Monday, January 28, 2019

PES 2019 V7 English Update 2019 JUVENTUS ⚽




 
ကဲ့ ဒီတစ်ခါတော့ PES ဂိမ်းတွေလည်း မတင်ပေးတာကြာပြီ

ဆိုတော့လည်း အသစ်ဖြစ်တဲ့ ဂိမ်းလေးပါ။

PES 2019 V7 English ဗားရှင်းလေးကို 2019 JUVENTUS

အသစ်ပြန်ပေးထားပါတယ်။

SAVEDATA &TEXTURES ကိုတော့ မူရင်း ထည့်ပေးထားပြီး

SAVEDATA နှင့် TEXTURES PES ENGLISH UPDATE 

JANUARY 19 ဖိုင်နှစ်ခုစလုံးကို ခွဲပြီးတင်ပေးထားပါတယ်။

မြန်မာတော့ မပါသေးဘူး ကျန်တာတွေ အကုန်ပါတယ်။

#ထည့်သွင်းနည်းကို ပေ့မှာ ရှာကြည်ပါ --

လုပ်နည်းက အတူတူပါပဲ။ Offline ဂိမ်းပါ။

ဒီမှာဒေါင်းပါ - http://bit.ly/2Sa7jbt

#kolinn
 
အဆင်ပြေပါစေ... 






အသုံးစာရင်းတွေကို မှတ်သားပေးနိုင်တဲ့ ဆော့ဝဲလ်။




တစ်နေ့စာအသုံးစာရင်းများကို ဖုန်းမှာ

အလွယ်တကူမှတ်လို့ရပါတယ်။

တစ်ရက်စာ စုစုပေါင်းအသုံးစာရိတ် ဘယ်လောက်ရှိသွားပြီလဲ

ဆိုတာလဲ အလွယ်တကူကြည့်လို့ရပါတယ်။

နေ့စဉ် ကိုယ်အသုံးပြုခဲ့တဲ့ငွေတွေကို Notepad နဲ့ မှတ်နေမယ့်အစား 

APK လေးတစ်ခုထဲမှာ ထည့်သိမ်းထားလို့ရမှာဆိုတော့ 

အရမ်းအဆင်ပြေပါတယ်ပြီးတော့ ဘာတွေတွေကအသုံးများနေတာလဲ

ဆိုတာလဲပြန်စစ်ဆေးလို့လဲရပါတယ်။

ဒီနေ့ခေတ်တွေမှာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ 

ဆော့ဝဲ တစ်ခုပါ။

ဒေါင်းလုတ်ရန်- http://bit.ly/2RkXL9h

#kolinn

 
အဆင်ပြေပါစေ...
#နည်းပညာလမ်းညွန်


Thursday, January 24, 2019

FTS Mod PS4 2019 HD Offline for Android






ဒီတစ်ခါတော့ FTS ဘောလုံးဂိမ်း ချစ်သူတွေအတွက်

အလန်း FTS Mod PS4 2019 HD ဂိမ်းတစ်ခုဖြစ်တဲ့ 

ရုပ်ထွက်ကလည်းFull HD ဂိမ်းလေးပါ။ 

လူစာရင်းအမှန်၊ ဂျာစီ Logoအမှန် PS4 ဂိမ်းပုံစံဖြင့်

ခလုတ်အလန်းအကုန်ဖြင့် ကစားရမည် ဖြစ်ပါတယ်။

ဖိုက်ဆိုက်: 293 mb တည်းပါ။ 

Offline ကစားရမှာပါ။ 

လိုအပ်ခဲ့ရင် ဒေါင်းယူလိုက်ပါ။

ဂိမ်းကို ဒီမှာယူပါ- http://bit.ly/2FSYvQS

#မီတာယူနစ်တွက်နည်း



No photo description available.No photo description available.
အလိမ်အညာခံရခြင်း ဒုက္ခမှ ကင်းဝေးနိုင်ကြပါစေ

တစ်ယူနစ် ဘယ်လောက်ပေးရလဲအရင်တွက်မယ်

ဥပမာ။ ။(၉၂၀၀)ကျပ် ကျထားရင်


မီတာထိန်းသိမ်းခ(၅၀၀)ကျပ် ကိုနုတ်


၉၂၀၀-၅၀၀=၈၇၀၀ ရမယ် ပြီး...ရင်


(၈၇၀၀)ကျပ်ကို


သုံးထားတဲ့ယူနစ်(၂၂၄)နဲ့÷စား


၈၇၀၀÷၂၂၄=၃၈


တစ်ယူနစ်ကို ၃၈ကျပ်ပါ


(သုံးထားတဲ့ယူနစ်များရင်များသလို တစ်ယူနစ်တန်ဖိုးလဲများပါတယ်)


#မီတာခပေးပြီ...နောက်လ ဘယ်လောက်ယူနစ်သုံးလိုက်လဲ

ဘယ်လောက်ကျလဲတွက်မယ်

လက်ရှိမီတာဘောက်မှာ ပေါ်နေတဲ့ယူနစ်ကို

မီတာစာရွက်ထဲက(ယခု)ဆိုတဲ့ ယူနစ်နဲ့နုတ်ပါ

ဥပမာ။ ။လက်ရှိယူနစ်(၃၁၁၂၇)-အနုတ်

ယခုယူနစ်(၃၀၉၅၀)=သုံးပြီးယူနစ်(၁၇၇)

၃၁၁၂၇-၃၀၉၅၀=၁၇၇

၁၇၇×၃၈=၆၇၂၆👈ကျသင့်ငွေ

>>Credit<< Tin Phyo Nyein >>

#kolinn

Wednesday, January 23, 2019

Windows 10 Start menu အလုပ်မလုပ်တဲ့ ပြဿနာကိုဖြေရှင်းနည်း


Windows 10 ရဲ့ Start menu button ဟာ အလုပ်မလုပ်တော့ဘဲ Critical Error boxြ

ပနေတယ်ဆို ရင် ဖော်ပြပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

Start menu button အလုပ်မလုပ်ဘူးဆိုရင် ပထမဆုံး Ctrl + Alt + Del ကို 

 နှိပ်ပြီး Task Manager ကို နှိပ်ပါ။ ဒါမှမဟုတ် Taskbar ကို right-click နှိပ်ပြီး 

Task Manager ကိုရွေးချယ်နိုင်ပါတယ်။ Task Manager ကိုရောက်ပြီဆိုရင်

 File > Run new task ဆိုတာကို နှိပ်ရပါမယ်။




Create New Task ဆိုတဲ့ box တက်လာရင် msconfig ဆိုတဲ့ command ကို ရိုက်ထည့်ပြီး Ok ကိုနှိပ်ပါ။




System Configuration box တက်လာရင် Boot ဆိုတဲ့ tab ကိုရွေးပါ။

 ပြီးရင် Safe boot ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး Ok ကို နှိပ်ကာ restart လုပ်ရမှာဖြစ်ပါတယ်။



Restart ကျသွားပြီးရင် Windows ဟာ safe mode နဲ့ ပြန်တက်လာမှာဖြစ်ပါတယ်။ 

 Windows system ထဲကိုရောက်ပြီဆိုရင် အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေအတိုင်း

msconfig နဲ့ System Configuration box ကို ခေါ်ပါ။ ပြီးရင် boot tab ကိုရွေးပြီး

safe boot မှာအမှန်ခြစ်ပြန်ဖြုတ်ပါ။ Apply button ကို နှိပ်ပြီး Ok ကို နှိပ်ကာ

 restart တစ်ခါ ပြန်လုပ်ရပါမယ်။

Windows ပြန်တက်လာတဲ့အခါမှာ Start menu button ဟာ ပြန်လည် 
အလုပ်လုပ်ဆောင်နိုင်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။

CRD=

#kolinn




 

ဖုန်းထဲက​နေ မိမိဓာတ်​ပုံ​တွေနဲ့ စာအုပ်​ပြုလုပ်​နည်း









ဓာတ်​ပုံ​တွေနဲ့ စာအုပ်​ပြုလုပ်​ချင်​သူများအတွက်​ အလွယ်​ပြုလုပ်​နိုင်​တဲ့

 နည်း​လေးကို မျှ​ဝေ​ပေးလိုက်​ပါတယ်​။

အသုံးပြုနည်းကို ပုံ​လေး​တွေနဲ့ ​လေ့လာကြည့်​ပါ။

ဆော့ဝဲကို ဒီမှာ​ဒေါင်းပါ - http://bit.ly/2HhgS44

အဆင်​​ပြေပါ​စေ

#​ဆော့ဝဲလမ်းညွှန်

#kolinn



ဖုန်းလာရင် ဖုန်းခေါ်သူရဲ့ နာမည်ကိုခေါ်ပေးမယ့် နည်းလေးပါ...





ဖုန်းလာရင်ဖြစ်စေ SMS ဝင်လာရင်ဖြစ်စေ ဖုန်းခေါ်သူရဲ့နာမည်ကို

 ခေါ်ပေးမယ့် နည်းလမ်းလေးကိုမျှဝေပေးလိုက်ပါတယ်။

လိုအပ်မယ်ထင်သူများတွက် ပုံလေးတွေနဲပါ ရှင်းပြထားတာကြောင့်

 အသုံးပြုရတာ အဆင်ပြေစေမှာပါ။

ဆော့ဝဲကို ဒီမှာဒေါင်းပါ - http://bit.ly/2FDhEqF

အားလုံးအဆင်ပြေပါစေ

#ဆော့ဝဲလမ်းညွှန်

#kolinn 


Tuesday, January 22, 2019

Windows 10 မှာ Network reset ဘယ်လိုလုပ်မလဲ



Windows 10 သုံးစွဲသူတွေအနေနဲ့ Network ချိတ်ဆက်တဲ့အခါ တစ်ခါတလေ ပြဿနာပေါင်းစုံနဲ့

ကြုံနေရပြီး အခက်အခဲတွေ ဖြစ်နေတယ်ဆိုရင် Network reset ပြုလုပ်ပြီး ပြင်ဆင်နိုင်ပါတယ်။

Windows 10 ဟာ Anniversary update နောက်ပိုင်းမှာ Network reset

 ပြုလုပ်ဖို့အတွက် feature ကိုထည့်သွင်းပေးလာပါတယ်။

Network reset ပြုလုပ်မယ်ဆိုရင် Start menu ကို နှိပ်ပါ။

 ပြီးရင် Settings ဆိုတာကို ရွေးချယ်နိုင်သလို Notification center ကနေလည်း

All settings ဆိုတာကို ရွေးချယ်နိုင်ပါတယ်။
 
Settings ထဲကို ရောက်ပြီဆိုရင် Network & Internet ဆိုတာကို ရွေးချယ်ပါ။


Network & Internet အောက်ကမှ Status ဆိုတာကို ရွေးပြီး အောက်ခြေဘက်မှာ

 Network reset ဆိုတာကို တွေ့ရပါမယ်။



Network reset ဆိုတာကို နှိပ်ပါ။ ပြီးရင် Reset now ဆိုတာကို နှိပ်ရပါမယ်။




Network reset တကယ်လုပ်မှာလား၊ မလုပ်ဖူးလားဆိုတဲ့ confirm box တက်လာရင်

Yes ကို နှိပ်ပြီး reset ပြုလုပ်နိုင်ပါပြီ။

-သီဟ
#kolinn







Facebook Setting တွေထဲက
Your Time on Facebook
ဆိုတဲ့အကြောင်းလေးပါ 😃

ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့
ဘာကိုဆိုလိုချင်လဲဆိုတာ
စာဖတ်သူတို့ သိမှာပါ

Facebook ပေါ်မှာ မိမိတို့ရဲ့အချိန်တွေ
ဘယ်လောက်တောင် ကုန်ဆုံးနေသလဲ ဆိုတာကို
ဖော်ပြပေးတဲ့ အကြောင်းအရာလေးတစ်ခု
ဖြစ်ပါတယ်ဗျာ ... 😉

ကိုယ်တိုင် သတိမထားမိဘူးဆိုရင်
Facebook ပေါ်မှာ အချိန်တွေ
ဘယ်လောက်ကုန်လို့ ကုန်မှန်းမသိ
ဖြစ်နေသူတွေအတွက်ကတော့
ဒီဇယားလေးတွေကြည့်လိုက်ရင်
ပြန်ပြီး ဆင်ခြင်မိစေမှာပါ ...

နောက်ပြီး ...
ကိုယ် Facebook သုံးတဲ့အချိန်ကို
သတိပေးမယ့် Reminder လေးလည်း
ပါတယ်ဆိုတော့
မိမိရဲ့ FB သုံးချိန်ကို
ကန့်သတ်နိုင်ပါပြီဗျာ ...
😊😊 
 
 
#နည်းပညာလမ်းညွန်

 #kolinn
 
 

Internet မလိုဘဲ ဖုန်းနဲ့ ကာရာအိုကေ သီချင်းဆိုနည်း













အဆိုဝါသနာရှင်းများအတွက် အင်တာနက်မလိုပဲ ဖုန်းထဲကနေ

ကာရာအိုကေဆိုနည်းလေး တင်ပေးလိုက်ပါတယ်။

ဆိုပြီးသားသီချင်းတွေကိုလည်း save လုပ်ပြီးသိမ်းဆည်းနိုင်ပါတယ်။

မြန်မာသီချင်း အင်္ဂလိပ်သီချင်း အားလုံးဆိုနိုင်ပါတယ်။

စာသားပါတဲ့ သီချင်းများကလည်း စားတန်းထိုးပြီးပြပေးပါတယ်။

အသေးစိတ်ကို ပုံလေးတွေကြည့်ပြီးလေ့လာနိုင်ပါပြီ။

လိုအပ်တဲ့ ဆော့ဝဲကို အောက်က Link မှာဒေါင်းယူလိုက်ပါ။

ဆော့ဝဲကို ဒီမှာဒေါင်းယူပါ - https://goo.gl/A9HSsM

မှတ်ချက်၊၊ တစ်ချို့ သီချင်းတွေက အသံပါလာတတ်ပါတယ်။

#kolinn


Monday, January 21, 2019

No Need Auth Xiaomi Firehose file



အခုနောက်ပိုင်း Xiaomi ဖုန်းတွေမှာ firmware တင်မယ် အကောင့်လော့ကျော်မယ်ဆိုရင်

 auth အကောင့်များလိုလာပါတယ် အခုပေးတဲ့ မယ့် firehose တွေကတော့

 auth မလိုအောင်လုပ်ပေးတဲ့ firehose ဖိုင်တွေဖြစ်ပါတယ်။

Redmi Note 5 ( Whyred )
Mi 6X ( wayne )
Mi Max 3 ( Nitrongen )
Redmi S2 ( YSL )

တို့အတွက်ဖြစ်ပါတယ် firehose တွေကို တင်မယ့် firmware 

ထဲ replace လုပ်ထည့်ပေးပြီး အကောင့်မလိုပဲတင်နိုင်ပါတယ်

တခြားသော အကောင့်လိုတဲ့ဖုန်းများ ကျနော်ကိုဆက်သွယ်နိုင်ပါတယ်
m.me/thantoeaungat

Download
https://www.mediafire.com/file/2wt5eeptok8bxsz/no_need_auth_firehose_file_tta.rar/file

Mi flash edited
===========
http://www.mediafire.com/file/mf8y8ayc62tza6k/MiFlash2018-5-28-0_by_TTA.zip/file

Crd = TTA

#kolinn


TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်


သင်တန်းအမှတ်စဉ် (၁၄) ကို ဇန်နဝါရီလ (၂၄ )ရက် ၂၀၁၉ မှာစပါမယ်
Than Toe Aung Mobile Phone Services & Training Mandalay
မှ
 *** ( အမှန်တကယ်တက်မြောက်လိုသူများအတွက် )
မိုဘိုင်းဖုန်း ပြုပြင်ခြင်းဆိုင်ရာ ဆော့ဝဲ အခြေခံကနေစပြီး လက်တွေ့သင်ကြားမှုများဖြင့် သင်ကြား သွားမှာဖြစ်ပါတယ်

ဆက်သွယ်စာရင်းပေးသွင်းရန်
0941005703 / 09250248011 / 09691671777

👇👇👇
သင်ကြားမည့်သင်ခန်းစာ များ
.
အခြေခံ CPU အကြောင်းများရှင်းလင်းခြင်း
သင်ရိုးကို Phone Model ဖြင့်မသင်ကြားပဲ
Platform ဖြင့်သင်ကြားမှုကြောင့်
ဘယ်ဖုန်းမော်ဒယ်မဆို ပြုပြင်နိုင်ခြင်း
Theory ကိုဦးစားပေးပြီး သင်ကြားခြင်း
ဖြစ်သောကြောင့် အလွယ်တကူနားလည်
သဘောပေါက်နိုင်ခြင်း
.
ဆော့ဝဲနည်းပညာများဖြစ်တဲ့

Firmware တင်ခြင်း
2018/19 FRP , Mi Account Lock , Mi Authorized
Mi Anti Roll back , Global Change , error fix
userlock ID Lock ect.. လော့အမျိုးမျိုးဖြေခြင်း
dead နေသောဖုန်းများအား dead နှိုးခြင်း
အင်တာနက် အကောင့် နှင့် Download ပိုင်ဆိုင်ရာ
Firmware များ tool များ ကိုယ်တိုင်ရှာဖွေခြင်း
အကောင့်ဖွင့်ခြင်းများ Solution ကိုယ်တိုင်ရှာဖွေခြင်း
အင်တာနက်ကိုဆရာကျကျအသုံးပြုနည်းများ
.
Windows တင်ခြင်းနှင့် Computer Windows
အကြောင်းသေချာရှင်းပြခြင်း Driver Error များ
Fix လုပ်ခြင်း Virus ကာကွယ်ခြင်း
Windows ကိုဆရာကျကျ အသုံးပြုခြင်းများ
.
Qualcomm CPU သုံးဘယ်ဖုန်းမဆို လိုင်း (Network)
Fix ခြင်း Firmware တင်ခြင်း Firmware backup ထုတ်ခြင်း
ပြန်သွင်းခြင်း Block0 backup restore လုပ်ခြင်း
emmc အလွတ်ကပ်ပြီးစက်နှိုးခြင်း ect...
.
MTK CPU သုံးဘယ်ဖုန်းမဆို လိုင်း (Network)
Fix ခြင်း Firmware တင်ခြင်း Firmware backup ထုတ်ခြင်း
ပြန်သွင်းခြင်း IMEI ရေးခြင်း , Dead မဖြစ်အောင် ကာကွယ်
နည်းများ , Dead သွားလျှင် ပြန်လည်ကယ်ဆယ်ခြင်း
.
Spreadtrum ဖုန်းများ Firmware ရေးခြင်း
Firmware backup ထုတ်ခြင်း IMEI ပြန်ရေးခြင်း
Firmware ရှာနည်းများ
.
Clone ဖုန်းများနှင့် အမျိုးအမည်မသိ tablet များ
Model အမှန်စစ်ဆေးခြင်းနှင့် မ dead အောင်
ကာကွယ်ရှောင်ရှားနည်း Deadfix ခြင်းနှင့်
Firmware တင်ခြင်းများ ect...
.
အစရှိသော သင်ခန်းစာများနှင့်ဆားဗစ်လောက်ကမှာ
ကြုံနေရတဲ့အခက်အခဲပေါင်းများစွာ ကိုဖြေရှင်းနည်းများ
Latest error and lock များ
.
ဘယ် Android ဖုန်းမဆို Root ဖောက်နည်းများ
Root မလိုပဲ မြန်မာစာရအောင်လုပ်ခြင်း
လော့အမျိုးမျိုးဖြေခြင်းများ
.
Phone Partition များအလုပ်လုပ်ပုံနှင့်
Userdata မပျက်အောင် lock ဖျက်နည်းများ
.
bootloader unlock လုပ်နည်းများနှင့်
custom recovery , stock recovery
custom roms , custom rom zip
root zip ect... flash နည်းများ
.
box crack , dongle crack အသုံးပြုနည်းများ
နှင့် box , dongle လမ်းညွှန်
.
SAMSUNG Firmware အမှန်ဒေါင်းနည်း
မြန်မာစာ built in ပါသော Firmware တည်ဆောက်နည်း
model နှင့် region သေချာစစ်ဆေးနည်း dead မဖြစ်အောင်
ကာကွယ်ရှောင်ရှားတင်နည်းများ , FRP Lock ဖြုတ်ခြင်း
Custom Binary Block , bootloop , IMEI fix , TWRP
Myanmar Font , Root ect,,,
.
Oppo / vivo / Xiaomi / Huawei SAMSUNG
FRP / ID / Userlock
remove bypass လုပ်နည်းများ

Command and Bat Programming
adb , fastboot , emmc , fh_loader ,
flash_tool.exe , hxd edit
အစရှိသော command များ bat တည်ဆောက်နည်းများ

အခြေခံ မှ လက်ရှိထွက်နေသော ဆော့ဝဲနည်းပညာ အစုံအလင်
ကို ဆရာ သန်းတိုးအောင် မှ အသေးစိတ်လက်တွေ့ကျကျ
သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။
.
ဒီသင်တန်းလေးကိုဘာကြောင့်ရွေးချယ်တက်သင့်လဲ?
သင်တန်းပြီးဆုံးသွားလဲ Online Group ထည့်ပေးထား
ခြင်းကြောင့် update နည်းပညာများ အဆက်မပျက်ခြင်း
Update DATA များ အချိန်မရွေးအခမဲ့လာရောက်ကူး
ယူနိုင်ခြင်း
နေ့စဉ်သင်ကြားမှု main point များ Video rec လုပ်ထားပေးခြင်း
သင်ကြားမှုတဝက် လက်တွေ့တဝက်ဖြင့် သင်ကြား
ခြင်းကြောင့် တက်မြှောက်လွယ်ခြင်းတို့ဖြစ်ပါတယ်..

သင်တန်းတည်နေရာ
.
(၁ဝ) လမ်း (၇၅) လမ်း နှင့် (၇၆) လမ်း ကြား
အမှတ် (၂၅) အထက်တန်းကျောင်း တောင်ဖက်ပေါက်
ရိပ်သာဝင်းအတွင်း တိုက်တန်း No.C/2
.
သင်တန်းကြေး (၂) သိန်း ကျပ်
.
အချိန် နေ့လယ် (၁၂) နာရီ မှ ညနေ (၄) နာရီထိ
.
သင်တန်းကာလ (၁) လ
.

Data 4TB ပေးသွားမှာဖြစ်ပါတယ်
Firmware အစုံ + Movies + Mp3

Ph ဆက်သွယ်ရန်
0941005703 / 09250248011 / 09691671777

Chatbox
m.me/thantoeaungat

Facebook Account
Than Toe Aung
fb.com/thantoeaungat
m.me/thantoeaungat
 
#kolinn
 
 

Fflix နဲ့ရုပ်ရှင်ကြည့်မယ်







ရုပ်ရှင်ဝါသနာအိုးတွေအတွက် လုံးဝအဆင်ပြေမည့်ဆော့ဝဲလေးပါ။

 မြန်မာစာတန်းထိုး နာမည်ကြီး နိုင်ငံခြား ရုပ်ရှင်များကို အလွယ်တကူ ကြည့်ရှု့ နိုင်မည်ဖြစ်သည်။

အမျိုးအစားလိုက်ခွဲထားပေးလို့ မိမိအကြိုက် ရှာရတာ အချိန်ကုန်သက်သာစေမှာပါ။

အသုံးပြုရတာလည်းလွယ်ကူပါတယ်။တခါတည်းကြည့်ချင်လည်းရသလို ဒေါင်းပြီးသိမ်းထားချင်လည်းရတယ်။

ကလစ်တချက်တည်းနှိပ်ပေးလိုက်ရုံပါပဲ။လင့်တွေမကျော်တက်သူများအတွက်တော့ လုံးဝအဆင်ပြေပါတယ်။


Download Apk = https://fflix.ga/

အဆင်ပြေကြပါစေ...

#kolinn