်အတွက် Mobile App လေးတစ်ခု မိမိဖုန်းထဲကို ထည့်သွင်းထားရုံနဲ့ သွေးအလှူရှင်များ နှင့် သွေးလိုအပ်နေသူများကို ရှာဖွေလှူဒါန်းခြင်း ၊ အလှူခံခြင်းတို့ပြုလုပ်နိုင်ပါတယ်။ ဒီ Application ဟာ တည်နေရာကို အထူးပြုပြီး ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့် အင်တာနက်တော့လိုအပ်ပါတယ်။ ဒါ့အပြင် အလှူရှင်များကို သွေးအမျိုးအစားလိုက် ရှာဖွေနိုင်ခြင်း ၊ တည်နေရာ (တိုင်းဒေသ ၊ မြို့နယ်) ကို အခြေခံပြီးရှာဖွေခြင်းများပြုလုပ်နိုင်ပါတယ်။
သွေးအလှူရှင်းများကို ဖော်ပြရာမှာ ဖုန်းနံပါတ် ၊ မြို့နယ်တို့နဲ့ ဖော်ပြထားတာဖြစ်တဲ့အတွက်ကြောင့် ဖုန်းဆက်ပြီး ဆက်သွယ်နိုင်ပါတယ်။ ဖုန်းဆက်ဖို့အဆင်မပြေသူများအတွက်လည်း အလှူရှင်များကို Application ပေါ်မှာတင် သွေးလိုအပ်သူ ရှိနေကြောင်း အသိပေးနိုင်ပါတယ်။ ဒါ့ကြောင့် MM Blood Application လေးက မိမိသွေးလိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ တကယ်ကို ဆောင်ထားသင့်တဲ့ Application ဖြစ်ပါတယ်။ အသုံးပြုလိုသူများအတွက် Android နှင့် iOS နှစ်မျိုးဖန်တီးပေးထားပါတယ်။
အောက်က Link တွေမှာ Download ပြုလုပ်နိုင်ပါတယ်။
Download for iOS: bit.ly/mmblood-ios
Download for Android: bit.ly/mmblood-android
Download APK: bit.ly/mmblood-apk
Aung Ko Htet (MMAS)

No comments:

Post a Comment