Tuesday, September 30, 2014

♪ Viber ရဲ့ စွမ်းဆောင်ချက် အသစ်များကို အသုံးပြုနည်းများ ♫

Photo: Viber ရဲ့ စွမ်းဆောင်ချက် အသစ်များကို အသုံးပြုနည်းများ
========================================

Viber က iOS နဲ့ Android Device များမှာ Video Call ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ ဒါ့အပြင် Video Call များကို စမတ်ဖုန်းများကနေ Desktop ရှိ Viber သို့ Transfer ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။ Contact အသစ်များကို Add ပြုလုပ်ဖို့အတွက် နာမည်နဲ့ ဖုန်းနံပါတ်များ ရိုက်ထည့်စရာမလိုဘဲ Barcode ကို Scan ပြုလုပ်ရုံနဲ့ Contact အသစ်များကို Add ပြုလုပ်ပေးတဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။ 

Video Call ပြုလုပ်ခြင်း။
----------------------------
Video Call ပြုလုပ်နည်းက Android နဲ့ iOS မှာ အတူတူပဲဖြစ်ပါတယ်။ ပထမဆုံး Viber ကိုဖွင့်ပြီး Video Call ပြုလုပ်ချင်တဲ့  Contact တစ်ခုကို ရွေးချယ်ပါ။ 

 
နောက်အဆင့်မှာ Free Call ခလုတ်ကို နှိပ်ပါ။ 

 
ဒါဆိုရင် အရင်အတိုင်းပဲ ဖုန်းခေါ်ပါလိမ့်မယ်။ တစ်ဖက်လူက ဖုန်းကိုင်လိုက်လို့ Connected ဖြစ်သွားရင် Video Call ခလုတ်ကို တစ်ချက်နှိပ်ပါ။ Video Call အိုင်ကွန်က On ဖြစ်သွားပြီး တစ်ဖက်လူနဲ့ သင့်ရုပ်ပုံကို မြင်တွေ့နိုင်ပါပြီ။ သင့်ရုပ်ပုံကိုတော့ ဘယ်ဘက်အပေါ်ထောင့်မှာ ၀င်းဒိုး အသေးလေးနဲ့ ပြသပေးမှာဖြစ်ပြီး တစ်ဖက်လူရဲ့ ရုပ်ပုံကို ၀င်းဒိုး အကြီးနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ မျက်နှာချင်းဆိုင် ကင်မရာနဲ့ အနောက်ဘက် ကင်မရာကို ပြောင်းလဲ အသုံးပြုဖို့ သင့်ရုပ်ပုံပေါ်မှာ ပြသထားတဲ့ အိုင်ကွန်ကို နှိပ်နိုင်ပါတယ်။ 
 
မှတ်သားထားရမှာက တစ်ဖက်လူကလည်း Viber 5.0 ကို အဆင့်မြှင့်ထားဖို့ လိုသလို Video Call ခလုတ်ကို နှိပ်ရမှာဖြစ်ပါတယ်။ 

Video Call ကို မိုဘိုင်းဖုန်းမှ Desktop သို့ Transfer ပြုလုပ်ခြင်း။
---------------------------------------------------------------------------

Video Call ပြုလုပ်နေစဉ်မှာ ဖုန်းရဲ့ မျက်နှာပြင် အောက်နားမှာ အိုင်ကွန်များကို တွေ့ရမှာပါ။   ကိုနှိပ်ရင် မိုဘိုင်းဖုန်းက Video Call ကို Desktop ကွန်ပြူတာမှ Viber ထံ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ 
 
Transfer လုပ်ရင် Desktop ထံသို့ Audio ကိုသာ လွှဲပြောင်းပေးမှာ ဖြစ်ပြီး Viber Desktop မှ Video Feature ကို On လုပ်ပေးရမှာ ဖြစ်ပါတယ်။ 

Contact များကို Barcode ကို အသုံးပြု၍ ထည့်သွင်းခြင်း။ 
------------------------------------------------------------------

Viber Version အသစ်မှာ Contact များထည့်သွင်းဖို့ ပိုမိုလွယ်ကူ လျှင်မြန်တဲ့ နည်းကို ထည့်သွင်းပေးလိုက်ပါတယ်။ Viber ရဲ့ ညာဘက်အောက်ထောင့်မှ အလျားလိုက် မျဉ်းကြောင်းသုံးခုကို နှိပ်ပါ။ ညာဘက် အပေါ်ထောင့်မှ Barcode ပုံကိုနှိပ်ရင် သင့်အတွက် Barcode ပေါ်လာမှာပါ။ 
 
 
သင့်သူငယ်ချင်းကလည်း သူ့ရဲ့ ဖုန်းမှ Viber မှာ  အလျားလိုက် မျဉ်းကြောင်း သုံးခုကို နှိပ်ပြီး Add Contact ကိုနှိပ်ပါ။ Barcode Scanner ပေါ်လာရင် သင့်ဖုန်းမှ Barcode ကို Scan ပြုလုပ်ပါ။ ဒါဆိုရင် သင့်သူငယ်ချင်းရဲ့ Viber Contact မှာ သင့်ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် စာရိုက်ရတဲ့ အလုပ်ရှုပ်မှုတွေ ကင်းဝေးစေမှာပါ။
Viber က iOS နဲ့ Android Device များမှာ Video Call ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ ဒါ့အပြင် Video Call များကို စမတ်ဖုန်းများကနေ Desktop ရှိ Viber သို့ Transfer ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။ Contact အသစ်များကို Add ပြုလုပ်ဖို့အတွက် နာမည်နဲ့ ဖုန်းနံပါတ်များ ရိုက်ထည့်စရာမလိုဘဲ Barcode ကို Scan ပြုလုပ်ရုံနဲ့ Contact အသစ်များကို Add ပြုလုပ်ပေးတဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။

Video Call ပြုလုပ်ခြင်း။
----------------------------
Video Call ပြုလုပ်နည်းက Android နဲ့ iOS မှာ အတူတူပဲဖြစ်ပါတယ်။ ပထမဆုံး Viber ကိုဖွင့်ပြီး Video Call ပြုလုပ်ချင်တဲ့ Contact တစ်ခုကို ရွေးချယ်ပါ။


နောက်အဆင့်မှာ Free Call ခလုတ်ကို နှိပ်ပါ။


ဒါဆိုရင် အရင်အတိုင်းပဲ ဖုန်းခေါ်ပါလိမ့်မယ်။ တစ်ဖက်လူက ဖုန်းကိုင်လိုက်လို့ Connected ဖြစ်သွားရင် Video Call ခလုတ်ကို တစ်ချက်နှိပ်ပါ။ Video Call အိုင်ကွန်က On ဖြစ်သွားပြီး တစ်ဖက်လူနဲ့ သင့်ရုပ်ပုံကို မြင်တွေ့နိုင်ပါပြီ။ သင့်ရုပ်ပုံကိုတော့ ဘယ်ဘက်အပေါ်ထောင့်မှာ ၀င်းဒိုး အသေးလေးနဲ့ ပြသပေးမှာဖြစ်ပြီး တစ်ဖက်လူရဲ့ ရုပ်ပုံကို ၀င်းဒိုး အကြီးနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ မျက်နှာချင်းဆိုင် ကင်မရာနဲ့ အနောက်ဘက် ကင်မရာကို ပြောင်းလဲ အသုံးပြုဖို့ သင့်ရုပ်ပုံပေါ်မှာ ပြသထားတဲ့ အိုင်ကွန်ကို နှိပ်နိုင်ပါတယ်။

မှတ်သားထားရမှာက တစ်ဖက်လူကလည်း Viber 5.0 ကို အဆင့်မြှင့်ထားဖို့ လိုသလို Video Call ခလုတ်ကို နှိပ်ရမှာဖြစ်ပါတယ်။

Video Call ကို မိုဘိုင်းဖုန်းမှ Desktop သို့ Transfer ပြုလုပ်ခြင်း။
---------------------------------------------------------------------------

Video Call ပြုလုပ်နေစဉ်မှာ ဖုန်းရဲ့ မျက်နှာပြင် အောက်နားမှာ အိုင်ကွန်များကို တွေ့ရမှာပါ။ ကိုနှိပ်ရင် မိုဘိုင်းဖုန်းက Video Call ကို Desktop ကွန်ပြူတာမှ Viber ထံ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

Transfer လုပ်ရင် Desktop ထံသို့ Audio ကိုသာ လွှဲပြောင်းပေးမှာ ဖြစ်ပြီး Viber Desktop မှ Video Feature ကို On လုပ်ပေးရမှာ ဖြစ်ပါတယ်။

Contact များကို Barcode ကို အသုံးပြု၍ ထည့်သွင်းခြင်း။
------------------------------------------------------------------

Viber Version အသစ်မှာ Contact များထည့်သွင်းဖို့ ပိုမိုလွယ်ကူ လျှင်မြန်တဲ့ နည်းကို ထည့်သွင်းပေးလိုက်ပါတယ်။ Viber ရဲ့ ညာဘက်အောက်ထောင့်မှ အလျားလိုက် မျဉ်းကြောင်းသုံးခုကို နှိပ်ပါ။ ညာဘက် အပေါ်ထောင့်မှ Barcode ပုံကိုနှိပ်ရင် သင့်အတွက် Barcode ပေါ်လာမှာပါ။


သင့်သူငယ်ချင်းကလည်း သူ့ရဲ့ ဖုန်းမှ Viber မှာ အလျားလိုက် မျဉ်းကြောင်း သုံးခုကို နှိပ်ပြီး Add Contact ကိုနှိပ်ပါ။ Barcode Scanner ပေါ်လာရင် သင့်ဖုန်းမှ Barcode ကို Scan ပြုလုပ်ပါ။ ဒါဆိုရင် သင့်သူငယ်ချင်းရဲ့ Viber Contact မှာ သင့်ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် စာရိုက်ရတဲ့ အလုပ်ရှုပ်မှုတွေ ကင်းဝေးစေမှာပါ။

Myanmar Digital Life Journal

စက်တင်ဘာ ၂၇ ရက်၌ ရောင်းချသည့် Telenor ဆင်းမ်ကတ်များ နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန် ခေါ်ဆိုနိုင်မည်



မန္တလေးမြို့၌ စက်တင်ဘာလ ၂၇ ရက်တွင် စတင်ရောင်းချသည့် Telenor ဆင်းမ်ကတ်များသည် နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန်ခေါ်ဆိုမှု ပြုလုပ်နိုင်မည်ဟု Telenor Myanmar ၏ CEO ဖြစ်သူ Mr. Petter Furberg ကပြောသည်။
Roaming အနေဖြင့် ပြည်ပဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်သည့် နိုင်ငံ ၅ နိုင်ငံနှင့် ပြည်ပခေါ်ဆိုမှုအတွက် ကျသင့်ငွေကို စတင်ရောင်းချသည့် နေ့၌ကြေညာပေးမည်ဟု Petter ကပြောဆိုခဲ့ပြီး ဆင်းမ်ကတ်များကိုမူ ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချမည်ဟု သိရသည်။
ဆင်းမ်ကတ်များကို မန္တလေးမြို့၌ ရောင်းချပြီး တစ်ပတ်ကြာ မြင့်သည့်အခါ နေပြည်တော်တွင် ရောင်းချမည်ဟု သိရသည်။ ရန်ကုန်မြို့ ၌ အောက်တိုဘာ လဆန်းပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ပြီး ဒီဇင်ဘာလအတွင်း ဧရာဝတီ၊ ပဲခူးအရှေ့ပိုင်း၊ ပဲခူးအနောက်ပိုင်း၊ ကရင်၊ မကွေး၊ မွန်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများရှိ မြို့နယ်တချို့၌ ရောင်းချပေးနိုင်မည်ဟု သိရသည်။
Telenor ၏အဓိက ပြိုင်ဘက်ဖြစ်သည့် Ooredoo သည် မိုဘိုင်းဖုန်းပြောဆိုခကို  အခြားသော အော်ပရေတာများ၏ မိုဘိုင်းနံပါတ်များကို ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ် ကောက်ခံသော်လည်း Telenor သည် မည်သည့်အော်ပရေတာကို ခေါ်ဆိုသည်ဖြစ်စေ တစ်မိနစ်လျှင် ၂၅ ကျပ်သာ ကောက်ခံမည်ဟုသတင်း ထုတ်ပြန်ခဲ့သည်။
ငွေဖြည့်ကတ်များကို ၁ ထောင်တန်၊ ၃ ထောင်တန်၊ ၅ ထောင် တန်၊ ၁ သောင်းကျပ်ဟူ၍ Telenor က ထုတ်လုပ်ထားပြီး အီလက်ထရွန်နစ်စနစ်ဖြင့် ငွေဖြည့်သွင်းနိုင်ရန်လည်း စီစဉ်ထားသည်ဟုသိရသည်။ ထို့အပြင် မိုဘိုင်းဖုန်းစာတို ပို့စနစ်အတွက် အခြားသော အော်ပရေတာများက စာတစ်စောင်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံသော်လည်း Telenor သည် စာတစ်စောင်အတွက် ကျသင့်ငွေကို  ၁၅ ကျပ်နှုန်း သတ်မှတ်ထားသည်ဟု သိရသည်။
Telenor ၏ မိုဘိုင်းဆင်းမ် ကတ်များကို မန္တလေးမြို့၌စတင် ရောင်းချရသည်မှာ ကွန်ရက်တည်ဆောက်ရာတွင် လျင်မြန်စွာပြီးစီးသည့် အတွက်ဖြစ်ပြီး  လက်ရှိအချိန်၌ မန္တလေးမြို့တွင် တာဝါတိုင်ပေါင်း ၇၀ ခန့်ကို တည်ဆောက်ပြီးစီး ခဲ့သည်ဟု Petter ကပြောသည်။
ထို့အပြင် ဆင်းမ်ကတ်ရောင်းချရာ၌ ID ကတ်တစ်ခုလျှင် ဆင်းမ်ကတ် ၃ ကတ်ရောင်းချရန် ညွှန်ကြားထားသည်ဟုလည်း ၎င်းကပြောသည်။ Telenor မှပြည်ပသို့ အပြန်အလှန် ခေါ်ဆိုနိုင်မည့် ၅ နိုင်ငံမှာ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် နိုင်ငံတို့ဖြစ်သည်။
-မြင့်ကျော်လှိုင်

MPT ဆင်းမ်ကတ် ၁၀ သိန်းကို အောက်တိုဘာလ၌ ဈေးကွက်အတွင်း ထပ်မံဖြန့်ချိမည်



ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်အတွင်းသို့ လာမည့်အောက်တိုဘာ လအတွင်း၌ ဆင်းမ်ကတ် အရေအတွက် ဆယ်သိန်းထပ်မံ ရောင်းချသွားမည် ဖြစ်ကြောင်း MPT မှသတင်းရရှိသည်။
ယခုလက်ရှိ အချိန်တွင် MPT ဆင်းမ်ကတ် အသစ်များသည် ဈေးကွက်အတွင်း၌ ၁၅ သိန်းရောက်ရှိနေပြီဖြစ်ပြီး သုံးစွဲသူအရေအတွက်မှာ ၇ သိန်းကျော်ရှိနေပြီ ဖြစ်သည်။ MPT ကုမ္ပဏီအနေဖြင့် ယခုလ ၁ ရက်နေ့မှစတင်၍ ၎င်းတို့၏ အမှတ်တံဆိပ်အသစ် ဆင်းမ်ကတ်များကို ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ စက်တင်ဘာ တစ်လလုံးတွင် သုံးစွဲသူပေါင်း ၇ သိန်းကျော်ရှိလာခြင်း ဖြစ်သည်။
၂၀၁၄ အောက်တိုဘာလတွင် MPT ဆင်းမ်ကတ်အရေအတွက် ဆယ်သိန်းကို ဈေးကွက်အတွင်း ထပ်မံချထားပေးချိန်တွင် မှောင်ခိုဈေးကွက်ကို ထိန်းချုပ်သွားမည်ဖြစ်ပြီး ကုမ္ပဏီ၏သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချသည့် အရောင်းဆိုင်များရှိပါက ဆင်းမ်ကတ်ခွဲတမ်း ချပေးခြင်းမှ ရပ်ဆိုင်းမည်ဖြစ်ကြောင်းလည်း အဆိုပါ ကုမ္ပဏီထံမှ သတင်းရရှိသည်။
ယခင်အစိုးရဌာန အဖြစ်မှပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ပုဂ္ဂလိကအဖြစ် လုပ်ကိုင်လာသည့် MPT ဆက်သွယ်ရေး ကုမ္ပဏီသည် ဈေးကွက်အတွင်း၌   အမှတ်တံဆိပ်အသစ် ဆင်းမ်ကတ်များကို ယခင်မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအမည်ဖြင့် လုပ်ကိုင်ခဲ့စဉ်က သတ်မှတ်ခဲ့သည့် နှုန်းထားများဖြင့်သာ ဆက်လက်ကောက်ခံမှု ပြုလုပ်လာခြင်းဖြစ်သည်။
အဆိုပါ နှုန်းထားများမှာ MPT ဖုန်းအချင်းချင်း သော်လည်းကောင်း၊ MPT မှ အခြားဖုန်းများသို့ ခေါ်ဆိုလျှင် သော်လည်းကောင်း တစ်မိနစ်လျှင် ၂၅ ကျပ်ဖြစ်ပြီး၊ တစ်မိနစ် ကျော်လွန်သွားပါက ၆ စက္ကန့်လျှင် တစ်မိနစ်နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်သည်။ မိုဘိုင်းဖုန်းအသုံးပြုမှု အနည်းပါးဆုံး အချိန်ဖြစ်သည့် ည ၁၁ နာရီမှ မနက် ၇ နာရီအချိန်ထိ ဖုန်းခေါ်ဆိုမှုများကိုမူ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ဆက်လက်ကောက်ခံ နေခြင်းဖြစ်သည်။ စာတိုပေးပို့ခ နှုန်းထားများသည်လည်း ယခင်အတိုင်းတစ်စောင်လျှင် ၂၅ ကျပ်ဖြစ်သည်။
ထို့အပြင် မိုဘိုင်းအင်တာနက် မြန်နှုန်းများသည် ယခင်အတိုင်း နှေးကွေးနေဆဲ ဖြစ်သော်လည်း GSM  ဖုန်းများအတွက် တစ်မိနစ်လျှင် ၂ ကျပ်နှင့် CDMA 800 MHz နှင့် WCDMA မိုဘိုင်းဖုန်းများအတွက် တစ်မိနစ်လျှင် ၄ ကျပ်ဖြင့်သာ ဆက်လက်ကောက်ခံနေပြီး အင်တာနက် အသုံးပြုရန်အတွက် ကနဦးတပ်ဆင်ခ ကျပ်တစ်သောင်းကို ပေးသွင်းရဦးမည်ဖြစ်ကြောင်း သိရသည်။
“ဒါပေမဲ့ အခုလို အခြေအနေအသစ်မှာ အရင်တိုင်းပဲဆိုတာ စိတ်ပျက်ဖို့အရမ်း ကောင်းပါတယ်" ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းအသုံးပြုသူ တစ်ဦးကဆိုသည်။
ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းထုတ်လုပ်ထားသည့် MPT အမှတ်တံဆိပ် ဆင်းမ်ကတ်များသည် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီများနှင့်အပြိုင် လုပ်ကိုင်လာခြင်း ဖြစ်သော်လည်း သုံးစွဲသူများအတွက် ဝန်ဆောင်ခနှုန်းထားများကို ပြင်ဆင်လျှော့ချပေးခြင်း မရှိသည့်အပြင် မိုဘိုင်းအင်တာနက် အမြန်နှုန်းများလည်း တိုးတက်ကောင်းမွန် လာခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းဖုန်း သုံးစွဲသူများထံမှ သိရသည်။
-ယုဇနကိုကို

Internet Journal

Mobile Phone ဖုန်းအကြောင်း သိသင့်သမျှ


ဒီတစ်ခါတော့Hardwareသမားတွအတွက်ဖုန်းအကြောင်းသိသင့်သိထိုက်တာလေးတွေပါ။..။
ဖုန်းအတွင်းပိုင်းနဲ့ ပက်သက်တဲ့ သိထားသင့်တဲ့ အစိတ်အပိုင်းတွေကို မိတ်ဆက်ပေးသွားမယ်။

Post ကရှည်လို့ မဖတ်နိုင်ရင်တောင် Downloadဆွဲပြီး ဖတ်လို့ ရအောင် PDF file နဲ့ပါတင်ပေးလိုက်ပါတယ်ခင်ဗျာ..။
အောက်က လင့်ခ်မှာဒေါင်းနိုင်ပါပြီ..။ဖိုင်ဆိုဒ်ကလည်းသေးသေးလေးပါ..



အဆင့် ၁ အောက်မှာ Download Here ဆိုတာကိုနှိပ်ကိုက်ပါ။
အဆင့် ၂ Adfly မှာ 5 seconds လောက်စောင့် ပေးပါ။
အဆင့် ၃ << SKIP AD>> ကို နှိပ်ပေးပါ။
အဆင့် ၄ Download link ကျလာပါလိမ့်မယ်။
အဆင့် ၅ ဖိုင့်လေးကိုဒေါင်းပေးလိုက်ပါ။
အဆင့် ၆ အဆင်ပြေပါသွားပြီး ခိခိ




 Download Here

ခု မိတ်ဆက်ပေးတဲ့ ဖုန်း နဲ့ စာဖတ်သူရဲ့ ဖုန်း တထပ်တည်း ကိုက်ညီမှာမဟုတ်ဘူး၊ ဒါပေမယ့် အခြေခံ အချက်တွေကို သဘောပေါက်ထားရင် အခြား ဖုန်းတွေရဲ့ အစိတ်အပိုင်းတွေ ခွဲထားပုံကိုလဲ နားလည်နိုင်တယ်၊ အောက်က ပုံကိုသေချာကြည့်ပါ အပိုင်းနှစ်ပိုင်းပါတယ်၊ Network Section နဲ့ Power Section တို့ပါ၊

Antenna Switch:
-----------------------
Antenna Switch (အာရုံခံတိုင် ၊ အင်္ဂလိပ်လိုခေါ်နိုင်ရင်အကောင်းဆုံးပဲ) Cell Phone Antenna Switch လို့ခေါ်ရင်တော့ ပိုသိသာသွားတာပေါ့၊ Antenna Switch ကို ဖုန်းရဲ့ Network Section မှာ ရှာတွေ့နိုင်တယ်၊ Antenna Switch ကို သတ္ထုနဲ့ ပြုလုပ်ထားတဲ့ အမျိုး အစားရှိသလို သတ္ထု မဟုတ်တဲ့
Antenna Switch တွေလဲရှိတယ်၊ GSM baseband သုံးတဲ့ ဖုန်းတွေမှာ အဖြူရောင် နဲ့ တွေ့ရတတ်ပီး
CDMA သုံးဖုန်းတွေမှာတော့ ရွှေသတ္ထုရောင်နဲ့တွေ့ရတယ်၊ သူ့ရဲ့ အလုပ်က Network ရှာဖွေဖို့နဲ့ ရလာတဲ့ Network ကို ချိန်ညှိပီး အခြား သက်ဆိုင်ရာ Procesor များကို ပေးပို့ပေးဖို့ ဖြစ်ပါတယ်၊

P.F.O
------------
PFO ကို Network Section ထဲက Antenna Switch နားမှာတွေ့နိုင်တယ်၊ PFO ကို P.A(Power Amplifier) လို့လဲခေါ်တယ်၊ သူ့ရဲ့ အလုပ်ကတော့ Antenna က ရှာဖွေလို့ရလာတဲ့ Network Frequency ကို စစ်ထုတ်ပေးတယ်၊ ချဲ့ပေးတယ်၊ ဖုန်းက သုံးတဲ့ Network ကို ရွေးချယ်ပေးတယ်၊ PFO အလုပ်လုပ်တာ မှားနေရင် (သို့) ပျက်နေရင် ဖုန်းမှာ Network ပြသနာတတ်မယ်၊ မရဖြစ်မယ်၊ PFO ပြသနာတတ်သွားရင် ဖုန်းပျက်သွားမယ်၊

RF IC / Hagar / Network IC
------------------------------------
RF IC / Hagar / Network IC ကတော့ ဖုန်းရဲ့ Network Section ထဲက PFO နားမှာတွေ့နိုင်တဲ့ Hardware component
ဖြစ်ပါတယ်၊ သူ့ကို RF signal processor လို့လဲခေါ်ပါတယ်၊ သူက CUP ရဲ့ ညွန်ကြားချက် အတိုင်း အသံလှိုင်းနဲ့ ရေဒီယို လှိုင်းတွေကို ထုတ်လွင့်ခြင်း လက်ခံခြင်းတွေကိုပြုလုပ်ပါတယ်၊ RF IC မကောင်းရင်
ဖုးန်ရဲ့ Network ပြသနာတတ်ပါပီ၊ တစ်ခါတစ်လေ ဖုန်း တစ်လုံးလုံးကို အလုပ်မလုပ်တော့ပါဘူး၊

Phone 26 MHz Crystal Oscillator
-----------------------------------------
MHz Crystal Oscillator ကိုတော့ Network Section ရဲ့ PFO နားမှာတွေ့နိုင်ပါတယ်၊ သူ့ကို Network Crystal လို့လဲခေါ်ပါတယ်၊ သတ္ထုနဲ့ ပြုလုပ်ထားတယ်၊ Network Crystal ကတော့ ဖုန်း အထွက် Call
ခေါ်တဲ့ အခါ frequency ကိုဖန်တီးပေးတယ်၊ အကယ်၍ Network Crystal မကောင်းရင် ဖုန်း အထွက် Call မရတော့ပါဘူး၊ ဖုန်းမှာလဲ Network ရှိတော့မှာ တွေ့တော့မှာမဟုတ်တော့ပါဘူး၊

VCO
--------------
VCO ကို ဖုန်းရဲ့ Network Section ထဲက Network IC နားမှာတွေ့နိုင်ပါတယ်၊ VCO ရဲ့ အဓီက အလုပ်ကတော့ အချိန်နဲ့ နေ့စွဲတွေကို RF IC နဲ့ CPU တို့ကိုပို့ပေးပါတယ်၊ VCO က CPU ရဲ့ ညွန်ကြားချက်ကို ရယူပီး frequency တွေကိုလဲ ဖန်တီးနိုင်ပါတယ်၊ VCO မကောင်းရင် ဖုန်း Network
ပျက်မှာဖြစ်ပီး "Call End" တို့ "Call Failed" တို့ကိုပြနေမှာပါ၊

RX Filter
--------------
RX Filter ကို ဖုန်းရဲ့ Network Section ထဲမှာတွေ့ပါတယ်၊ RX Filter ကတော့ ဖုန်း အ၀င် Call တွေလာတဲ့ အခါ မှာ ရရှိလာတဲ့ frequency တွေကို စစ်ထုတ်ပေးပါတယ်၊ အကယ်၍ RX Filter ပြသနာတက်ရင် ဖုန်း အ၀င် Call တွေမှာ Network ပြနာရှိလာပါမယ်၊

TX Filter
------------
TX Filter ကိုလဲ Network Section မှာတွေ့နိုင်ပါတယ်၊ ဖုန်း အထွက် Call တွေအတွက် Frequency တွေကို စစ်ထုတ်ပေးတယ်၊ သူမကောင်းရင် ဖုန်း အထွက် Call တွေမှာ ပြသနာတတ်မယ်၊

ROM
------------
ROM ကို ဖုန်း ရဲ့ Power Section ထဲမှာ တွေ့နိုင်ပါတယ်၊ ROM က ဖုန်းရဲ့ Operation System ကိုဝန်တင်ပေးပါတယ်၊ အကယ်၍ ROM မကောင်းရင် (သို့) ပြသနာ တက်ရင် ဖုန်း ဆော့ဝဲလ် ပြသနာတတ်မှာဖြစ်ပီး ဖုန်းရဲ့ Setting ချထားတဲ့ အစိတ်အပိုင်း တွေအားလုံး ပျက်စီးသွားမယ်၊

RAM
------------
RAM ကိုတော့ ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ RAM ရဲ့ အလုပ်ကတော့ ဖုန်းရဲ့ Operation System ကနေ ပေးပို့သမျှ ညွန်ကြားချက်တွေကို လက်ခံရယူအလုပ်လုပ်ခြင်းနဲ့ လိုအပ်တဲ့
ညွန်ကြားချက်တွေကို Operation System ကို ပေးပို့ခြင်းတွေကိုလုပ်ပါတယ်၊ RAM မကောင်းရင် software ပြသနာသနာ တတ်မှာဖြစ်ပီး ဖုန်းက မကြာခဏ ထစ်သွားတာ ထောက်သွားတာ တို့ ဘာမှမလုပ်တော့ပဲရပ်နေတာတို့ လဲ ဖြစ်တတ်ပီး ဖုန်း လုံးဝ ပျက်သွားတဲ့ အဆင့်အထိလဲဖြစ်နိုင်ပါတယ်၊

Flash IC
------------------
Flash IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်တယ်၊ Flash IC ကို EEPROM IC, Memory IC, RAM IC နဲ့ ROM IC စသဖြင့် ခေါ်ကြပါသေးတယ်၊ Flash IC ထဲမှာ ဖုန်း ဆော့ဝဲလ် တွေကို ထည့်သွင်းထားတယ်၊ အကယ်၍ Flash IC မကောင်းရင် ဖုန်း ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ပဲ လုံးဝကို
သုံးမရအောင်ပါဖြစ်သွားနိုင်ပါတယ်၊

Power IC
-------------
Power IC ကိုတော့ ဖုန်းတစ်လုံးရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ ဖုန်းရဲ့ Hardware ဖြစ်တဲ့ capacitor Components တွေကို Power IC ရဲ့ ပတ်ပတ်လည်မှာတွေ့နိုင်ပါတယ်၊ Power IC ရဲ့ အလုပ်က
battery ကနေ power ရယူပီး ဖုန်းရဲ့ အခြား အစိတ်အပိုင်းတွေအားလုံးကို ပို့ပေးတယ်၊ အကယ်၍ Power IC မကောင်းခဲ့ရင် ဖုန်းရဲ့ အခြား Components တွေကို အားမထောက်ပံ့နိုင်တော့တဲ့ အတွက် ဖုန်း
သုံးလို့ရတော့မှာ မဟုတ်တော့ဘူး၊

Charging IC
--------------------
Charging IC ကိုတော့ ဖုန်း Power Section ရဲ့ R22 နားမှာတွေ့နိုင်ပါတယ်၊ Cahrging IC ရဲ့ အလုပ်ကတော့ ဘယ်ထရီ အားသွင်း ကြိုးကနေ လျှပ်စစ်စီးကြောင်းကို ရယူပီးတော့ Battery ကိုအားသွင်းပေးပါတယ်၊ Charging IC မကောင်းရင် ဖုန်းအားသွင်း လို့ရတော့မှာ မဟုတ်ပါဘူး၊ အကယ်၍
Charging IC သာ short then the set will get dead.

RTC
------------

RTC (Simple Silicon Crystal) ကတော့ Real Time Clock ဖြစ်ပီး ဖုန်းရဲ့ Power Section ထဲမှာပါဝင်ပါတယ်၊ သူ့ကို Power IC နားမှာ က RTC ထဲမှာတွေ့နိုင်ပါတယ်၊ သူ့ကို သတ္ထုနဲ့ ကော သတ္ထု မဟုတ်တဲ့ ပစ္စည်းတွေနဲ့ ပါပြုလုပ်ထားတတ်တယ်၊ သူ့အလုပ်က ဖုန်းရဲ့ နေ့စွဲနဲ့ အချိန်တွေကို သတ်မှတ်ပီး
ရေတွက်နေဖို့ပါ၊ အကယ်၍ RTC ပြသနာတက်ရင် အချိန် နဲ့ ရက်စွဲ သတ်မှတ်ချက်တွေပါ အလုပ်လုပ်တော့မှာ မဟုတ်တော့ပါဘူး၊ ပြသနာ အသေးလေးပဲဖြစ်မှာ မဟုတ်ပဲနဲ့ ဖုန်း လုံးဝသုံးမရတဲ့အထိလဲ ဖြစ်သွားနိုင်ပါတယ်၊

CPU
-----------
CPU ကို Power Section ထဲမှာတွေ့နိုင်တယ်၊ သူ့ကို MAD IC လို့လဲခေါ်သလို RAP IC / UPP လို့လဲခေါ်တယ်၊ ဖုန်း ဘုတ် (PCB) ထဲမှာ ပါသမျှ IC ထဲမှာတော့ အကြီးဆုံး IC ဖြစ်သလို အခြား IC တွေနဲ့ သဏ္ဍန် ကွဲနေတယ်၊ သူ့အလုပ်က ဖုန်းထဲက အခြား အစိတ်အပိုင်းအားလုံးကိုထိန်းချုပ်ဖို့ပါ၊ CPU ပျက်ရင်
ဖုန်းတစ်လုံးလုံး အလုပ်လုံးဝ မလုပ်တော့ပါဘူး၊

Logic IC / UI IC
--------------------

Logic IC / UI IC ကိုတော့ ဖုန်းရဲ့ Network Section မှာကော Power Section မှာကော တွေ့နိုင်ပါတယ်၊ သူ့မှာ ပင်(pin) အခု နှစ်ဆယ်ပါရှိပါတယ်၊ သူ့ကို UI IC လို့ခေါ်သလို Interface IC လို့လဲခေါ်ပါတယ်၊ အလုပ်ကတော့ ဖုန်းသံတို့ ၊ ဖုန်းတုန်ခါမှူတို့၊ LED မီးလုံးတို့ကို ထိန်းချုပ်တဲ့အလုပ်ပါ၊
အကယ်၍ Logic IC/UI IC အလုပ်မလုပ်ရင်တော့ ဖုန်းသံတို့ တုန်ခါမှူတို့ LED နဲ့ ပက်သက်တဲ့ မီးတို့ ကင်မရာတို့အလုပ်လုပ်မှာ မဟုတ်ပါဘူး၊

Audio IC
--------------

Audio IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ သူ့ကို Cobba IC လို့လဲခေါ်သလို Melody IC လို့လဲခေါ်သေးပါတယ်၊ Audio IC ရဲ့ အလုပ်ကတော့ ဖုန်း Speaker နဲ့ Microphone တို့ကိုထိန်းချုပ်ခြင်းပါပဲ၊ Audio IC အလုပ်မလုပ်ရင် Speaker နဲ့ Microphone တို့ အလုပ်လုပ်တော့မှာ
မဟုတ်တော့ဘူး၊ ဖုန်းလဲ လုံးဝ ပျက်သွားမယ်၊
ဝင်းလှိုင်(နည်းပညာ)

How To Fix ttKeyboard Error

iOS 8 အတွက် third-party မြန်မာကီးဘုတ် "ttKeyboard" ထွက်လာပြီးတဲ့နောက်မှာ မြန်မာစာတွေကို Jailbreak လုပ်စရာ မလိုတော့ပဲ အလွယ်တစ်ကူ ရေးသားနိုင်ပါပြီ..

"ttKeyboard" နဲ့ အစစအရာရာ အဆင်ပြေသူများ ရှိသကဲ့သို့ အဆင်မပြေဖြစ်နေကြသေးတဲ့ သူအချို့လည်း ရှိနေပါသေးတယ်။ အခုရက်ပိုင်းအတွင်း အများဆုံး ဖြေရှင်းပေးနေရသော ပြဿနာမှာ "ttKeyboard" ကို သွင်းယူလိုက်ပြီးနောက် Keyboard မတက်ပဲ 'Blank' သာ ဖြစ်နေပြီး ဘာမှ ရိုက်လို့မရတဲ့ပြဿနာ ဖြစ်ပါတယ်..

ဒါကြောင့်မို့ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းပေးခဲ့ပြီး အဆင်ပြေသွားစေတဲ့ နည်းလမ်းလေးကို ဖော်ပြလိုက်ပါတယ်..

နည်းလမ်းကတော့ ရိုးရှင်းပါတယ် ဒါပေမယ့် သတိထားရမှာလေးတွေကို အရင်ပြောပါမယ်...
  • လက်တစ်လော မိမိ Device နဲ့ ရိုက်ယူထားတဲ့ ဓါတ်ပုံလေးတွေရှိရင် iCloud နဲ့ BackUp လုပ်ပါ (သို့) Computer နဲ့ ချိပ်ဆက်ပြီး "DCIM" folder တစ်ခုလုံးကို copy ကူးယူထားပါ။
  • Mail, Contects အစရှိသည်တို့ကို iCloud နဲ့ BackUp လုပ်ပါ။
  • မိမိ Device Activation အတွက် Apple ID နဲ့ Password ကို မှတ်သား သိရှိထားပြီး ဖြစ်ရပါမယ်။
  • Wi-Fi connection (သို့) iTunes နဲ့ ချိပ်ဆက်ရန် Internet connection ရှိနေရပါမယ်။


**လုပ်ငန်းစဉ်**

အထက်ပါ အချက်အလက်များ အားလုံးပြီးပြည့်စုံပြီ ဆိုပါက...

Settings -> General -> Reset -> Erase All Content & Setting ကို နှိပ်ပြီး Reset ချလိုက်ပါ။


Apple Reset ချပြီးနောက် Activate လုပ်ပါ။ အားလုံးပုံမှန် ဖြစ်သွားပြီးနောက်တွင်

၁) မြန်မာစာဖောင့်ကို MyFont install လုပ်ပြီး သွင်းပါ။

၂) မြန်မာစာကီးဘုတ် ttKeyboard install လုပ်ပြီး သွင်းပါ။

>> How To Install Third-Party Keyboard

"ttKeyboard" ပြဿနာကို ဖြေရှင်းနိုင်သွားပါပြီ..





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....  
ref: http://www.moethagyarr.info/
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++

♪ အင်တာနက်ကို အချိန်သက်မှတ်ပြီး အလိုလျှောက်ပိတ်ပေးမယ့် - AutoData v2.04 APK ♫


Cover art
အခုတင်ပေးလိုက်တဲ့ Application လေးကိုတော့ ဖုန်းနဲ့အင်တာနက်အသုံးပြုသူများ ဆောင်ထားစေချင်ပါ တယ်ဗျာ။ အင်တာနက်သုံးပြီး ပြန်မပိတ်မိခဲ့ရင် အခု Application လေးက အလိုလျှောက်ပိတ်ပေးမှာဖြစ်ပါ တယ်ဗျာ။ ဖိုင်ဆိုဒ်ကလည်း 1MB သာရှိတာမို့အလွယ်တကူဒေါင်းယူထားနိုင်ပါတယ်။

စမတ်ဖုန်း အသုံးပြုသူများ အနေနဲ့ Mobile Data ကို မပိတ်မိဘဲ အိပ်ပျော်သွားကြတဲ့ အဖြစ်တွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ အဲဒီ ပြသာနာကို ဖြေရှင်းပေးနိုင်တာက AutoData ဆိုတဲ့ Android App ဖြစ်ပါတယ်။ AutoData က ဖုန်းရဲ့ Screen ပိတ်သွားပြီးနောက် တစ်မိနစ်၊ နှစ်မိနစ် ဒါမှမဟုတ် သင်သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် Mobile Data ကို အလိုလို ပိတ်ပေးမှာပါ။

AutoData ကိုဖွင့်ပြီးရင် Status အောက်မှာ On ဆိုတာကိုတွေ့ရမှာပါ။ ဒါက AutoData အလုပ်လုပ်နေပြီ ဆိုတာ ပြသတာပါ။ App က Status အောက်မှာ ရှင်းပြထားတာက Screen ပိတ်လိုက်ပြီးနောက် ဆယ်မိနစ်ကြာရင် Mobile Data ကို အလိုလို ပိတ်ပေးမှာပါ။ Whatsapp, Facebook တို့မှ Notification များကို ရရှိဖို့ ၁၅ မိနစ်ကြာတိုင်း ၁ မိနစ် Mobile Data ကို ပြန်ဖွင့်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်တွေကို Settings ထဲမှာ သင့်စိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်။


Settings ကိုနှိပ်ပါ။ Wait မှာ Screen ပိတ်ပြီးနောက် အချိန်ဘယ်လောက်ကြာရင် Mobile Data ကို ပိတ်မလဲ သတ်မှတ်ပါ။ Repete every မှာ အခြား Apps များမှ Notification များရရှိဖို့ Mobile Data ကို အချိန် ဘယ်လောက်ကြာတိုင်း ပြန်ဖွင့်မလဲဆိုတာ သတ်မှတ်ပါ။ ပြီးရင် Set ကိုနှိပ်ပြီး Close ကိုနှိပ်ပါ။


AutoData ကို အသုံးမပြုချင်ရင် App ရဲ့ Home Screen မှာ Off လုပ်ပေးပါ။


AutoData ဟာ Mobile Data ပိတ်ဖို့ မေ့တတ်သူများကို ကူညီပေးနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ AutoData ကို Android 4.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

AutoData - screenshot     AutoData - screenshot

AutoData - screenshot     AutoData - screenshot

AutoData - screenshot     AutoData - screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Monday, September 29, 2014

Valentine Day အတွက် Love မြန်မာ Keyboard
















Androd OS Run ထားတဲ့သူများ အနေဖြင့်မိမိတို့ ရဲ့ ဖုန်းက မြန်မာဖာင့်သူထားတာဆိုရင် ချစ်သူများနေ့
ကိုယ့်ချစ်သူနှင့် အားလုံးဆင်တူဖြစ်ဖို့ ဒီKeyboard လေးကလဲ အဆင်ပြေဆေမှာပါ ကိုယ့်ချစ်သူကို ပေးဖို့ အတွက် ဒေါင်းထားနော် ဖိုင်ဆိုဒ်ကလည်း 500KB ပဲရှိတယ်






http://d-h.st/YQV



Thihahtike

09-73151297

Welcome From My Blog


(မိမိတို့ရဲ့ ဖုန်းEarror လေးများ အား 09-73151297 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျာ) * No Hardmaster*


ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

♪ မိုဘိုင်းဖုန်း ပြုပြင်ခြင်း ဆိုင်ရာ နည်းပညာရပ်များအတွက် အသင့်တော် ဆုံး သင်တန်း ♫


Mobile ပညာရပ်ကိုလေ့လာလိုက်စားချင်သူများ စိတ်ပါဝင်စားသူများ အနေနဲ့ ဒီစာလေးကို 3မိနစ်ခန့် အချိန်ပေးပြီးဖတ်စေချင်ပါတယ်ဗျာ။ 3မိနစ်လောက်နဲ့ အများကြီးအကျိုးရှိစေမယ့် Post လေးတစ်ခုဖြစ်မယ် ဆိုတာ အာမခံပါတယ်ဗျာ။


အချိန်ကားးး ညနေ လေးနာရီ ….. တနင်္ဂနွေနေ့မို့ ပြောင်ကြီး တစ်ယောက် ဆိုင် ကလည်း ပိတ်တော့ အေးအေးဆေးဆေး ဖြစ်နေသည် ။
ဒီအချိန်ဆို ဘော်ဒါတွေ ဘောလုံးကွင်းမှာ ရှိလောက်သည် ဟု စဉ်းစားပြီး ဘောလုံးကွင်းဘက် ထွက်လာသည် ။ ထူးထူးဆန်းဆန်း တစ်ကောင်မှ မတွေ့ရ ….. ။
အဲ့ဒါနဲ့ လက်ဖက်ရည်ဆိုင်ဖက် ထပ်ပြီး ထွက်လာခဲ့သည် …. ။
လက်ဖက်ရည်ဆိုင်တွင်လည်း တစ်ယောက်မှ မရှိ … ။ မထူးတော့ဟု စဉ်းစားပြီး တစ်ယောက်တည်းပဲ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေလိုက်တော့သည် …. ။
“ညီလေး ရေ .. ပုံမှန် တစ်ခွက် ဟေ့ ” ဟု မှာပြီး ခုံပေါ်မှ တွေ့သော နည်းပညာ ဂျာနယ် တစ်ခု ကောက်ဖတ် နေလိုက်သည် …. ။
ပထမဆုံး စာမျက်နှာ လှန်လိုက်တည်းက တွေ့လိုက်ရတဲ့ .. မိုဘိုင်းဖုန်း ပြုပြင်ခြင်း သင်တန်းကျောင်း တွေရဲ့ ကြော်ငြာတွေကို စိတ်ဝင်တစ်စား ဖတ်ရှုနေရင်းးးး ……
“ဟိတ်ကောင် … ပြောင်ကြီးးး ” ဟု ခေါ်သံကြောင့် ….. ဆတ်ခနဲ လှည့်ကြည့်မိတော့ ……
“ဟာ ….. ဖက်တီးးး သားကြီးးးး မတွေ့တာတောင် ကြာပြီ ….. လာ … ထိုင်ကွာ …. ” 
“ပုံမှန် နောက် တစ်ခွက်လောက် ဟေ့ ….. ”
“အေးး ဟုတ်ပကွာ … ငါတို့ မတွေ့တာတောင် တော်တော်ကြာသွားပြီ …… ဒီကြားထဲ မင်းဘာတွေ လုပ်နေလဲ ပြောင်ကြီးရ ….. ”
“အေး ငါလည်း ဒီလိုပါပဲ ကွာ .. ဟိုလုပ်လိုက် ဒီလုပ်လိုက်နဲ့ လောလောဆယ် တော့ ဆိုင်ခန်း လေး တစ်ခန်း ဌားထားပြီး ဖုန်း Service ဆိုင် လေး ဖွင့်ထားတယ်ကွ …. ။ Software , Hardware အားလုံး ပြုပြင်တယ် ဆိုပါတော့ကွာ ….. ”
“ဟ .. ကောင်းလှချည်လားကွ …..ဟန်ကျတာကွာ .. လုပ်စမ်းပါဦးးး .. ငါ့ဖုန်းလေး တစ်ချက် ကြည့်ပေးစမ်းပါ …. ငါ အင်တာနက်ကနေ ဘာပဲ ဒေါင်းလုပ်ဆွဲဆွဲ ဆွဲ မရတော့ဘူး ဟ… ။ ဓာတ်ပုံ လည်း ရိုက်လို့ မရတော့ဘူး Not Enough Space လို့ပဲ ပြနေတယ် …… 
“မင်း ကတော့ ဖလာကြိတ်ပြီ ….. အေး ဒီဝိုင်း မင်းရှင်းလိုက်ကွာ …. အဲ့ဒါဆိုရင်တော့ လုပ်ပေးမယ် …. ”
“ဒီလူနဲ့ ဒီလူ ပြောစရာ လား ကွာ …. အေးပါ ရှင်းပေးမယ် … ရော့ ဒီမှာ င့ါဖုန်းးး ….. ”
“အေးး မင်းဖုန်းထဲမှာ ဘာတွေ အရေးကြီးတာတွေ ရှိလဲကွ … အတတ်နိုင်ဆုံးတော့ မလိုတာတွေ အကုန် ဖျက်ပစ်တာ ကောင်းတယ် … ။ ပြီးတော့ မင်းဖုန်းထဲမှာ သတင်းစုံ Application တွေလည်း  အရမ်း များနေတယ် …. အသုံးမ၀င်တဲ့ ဟာတွေ ဖျက်လိုက်မယ် ကွာ ….. ”  ဟု ပြောဆိုပြီးးး ….
ခဏ အကြာ …..
“ရော့ … ဖက်တီးးး မင်းဖုန်း ရပြီ …. ။ သုံးကြည့်ဦးးး ….. ”
…...............................................
“အေးး ဟုတ်တယ် … ရသွားပြီ ပြောင်ကြီးရေ …. ကျေးဇူးကွာ ….ဒါနဲ့ တစ်လက်စတည်းး 
“ဟိတ်ကောင် .. နေတော့ .. မင်း က နည်းနည်းတော့ များသွားပြီ … တစ်လက် မစတည်းနဲ့တော့ .. ငါ လစ်တော့မယ် …. ”
“လုပ်ပါ ပြောင်ကြီးရာ ..မင်းက ချစ်ဖို့ကောင်းပါတယ်ကွာ ….. ။ တစ်ခုပဲ ကျန်တော့တာပါ … ။ ငါ့ဖုန်း က message မြန်မာလို ပို့ရင် ဟိုဘက်မှာ အတုံးတုံး တွေပဲ သွားပေါ်တယ် …. ဆိုင်တွေလည်း မသွားချင်တာနဲ့ .. လုပ်ပေးပါဦးကွာ.. အဲ့ဒါလေးးး ”
“ဟက်  ဟက် .. သားလေးးး ရေတောင် ၀ယ်သောက်နေရတဲ့ ခေတ်ကြီးမှာ ဘာမှ အလကား မရဘူး သိလားးး လခွီးပဲ … ဖုန်း ပေးးး ”
ဂွက် … ဂွက် …. ဂွက် …. သုံးလေးချက်လောက် ကောက်နှိပ်လိုက်သည် ….
“ရော့ … ရပြီ ….”
“ဟေ … မြန်လှချည်လား ကွ .. မင်းဟာ ဟုတ်ရော ဟုတ်ရဲ့လားးးး ပေး ကြည့်မယ် ……. 
“အေးး တော်ချက်ကွာ ….. တယ်ဟုတ်ပါလား ဟ … မင်းတောင် ဖုန်းနဲ့ ပတ်သတ်ပြီး တော်တော် ရနေပြီပဲ ….”
“အေး အဲ့ဒါဆို ငါ တစ်ခုလောက် မေးဦးမယ်ကွာ …  ငါလည်း ဖုန်းနဲ့ ပတ်သတ်ပြီး သင်တန်း တက်ချင်တယ် ..အဲ့ဒါ … ဘယ်သင်တန်း တွေ ကောင်းလဲ … တစ်ချက် မင်း ပြောပေးဦးးး ”
“အေး လောလောဆယ်တော့ ရန်ကုန်မှာ မိုဘိုင်းဖုန်း ပြုပြင်နည်း သင်တန်းတွေ က အများကြီး ဟ …. ဒါပေမဲ့ ငါတက်တဲ့ သင်တန်း က တော့ အဆင်ပြေတယ် …. Service ဆိုင်လည်း တွဲဖွင့် ထားတာ ဆိုတော့ … Customer တွေ လာတာနဲ့ ချက်ခြင်း ဖုန်း အနိမ့်တွေရော အမြင့်တွေရော တန်းပြီး ကိုယ်တိုင် ပြင်ရတာကွ … 
“တယ်ဟုတ်ပါလားကွ … ဆက်စမ်းပါဦးးး ”
“င့ါသင်တန်းမှာ Software , Hardware တစ်မျိုးစီကို နှစ်သိန်းနဲ့ နှစ်မျိုးပေါင်း လေးသိန်း ယူတယ် ကွ …. Discount တွေ ဘာတွေ မရှိဘူးးး ။ နယ်က တက်မဲ့ သူတွေ အတွက်ကတော့ နှစ်မျိုးလုံး တက်မယ် ဆိုရင် အဆောင် အခမဲ့ စီစဉ်ပေးတယ် …. တစ်မျိုးထဲ တက်ပြီး နေစရာ အဆင်မပြေလို့ အဆောင်နေမယ် ဆိုတဲ့ သူတွေ အတွက်လည်း အဆောင်လခ နှစ်သောင်း နဲ့ စီစဉ်ပေးတယ် ကွ … ”
“ရန်ကုန် က လူတွေ ကတော့ အဆောင် မလိုပါဘူး ကွာ … အဲ .. ဒါပေမဲ့ .. အဆောင် မယူလို့ ဆိုပြီး သင်တန်းကြေး တော့ မလျှော့ဘူး ကွ …. ငါတောင် ငါ့ဆရာ ကို ပြောလိုက်သေးတယ် …. ”
“တကယ် တတ်မယ် ဆိုရင် သင်တန်းကြေး က အရေးမကြီးပါဘူး ကွာ… ထားတော့ … ကဲ …  ကျန်တဲ့ သင်တန်း သင်တဲ့ အပိုင်းကို ဆက်ကွာ …. ”
“အဓိက ကတော့ .. Software ပိုင်းမှာ ဆိုလည်း Samsung , Sony , HTC , Hawei စတဲ့ ဖုန်း တွေ အပြင် ခု နောက်ဆုံး ထွက် ရေပန်း စားနေတဲ့ Coolpad တို့ ၊ Lenovo တို့ စတာ တွေကိုလည်း Firmware ရေးတာ ၊ မြန်မာဖောင့် ထည့်တာတွေ က အစ သင်ပေးတယ်ကွ …. ပြီးတော့ တန်ဖိုးနည်း China Clone လေးတွေ ၊ Tablet လေးတွေ ကိုလည်း Firmware ရေးတာတွေ အကုန် သင်တယ် …. ”
“Pattern , Password Lock ဖြည်တာတွေ ၊ ADB Command သုံးပြီး User Data တွေ မပျက်ပဲ Lock ဖြည်တာတွေ အပြင်ကို Facebook Account ဖွင့်တာတို့ , Lock ဖြည်တာတို့ နဲ့ တစ်ခြား Computer နဲ့ ပတ်သတ်တဲ့ ဗဟုသုတ တွေ အကုန်လုံးကိုလည်း ထည့်ပြီး သင်ပေးတယ် ကွ …. ”
“အဓိက ကတော့ Software ပိုင်းနဲ့ ပတ်သတ်ပြီး $$ ရနိုင်မဲ့ နည်းစနစ်တွေ အကုန် သင်တယ် ဆိုပါတော့ကွာ ”
“ပြီးတော့ . တစ်ခြား သင်တန်းတွေနဲ့ မတူပဲ တစ်ချက် ကောင်းတာက …. ငါတို့ကို ပေးတဲ့ Data တွေ အရမ်း ကောင်းတယ်ကွာ…. လုံးဝ မိုက်တယ် …. ။ Harddisk ထဲမှာ Data တွေက လုံးဝ ကို စီစီရီရီနဲ့ သပ်သပ်ရပ်ရပ်ပဲ ….. ဖုန်း မော်ဒယ် တစ်ခု စီ တိုင်း အတွက် Folder တစ်ခု စီ … အဲ့ Folder အောက်မှာ မှ ငါတို့ offical firmware လား ၊ custom firmware လား ၊ root လား ဆိုပြီး နောက်ထပ် folder လေးတွေလည်း ထပ်ထပ် ခွဲပြီး ထည့်ထားပေးသေးတယ် ….. ”
“ဒါတင် ပဲလား ဆိုတော့ မဟုတ်သေးဘူးးး ….။ ဖုန်းတစ်လုံးနဲ့ တစ်လုံး လုပ်ပုံ ကိုင်ပုံမှ မတူတာကွာ … အဲ့လို လုပ်ပုံ လုပ်နည်း နည်းနည်း ထူးခြားတဲ့ ဖုန်း တွေ အတွက်လည်းးး folder တွေ ထဲမှာ Word file တွေ ၊ Text file တွေနဲ့ တစ်ခု ချင်းစီ အတွက် လုပ်ပုံ လုပ်နည်းတွေကိုလည်း အစီ အစဉ် တကျ ရေးမှတ် ပေးထားသေးတယ်ကွ …… ”
“အဲ့ဒါမှ လုပ်လို့ မရသေးဘူး ဆိုလည်း ဆရာ့ဆီသာ ချက်ခြင်း ဖုန်း လှမ်း ဆက်လိုက် … ဆရာက ဖုန်း ထဲကနေ … ဟို folder ထဲက … ဟို file လေး ထဲကို ၀င် …. ဟို ဟာလေး ကို ဖွင့် ဆိုပြီး သူပေးထားတဲ့ data တွေ အတိုင်း တစ်ဆင့်ချင်းစီ ပြောပြပေးလိုက်တာနဲ့ မင်း ချက်ခြင်း လုပ်လို့ရအောင်လည်း စီစဉ်ထားပေးသေးတယ် …. ”
“ငါဆို ခု မရတာနဲ့ ချက်ခြင်း င့ါဆရာဆီ ဖုန်း လှမ်းဆက်ပီး မေးတော့တာပဲ ….. ”
“အဲ့ဒါက Software ပိုင်းပေါ့ကွာ ….. ”
“Hardware ပိုင်းကိုလည်း ဆက်ပြောပြဦးမယ် …. ”
“Hardware ပိုင်းမှာ အဓိက က လက်တွေ့လေကွာ …. အဲ့ဒါ အတွက်လည်း သင်တန်း က Special ပံ့ပိုးပေးထားတယ်ကွ ….Customer တစ်ယောက်က Touch ကွဲ ၊ မှန်ကွဲ ၊ power ပျောက် လာပြီ ဆိုတာနဲ့ … ဆရာက … ဟိတ်ကောင်တွေ ..လာ ဒီမှာကြည့် .. ဆိုပြီး တစ်ဆင့်ချင်းစီ ရှင်းပြပြီး လက်တွေ့ ကိုယ်တိုင် ကိုယ်ကျ လုပ်ရတာကွာ …. အားရဖို့ကောင်းတယ် …. 
“နောက် ..မင်းတို့ ရဲ့ လုပ်ပုံကိုင်ပုံတွေ ကို ကြည့်ပြီး ဆရာ က နောက်ပိုင်း မင်းတို့ အကုန်လုံး စီ ကို တစ်ယောက် ဖုန်း တစ်လုံး စီ နဲ့ တာဝန်တွေ ခွဲပြီး ပေးတယ် …. ။ နောက်ဆုံး ကွ … ငါတို့ ပြင်မဲ့ ဖုန်းအတွက် လိုအပ်တဲ့ Touch , LCD က အစ ငါတို့ ကိုယ်တိုင် သွားပြီး ၀ယ်ရတယ်ကွာ …. ။ အဲ့ဒါမျိုး ဘယ်သင်တန်းမှာမှ မရှိသေးဘူး ။ အဲ့တော့ ငါတို့ ဘာရလဲ ဆိုတော့ .. သင်တန်း တက်နေရင်းနဲ့ပဲ .. အပြင်အတွေ့အကြုံတွေ အများကြီး ရတယ် … ။ ”
“ပြီးတော့ တစ်ခါတည်း ဖုန်း လာအပ်တဲ့ Customer တွေရဲ့ Complain တွေကိုလည်း ကိုယ်တိုင် ရှင်းပြရသေးတယ်ကွာ …. သင်တန်း တက်တာနဲ့တောင် မတူဘူးးး … ။ ငါတို့ အကုန်လုံး Service ဆိုင် တစ်ဆိုင်မှာ အလုပ် လုပ်နေကြသလိုပဲ … ကွ …. ”
“ညွှန်းလှချည်းလားဟေ့ ….. မင်းသင်တန်း က Percentage တွေ ဘာတွေများ ပေးလားကွ …. ”
“ဟ ဟ … ဘာမှ မရပါဘူး ကွာ … ငါတက်ခဲ့တဲ့ သင်တန်းလေး ဘယ်လောက် အဆင်ပြေတယ် ဆိုတာပဲ မင်းကို ပြောပြရုံပါ …. ”
“အေးပါကွာ … ဒါနဲ့ တစ်ခြား ဘယ်လို Service တွေ ကျန်သေးလဲ ပြောပြပါဦး ကွ … ”
“အေးးး အဓိက က စည်းစည်းလုံးလုံး ရှိတယ်ကွ …. ဆရာတွေနဲ့ တပည့်တွေ အကုန်လုံးးး စာသင်နေရတာနဲ့တောင် မတူဘူးး … ။ တစ်ယောက်နဲ့ တစ်ယောက် ကိုသိတာတွေ နဲ့ သူသိတာတွေ ဆွေးနွေးနေတဲ့ အတိုင်းပဲ … ။ ဆရာတွေ အကုန်လုံးကလည်း အရမ်း ဖော်ရွေတယ် …. ။ ဆရာတွေ ဆိုတာထက် ငါတို့ သင်တန်းသားတွေ အကုန်လုံးနဲ့ ညီအစ်ကို လို ၊ သူငယ်ချင်း လိုကို ဖြစ်နေကြတာ …”
“ညွှန်းတယ်ဟေ့ …. ညွှန်းတယ် ဟ ….. ချက်ခြင်းတောင် သွားတက် ချင်စိတ်ပေါက်လာပြီ ညွန်းချက်က …. ”
“ဟ .. ညွှန်းတာ မဟုတ်ဘူး ဟ .. တကယ် ငါ တက်ခဲ့တာ … အေးပါ … မင်း သွားတက်ကြည့်ပြီးမှ ပြော … ဟုတ်ပြီလားးး ”
“အေး အဲ့ဒါဆို သင်တန်း အချိန်တွေ ပြောဦး ၊ ပြီးတော့ ဘယ်တော့ ဖွင့်မှာ လဲ ဆိုတာလည်း ပြောဦး ”
“ခု လောလောဆယ် နောက်လ ဆယ်လပိုင်း ၂ ရက်နေ့ ကို တန်းခွဲ အသစ် အပတ်စဉ် (၃) ဖွင့်ဖို့ ရှိတယ်ကွ … ။ ဒီအချိန် အပ်မယ် ဆိုရင် မင်း မှီသေးတယ် … ။ ငါလိုက် အပ်ပေးမယ် …. ”
“အချိန်တွေက … …. ”
“Software ပိုင်း ဆို ”
မနက် ၉ နာရီ ~ နေ့လည် ၁၁ နာရီ
နေ့လည် ၁၂ နာရီ ~ နေ့လည် ၂ နာရီ
ညနေ ၃ နာရီ ~ ညနေ ၅ နာရီ
ထိ တစ်နေ့ ၂ နာရီနဲ့ သုံးချိန် ရှိတယ် …။
“Hardware  ပိုင်းတွေ က ”
မနက် ၁၀ နာရီ ~ နေ့လည် ၂ နာရီ
ညနေ ၃ နာရီ ~ ည ၇ နာရီ
ထိ တစ်နေ့ ၄ နာရီနဲ့ နှစ်ချိန် ရှိတယ် ….. ။ တော်တော်များများ Software , Hardware တစ်ခါတည်း တက်ကြတာများတယ်ကွ ….. ။
“သင်တန်း ကာလ ကရော … ”
“တစ်လ ခွဲ ကြာတယ် ကွ …. ။ ဒါပေမဲ့ .. မင်းတို့ကို ကွန်ပျူတာ အခြေခံ သင်မှာနဲ့ တစ်ခြား ဗဟုသုတတွေ သင်မှာနဲ့ ဆိုတော့ .. နှစ်လ လောက်ပဲ ဆိုပါတော့ကွာ …. ”
“ကြိုက်ပြီ ကွာ … ငါ့ကို လိုက်အပ် ပေးစမ်းပါ …. ။ ငါ သွားတက်တော့မယ် …. ”
“အေး အဲ့ဒါဆို တစ်မျိုးစီ အတွက် စရံ ငါးသောင်းစီနဲ့ တစ်သိန်း ယူခဲ့ … မနက်ဖြန် သွားကြမယ် … ဒီနေ့ည ငါဆရာ့ဆီ ဖုန်း ဆက်ထားလိုက်မယ် …. ”
“အေးး အေးးပြောင်ကြီးး ကျေးဇူး ကွာ …ငါလည်း သင်တန်း ပြီးရင် မင်း လို ဆိုင်လေး တစ်ဆိုင် ဖွင့်နိုင်အောင် လုပ်လိုက်ဦးမယ် …… ”
“အေးပါ ဖက်တီးရာ .. ဒီကြားထဲ လိုတာ ရှိရင် ပြော… ငါ အကုန် ကူညီပေးမယ် … ”
“အေးး ပြောင်ကြီးး ကျေးဇူးကွာ … ငါ လစ်တော့မယ် ….. ”
“အေးးး အေး ဖက်တီးး နက်ဖြန် လာခဲ့လိုက် … အဲ့ဒါဆိုလည်းးးး …. ”
အဲ့လိုနဲ့ ဖက်တီးး ထ ထွက်သွားသည် … ။ ခဏနေတော့မှ …
“ဟိတ်ကောင် … ဖက်တီးး ဖက်တီးး … လဒ … မအေပေးး ….. လခွီးကောင် … လက်ဖက်ရည်ဖိုး ရှင်းရမှာ ရှင်းမသွားဘူးးးး ”
“!@#$$%$###$%^%$##@@$$$$#@”
 
 
The Last Mobile
Service & Training Centre
တိုက်(၁) ၊ အခန်း (၀၀၃) ၊ ပါရမီအိမ်ရာ ၊ (၁၆)ရပ်ကွက် ၊ ရန်ကုန် - အင်းစိန် လမ်းမကြီး နှင့် ပါရမီလမ်းထောင့် ၊ (ပါရမီ မီးပွိုင့်အနီး ) ၊ လှိုင်မြို့နယ် ၊ ရန်ကုန် ။
Tel : 09-33-80-5581 , 09-33-80-5591

♪ Phone Call အတုတွေဖန်တီးပေးနိုင်မယ့် - Fake Call & SMS & Call Logs PRO v4.2 APK (22-Aug) ♫

Cover art
ဒီတစ်ခေါက်တော့ Android User များတွက် ထူးထူးခြားခြား အလန်းဇယား Application လေးတင်ပေးလိုက်ပါ တယ်ဗျာ။ လူကြားသူကြားမှာ အရေးကြုံရင် ဖောတက်ဖိန့်တက်တဲ့ ဘော်ဒါတွေအတွက်ဆိုပိုမှန်ပါလိမ့်မယ်။ ဟဲဟဲဟဲ ..... နောက်တာပါ။ Fake Call & SMS & Call Logs လေးပါ ဘာလည်းဆိုတော့ Incoming Call တွေ Message တွေကိုအတုယောင်ဖန်တီးပြီး မိမိဆီ ၀င်လာအောင်လုပ်လို့ရပါတယ်။ ကျွန်တော်ကတော့အရမ်း အဆင်ပြေတယ်ဗျာ။ ကျွန်တော်နမူနာသုံးတဲ့ပုံစံလေးကို အဟာသလေးပြောပြမယ်နော်။ ကျွန်တော့် ဘော် ဒါတွေနဲ့ဘိလိယက်ထိုးလို့ ပြန်ချင်ပြီဆိုရင် အမေကဖုန်းခေါ်တဲ့ပုံစံမျိုးလုပ်ပြီး ဖုန်းဝင်လာတာနဲ့ " ဟုတ်ကဲ့ သားအခုပြန်လာတော့မယ် အမေ ရောက်တော့မယ် ခဏနေရောက်တော့မယ်နဲ့ " ဘော်ဒါတွေကြားထဲ မှာဖောပြီးထွက်ထွက်ပြေးနေကြပါဗျာ။ ဟားဟားဟား ဒီလောက်ဆိုရင် ဘယ်လိုပုံစံမျိုးတွေနဲ့ ကိုယ်တိုင်ဖန် တီးပြီး ဖောလို့ရသလည်းဆိုတာသိလောက်မှာပါ။ အိုဘားမား တို့ ဦးသိန်းစိန်တို့ကိုလည်း မိမိဖုန်းကို ခေါ် ခိုင်းလို့ရတယ်နော်။  Income Call မှာလည်း အသံတွေ Call ၀င်မယ့်အချိန်တွေ ကိုသတ်မှတ်ဖန်တီးယူနိုင် ပါတယ်ဗျာ။ အောက်မှာပုံနဲ့ပြထားပါတယ်။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



Fake Call & SMS & Call Logs - screenshot thumbnail     Fake Call & SMS & Call Logs - screenshot thumbnail

  Fake Call & SMS & Call Logs - screenshot thumbnail     Fake Call & SMS & Call Logs - screenshot


Fake Call & SMS & Call Logs - screenshot      Fake Call & SMS & Call Logs - screenshot

Fake Call & SMS & Call Logs - screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download
You might also like:

Hide It Pro < Audio Manager >.apk (Apk/Pic/Video...စတာတွေကို screen ပေါ်မှဖြောက်ထားပေးနိုင်တဲ့ Hideitpro.apk)


4j991d

မင်္ဂလာပါ.....
ယခုတင်ထားတဲ့ app လေးကတော့ မိတ်ဆွေတို့ screen ပေါ်မှာ မပေါ်စေလိုသော Installed Apk များ
ကို အပြောက်ဖြောက်ထားပေးနိုင်ပါတယ်ခင်ဗျ။ သာမန် Audio Manager တစ်ခုလို Logo ပေါ်နေပေမယ့်
ပုံထဲကအတိုင်း Audio Manager စာသားကိုထိထားလိုက်ရင်တော့ သူ့အကြောင်းစုံသိလာရမှာပါ....။
ကျန်တာတွေတော့ ပုံလေးတွေကြည့်ရင် သိပြီးသားပါနော...။
<< Default Password = 8888 အဆင်ပြေရာ Password ပြောင်းထားနိုင် / 
Root လုပ်ထားရန်လိုအပ်ပါသည်။ >>
အားလုံးအဆင်ပြေ အောင်မြင်ကြပါစေ.....။

  လိုအပ်ပါက >>> TOUCH OR CLICK HERE TO DOWNLOAD

2lledub29c2a6d2hrq3nt



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Facebook အကောင့်ကို ဖျက်ချင်ရင်..



Facebook အကောင့်ကို ဖျက်ချင်ရင်..
Pages မှာ မေးထားလို့ပါ..
သိတဲ့သူအတွက်အလွယ်လေးဆိုပေမယ့် မသိတဲ့ သူတွေအတွက်တော့..
ခက်ခဲမှာ အမှန်ပါပဲ..ပုံလေးတွေနဲ့ ပြရအောင် 
Blog မှာ ပဲ ပို့စ်အဖြစ်တင်ပေးလိုက်ပါတယ်..
အရင်ဆုံး ကိုယ်မသုံးချင်တော့တဲ့ FB ကိုဝင်လိုက်ပါ..
အောက်က ပုံမှာပြထားတဲ့ အတိုင်း..


အနီရောင်ပြထားတဲ့ setting ကိုဝင်ပါ..
အောက်က ပုံကိုကြည့်ပါ..


Security ကိုဝင်ပြီး Deactivate your account ကိုနှိပ်ပါ..
အောက်က ပုံအတိုင်း ပေါ်လာမယ်..
ဒီထဲက တခုခုကိုရွေးပြီး အောက်က Confirm ကို နှိပ်လိုက်ယုံပါပဲ..
တကယ်လို့ စိတ်မကုန်သေးလို့ ပြန်သုံးချင်ရင်တော့..
This is temporary. I'll be back. ကိုရွေးထားပေါ့ဗျာ..
အဲဒါဆိုရင် login ပြန်ဝင်လိုက်တာနဲ့ ပြန်သုံးလို့ ရပါတယ်..
ဒီအတွင်းမှာတော့ ဘယ်သူမှ ကိုယ့် FB ကို ကြည့်လို့ မရဘူးပေါ့..
အဆင်ပြေမယ် မျှော်လင့်ပါတယ်...
အားလုံးကို ချစ်ခင်တဲ့ 

♪ Contact & Call Log List မှာ ပုံလေးတွေအစားသွင်းမယ့် - Rocket Dial Pro v3.7.7 Apk ♫ အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ပုံမှာမြင်ကြရတဲ့အတိုင်းပါပဲဗျာ။ မိမိဖုန်းရဲ့ Call Log နဲ့ Contact List တွေမျာ နောက်ခံပုံဘေးတွေနဲ့အစားသွင်းပြီးအလှဆင်နိုင်မယ့် Application လေးတစ်ခုဖြစ် ပါတယ်ဗျာ။ Application ရဲ့ညာဖက်ထောင့်အပေါ်လေးကိုနှိပ်ပြီး Change Background ဒါမှမဟုတ်ရင် Change Color ကိုရွေးချယ်ပြီးပြောင်းနိုင်မှာဖြစ်ပါတယ်ဗျာ။ ဒါ့အပြင် Keypad ပြောင်းချင်တယ်ဆိုရင်လည်း အခု Application လေးထဲကနေပဲ Keypad စတိုင်တွေကိုဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ <<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>> https://lh3.ggpht.com/NLnb22jgALfAbx4qBok6RtFNkyfx6NkzGyqS9NXkEUpRH8nNSFIytDsehOE4nnIiPw=h900 https://lh6.ggpht.com/1Hbp5jPQENQVEWXLZG0_h2JJsMWKnjDPQva94thpNyDild57fNtcj-5S86N_v9h-PJM=h900 https://lh6.ggpht.com/GXy5MuMx7tNYzvJ6mebHqg0okJLtRwIm4hD-2EA4LojUUEqKGGfrFSMYiE06uQySgrU=h900 https://lh6.ggpht.com/RiUdYf0Ty0KHkPoSy3NFuBsHPImZor-J4QEWXOBBTypYL8hiIZPVRQYLWvVG_2PNO_n9=h900 ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ Download www.pyaephyo.com

အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ပုံမှာမြင်ကြရတဲ့အတိုင်းပါပဲဗျာ။ မိမိဖုန်းရဲ့ Call Log နဲ့ Contact List တွေမျာ နောက်ခံပုံဘေးတွေနဲ့အစားသွင်းပြီးအလှဆင်နိုင်မယ့် Application လေးတစ်ခုဖြစ် ပါတယ်ဗျာ။ Application ရဲ့ညာဖက်ထောင့်အပေါ်လေးကိုနှိပ်ပြီး Change Background ဒါမှမဟုတ်ရင် Change Color ကိုရွေးချယ်ပြီးပြောင်းနိုင်မှာဖြစ်ပါတယ်ဗျာ။ ဒါ့အပြင် Keypad ပြောင်းချင်တယ်ဆိုရင်လည်း အခု Application လေးထဲကနေပဲ Keypad စတိုင်တွေကိုဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



https://lh3.ggpht.com/NLnb22jgALfAbx4qBok6RtFNkyfx6NkzGyqS9NXkEUpRH8nNSFIytDsehOE4nnIiPw=h900     https://lh6.ggpht.com/1Hbp5jPQENQVEWXLZG0_h2JJsMWKnjDPQva94thpNyDild57fNtcj-5S86N_v9h-PJM=h900

https://lh6.ggpht.com/GXy5MuMx7tNYzvJ6mebHqg0okJLtRwIm4hD-2EA4LojUUEqKGGfrFSMYiE06uQySgrU=h900     https://lh6.ggpht.com/RiUdYf0Ty0KHkPoSy3NFuBsHPImZor-J4QEWXOBBTypYL8hiIZPVRQYLWvVG_2PNO_n9=h900

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

♪ TELENOR, MPT, MEC, OOREDOOအားလုံးမှာအသုံးပြုနိုင်မယ့် - ဖုန်းဝန်​​ဆောင်​မှုများ v1.0 Apk ♫ Monday, September 29, 2014 Pyae Phyo (MMiTD) No comments https://lh3.googleusercontent.com/-HPgeJ6S_UQw/VCfjGDN3X0I/AAAAAAAACUc/VXiH2sEdVXk/20140928_171112--1.jpg အခုတင်ပေးလိုက်တဲ့ Application လေးကိုတော့အရင်ဆုံးဒေါင်းယူလိုက်ပါဦးဗျာ။ ဆက်သွယ်ရေး ၀န်ဆောင်မှုများစုံစမ်းနိုင်ခြင်း ၊ ဖုန်းငွေဖြည့်နိုင်ခြင်း ၊ Mobile Money ၀န်ဆောင်မှုလျှောက်ထားနိုင်ခြင်း ၊ ဖုန်း​ ငွေဖြည့်​မရလျှင်​အကူ အညီ​တောင်းနိုင်ခြင်းအပြင် အခြားသော မိုဘိုင်းဝန်ဆောင်မှုပေါင်းများစွာ ပါဝင်ပါ တယ်ဗျာ။ လုပ်ဆောင်ချက် တစ်ခုချင်းစီရဲ့ အသေးစိတ်ကိုအောက်မှာရေးပေးထားပါတယ်ဗျာ။ သူငယ်ချင်း တစ်ယောက်ရဲ့ဖုန်းထဲကနေ ယူထားတာဖြစ်လို့ မူရင်းရေးသားသူကို Credit မပေးနိုင်တာနားလည်စေချင် ပါတယ်ဗျာ။ -MPT,MEC,OOREDOO,TELENOR များအတွက်​ -​ငွေလက်​ကျန်​စစ်​ရန်​ -ဖုန်းထဲသို့​ငွေပြန်​ဖြည့်​ရန်​ -အခြားဖုန်းသို့​ငွေဖြည့်​​ပေးရန်​ -အင်​တာနက်​​လျှောက်​ရန်​ -ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှုများစုံစမ်းရန်​ -Call Forwarding ​လျှောက်​ရန်​ -Call Wating ​လျှောက်​ရန်​ -Miss Call Alert ​လျှောက်​ရန်​ -Voice Mail ​လျှောက်​ရန်​ -အပိုဝန်​​ဆောင်​မှုများပယ်​ဖျက်​ရန်​ -​ငွေဖြည့်​မရလျှင်​အကူအညီ​တောင်းရန်​ -အသံညွှန်​ကြားချက်​အတိုင်​​ငွေဖြည့်​/စစ်​ရန်​ -Mobile Money ဝန်​​ဆောင်​မှုအ​ကြောင်း -Mobile Money ​လျှောက်​ရန်​ -အခြားဖုန်းသို့​ငွေဖြည့်​ရန်​ -ဖုန်းထဲမှ​ငွေလွှဲ​ပြောင်း​ပေးရန်​ -​ငွေဖြည့်​​ပေးရန်​​တောင်းဆိုခြင်း -ဖုန်းပြန်​​ခေါ်ခိုင်းရန်​ -ဝန်​​ဆောင်​မှုများကိုစီမံရန်​ -အင်​တာနက်​Dataဝန်​​ဆောင်​မှုများ -ဖုန်းနံပါတ်​ကိုစစ်​​ဆေးရန်​........... https://lh5.googleusercontent.com/-a8V3WRwDyZ8/VCfjITxkv4I/AAAAAAAACUk/aO4lQxtWvhY/20140928_171112-picsay-1.jpg ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ Download Download www.pyaephyo.com


https://lh3.googleusercontent.com/-HPgeJ6S_UQw/VCfjGDN3X0I/AAAAAAAACUc/VXiH2sEdVXk/20140928_171112--1.jpg
အခုတင်ပေးလိုက်တဲ့ Application လေးကိုတော့အရင်ဆုံးဒေါင်းယူလိုက်ပါဦးဗျာ။ ဆက်သွယ်ရေး ၀န်ဆောင်မှုများစုံစမ်းနိုင်ခြင်း ၊ ဖုန်းငွေဖြည့်နိုင်ခြင်း ၊ Mobile Money ၀န်ဆောင်မှုလျှောက်ထားနိုင်ခြင်း ၊ ဖုန်း​ ငွေဖြည့်​မရလျှင်​အကူ အညီ​တောင်းနိုင်ခြင်းအပြင် အခြားသော မိုဘိုင်းဝန်ဆောင်မှုပေါင်းများစွာ ပါဝင်ပါ တယ်ဗျာ။ လုပ်ဆောင်ချက် တစ်ခုချင်းစီရဲ့ အသေးစိတ်ကိုအောက်မှာရေးပေးထားပါတယ်ဗျာ။ သူငယ်ချင်း တစ်ယောက်ရဲ့ဖုန်းထဲကနေ ယူထားတာဖြစ်လို့ မူရင်းရေးသားသူကို Credit မပေးနိုင်တာနားလည်စေချင် ပါတယ်ဗျာ။

-MPT,MEC,OOREDOO,TELENOR
များအတွက်
-​ငွေလက်​ကျန်​စစ်​ရန်
-ဖုန်းထဲသို့​ငွေပြန်​ဖြည့်​ရန်
-အခြားဖုန်းသို့​ငွေဖြည့်​​ပေးရန်
-အင်​တာနက်​​လျှောက်​ရန်
-ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှုများစုံစမ်းရန်
-Call Forwarding ​လျှောက်​ရန်
-Call Wating ​လျှောက်​ရန်
-Miss Call Alert ​လျှောက်​ရန်
-Voice Mail ​လျှောက်​ရန်
-အပိုဝန်​​ဆောင်​မှုများပယ်​ဖျက်​ရန်
-​ငွေဖြည့်​မရလျှင်​အကူအညီ​တောင်းရန်
-အသံညွှန်​ကြားချက်​အတိုင်​​ငွေဖြည့်​/စစ်​ရန်
-Mobile Money ဝန်​​ဆောင်​မှုအ​ကြောင်း
-Mobile Money ​လျှောက်​ရန်
-အခြားဖုန်းသို့​ငွေဖြည့်​ရန်
-ဖုန်းထဲမှ​ငွေလွှဲ​ပြောင်း​ပေးရန်
-​ငွေဖြည့်​​ပေးရန်​​တောင်းဆိုခြင်း
-ဖုန်းပြန်​​ခေါ်ခိုင်းရန်
-ဝန်​​ဆောင်​မှုများကိုစီမံရန်
-အင်​တာနက်​Dataဝန်​​ဆောင်​မှုများ
-ဖုန်းနံပါတ်​ကိုစစ်​​ဆေးရန်​...........




https://lh5.googleusercontent.com/-a8V3WRwDyZ8/VCfjITxkv4I/AAAAAAAACUk/aO4lQxtWvhY/20140928_171112-picsay-1.jpg


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Android Memory apk..မြန်မာစတိုင်


                                       

     

                                                 


             


          


          ဒီနေ့တင်ပေးမဲဆော့ဝဲလေးကတော့ သူငယ်ချင်းတစ်ယောက်တောင်းထားလို့ပါ



ဖုန်းမန်မိုရီတွေSD မန်မိုရီတွေဘယ်ဖိုင်တွေကဘယ်လောက်သုံးထားလည်းဆိုတာကြည့်လို့ရမဲ့



မြန်မာစတိုင်ဆော့ဝဲလေးပါ..ဖိုင်ဆိုဒ်တွေကိုလိုက်ကြည့်ပီးမလိုချင်တာတွေချက်ချင်းဖျက်ပစ်လို့ရပါတယ်



အသုံးလိုမဲ့သူငယ်ချင်းတွေ ယူပီတော့စမ်းနိုင်ကျပါပီ..ကျနော့်ဆိုဒ်လေးကို လာရောက်အားပေးနေကျတဲ့



သူငယ်ချင်းတွေကိုအရမ်းပဲကျေးဇူးတင်ပါတယ်..နောက်လည်းလာရောက်အားပေးပါဦး



အောက်မှာဆော့ဝဲလေးကိုဒေါင်းယူပါ






                    >>>> ! မန်မိုရီ ! download link <<<<


Sunday, September 28, 2014

ဖုန်းဘက်ထရီ ကြာရှည်ခံစေတဲ့ Battery Save & monitor


Battery (Save & monitor)-1Battery (Save & monitor)-2
Battery Save & monitor လေးက ဖုန်းဘက်ထရီ ကြာရှည်ခံစေတဲ့ ဆော့ဝဲကောင်းလေးပါ
အသုံးလိုသူများအောက်မှာဒေါင်းပါ (ပုသိမ်အိုင်တီ)


Download ►: ►''Here ''
     
  www.patheinit.com
Payephyo(ပုသိမ်အိုင်တီ)

✔ဖုန်းဝန်​​ဆောင်​မှုများApk(android)✔


image
-MPT,MEC,OOREDOO,TELENOR
များအတွက်
-​ငွေလက်​ကျန်​စစ်​ရန်
-ဖုန်းထဲသို့​ငွေပြန်​ဖြည့်​ရန်
-အခြားဖုန်းသို့​ငွေဖြည့်​​ပေးရန်
-အင်​တာနက်​​လျှောက်​ရန်
-ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှုများစုံစမ်းရန်
-Call Forwarding ​လျှောက်​ရန်
-Call Wating ​လျှောက်​ရန်
-Miss Call Alert ​လျှောက်​ရန်
-Voice Mail ​လျှောက်​ရန်
-အပိုဝန်​​ဆောင်​မှုများပယ်​ဖျက်​ရန်
-​ငွေဖြည့်​မရလျှင်​အကူအညီ​တောင်းရန်
-အသံညွှန်​ကြားချက်​အတိုင်​​ငွေဖြည့်​/စစ်​ရန်
-Mobile Money ဝန်​​ဆောင်​မှုအ​ကြောင်း
-Mobile Money ​လျှောက်​ရန်
-အခြားဖုန်းသို့​ငွေဖြည့်​ရန်
-ဖုန်းထဲမှ​ငွေလွှဲ​ပြောင်း​ပေးရန်
-​ငွေဖြည့်​​ပေးရန်​​တောင်းဆိုခြင်း
-ဖုန်းပြန်​​ခေါ်ခိုင်းရန်
-ဝန်​​ဆောင်​မှုများကိုစီမံရန်
-အင်​တာနက်​Dataဝန်​​ဆောင်​မှုများ
-ဖုန်းနံပါတ်​ကိုစစ်​​ဆေးရန်​...........
စတဲ့ဝန်​​ဆောင်​မှာများကိုဒီapplication​လေး
က​နေတဆင့်​အသုံးပြုလုပ်​​ဆောင်​​စေနိုင်​မှာဖြစ်
ပါတယ်​။
-လိုအပ်​အသုံးပြုလိုပါက​အောက်​ကလင့်​ခ်​မှာ
ဒေါင်းလုပ်​ဆွဲယူအသုံးပြုနိုင်​ပါပြီ-
➳DOWNLOAD ဆွဲရန်​လင့်​ခ်​ကိုနှိပ်​ပါ➳

http://www.solidfiles.com/d/2f3754d86b/%e1%80%96%e1%80%af%e1%80%94%e1%80%b9%e2%80%8b%e1%80%b8%e1%80%9d%e1%80%94%e1%80%b9%e2%80%8b%e2%80%8b%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e2%80%8b%e1%80%99%e1%82%88%e1%80%99%e1%80%ba%e1%80%ac%e1%80%b8.apk
image
image

      အဆင်​​ပြေပါ​စေ။
         ကို​ဇော်​သွင်​(နည်းပညာ)