Wednesday, August 26, 2015

Electric Circuit များ အခြေခံ ဗဟုသုတ (PDF)


မင်္ဂလာပါ
Mobile Hardware ပိုင်းကို လေ့လာနေကြတဲ့
ညီအစ်ကိုတွေအတွက် Electric Circuit များ အခြေခံ ဗဟုသုတ
ကို မိုဘိုင်း ဆားဗစ် သရဲ ရဲ့ Facebook မှမျှဝေမှုကို ကျနော်က
PDF စာအုပ်လေးအဖြစ် ပြုလုပ်ပြီး အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

1. Close Circuit
Load ဆွဲထားသော (ဝန်အသုံးပြုမှုဖြစ်နေသော) circuit ကို closed circuit ဟုခေါ်သည်. Close circuit အတွင်းတွင် current စီးဆင်းမှု ပမာဏသည် အသုံးပြုထားသော load ၏ ဆွဲအားအပေါ်မူတည်၍ ပြောင်းလဲမှုရှိနိုင်သည်

2.Open Circuit
Circuit မှ ခလုတ် ပိတ်ထားသောအခါတွင်လည်းကောင်း ဝါယာကြိုးတစ်ချောင်း (သို့)
ပတ်လမ်းမှ ပစ္စည်းတစ်ခုခု ပျက်စီးပြက်တောက်နေခဲ့ပါက အဆိုပါ circuit ကို open circuit ဟုခေါ်သည်. အဆိုပါ အခြေအနေတွင် ပတ်လမ်းပြက်တောက်နေသောကြောင့် current စီးဆင်းမှု ရှိလိမ့်အယ်မဟုတ်ပါ.

3. Short Circuit
Voltage source မှ ကြိုးစ (သို့) Terminal များထိကပ်နေသောအခါ ထိုဆားကစ်ကို short circuit ဟုခေါ်သည်. အမြင့်ဆုံး current စီးဆင်းမှုအခြေအနေဖြစ်သည်.supply voltage မှ အစနှစ်စ (+,-) ထိကပ်ခြင်းကြောင့်လည်းကောင်း ပစ္စည်းတခုခု ပျက်စီ၍ ထိကပ်ခြင်းကြောင့်လည်းကောင်း ပစ္စည်းများ၏ (အိုင်စီ) ခြေထောက် ထိကပ်နေခြင်းကြောင့်လည်းကောင်း circuit သည် short ဖြစ်လေ့ရှိသည်
4.Serise Circuit
လျှပ်စစ်ပစ္စည်းနှစ်ခုနှင့်အထက်ကို တန်းဆက်သွယ်တန်းထားပါက ၎င်းကို Series Connection ဟုခေါ်သည်။ load ၏ voltage Capacity အားလုံးပေါင်းခြင်းသည် အဝင် supply voltage capacity နှင့်တူညီသည်။

5. Parallel Circuit
Load နှစ်ခု သို့မဟုတ် နှစ်ခုနှင့်အထက် terminal တစ်ခုချင်စီကို ဆက်သွယ်၍ နောက်ဆုံး Input Supply ဖြင့်ချိတ်ဆက်ထားသော ဆားကစ်ကို parallel circuit ဟုခေါ်သည်. Load တစ်ခုခြင်းစီ၏ Voltage Capacity သည် Input supply ၏ voltage capacity ဖြင့် တူညီသည်။ load တစ်ခုချင်းစီ ၏ load capacity များ အပြောင်းအလဲ ရှိကောင်း ရှိနိုင်သည်။

PDF စာအုပ်ကိုတော့အောက်ကလင့်မှာရယူပါ

Credit မိုဘိုင်း ဆားဗစ် သရဲ

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

1 comment:

  1. Electric Circuit များ အခြေခံ ဗဟုသုတ (PDF)

    လိုချင်ပါတယ် ဒေါင်းမရလို့ပါ...

    ReplyDelete