Thursday, July 31, 2014

✏Advanced Download Manager Pro v3.5.9.6✏


image
-Android ဖုန်းအတွက်​ ​ဒေါင်းလုဒ်​ဆွဲရာမှာ နာမည်​ကြီးပြီး Grade Power တစ်​ခုဖြစ်​တဲ့ "ADM(Advanced Download Manager) ဆိုတဲ့ Latest PRO Version v3.5.9.6 Apk ​လေးတစ်​ခုကို တင်​​ပေးလိုက်​ပါပြီ-
-Facebook တို့၊Website တို့၊Blog တို့မှာ တင်​ထားတဲ့၊ဗွီဒီယိုဖိုင်​​တွေ၊Data ​တွေ၊Links ​တွေ၊Ebook ​တွေ၊Pdf File ​တွေ၊Document ​တွေ၊အစရှိတာ​တွေကို လျှင်​မြန်​စွာနဲ့ တည်​တည်​ငြိမ်​ငြိမ်​ ​ဒေါင်းလုဒ်​ဆွဲ​ပေးနိုင်​မယ့်​ Download Manager Application ​လေးဖြစ်​ပါတယ်။
ကိုယ်​​ဒေါင်းချင်​တဲ့ လင့်​ခ်​ကိုလည်း box​လေးထဲ
copy ကူးထည့်​ပြီး၊start ကိုနှိပ်​၍လည်း
လွယ်​ကူစွာ​ဒေါင်းနိုင်​မှာဖြစ်​ပါတယ်​။ဒါ့အပြင်
Resume Download အတွက်​ပါ အ​ထောက်​ပံ့​ပေးထားတာ​ကြောင့်​ လည်း အသုံးပြုသူများ အဆင်​​ပြေအကြိုက်​​ ​တွေ့​စေမှာပါပဲ-
-ဒီ Application ​လေးကို Google Play Store မှာဝယ်​ယူအသုံးပြုမယ်​ဆိုရင်​ $1.99 ​ပေးဝယ်​ရမှာဖြစ်​ပြီး၊အခုဒီ post ​လေးမှာ​တော့ Free 
ဒေါင်းလုဒ်​ဆွဲယူသွားလို့ ရ​စေပါပြီ-
-Apk File Size 1.7MB ​လောက်​ပဲရှိပြီး၊
Android OS Version 2.1 နဲ့အထက်​ရှိထား
သော ဖုန်းများမှာ ထည့်​သွင်း install လုပ်​၌ အသုံးပြုနိုင်​မှာ ဖြစ်​ပါတယ်​-
ADM Pro
-Apk အား ​အောက်​က လင့်​ခ်​ မှာ​ဒေါင်းယူပါ-
★ADM PRO v3.5.9.6 Apk အား​ဒေါင်းရန်​★
http://www.solidfiles.com/d/1cbfecf765/AdvanceDownloadManager-Pro-v3.5.9.6-Kozawthwin.apk

✌ဒီ ADM Pro ​ဆော့ဖ်​ဝဲနဲ့​ဖေ့စ်​ဘုတ်​က video
တွေကို​ဒေါင်းလုပ်​ဆွဲလို့ရ​စေမယ့်
facebook version v3.9 apk ​လေးကိုပါတွဲပြီး
တင်​​ပေးလိုက်​ပါတယ်​။
တကယ်​လို့မိတ်​​ဆွေက facebook အသုံးပြု
ရာမှာ၊ဗွီဒီယို​ဒေါင်းလုပ်​ကိုအသုံးများမယ်​ဆိုရင်
တော့ စိတ်​ချရတဲ့ဗားရှင်းတစ်​ခုဖြစ်​တဲ့ v3.9
apk ကိုအသုံးပြုနိုင်​ပါတယ်​။ဒီ v3.9 က​တော့၊
photo comment ​ပေးလို့မရပါဘူး။
ပြီး​တော့ User Interface Design မ​ပြောင်း
ပါဘူး။ဒါ​ပေမယ့်​ Video ဖိုင်​​တွေကိုစိတ်​ချလက်​ချ Download ဆွဲလို့ရ​စေမှာပါပဲ။
fb v3.9 က​တော့Device အားလုံးနဲ့ကိုက်​ညီမှု
ရှိပါတယ်​။
အဲ့ဒိ​တော့ video download အသုံးများမယ်
ဆိုရင်​​တော့ v3.9 apk ကို​အောက်​ကလင့်​ခ်​မှာ
ဒေါင်းလုပ်​ဆွဲပြီးအသုံးပြုနိုင်​ပါတယ်​-
★Facebook v3.9 Apk အား​ဒေါင်းရန်​★
http://www.solidfiles.net/d/124f11c3c0/facebook_v3.9.apk

    အဆင်​​ပြေပါ​စေ။
         ကို​ဇော်​သွင်​(နည်းပညာ)

VRoot 1.7.8.7 (9.5 MB) For Android and Window

ဒီကောင်လေးကတော့ ဖုန်းတော်တော်များနဲ့ အခုထက်ထွက်လာတဲ့ android version 4.3, 4.4 ကိုလဲ Root လုပ်လို့ရပါတယ် .... ဖုန်းအသုံးပြုသူတိုင်း ဒီ Root tool လေးကိုတော့ သိပြီးသားနေမှာပါ ....
ကျွန်တော် ကွန်ပျူတာမှာသုံး ဖို့ရော၊ ဖုန်းထဲကနေ root လုပ်လို့ရအောင် root apk လေးရော တင်ပေးလိုက်ပါတယ် ....ကြိုက်တယ်လိုချင်တယ်ဆိုရင်တော့ဒေါင်းသွားတော့ဗျာ
ဒေါင်းလော့လင့် နှစ်ခုတင်ပေးထားပါတယ်၊ ကြိုက်တဲ့လင့်ကနေသာဒေါင်းသွားတော့ဗျာ
For Android 
For window 

♪ ဈေးနှုန်းကမောက်ကမများဖြင့် အူရီးဒူးဖုန်းများ ဈေးကွက်အတွင်း ပျံ့နှံ့ ♫


10537415_625652364199533_4389101482263331478_n
ရန်ကုန်− အူရီးဒူးဆင်းမ်ကတ်များ ယခုရက်အတွင်း စတင်ဖြန့်ချိသည့်အချိန်တွင် သုံးစွဲသူလက်သို့ တရားဝင်ဖြန့်ချိမည့်ရက်မရောက် မီမှာပင် ဈေးကွက်အတွင်း ၁၅၀၀ တန်ဆင်းမ်ကတ်များမှာ ပုံမှန်ဈေးထက်အဆမတန်ဖြစ်ပေါ်နေသည်။
‘‘မနေ့က သူငယ်ချင်းတစ်ယောက် ၇၈ လမ်းပေါ်ကဆိုင်မှာသွားဝယ်တာ တစ်ကတ်ကို တစ်သောင်းခွဲအထိရောင်းနေလို့ မဝယ်ခဲ့လိုက်ဘူး’’ဟု မန္တလေးမြို့တွင် နေထိုင်သူကို အောင်ပိုင်ဟိန်းကပြောသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မန္တလေးမြို့ပေါ်ရှိ ဖုန်းဆိုင်တစ်ခုအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ဟန်းဆက်တစ်လုံး ဝယ်ပါက ဆင်းမ်ကတ်တစ်ကတ် အခမဲ့ပေးပြီး ဆင်းမ်ကတ်သီးသန့် ဝယ်လိုပါက နံပါတ်အလှပေါ်မူတည်၍ ကျပ် ၃,၀၀၀၊ ၅,၀၀၀၊၈,၀၀၀ နှင့် ကျပ်တစ်သောင်းကျော်အထိ ရောင်းချနေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ဆင်းမ်ကတ်များကို နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်မြို့ရှိ ဖုန်းဆိုင်အချို့တွင် စတင်ရောင်းချနေသော်လည်း အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အူရီးဒူးကုမ္ပဏီက ကြိုတင်ကြေညာခဲ့ခြင်းမရှိပေ။
အူရီးဒူးကုမ္ပဏီအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ‘‘Distributor (ဖြန့်ချိသူ)တွေက တကယ်စရောင်းမယ့်နေ့အတွက် သူတို့လုပ်စရာရှိတာတွေလုပ်နေတာပါ။ အူရီးဒူးအနေနဲ့ကတော့ တကယ်ရောင်းချမယ့် Date ကို အခုထိမကြေညာသေးပါဘူး’’ဟု လူမှုဆက်ဆံရေးနှင့်ပြန်ကြားရေး မန်နေဂျာဒေါ်သီရိကြာညိုကပြောသည်။
ယင်းသို့ဆင်းမ်ကတ်များ အဆမတန်ဈေးကြီးနေမှုနှင့်ပတ်သက်ပြီး အူရီးဒူးကုမ္ပဏီအား ဆက်သွယ်မေးမြန်းရာ သြဂုတ် ၂ ရက်၌ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတွင်သာ အကြောင်းစုံကိုဖြေကြားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
အူရီးဒူး၏ မိုဘိုင်းဆင်းမ် ကတ်များကို ဇူလိုင် ၂၉ ရက်တွင် မန္တလေးနှင့်နေပြည်တော်တို့၌ စတင်ရောင်းချပေးခဲ့ပြီး ၃၀ ရက်တွင် ရန်ကုန်မြို့ရှိမိုဘိုင်းဖုန်း အရောင်းဆိုင်အချို့တွင် စတင်ရောင်းချကာ ငွေကျပ် ၂,၀၀၀ မှ ၅,၀၀၀ အထိရောင်းချလျက်ရှိကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့ထံမှသတင်းရရှိသည်။
‘‘တစ်ကတ်ကိုငါးထောင်နဲ့ တစ်ယောက်ကို ငါးကတ်လောက်ထိ ရောင်းပေးပါတယ်။ လိုသလောက်တော့ မရနိုင်သေးဘူး’’ဟု တာမွေမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ ပြန်လည်ဖြေကြားခဲ့သည်။ အူရီးဒူးဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ ဖုန်းဆိုင်များကို ဇူလိုင် ၃၁ ရက်မှသာ စတင်ဖြန့်ချိမည်ဖြစ်သော်လည်း လက်ရှိတွင် မန္တလေးနှင့် နေပြည်တော်တို့ရှိ ဖုန်းဆိုင်များမှ ရယူ၍ ရန်ကုန်တွင် မူလပေါက် ဈေးကျပ် ၁၅၀၀ ထက်ပို၍ရောင်းချနေကြောင်း မိုဘိုင်းဖုန်းအရောင်း ဆိုင်အချို့မှသတင်းရရှိသည်။
အူရီးဒူးအနေဖြင့် လက်ရှိတွင် ၎င်းတို့နှင့်ချုပ်ဆိုထားသော စာချုပ်အရ ဆင်းမ်ကတ်များကို ခွဲတမ်းဖြင့်ချထားပေးခြင်းဖြစ်ပြီး ရွှေအဆင့်တွင် ဆင်းမ်ကတ် ၈၀၀၊ ငွေအဆင့်တွင်ဆင်းမ်ကတ် ၄၀၀ နှင့် ကြေးအဆင့်တွင် ဆင်းမ်ကတ် ၂၀၀ အထိသာချထားပေးကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များထံမှသတင်းရရှိသည်။
အူရီးဒူးကုမ္ပဏီမှ လတ်တလောသတ်မှတ်ထားသည့်နှုန်းထားများမှာ ၎င်းတို့၏ဆင်းမ်ကတ် အချင်းချင်း ဖုန်းခေါ်ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ပေးရမည်ဖြစ်ပြီး အခြားအော်ပရေတာ (MPT, Telenor, Mectel)သို့ ဖုန်း ခေါ်မည်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ပေးရမည်ဖြစ်ကာ SMS ပေးပို့ပါက တစ်စောင်လျှင် ၂၅ ကျပ်နှင့် အင်တာနက်အသုံးပြု မည်ဆိုပါက 1MB လျှင် ၂၅ ကျပ် ပေးရမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းဆိုင်အချို့မှသတင်းရရှိသည်။
အူရီးဒူးအနေဖြင့် အင်တာ နက်အသုံးပြုခများ Rate တစ်ခု သတ်မှတ်၍ ကောက်ယူသွားမည် ဟုမူလကကြေညာခဲ့သော်လည်း လက်ရှိတွင် တစ် 1MB လျှင် ၂၅ ကျပ်ဖြင့်ကောက်ယူမည်မှာ အနည်းငယ်များနေကြောင်း အသုံးပြုသူများကသုံးသပ်သည်။
‘‘1MB ၂၅ ကျပ်ကများပါ တယ်။ တစ်လ 2GB သုံးရင် ၅၀,၀၀၀တောင်ကျမယ်။ 4GB Speed ဆိုရင်တော့ နည်းနည်း လေးခံသာမယ်။ ဒါတောင် စင်ကာပူထက်သုံးဆလောက်များ တုန်း။ 4G Speed 6GB ကို တစ်လ ၅၀,၀၀၀ လောက်က voice call မိနစ် ၃၀၀ ပါသေး တယ်’’ဟု အူရီးဒူး၏ အင်တာနက် အသုံးပြုခနှင့်ပတ်သက်ပြီး ကိုသန့်ဇင်ဦးက ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်မှတ်ချက်ရေးသားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လက်ရှိတစ်မိနစ်လျှင် အင် တာနက်အသုံးပြုခမှာ GSM ဖုန်းများတွင် နှစ်ကျပ်နှင့် WCDMA ဖုန်းများတွင်တစ်မိနစ်လျှင် လေးကျပ်နှုန်းသာကျသင့်မည်ဖြစ်သော်လည်း ယခုကောက်ယူမှုမှာ မိမိအသုံးပြုမှုပေါ်တွင်မူတည်၍ ကုန်ကျမည်ဖြစ်သောကြောင့် မသုံးလျှင် မကုန်နိုင်သော်လည်း တစ်မိနစ်အတွင်း ကျပ်နှစ်ထောင် ခန့်လည်းကျသွားနိုင်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ တာဝန်ခံတစ်ဦးကရှင်းပြသည်။
7Day News Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 

♪ ဓါတ်ပုံရိုက်ဝါသနာပါသူများအတွက် - High-Speed Camera Plus v2.61 Patched APK ♫


https://lh3.ggpht.com/RgHXe51EBjk7OivZBtTOSfNwbcEZaI9RsecE__JLdnhAmq49InHs6K2GsliJ9nZpX7Vq=h310
အခုတင်ပေးလိုက်တဲ့ High-Speed Camera Plus ဆိုတဲ့ Application လေးကို တစ်ခါမှမတင်ဖူးပါဘူး သူငယ်ချင်းတစ်ယောက်ပေးလို့ စမ်းသုံးရင်းသဘောကျသွားလို့ သူငယ်ချင်းတွေလည်း သုံးနိုင်အောင်ပြန် တင်ပေးလိုက်တာပါဗျာ။ သူ့ရဲ့ အကောင်းဆုံး Feature ကတော့ ဓါတ်ပုံတစ်ပုံရိုက်တော့မယ်ဆိုရင် Auto Focus ကိုအမြန်ဆုံးဖမ်းယူနိုင်ပြီး ကြည်လင်ပျက်သားတဲ့ ပုံများကိုရိုက်ယူနိုင်မှာဖြစ်ပါတယ်ဗျာ။ နောက်ပြီး လှုပ်ရှားနေတဲ့ ပုံရိပ်များကိုလည်း ကြည်လင်စွာနဲ့ ဖမ်းယူရိုက်ကူးနိုင်မှာပါ။ အခြားသော Camera များမှာ မပါဝင်တဲ့ Feature တွေအများကြီးပါဝင်ပါတယ်ဗျာ။ သူ့မှာပါဝင်တဲ့ Feature တွေကိုအောက်မှာလေ့ လာနိုင်ပါတယ်ဗျာ။ ကိုယ်တိုင်သာကလိကြည့်ကြပါ။ Android OS 2.3 နှင့် အထက်ဖုန်းများမှာ အသုံးပြုနိုင် မှာဖြစ်ပါတယ်ဗျာ။

★ High-speed camera features ★
⊙ High-speed shooting (up to 30 FPS)
⊙ Very fast Auto Save function
⊙ Silent camera shutter
⊙ High-definition(HD) picture
⊙ Built-in gallery
⊙ LED Flashlight
★ Plus version special features ★
◈ No ads
◈ Overshooting function
◈ Enhanced continuous shooting (up to 500 pics)
◈ Creating Animated GIF(extended)
◈ Selecting resolution
◈ Quick saves
◈ Simple camera mode (Menu button)
- Shutter Button : Taking burst shots
- Volume up button : Taking HD photo
- Volume down button : LED Flashlight on / off
- Pinching : Zoom in / out

High-Speed Camera Plus - screenshot

High-Speed Camera Plus - screenshot

High-Speed Camera Plus - screenshot

High-Speed Camera Plus - screenshot

High-Speed Camera Plus - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Ooredoo SIM Card အကြောင်း သိကောင်းစရာ


 
သြဂုတ်လ (၂) ရက်နေ့တွင် ရန်ကုန်၊ နေပြည် တော်၊ မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ မိတ္ထီလာ၊ ရမည်းသင်း၊ စသည် မြို့များတွင် Ooredoo လိုင်း စတင် အသုံးပြုနိုင် ပါမည်။

သြဂုတ်လ (၁၅) ရက်နေ့တွင် မကွေး၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး နှင့် မုံရွာမြို့တို့တွင် Ooredoo လိုင်း စတင် အသုံးပြုနိုင် ပါမည်။

အောက်တိုဘာလ (၁၅) ရက်နေ့တွင် မြန်မာနိုင်ငံ အလယ်ပိုင်း အားလုံးသို့ Ooredoo ကဒ် ယူဆောင်၍ ပြောဆိုနိုင် ပါမည်။ တစ်နိုင်ငံလုံး အနေဖြင့် လပိုင်း၊ နှစ်ပိုင်း အတွင်း ပြောဆို အသုံးပြုနိုင်မည်။

Ooredoo Call Centre - 234 Register ပြုလုပ်ရန်အတွက် - မှတ်ပုံတင်မိတ္တူ - နေရပ်လိပ်စာ - ဓာတ်ပုံ နှင့် လက်မှတ် စသည်တို့ လိုအပ်ပါသည်။

မှတ်ပုံတင် မပေးရသေးသော Card များနှင့် Register မတင် ရသေးသော ကဒ်များ 14 ရက်အတွင်း ရုံးမှ Auto ပိတ်ပါမည်။

Ooredoo Service ခ ကောက်ယူမည့် နှုန်းထားများမှာ - Ooredoo အချင်းချင်း ခေါ်ဆိုပါက (၁)မိနစ်လျှင် - 25 ကျပ် အခြား Operator (MPT, Telenor, Mectel) အား ခေါ်ဆိုပါက (၁)မိနစ်လျှင် - 35 ကျပ် SMS ပေးပို့ပါက တစ်စောင်လျှင် - 25 ကျပ် Network Data 1MB လျှင် - 25 ကျပ် Ooredoo ငွေဖြည့်ကဒ်များ ကို - 1000ks, 3000ks, 5000ks, 10000ks စသည်ဖြင့် ရရှိနိုင်ပါမည်။ Sim Card (1) ကဒ်ကို (၃)လ အထိ ငွေမဖြည့်ဘဲ သုံးစွဲနိုင်ပါသည်။ (၄)လ ပြည့်ပြီး (၅)လထဲတွင် ငွေမဖြည့်ဘဲ နေပါက Sim Card ပိတ်သွားပါမည်။ (2.8.2014) မှ (15.8.2014) အတွင်း Ooredoo အချင်းအချင်း ဖုန်းခေါ်ဆိုပါက မိနစ် - (900) minutes Free Ooredoo အချင်းချင်း SMS ပေးပို့ပါက အစောင်ရေ - (900) စောင် Free
အခြား Network သို့ ဖုန်းခေါ်ဆို ပါက မိနစ် - (90) minutes Free အခြား Network သို့SMS ပေးပို့ ပါက အစောင်ရေ - (90) စောင် Free (1)ရက်လျှင် Internet 20MB (Free) ရရှိမည် ဖြစ်ပါသည်။

Mobile Mother မှ Ooredoo Card များကို August (2) ရက်နေ့မှ စတင်ရောင်းချ ပေးသွားမည်။


Post By : MMIT
ref;TechSpace Journal

နေရောင်ခြည် စွမ်းအင်သုံး ပလပ်ပေါက်


 
သယ်ဆောင် အသုံးပြုနိုင်သည့် ပလပ်ပေါက်ကို ပြတင်းပေါက် များတွင် ကပ်ခြင်းဖြင့် လျှပ်စစ် ပစ္စည်း များကို အားသွင်းနိုင်မည် ဖြစ်သည်။ ပလပ်ပေါက်သည် နေရောင်ခြည် စွမ်းအင်ကို ရယူပြီး လျှပ်စစ် စွမ်းအင်သို့ ပြောင်းလဲပေးမည် ဖြစ်သည်။ နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ် စွမ်းအင်သို့ ကူးပြောင်း ပေးနိုင်သော ကိရိယာ များစွာ ထွက်ပေါ်ဖူး သော်လည်း ယခု ကိရိယာမှာ ပလပ်ပေါက် အနေဖြင့် တိုက်ရိုက် အသုံးပြုနိုင် ခြင်းမှာ ထူးခြားပါသည်။
ဒီဇိုင်နာ များဖြစ်သည့် Kyuho Song နှင့် Boa Oh တို့၏ အဆိုအရ လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်မည့် Portable Socket ကို ဒီဇိုင်းပြုလုပ် ခဲ့ခြင်းဖြစ် ပါသည်။

Portable Socket သည် နေရောင်ခြည်စွမ်းအင်ကို ရယူပြီး လျှပ်စစ် စွမ်းအင် အနေဖြင့် ပြောင်းလဲ၍ သိုလှောင် သိမ်းဆည်း ထားမည် ဖြစ်သည်။ ထို့နောက်တွင် လျှပ်စစ် ပစ္စည်းများကို ပလက်ပေါက်နှင့် ချိတ်ဆက်၍ အားသွင်းနိုင်မည် ဖြစ်သည်။

Socket တွင် ဘက်ထရီပါရှိပြီး စွမ်းအင်များကို သိမ်းဆည်းပေးနိုင်သည့်အတွက် အလင်းရောင် မရရှိသည့် ညအချိန်များ သို့မဟုတ် နေရောင်ခြည် မရရှိသည့် နေရာများတွင်လည်း ပလပ်ပေါက်မှ အားသွင်းနိုင်မည် ဖြစ်သည်။ 

Portable Charger သို့မဟုတ် Portable Socket တွင် စုပ်ခွက်ပါရှိပြီး ပြတင်းပေါက်များတွင် ကပ်နိုင်ရန် ဖြစ်ပါသည်။ အတွင်းဘက်တွင် Solar Panel များကို တပ်ဆင်ထားပါသည်။ ဒီဇိုင်နာများက အဆိုပါ ကိရိယာသည် Charger/ Converter နှစ်မျိုးအနေဖြင့် အသုံးပြုနိုင်မည်ဟု ပြောပါသည်။

ယခုအချိန်တွင် Windows Socket သည် နမူနာပုံစံ အဆင့်သာ ရှိသေးသော်လည်း ဒီဇိုင်နာများက အနာဂတ်တွင် စွမ်းဆောင်ရည်၊ စွမ်းအင်သိုလှောင်မှုနှင့် အားသွင်းချိန်များကို ပိုမိုကောင်းမွန်စေရန် ပြုလုပ်ပေးရန် မျှော်လင့်နေပါသည်။ Windows Socket တွင် သေးငယ်သော 1000mAh Battery တပ်ဆင်ထားသော်လည်း မိုဘိုင်းဖုန်းတစ်လုံးကို အားသွင်းရန် လုံလောက်သည်ဟု သိရပါသည်။ သို့သော် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို အားသွင်းရန် မလုံလောက်သေးဟု သိရပါသည်။ ကိရိယာကို နေရောင်ခြည်စွမ်းအင်မှ အားသွင်းရန် ငါးနာရီမှ ရှစ်နာရီ ကြာမြင့်မည်ဖြစ်ပြီး လျှပ်စစ်ပစ္စည်းများကို ဆယ်နာရီကြာ ပြန်လည်အားသွင်းပေးနိုင်ပါသည်။


ref;Myanmar Digital Life Journal



♪ YouTube က Video နဲ့ Music တွေကို ဖုန်းနဲ့အလွယ်တကူဒေါင်းလုပ်ဆွဲပေးနိုင်တဲ့ - TubeMate 2 YouTube Downloader v2.2.4 (Modded) Apk ♫


http://i1176.photobucket.com/albums/x332/CyberDevilz/Android/41970498.jpg
 အခုခေတ်က Android ခေတ်ဆိုတော့ အသုံးတည့်နိုင်မယ့် Application လေးတစ်ခုမျှဝေပေးလိုက်ပါတယ် ဗျာ။ ဖုန်းနဲ့ Internet ထဲမှာ Video တွေ သီချင်းတွေကို ဒေါင်းလုပ်ဆွဲချင်တယ်ဆိုရင်သင့်တော်ပါတယ် ဗျာ။ ခေါင်းစဉ်မှာတော့ YouTube လို့ရေးထားပေမယ့် အချို့သောဆိုဒ်တွေက Video နဲ့ သီချင်းတွေ ကိုလည်း ဖုန်းနဲ့ဒေါင်းယူနိုင်ပါတယ်။YouTube ဆိုရင်တော့အဆင်ပြေဆုံးဖြစ်မှာပါ။ အသုံးပြုပုံကလည်း လွယ်ပါတယ်။  Application လေးကို Install လုပ်ပြီး လိုချင်တဲ့ သီချင်း ဒါမှမဟုတ် Video ကို ရှာလိုက် ပါ။ တွေ့ပြီဆိုရင်ဖွင့် လိုက်တာနဲ့ Download or Watch ဆိုပြီး မေးပါလိမ့်မယ့်။ ကြည့်ရုံဘဲဆိုရင်တော့ Watch ပေါ့ဗျာ။သိမ်း ထားချင်လို့ ဒေါင်းယူမယ်ဆိုရင်တော့ Download ကိုနှိပ်ပြီး ဒေါင်းရုံပါဘဲ။ ဒါဆိုရင် Internet ပေါ်က သီချင်း  / Video တွေဟာ မိမိဖုန်းထဲကိုရောက်သွားမှာဖြစ်ပါတယ်။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


Wednesday, July 30, 2014

နေပြည်တော်တွင် Ooredoo ဆင်း ကတ် များ ရောင်းချ၊ မိနစ် ၉ဝဝ အခမဲ့ ဖုန်းခေါ်ဆို အသုံးပြုနိုင်

30 July 2014 13:52(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)

 နေပြည်တော် မြို့မဈေးရှိ မိုဘိုင်းလ်ဖုန်းနှင့် အပိုပစ္စည်း ရောင်းဝယ်ရေး Mobile Zone ဆိုင်၌ ယနေ့ မွန်းလွဲပိုင်းတွင် အော်ရီဒူး (Ooredoo) ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းမှ ဖုန်းဆင်းကတ်များကို ငွေကျပ် ၁၅ဝဝဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

အဆိုပါ ဖုန်းဆင်းကတ် ရောင်းချရာ၌ လိုင်စင်ဓာတ်ပုံ (၁)ပုံ၊ မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် မိတ္တူ ပေးဆောင်ရသည့်အပြင် ငွေဖြည့်ကတ် ငွေကျပ် ၅ဝဝဝ တစ်ကတ်ပါ ရောင်းချပေးပြီး ဆင်းကတ်သည် သြဂုတ် ၁၄ ရက်အထိ စမ်းသပ် ကာလဖြစ်၍ ငွေဖြည့်သွင်း ရန်မလိုဘဲ သြဂုတ် ၁၅ရက်မှ ငွေဖြည့် နိုင်မည်ဖြစ်သည်။ စမ်းသပ် ကာလအတွင်း Ooredooဆင်းကတ် အချင်းချင်း မိနစ် ၉ဝဝအခမဲ့ ဖုန်းခေါ် ဆိုနိုင်ပြီး အခြား မိုဘိုင်းလ်ဖုန်း များသို့ မိနစ် ၉ဝအခမဲ့ ဖုန်းခေါ် နိုင်မည်ဖြစ်သည်။ ထို့ပြင် 1MB.3G.Internet အခမဲ့သုံး နိုင်ကြောင်းနှင့် ဆင်းကတ်များသည် 3G ရသော ဟန်းဆက်တွင်သာ အသုံးပြု နိုင်ကြောင်း Mobile Zone အရောင်းဆိုင်မှ ကိုညီညီဇော် က ရှင်းပြသည်။

ထို့အတူ နေပြည်တော်ရှိ အခြား Ooredoo ဆိုင်ခွဲများ တွင်လည်း ယနေ့စတင် ရောင်းချခဲ့ကြောင်း သိရသည်။

ကျော်သူရ(နေပြည်တော်)

မြ၀တီ

https://www.facebook.com/mwdmedia?fref=nf

မန္တလေးတွင်အော်ရီဒူးဆင်းမ်ကတ်စတင်ရောင်းချ

30 July 2014 13:56(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)

 မန္တလေး ဇူလိုင် ၂၉

 မန္တလေးမြို့၌ အော်ရီဒူးဆင်းမ်ကတ်များကို ကျပ်၁၅ဝဝဖြင့် အော် ရီဒူး၏ ပါတနာဖုန်းဆိုင်များတွင် ယနေ့စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။
''ကတ် ၈ဝဝ လာပေးလို့ ဒီနေ့စရောင်းပေးလိုက်တယ်။ ၁ဝ ကတ်၊ ကတ်၂ဝ ဝယ်တဲ့သူများနေလို့ ဆိုင်ပိတ်ထားရတယ်''ဟုမန္တလေး မြို့ မဟာအောင်မြေမြို့နယ်ရှိ သျှမ်း မင်းသားဖုန်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ယင်းဖုန်းကတ်တွင် အော်ရီဒူး ဆင်းမ်ကတ်အချင်းချင်းဆက်သွယ် ပြောဆိုနိုင်မည့် မိနစ် ၉ဝဝ၊ SMS အစောင်ရေ ၉ဝဝ၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ ဖုန်းများကို ဆက်သွယ်ပြောဆိုနိုင်မည့်မိနစ် ၉ဝ၊ SMS အစောင်၉ဝစာ ပါဝင် သည်။

ထို့အပြင် နေ့စဉ်အင်တာနက် အသုံးပြုရန်အတွက် ၂ဝ MBလည်း ပါဝင်ကြောင်းသိရသည်။ ယင်း အခမဲ့မိနစ်များမှာ သြဂုတ် ၁၄ရက် အထိ အသုံးပြုနိုင်ကြောင်းလည်း သိရသည်။
''သူ့ဖုန်းချင်းမဆက်ဘဲ MPT ကိုပဲ မိနစ် ၉ဝ ဆက်၊ မက်ဆေ့ခ်ျ အစောင်၉ဝပို့၊ နောက်မသုံးဘဲ နေရင်တောင်၆ဝဝဝကျော်သက်သာ နေပြီ''ဟု ဆင်းမ်ကတ်အသုံးပြုရန် MOBILE LIKE ဖုန်းဆိုင်သို့ လာရောက်ဝယ်ယူသည့် ကိုပြည့်စုံ က ဆိုသည်။

ယင်း ဆင်းမ်ကတ်များမှာ အနိမ့်ဆုံး Andriod Version 2.33, Processor1GHZ, Memory 256, Camera 3.2 Mpixel ရှိသည့် ဟန်းဆက်များတွင် အသုံးပြုနိုင် ကြောင်းသိရသည်။
ထို့အပြင် U900 မှ U2100 ကြားတွင်ရှိသည့် Keypad ဟန်း ဆက်များတွင်လည်း အသုံးပြု၍ ရနိုင်ကြောင်းသိရသည်။

''Mobile Mother က ဝယ် လာတာ။ ရှေ့ကလူတွေထိ ၁၅ဝဝ ပဲ။ကျွန်တော့်အလှည့်လဲကျရော ၁၇ဝဝဖြစ်သွားတယ်''ဟု ကိုဗလ က ပြောသည်။
ယင်းသို့ဝယ်ယူရာတွင် မှတ်ပုံ တင်မိတ္တူတစ်စုံဖြင့် ဝယ်ယူ၍ရနိုင် ပြီး နေ့စဉ်ရောင်းချပေးသွားမည် ဖြစ်သည်ဟုသိရသည်။

အော်ရီဒူးဆင်းမ်ကတ်ကို Activate ပြုလုပ်လိုပါက Access Point Name မှာ OOredoo Myanmar ဟု ရိုက်ထည့်ပေးရမည် ဖြစ်ကြောင်း သိရသည်။

The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764
 ပြည်သူလူထုရဲ့ အားပေးမှုတွေ အတွက် စိတ်လှုပ်ရှား ဝမ်းမြောက်မိပါတယ်။ လက်ရှိမှာ ဆင်းကဒ်များ ရောင်းချဖို့ပြင်ဆင်နေတာကြောင့် နိုင်ငံတကာ လုပ်ရိုးလုပ်စဉ် အနေနဲ့ ကြိုတင်ပြီး အရောင်း နဲ့ ဖြန့်ချီရေး လမ်းကြောင်းတွေကို ဆင်းကဒ်များဖြည့်တင်းနေပါတယ်။ ဆင်းကဒ် တစ်ကဒ်ကို ၁၅၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး အဲဒီထက် ပိုပေးရတာတွေ မရှိအောင် သေသေချာချာ လုပ်ဆောင်နေပါတယ်။ မကြာခင်မှာ အားလုံးနဲ့ ချိတ်ဆက် နိုင်တော့မှာဖြစ်ပါတယ်။ ကျေးဇူး အထူးတင်ရှိပါတယ်။
We are excited about all of the activities in the market. As is standard practice, we are currently filling the retail channel with SIM cards as we prepare to sell SIM cards. We will be charging 1,500 Kyats for a SIM card so make sure you do not pay anymore. We look forward to connecting you soon.
Ooredoo Myanmar

Tuesday, July 29, 2014

Android Mobile Device များကို USB ကြိုးမလိုပဲ datatransferလုပ်ခြင်း


Air Droid အသုံးပြုနည်း
================
Android Mobile Device များကို
USB ကြိုးမလိုပဲ ကွန်ပြုတာဖြင့် ချိတ်ဆက်၍
ဒေတာများ အသွင်းအထုတ် လုပ်လို့ရမယ်
Camera က အစ ဖုန်းကနေ လှမ်းရိုက်လို့ရမယ်
ဖုန်းခေါ်လို့ရမယ် စာပို့လို့ ရမယ်
ကုန်ကုန်ပြောရရင် ဖုန်းတစ်လုံးကို ကွန်ပြုတာကနေ
ထိန်းချူပ်နိုင်တဲ့ Android APP လေး တစ်ခုပါ
အသုံးပြုနည်းကိုတော့ အောက်မှာ ဖော်ပြထားပါတယ်
အဆင်ပြေနိုင်ကြပါစေ....
===========

===========
အောက်ကလင့်မှာဒေါင်းပါ
Download
========
http://www.mediafire.com/download/bfa88ol8a82kidq/AirDroid.apk
credit thitsankhant

Answer Ball Apk


%25255BUNSET%25255D

မင်္ဂလာပါ။ဒီAppလေးက မေးချင် တာမေးလို့ရမယ့်Apkလေးပါ။မှန်လားမမှန်လားတော့မသိဘူး။ကိုယ်က ပါးစပ်က ပြောလိုက်တယ်။လက်က လေးနဲ့အဝိုင်းလေးကိုတို့လိုက်
တယ်။စာသားလေးထွက်လာတယ်။ဟီး....။

♪ Ooredoo ၏ ကာတာအခြေစိုက် Mobile Internet Pack ဈေးနှုန်းများ ♫


10449162_815673711784884_5650738920124539401_n
ထို့အတွက်ကြောင့် မြန်မာနိုင်ငံတွင်လည်း အဆိုပါဈေးနှုန်းအတိုင်းဖြစ်စေ ၊ အဆိုပါဈေးနှုန်းထက်လျော့ နည်းသော ဈေးနှုန်းများဖြင့် ဖြစ်စေ ရရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ယခု အင်တာနက်တွင် ပြန့်နှံ့နေသော သတင်းများအရ အင်တာနက်ဈေးနှုန်းများမှာ အရမ်းကြီးမြင့်နေသည့်အတွက် အခြေခံတွက်ချက်မှုပြုလုပ် နိုင်စေရန်အတွက် ကာတာနိုင်ငံတွင် ၀န်ဆောင်မှုပေးနေသော ဈေးနှုန်းများကို မြန်မာငွေဖြင့် ခန့်မှန်းတွက် ချက်ပြပေးခြင်း ဖြစ်ပါသည်။

လာမည့် ၈ လပိုင်း ၂ ရက်နေ့တွင်လည်း Ooredoo Myanmar မှ ကျင်းပမည့် စာနယ်ဇင်းရှင်းလင်းပွဲ ရှိကြောင်း သိရသည်။ သို့အတွက် အဆိုပါနေ့တွင် Ooredoo Myanmar မှ မိုဘိုင်းဖုန်းနှင့် ပတ်သက်သော သတင်းအချက်အလက် များ ၊ အင်တာနက်သုံးစွဲမှုနှင့် ပတ်သက်သော အချက်အလက်များကို တိကျစွာ အသေးစိတ် ထုတ်ပြန်လိမ့် မည်ဟု ယူဆရပါသည်။

Ooredoo ၏ ကာတာအခြေစိုက် Mobile Internet Pack ဈေးနှုန်းများ
-----------------------------------------------------------------------------

1GB Plan (QR 60) -> 16000 kyats ( ၀န်းကျင်)

3GB Plan (QR 80) -> 22000 kyats (၀န်းကျင်)

6GB Plan (QR 100) -> 27000 kyats (၀န်းကျင်)

15GB Plan (QR 200) -> 55000 kyats (၀န်းကျင်)

Unlimited Plan (QR400) -> 110000 kyats (၀န်းကျင်)
---------------------------------------------------------------------------------
Ref: http://www.ooredoo.qa/en/MOBILE_INTERNET_PACKS_TEXT
=========================================

Yangon Media Group

အဘိဓမ္မာအကျဉ်းချုပ် Android App










ဒီ Android ဖုန်းဆော့ဝဲလေးရေးပြီး တရားတွေတော်တော်နာလိုက်ရပါတယ်။
-
ဒေါက်တာအရှင်နန္ဒမာလာ ၏ အဘိဓမ္မာအကျဉ်းချုပ် တရားတော် အား Android
Application အနေဖြင့်ပြန်လည်ဖန်တီးရေးသားပူဇော်ပါသည်။ စာအနေနဲ့ရော
တရားအသံအနေနဲ့ပါ ဖတ်ရှုနားဆင်နိုင်ပါမည်။ မြတ်စွာဘုရားက မိဘကျေးဇူးဆပ်ရန်
ရည်ရွယ်၍ဟောကြားခဲ့သော တရားတော်ဖြစ်တာကြောင့် ဒီ application ကို
လူကြီးမိဘတွေဖုန်းမှာသွင်းပေးထား၍အဘိဓမ္မာတရားနာစေခြင်းအားဖြင့်
မိဘကျေးဇူးးကို တစ်ဖက်တစ်လမ်းကနေဆပ်ရာရောက်ပါတယ် လူငယ်တွေရဲ့ဖုန်းတွေမှာသွင်းပြီး တရားနာခြင်းအားဖြင့်လည်းကုသိုလ်တွေရရှိမှာကြောင့် အကျိုးများပါတယ်။ အဘိဓမ္မာအကျဥ်းချုပ် For Android ကိုအောက်က link ကနေရယူနိုင်ပါတယ်။


Monday, July 28, 2014

ချစ်သူတွေအတွက် စပိုင် Total SmS Control


image

hlamyo: Total sms contol ဆိုတာ free down ခြင်တယ် ဘယ်လိုလုပ်ရမလဲဖြေပေးပါဦး....

ချစ်သူတွေအတွက် စပိုင် Total SmS Control
==========================
မိမိချစ်သူရဲ့ဖုန်းထဲမှာ ဒီ Application လေးကို ထည့်ထားလိုက်တာနဲ့ သူဘယ်သူ့ဆီဖုန်းတွေဆက်နေတယ်။

ဘယ်ကဖုန်းတွေလာနေတယ်။ မတ်ဆေ့ခ်ျတွေပို့နေတယ်။ ဆိုတာဖုန်းနံပါတ်တွေကို မတ်ဆေ့ခ်ျနှင့်ဖြစ်စေ၊Mail ပို့၍ဖြစ်စေကိုယ့်စေအကြောင်းကြားပေးမယ့် Application လေးတစ်ခုပါ။
 
ဒါတင်မက မတ်ဆေ့ခ်ျ ပို့တဲ့သူဘယ်သူဘယ်ဝါ ဆိုတာအပြင် Message Log တွေကိုပါဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီ Application လေးကို Install လုပ်ပြီး သူမသိအောင် Icon ကို password ပေးပြီးဖျောက်ထားလို့လည်းရပါတယ်
ကဲ ….ချစ်သူရေ အူကြောင်ကြောင်တော့မလုပ်နဲ့နော်။ မင်းဘာလုပ်နေတယ်ဆိုတာကိုယ်အကုန်သိနေတယ်လို့သာပြောလိုက်ပါတော့ရှင်။ ချစ်သူအချင်းချင်း ယုံကြည်မှုတွေ တိုးပွားနိုင်ကြပါစေနော်။ 
 
ဒီမှာဒေါင်းပါ 
 
>>>> DOWNLOAND <<<<

S.S.Y.W

Windows Phone ကို Factory Reset ပြုလုပ်ခြင်း




Windows Phone 8.1 ကို အသုံးပြုသူတွေ အနေနဲ့ တစ်ခါတစ်ရံမှာကိုယ့်ရဲ့ Windows Phone Operating System အတွင်းမှာ ထည့်သွင်းထားတဲ့ App တွေများပြားလွန်းလို့ ပြန်လည် ရှင်းထုတ် ချင်တာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Setting ကိုစက်ရုံက ထုတ်လုပ်တဲ့အတိုင်း Default အနေနဲ့ ထားချင်တဲ့ အခါမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Windows Phone ကို Factory Reset ပြုလုပ်ပြီးစက်ရုံက ထုတ်လုပ်တဲ့ Settings အတိုင်း အသုံးပြုနိုင် မှာဖြစ်ပါတယ်။

Windows Phone 8.1 ကို Factory Reset ပြုလုပ်ဖို့အတွက် App list အောက်က Settings ထဲကိုသွား ရမှာဖြစ်ပါတယ်။ Settings ထဲကိုရောက်ပြီဆိုရင် About ဆိုတာကို Tap ပြုလုပ်ရမှာဖြစ်ပါတယ်။ About အထဲကမှ Reset Your Phone ဆိုတာကိုနှိပ်ပြီး Yes ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သတိ ထားရမှာကတော့ Factory Reset ပြုလုပ်ပြီဆိုရင်တော့ ကိုယ့်ရဲ့အချက်အလက်တွေ ပျက်စီးမှာဖြစ်တဲ့ အတွက် Backup လုပ်သင့်တာများကို လုပ်ပြီးမှပြုလုပ်သင့်ပါတယ်။


-သီဟ
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၃)

အင်တာနက်အကြောင်း သိကောင်းစရာများ


အင်တာနက် (Internet) နှင့် ပတ်သက်လျှင် W W W (World Wide Web) ကိုလည်း ညွှန်းဆိုလေ့ ရှိကြသည်။ သို့သော် Internet နှင့် WWW တို့သည် မတူကြပေ။ အင်တာနက် ဆိုသည်မှာ ကွန်ရက် (Network) များ ချိတ်ဆက် ထားမှုကို ခေါ်ဆိုပြီး၊ ကမ္ဘာ တစ်ဝန်း လုံးရှိ ကွန်ပျူတာများကို ကြိုးများဖြင့် ချိတ်ဆက်၍ လည်းကောင်း၊ ကြိုးမဲ့ စနစ်ဖြင့် ချိတ်ဆက်၍ လည်းကောင်း သုံးစွဲခြင်း နည်းပညာကို ခေါ်ဆိုခြင်း ဖြစ်သည်။ World Wide Web ဆိုသည်မှာ အင်တာနက်နှင့် အင်တာနက် သုံးနိုင်ရန် စီစဉ်ဖန်တီးထားသော Web browser များကို အသုံးချပြီး၊ အကြောင်းအရာများ၊ စာမျက်နှာများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကြည့်ရှုနိုင်ရန် ဖန်တီထားသော နည်းပညာတစ်ခု ဖြစ်သည်။

World Wide Web ကို ၁၉၈၉ ခုနှစ်တွင်၊ အင်္ဂလိပ် ရူပဗေဒပညာရှင် ဆာတင်မ်ဘာနာလီ ဆိုသူက တီထွင်ခဲ့သည်။ ကွန်ပျူတာဖြင့် တစ်ကမ္ဘာလုံး ချိတ်ဆက်ကာ ဆယ်သွယ်အသုံးပြုနိုင်ရန် သူက စတင် စိတ်ကူးတီထွင်ခဲ့ပြီး၊ နောက်ပိုင်းတွင် ကွန်ရက် ချိတ်ဆက်ခြင်းဆိုင်ရာ ပညာရပ်များကို ဆက်လက် တီထွင်ကာ ပရောဂျက်ပေါင်း များစွာ လုပ်ကိုင်ခဲ့သည်။

Website များတွင် (address ဟုခေါ်သည့် ဥပမာ- http://www.sciencekids.co.nz ဟု ခေါ်သော ရည်ညွှန်း လိပ်စာများကို အင်တာနက် ဝေါဟာရတွင် URL (Uniform Resource Locater) ဟု သတ်မှတ်ခေါ်ဝေါ် သုံးစွဲကြသည်။

အင်တာနက်တွင် Domain name ဆိုသည့် ပိုင်ဆိုင်မှုဆိုင်ရာ သတ်မှတ်ချက်အမည်များကို ပေးပြီး သုံးစွဲလေ့ ရှိကြသည်။ ဥပမာ (.com, .info, .net, .org, .edu, .mail, .gov) စသည်တို့ ဖြစ်သည်။ အခြားနိုင်ငံအလိုက် သတ်မှတ်ပေးထားသော domain ဆိုင်ရာ အမည်များလည်း ရှိသေးသည်။ ဥပမာ (.uk, .mm, .nz) စသည်တို့ ဖြစ်သည်။

အင်တာနက်တွင် စာပို့စနစ် (email)၊ ဖိုင်များကို မျှဝေသုံးစွဲခြင်း (file sharing)၊ အွန်လိုင်းတွင် အပြန် အလှန် စကားပြောခြင်း (online chatting)၊ ဖုန်းနှင့် ဗီဒီယိုစနစ်ပုံစံ ရုပ်မြင်သံကြား စကားပြောခြင်း (phone and video call)၊ အွန်လိုင်းဂိမ်းကစားခြင်း (online gaming) စသည့် လုပ်ဆောင်မှုများကို application ဟုခေါ်သည့် ဆော့ဖ်ဝဲများကို အသုံးပြုကာ လုပ်ဆောင်နိုင်ကြသည်။

ယခုအခါ အင်တာနက်နှင့် Web ကို အွန်လိုင်းတွင် ဈေးဝယ်ခြင်း (online shopping)၊ လူမှုကွန်ရက် ဆက်သွယ်ခြင်း (social networking)၊ ဂိမ်းကစားခြင်း၊ သတင်းများ ထုတ်လွှင့်ခြင်း၊ ခရီးသွားဆိုင်ရာ အချက်အလက်များ ဖော်ပြခြင်း၊ စီးပွားရေး လုပ်ငန်းများအတွက် အသုံးပြုခြင်း၊ ကြော်ငြာလုပ်ငန်းများ အတွက် အသုံးပြုခြင်း စသည့် လုပ်ငန်းများကို တွင်ကျယ်စွာ အသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် စတင် တီထွင်ခဲ့စဉ်က ရည်ရွယ်ချက်များထက် ပိုပြီး အကျိုးရှိစွာ သုံးစွဲနိုင်ကြပြီ ဖြစ်သည်။

ဆိုရှယ်ကွန်ရက် ဆက်သွယ်မှုတွင် Facebook, Google+, Twitter တို့သည် ကမ္ဘာပေါ်တွင် လူသုံး အများဆုံး ဖြစ်လာခဲ့ရသည်။ တစ်ကမ္ဘာလုံးတွင် ဆိုရှယ်ကွန်ရက်ခေါ် လူမှုရေးကွန်ရက်များကို အသုံးပြုပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်မှုများ ခေတ်စားလာသည်နှင့်အမျှ ယင်းလူမှုကွန်ရက်နှင့် ဆက်စပ်ပြီး၊ ဝန်ဆောင်မှုများ၊ ဆော့ဖ်ဝဲများလည်း တိုးတက် ထွန်းကားလာခဲ့ရသည်။

အင်တာနက်ခေတ် ရောက်လာသည်နှင့်အမျှ လုံခြုံရေးဆိုင်ရာ ကိစ္စများ၊ ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များသည်လည်း အရေးပါလာခဲ့ရသည်။ မိမိတို့ လုပ်ဆောင် ဖန်တီးထားသည့် ဒေတာများကို ကာကွယ်ရန်အတွက် password များကို သုံးစွဲလာရခြင်း၊ ဆော့ဖ်ဝဲများသုံးကာ ကြိုတင်ကာကွယ် ရခြင်း များသည် အရေးကြီးလာသည်။ ဗိုင်းရပ်စ် (Virus) နှင့် စပန်း (Spam) တို့သည် ကွန်ပျူတာနှင့် မိမိတို့ လုပ်ငန်းများကို ခြိမ်းခြောက် ဒုက္ခပေးလာပြီး အင်တာနက် သုံးသူများတွင် ရှောင်လွှဲမရသည့် ဒုက္ခများ ဖြစ်လာသည်။

အင်တာနက် သုံးသူတိုင်းသည် Web ပေါ်တွင် သတင်းအချက်အလက်များနှင့် မိမိတို့ သိလိုသည့် အကြောင်းအရာများ ရှာဖွေရန်အတွက် Google သို့မဟုတ် Being စသည့် (Search Engine) ဟု ခေါ်သော ကြားခံ browser တစ်ခုခုကို အသုံးပြုရမည်သာ ဖြစ်သည်။ Google သည် ယခုအခါ နာမည်ကျော် လူသုံးအများဆုံး Search Engine တစ်ခုဖြစ်ပြီး နေ့စဉ် သန်းရာပေါင်း များစွာသော အချက်အလက်များကို ရှာဖွေရန်အတွက် ဝင်ရောက်ရသည့် အင်တာနက် တံခါးပေါက်ကြီး တစ်ခုသဖွယ် ဖြစ်နေခဲ့ရသည်။

ယခုအခါ တစ်ကမ္ဘာလုံး၏ လူဦးရေ ၄၀ ရာခိုင်နှုန်းခန့်သည် အင်တာနက်ကို အသုံးပြုနေကြပြီ ဖြစ်သည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အင်တာနက် အသုံးပြုသူများ ဆယ်ဆခန့် တိုးမြင့်လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အင်တာနက် အသုံးပြုသူ တစ်ဘီလီယံ စတင်ဖြစ်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် နှစ်ဘီလီယံ ရှိသွားသည်။ ၂၀၁၄ ခုနှစ်ကုန်ခန့်တွင် သုံးဘီလီယံအထိ တိုးမြင့်သွားလိမ့်မည်ဟု ခန့်မှန်းထားသည်။

Source : Internet Live State

Ref : The Voice Daily

Sunday, July 27, 2014

★★ Kinux icons Pack Version : 2.1.1 Apk ★★

 android ဖုန်းအတွက် icom တွေကို အလှပဆုံးပုံဖော်ပေးနိုင်တဲ့ Kinux icons Pack Version : 2.1.1 Apk လေးပါ ။ ဒီကောင်လေးကတော့သူငယ်ချင်းတို့ပုံမှာမြင်တဲ့အတိုင်းပါပဲ android ဖုန်းအတွက် icom
 တွေကိုအလှပဆုံးအသေသပ်ဆုံး အလန်းဆုံး design လေးတွေနဲ့ပုံဖော်နိုင်ပါတယ် ။ အသင့်ပါလာတဲ့
သူ့ရဲ့ icom stile လေးတွေကလဲစုံလင်လှတာမို့သဘောကျနိုင်စရာပါ ။ Android Version : 4.0 နှင့်
အထက်မှာအသုံးပြုနိုင်ပါတယ် ။


- Smartphones and tablets
The Launchers :



ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 




★★နည်းပညာမြို့တော်★★
 

 


**  Step-1.အောက်က Download Button 
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

ငွေကြေးတန်ဖိုးနှုန်းတွေကို ဘယ်လောက်ရှိသလဲ ဆိုတာ internet ဖွင့်လိုက်တာနဲ့ ပြသပေးမယ် currency converter for Android

%25255BUNSET%25255D

မိတ်ဆွေများခင်ဗျာ နိုင်ငံခြားငွေဟာ မြန်မာငွေ
တန်ဖိုး ဘယ်လောက်လည်း သိချင်ပါသလား
ကြည့်နိုင်ပါတယ် နိုင်ငံအလိုက် ဖော်ပြပေးထားပါ
တယ် internet ခဏဖွင့်လိုက်တာနဲ့ လည်ပတ်နေ
သော မြှားလေးကို နှိပ်လိုက်ပါ ယနေ့ရပ်တည်နေ
သော ငွေကြေးကို ပြသပေးမှာပါ ဒေါ်လာဆိုတာ
တစ်ရက်နဲ့တစ်ရက်မတူပါဘူး အကျအတတ်
ဖြစ်တတ်ပါတယ် ဒါလည်း internet ဖွင့်
လည်ပတ်နေသော မြှားနှိပ်လိုက်ပါ ပြသပေးပါလိမ့်
မယ် ဒါကို kaungkalay ရဲ့ သူငယ်ချင်း
ပိုင်ပြည့်စုံ ရေသားထားတာပါ ။
filesize=1MB
version=1.0
download=ုDownloaBlue

Time Calculator Apk


%25255BUNSET%25255D

မင်္ဂလာပါ။ဖြစ်ပျက်ခဲ့တဲ့အချိန်တွေကိုအတိအကျတွက်ချက်ပေးမယ့်Appလေးဖြစ်ပါတယ်။အချိန်တွေကိုတိတိကျကျတွက်ချက်ပေးပါတယ်။
အသုံးလိုမယ်ထင် ရင် တော့ဆောင် ထားလိုက်ပါ။သြော်.....ချစ်သူနဲ့ဘယ်အချိန်ကတည်းကစချစ်ခဲ့တာလဲ။ချစ်ခဲ့တာအချိန်ဘယ်လောက်ကြာပြီလဲဆိုတာပါတွက်ချက်လို့ရပါတယ်ဗျာ;)

World Music Playlist Apk


%25255BUNSET%25255D

မင်္ဂလာပါ။ဂီတကိုချစ်မြတ်နိုးတဲ့သူငယ်ချင်းများတွက်ကမ္ဘာကျော်စည်းချက်တွေကိုတစ်နေရာထဲမှာရှာဖွေလို့ရမယ့်Appလေးဖြစ်ပါတယ်။

Love Measure Apk


image

မင်္ဂလာပါ။ဒီAppလေးက တော့ချစ်သူစုံတွဲတွေရဲ့အချစ်ကိုတိုင်းတာပေးမှာပါ။ဒါတင် မက သေးဘူးဗျ။ကိုယ့်ချစ်သူပေါ်ကရာခိုင်နှုန်းနဲနေရင် ရတရာပါချေပေးဖို့ဘယ်လိုလုပ်ဘယ်ညာလုပ်ဆိုပြီးအကြံညာဏ်တောင် ပေးထားပါသေးတယ်။ဘော်ဘော်တို့သ ဘောကျမှာပါနော်။

♪ ဖုန်းထဲက App: တွေရဲ့ Icon ကိုလိုသလိုပြောင်းပေးနိုင်တဲ့ - Icon Changer free v3.1.2 Apk ♫


Icon Changer ဆိုတာက ကျနော်မပြောခင်ထဲက User တွေသဘောပေါက် နေလောက်ပါပြီ။ Android Device တွေမှာ ရှိတဲ့ Icon တွေကို ကိုယ်ကြိုက်တဲ့ပုံပြောင်းလဲလို့ရတဲ့ Application လေးတစ်ခုဖြစ် ပါတယ်ဗျာ။ ဆိုလိုတာက Facebook App သွင်းထားတယ်ပေါ့ မိမိဖုန်းမှာ မူရင်း ပေးထားတဲ့ App icon အပြာလေးမကြိုက်ရင် … ကိုကြိုက်တဲ့ ပုံလေးနဲ့ Shortcut အစားထိုးပြောင်းလေးပဲတာပဲဖြစ်ပါတယ် .…

အရောင်အပြင်မိမိဓာတ်ပုံတွေနဲ့ လည်း Icon ပုံလေးတွေကို ပြောင်းလို့ရပါတယ်။ နောက်ထပ်Iconပုံစံ အသစ်အစမ်းတွေလိုချင်သေးတယ်ဆိုရင် လည်း ဒီapkကနေတစ်ဆင့် ဒေါင်းလုပ်ထပ်ဆွဲနိုင်ပါသေးတယ်...

သူကမူရင်း Apk ၇ဲ့ Iconတွေကိုပြန်ချိန်းလို့ မရအောင်ပြောင်းလဲတာမျိုးမဟုတ်ပဲ home Screenပေါ်မှာ Shortcut ဖန်တီးပေးတာဖြစ်လို့ မူရင်း Iconပျက်သွားမှာလဲ စိုးရိမ်စရာမလိုပါဘူးဗျာ။

.မိမိစိတ်ကြိုက် Iconတွေကိုဖန်တီး ပြောင်းလဲချင်သူများ Download ရယူနိုင်ပါပြီ။ Android 2.2 နှင့် အထက်အသုံးပြုလို့ရမှာဖြစ်ပါတယ် … Root မလိုအပ်ပါဘူးဗျာ …


Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Saturday, July 26, 2014

✏Vault-HideSMS-Pics&Videos-v5.0.12.22(for android)✏


image
-မိမိတို့ android ဖုန်းပေါ်မှာ ရှိတဲ့ video file တွေ photo တွေ၊Sms massage တွေ၊contact
Facebook message ​တွေ၊
အားလုံးကို ဒီ vault ဆိုတဲ့ application လေးကို အသုံးပြုပြီး ဖွက်ထားလို့ သိမ်းဆည်းထားလို့ရပါတယ်။
App ​တွေကို Lock ချလို့ရတဲ့ Feature ပါ ပါဝင်​ထားတာမို့လည်း User များ ကြိုက်​နှစ်​သက်​​စေမှာပါ။
အထူးသဖြင့်တော့ video file တွေဟာ သိပ်များနေရင်ကိုယ့်ဖုန်းရဲ့  internal memory store ပေါ်မှာလေးလံနေစေပြီး နောက်ထပ် file တွေ ထပ်ထည့်လို့မရေ့လောက်အောင်ဖြစ်တတ်ပါတယ်။
အဲဒိတော့ဒီ apk လေးထဲကို ပို့ပြီးသိမ်းထားလိုက်ခြင်းအားဖြင့် တခြားသူလည်း ဖွင့်ကြည့်လို့မရ လုံခြုံစိတ်ချရပြီး ကိုယ့်ဖုန်းလေးဟာလည်း ပေါ့ပါးနေစေမှာပါ။
အဲ ပြီးတော့ သူ့ရဲ့ အားသာချက်တစ်ခုကတော့
screen ပေါ်မောင်းတင်ထားတဲ့ သူ့ဆော့ဖ်ဝဲလ် လေးကို delete ဖျက်ပလိုက်မိရင်လည်းကိစ္စမရှိပါဘူး။
sd ကတ်ထဲက ပြန်ပြီး install ပြန်မောင်းတင်လိုက်ယုံနဲ့ ကိုယ်သိမ်းဆည်းထားတဲ့ data အချက်အလက်တွေကို ပြန်လည်ရ ရှိ တွေ့မြင်ရမှာပါ။
sd ကတ်ထဲက ဆော့ဖ်ဝဲကိုတော့ မဖျက်ပစ်နဲ့ပေါ့ဗျာ။
ပြီးတော့ နောက်တစ်ခုက ကိုယ့်မှတ်ထား ဖွက်ထားတဲ့ အချက်အလက် data တွေကိုလည်း online store မှာ သွားရောက် upload တင်ပြီး သိမ်းဆည်းနိုင်ပါသေးသဗျာ။
ဘယ်လောက်အဆင်ပြေပြီး အသုံးဝင်လိုက်သလည်းလို့။
ကျနော်ကတော့ဒီ apk လေးကိုစွဲစွဲမြဲမြဲ အသုံးပြု လျှက်ပါပဲဗျာ။
ကဲ ကဲ စကားပြောနေရတာလည်း တော်တော်လေးကြာသွားပြီဗျာ။
-Apk file size 2.8MB ရှိပြီး
-Android OS Version 2.0.1 နဲ့အထက်​ရှိ
ဖုန်းများမှာထည့်​သွင်း install ပြုလုပ်​၍အသုံးပြုနိုင်
မှာပဲဖြစ်​ပါတယ်​။
-သုံးကြည့်ချင်တယ်ဆိုရင်တော့​အောက်​ကလင့်​ခ်​မှာ
ဒေါင်းလုပ်​ဆွဲယူနိုင်​ပါပြီ-
★DOWNLOAD ဆွဲရန်​ လင့်​ခ်​★
http://www.solidfiles.com/d/63bb11780b/Vault-HideSMS-Pics&Videos-v5.0.12.22-Kozawthwin.apk
image
image
image
image
image
image
image
image
  အဆင်​​ပြေပါ​စေ။
     ကို​ဇော်​သွင်​(နည်းပညာ)
Share Thi

♥♥ PhotoSuite 3 Photo Editor APK Android ♥♥

android သမားတွေအတွက် 2014-07-23 နေ့ကမှအသစ်ထွက်လာတဲ့ PhotoSuite 3 Photo Editor APK ရဲ့ Update လေးကိုတင်ပေးလိုက်ပါတယ်နော် ။ဒီကောင်လေးကတော့ မိမိတို့ရဲ့ဓာတ်ပုံတွေကို
အလှပဆုံးဖြစ်အောင်ဖန်တီးပေးနိုင်ပြီးဓာတ်ပုံတွေကိုမိမိတို့ကြိုက်သလို design ဖော်တာတို့ကိုအကောင်း
ဆုံးပုံဖော်နိုင်ခဲ့လို့နာမည်ကြီးပြီးလူကြိုက်များတဲ့အထဲကတစ်ခုဆိုတာသုံးဖူးကြတဲ့ကျွန်တော်ဘော်ဒါတွေ
ကောင်းကောင်းသိကြမှာပါ ။ ခုထွက်လာတဲ့  Update လေးကလဲအရင်ကထက် tools နည်းနည်းပိုပြီးတော့
စုံလင်လာတာရယ် design လေးတွေကလဲပိုပေးထားတာရယ်ကြောင့်လူကြိုက်များဦးမှာပါ ။ သူ့မှာအဆင်သင့်ပါလာတဲ့ sticker လေးတွေကလဲအရင်ကထက်လန်းနေအောင်ပြုလုပ်ပေးထားပြီး
စိတ်ကြိုက်ပြုလုပ်ပြီးတဲ့ဓာတ်ပုံတွေကိုလဲ မိမိတို့ရဲ့ facebook page ကိုခါတည်းတင်လို့ရအောင်စီစဉ်ပေး
ထားပါသေးတယ် ။ size ကတော့ 4.9 Mb ရှိပြီး Android 2.3.3 နှင့်အထက်အသုံးပြုနိုင်ပါတယ် ။


★★နည်းပညာမြို့တော်★★

Ooredoo Activation.apk


303eoad

အော်ရီဒူး SIM card activation လုပ်ရန်ပါတဲ့ခင်ဗျ....။

 လိုအပ်ပါက ...

 CLICK HERE TO DOWNLOAD FROM MEDIAFIRE


CLICK HERE TO DOWNLOAD FROM P-CLOUD





အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

♪ Original ပါသော App: များကိုဖယ်ထုတ်ပေးမယ့် - System App Safe Remover v3.2.1011 Apk ♫


Version 3.2.1011နဲ့ ထွက်လာပြီး လုပ်ဆောင်ချက်တွေကလဲ ထပ်တိုးလာပါတယ်။ Samsung တွေမှာ application တွေကို SD cardထဲပြောင်းလို့မရတာကို ဒီကောင်လေးက ဖြေရှင်းနိုင်ပါပြီ။
Move to SD card/Move to Phone ဆိုတဲ့ Systemပါ ပါ ရှိလာပါတယ်။

Original Application တွေကို Error ကင်းကင်းနဲ့ အလွယ်တကူဖျက်နိုင်တဲ့ Application လေးပါ ။ ဒီ App: လေး ကိုအသုံးပြုနိုင်ရန် သင့်ဖုန်းမှာ Root Access ရရှိပြီးသား ဖြစ်ရပါမယ်။ ဒါကြောင့် သင့်ဖုန်းပာာ Root ဖောက်ပြီး သားဖြစ်ရပါမယ်။တစ်ချို့က ကိုယ့်ဖုန်းမှာပါတဲ့ Original Application တွေကိုဖျက်ချင်ကြပါတယ်။

ဥပမာ – Huawei လို China ဖုန်းတွေပေါ့ဗျာ။ သူတို့မှာ ကိုယ့်နိုင်ငံနဲ့အသုံးပြုလို့မရတဲ့ Application တွေ ပါလာတက်ပါတယ်။ China Store တို့ဘာတို့ပေါ့ဗျာ။ အဲလို Application တွေကို တစ်ချို့ကမမြင်ချင်ကြဘူး။ တစ်ချို့ကလဲ ဖုန်းရဲ့ Memory ထဲမှာ နေရာတွေအသားလွတ်ယူနေတာကြောင့် ဖျက်ချင်ကြတယ်။ အဲဒီအခါတစ်ချို့က Setting ထဲက Manage Application ထဲကိုဝင်ပြီး ဖျက်တက်ကြသလို Root Explorer Application တွေနဲ့ ဖျက်တက်ကြပါတယ်။ အဲလိုဖျက်တဲ့အခါ Error တွေတက်ကြတယ်။ Error တက်လို့ ကိုယ်ဖျက်လိုက်တဲ့ Application တွေကိုပြန်ထည့်ချင်တဲ့အခါအခက်အခဲတွေ့ကြရပါတယ်။ တစ်ချို့ဆို Reset ပြန်ချကြ ၊ Resetချလို့မရရင်Firmware ပြန်တင်ကြနဲ့အလုပ်တော်တော် ရှုပ်ကြရပါတယ်။ အဲဒီလို Error တွေမတက်အောင် ဒီ Application လေးနဲ့ ဖျက်နိုင်တဲ့အပြင် ဖျက်ပြီးသား Application တွေကို ပြန်လိုချင်ရင်လဲ Restore ပြန်လုပ်လို့ရအောင် ဒီ Application ထဲမှာRecycleBinအနေနဲ့ပါလာတာကိုလဲတွေ့ရပါတယ်။ဒီတော့ အဆင်ပြေတာပေါ့ဗျာ။

Credit to ==> Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

   

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Friday, July 25, 2014

Facebook ID Card


Facebook ID Card
=============

Facebook ကပေးတဲ့ Facebook ID Card ထုတ်ယူနိုင်ပါပြီ
Facebook ကပေးတဲ့ ကိုယ့်၇ဲ့ ID Card ဖြစ်ပါတယ်။

ကိုယ့်၇ဲ့ ID ကဒ်ကိုထုတ်ယူချင်တယ်ဆိုရင်တော့http://xeefunapps.com/facebook_id_card.php

လိပ်စာလေးကို နှိပ်ကာ ဝင်ရောက်ပြီး Click here to Get Your
Facebook ID Card ကိုနှိပ်ပါ။

ပြီးရင် Click Here to Share On Facebook ကိုနှိပ်ပြီး
ကိုယ်၇ဲ့ ID ကဒ်ကိုထုတ်ယူနိုင်ပါပြီ ခင်ဗျာ

.

===========
ဧပ၇ယ်မောင်မောင်

♪ Sim Cardများကို အများပြည်သူ အကန့်အသတ်မရှိဝယ်ယူနိုင်ရန် နိုင်ငံတကာအော်ပရေတာများထက်ဦး၍် MPT ကရောင်းချမည်(၂၅.၇.၂၀၁၄) ♫


10580193_351506894999010_5596626011574155962_n

Ooredoo Sim Card များကိုသြဂုတ်ကာလအတွင်း၌လည်းကာင်း၊  TelenorSimများကို စက်တင်ဘာလတွင် လည်းကာင်း ရောင်းချပေးနိုင်ရန်စီစဉ်သွားမည့်ဟုသက်ဆိုင်ရာMobileOperatorများက၀န်ကြီးဌာနသို့ပြော ကြားထားကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာညွှန်ကြားရေးမှူး ဦးသန်း ထွန်းအောင်ကပြောကြားခဲ့သည်။ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင် KDDI, Sumitomo Corporationတို့နှင့်ပူးပေါင်း၍ဆက်သွယ်ရေးကဏ္ဍအတွင်းအမေရိကန်ဒေါ်လာသန်း(၂,၀၀၀)ရင်းနှီးမြုပ်နှံသွား မည် ဖြစ်သည်။ပူးပေါင်းပြီးနောက်ပိုင်းကာလတွင်MPTအနေဖြင့်Ooredoo,Telenorအစရှိသည့်မိုဘိုင်းလ်အော် ပရေတာများထက်ပိုမိုကောင်းသည့်ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဦးခင်မောင်ထွန်းက ပြောကြားခဲ့သည်။ "Telenor,OoredooSimCard တွေက အင်တာနက်ပါဝင် မယ်ဆိုတော့ကျွန်တော်တို့ကလည်းပြိုင်ဖက်အော်ပရေတာတွေထက်မလျော့စေရပါဘူး။သူတို့ထက်ဦးအောင် လုပ်သွားဖို့ပဲရှိပါတယ်။ US $ (2)ဘီလီယံကိုတော့ (၂) နှစ်(၃) နှစ်အတွက်ပုံးအောပြီး Telecom Sector မှာရင်နှီးမြုပ်နှံသွားနိုင်ပါတယ်။ နေရာဒေသမရွေး၊ကိုယ်ဝယ်ချင်တဲ့ Sim Card ကိုဝယ်သူစိတ်တိုင်းကျ အတိအကျဝယ်ယူနိုင်ပါတယ်။အကန့်အသတ်မရှိဝယ်နိုင်မှာပါ။GSM နဲ့ WCDMA ကိုရောင်းချပေး သွားမှာပါ။ အဓိကကတော့ WCDMA (3G)ကိုအသားပေးရောင်းချ သွားဖို့ရှိပါတယ်””ဟု MPTမှ ကိုသက်နောင်ထွန်းက၂၀၁၄ခုနှစ်ဇူလိုင်(၁၆) ရက်နေ့တွင်ပြောကြားခဲ့သည်။

KDDI, MPT နှင့်Sumitomo Corporation တို့အကျိုးတူပူးပေါင်း၍ (၁၀) နှစ်စာချုပ်ကို ချုပ်ဆိုထားပြီးဖြစ်သည်။ ထို့အပြင်Telecomကဏ္ဍအတွက်အလုပ်အကိုင်အခွင့်အလမ်းများကိုစီစဉ်ပေးအပ်သွားမည် KSGM (KDDI Summit GlobalMyanmarCo.,Ltd)ကိုဖွင့်လှစ်သွားမည်ဖြစ်သည်။လက်ရှိကာလ အထိမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတွင် ၀န်ထမ်းဦးရေ (၈,၅၀၀) ရှိကြောင်းသိရှိရသည်။
 
အောင်ရဲကျော်

♪ Android OS 2.3 to 4.4 အထိ Root ဖောက်ရန်အကောင်းဆုံး Root Apk 9မျိုး ♫


http://sanalbeyin.net/wp-content/uploads/2012/07/root3.jpg
အခုတင်ပေးလိုက်တဲ့ Android Root Tools တွေကိုတော့ တွေ့တုန်းလေးယူထားစေချင်ပါတယ်ဗျာ။ ဖုန်းဆိုင်ကကျွန်တော့်သူငယ်ချင်းတွေကိုစမ်းသပ်ခိုင်းပြီး တော်တော်များများအောင်မြင်တဲ့ Root Tools Apk များကိုစုစည်းပေးထားတာဖြစ်ပါတယ်။ ကွန်ပြူတာနဲ့ချိတ်ဆက်စရာမလိုဘဲ Root Apk ကိုဖုန်းထဲထည့်ပြီး Run လိုက်တာနဲ့ Root ဖောက်ပြီးသားဖြစ်စေမှာပါ။ အခြားသော Service မှ မိတ်ဆွေများလည်းဒေါင်းယူ ထားစေချင်ပါတယ်ဗျာ။ Android OS 2.3 to 4.4 အထိ အသုံးပြုနိုင်ပါတယ်။ Root Apk 9မျိုးကိုအောက် မှာဖော်ပြပေးလိုက်ပါတယ်ဗျာ။

Android Version 4.3 ROOT  v1.2.0 By www.pyaephyo.com.apk
Baidu Root2001 By www.pyaephyo.com.apk
King Root v2.30 By www.pyaephyo.com.apk
Pro Myanmar Root v1.3.6 By www.pyaephyo.com.apk
Root Master v1.3.6 By www.pyaephyo.com.apk
Towel Root v1.0 By www.pyaephyo.com.apk
Universal Sals Root v1.5  By www.pyaephyo.com.apk
Vroot v1.0.5.1 By www.pyaephyo.com.apk
z4root.1.3.0 By www.pyaephyo.com.apk



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။