Thursday, August 20, 2015

ဓါတ်ပုံတွေကို Effect မျိုးစုံဖြင့် ဖန်တီးတိုင်တဲ့ VSCO Camera


VSCO 1

Smart Phone အသုံးပြုသူတို့ အများဆုံး အသုံးပြုတဲ့ Feature ကတော့ Camera ဖြစ်ပါလိမ့်မယ်။ ကင်မရာကို အသုံးပြုပြီး ဓါတ်ပုံရိုက်မှတ်တမ်းတင်ကြသလို၊ အချို့ကလည်း အလှဓါတ်ပုံများရိုက်လေ့ရှိကြပါတယ်။ အရင်ကတော့ Camera 360 ဟာ ဓါတ်ပုံတွေကို အကောင်းဆုံး ပြန်ပြင်နိုင်တဲ့ Application အဖြစ် တည်ရှိနေပေမဲ့ အခုနောက်ပိုင်းမှာ အရည်သွေးကောင်း Effect မျိုးစုံ ပါဝင်တဲ့ Application မျိုးစုံကလည်း ပေါ်လာခဲ့ပါပြီ။ ဒီ Application တွေထဲကမှ ဖုန်းနဲ့ ဓါတ်ပုံကို အကောင်းဆုံးပြင်နိုင်တဲ့လူတွေကတော့ VSCO ကို အသုံးပြုလာကြပါတယ်။
VSCO ဆိုတာ Visual Supply Co ကို အတိုကောက်ခေါ်ဆိုတဲ့ နာမည်ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ Effect တွေကလည်း ဓါတ်ပုံဆရာတွေကြိုက်နှစ်သက်တဲ့ Effect တွေဖြစ်ပြီး အချို့ အရည်အသွေးအရမ်းကောင်းတဲ့ Effect တွေကိုတော့ အခကြေးငွေပေးပြီး ဝယ်ရပါတယ်။ အခုဆိုရင် VSCO Camera Application က update version ထွက်ရှိလာပါပြီ။
Update Version ဟာထွက်ရှိလာပေမဲ့ ဘာမှတော့ ကွဲပြားခြားနားသွားခြင်း သိပ်မရှိပါဘူး။ ဒါပေမဲ့ English စာ နဲ့ ရင်းနီးကျွမ်းဝင်မှု မရှိတဲ့ user တွေအတွက် နေထိုင်ရာ နိုင်ငံနဲ့လိုက်ပြီး ဘာသာစကားတွေကို ရွေးချယ်ခွင့်ပေးလိုက်ပါတယ်။ ၈၀ ရာခိုင်နှုန်းသော VSCO Camera အသုံးပြုသူတို့ဟာ အခြားနိုင်ငံမှ လူများဖြစ်ခြင်းကြောင့်လည်း အခုလို ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။  VSCO Camera ကို Android နဲ့ iOS ဆိုပြီး နှစ်မျိုးထုတ်လုပ်ထားတဲ့အတွက်ကြောင့် iOS မှာ အင်္ဂလိပ်စာနဲ့ ရင်းနီးမှု မရှိတဲ့ လူတွေအတွက် ဒတ်ခ်ျ ၊ အီတလီ ၊ မလေးရှား နဲ့ ထိုင်း ဘာသာစကားများကို ထည့်သွင်းပေးပြီး Android မှာတော့ ဘာသာစကား ၁၃ မျိုးကို ထည့်သွင်းပေးထားပါတယ်။ VSCO ကို အသုံးပြုလိုပါက အောက်က link တွေကနေ Download လုပ်နိုင်ပါတယ်။
Android >>>> https://goo.gl/nvv3KH
iOS >>> https://goo.gl/NBVQyk

Ref : VSCO Cam (iOS)
Aung Ko Htet

No comments:

Post a Comment