Wednesday, September 30, 2015

Public Wi-Fi များ၏ လျှို့ဝှက် အန္တရာယ်များ




''Wi-Fi free'' ဆိုတဲ့ စာသားလေး ချိတ်ဆွဲထားတဲ့ ဆိုင်တစ်ဆိုင်မှာ လက်ဖက်ရည် တစ်ခွက်မှာသောက်ပြီး  Facebook သုံးနေမိဖူးပါသလား။ Wi-Fi လိုင်းကောင်းတဲ့ဆိုင်ပဲ သွားမယ်လို့ပြောဖူး ကြပါသလား။ ဟုတ်ကဲ့။ ဒါဟာ ဖြစ်နေကျပါပဲ။ ကျွန်တော်လည်း တူတူပါပဲ။ ကောင်းပါပြီ။ နောက်မေးခွန်းတစ်ခု  မေးပါ့မယ်။ ဆိုင်က Wi-Fi ကို ချိတ်ပြီးသွားရင် စာဖတ်သူတို့ ဘာတွေများ ပြုလုပ်ခဲ့ကြပါသလဲ။ Facebook သုံးနေခဲ့သလား။ အရေးကြီးတဲ့ အချက်အလက်တွေကို Messenger ကနေ ပေးပို့ခဲ့သလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ Online Bank Account ထဲဝင်ပြီး ငွေလွှဲတာတွေ ပြုလုပ်ခဲ့မိသလား။

ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၂ ခုနှစ်လောက်ကစပြီး Wi-Fi free ဆိုတဲ့ စာသားလေးဟာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ အလျှိုလျှို ပေါ်ပေါက်လာပါတယ်။ လူအတော်များများကလည်း သယ်ဆောင်ရ လွယ်ကူတဲ့  မိုဘိုင်းဖုန်းတွေ ပိုင်ဆိုင်လာကြတော့ အဲ့ဒီဆိုင်တွေမှာ စားရင်းသောက်ရင်း Wi-Fi သုံးလာကြပါတယ်။ ချိတ်ဆက်ရတာလည်း လွယ်ကူ၊ ကွန်နက်ရှင်ကလည်း ကောင်းလေတော့ လွတ်လွတ်လပ်လပ်ကြီး သုံးကြပါတော့တယ်။ အဲ့ဒီ အချိန်တုန်းကတော့ Public Wi-Fi တွေဟာ ဘာအန္တရာယ်မှ မရှိသေးပါဘူး။ အကြောင်းကတော့ ကျွန်တော်တို့နိုင်ငံမှာ အင်တာနက် အသုံးပြုမှုနှုန်း နည်းပါးနေသေးတာရယ်၊ အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေ ခေတ်မစားသေးတာ ရယ်ကြောင့်ပါဘဲ။ Facebook ကို အပျော်သုံးမယ်။ Gtalk နဲ့ chat မယ်။ ဝက်ဘ်ဆိုက်တွေ လျှောက်ကြည့်မယ်။ ဒီလောက်ပဲ အင်တာနက်ကို အသုံးပြုကြပါတယ်။
ဒီဘက်နှစ်တွေမှာတော့ အင်တာနက်ဟာ  အပျော်သက်သက်သာ မဟုတ်တော့ဘဲ စီးပွားရေး၊  ပညာရေး၊ မီဒီယာ စတဲ့ ကဏ္ဍများအတွက် အသုံးပြုလာကြပါတယ်။ အွန်လိုင်းဈေးဆိုင်တွေ ထောင်လာကြတယ်။ အွန်လိုင်းငွေပေးချေမှုတွေ ငွေလွှဲမှုတွေ ပြုလုပ်လာကြတယ်။ Facebook ကို တောင်မှ စီးပွားရေးသဘောနဲ့ အသုံးပြုလာကြပါတယ်။ ဒီအချိန်မှာတော့ လုံခြုံရေးဟာ အရေးပါလာပါတယ်။  စာဖတ်သူတို့ စဉ်းစားကြည့်ပါ။ အကယ်၍ တစ်ယောက်ယောက်က ကိုယ်အပျော်သုံးတဲ့ Facebook Account ရဲ့ password  ကို ရသွားတယ်ဆိုပါစို့။  ဒါဆို ဘာဆက်ဖြစ်မလဲ။ အားလုံးသိတဲ့ အတိုင်းပါပဲ။ သူဟာ ခင်ဗျားရဲ့ အကောင့်ကို ဝင်မွှေမယ်။ message တွေကို ဝင်ကြည့်ပြီး အဖိုးတန်တဲ့ အချက်အလက်တွေ ယူမယ်။ message တွေ ရေးချင်ရာ ရေးပြီးပို့မယ်။ ဒါမှ အားမရသေးရင် ညစ်ညမ်းတဲ့ post တွေ share မယ်။ အကျိုးဆက်ကတော့ သားကောင်ဖြစ်တဲ့ စာဖတ်သူရဲ့ ဂုဏ်သိက္ခာ ကျဆင်းရတာပါပဲ။ ကံမကောင်းရင် account တောင် ပျက်သွားနိုင်ပါတယ်။ ဒါဟာ စီးပွားရေးအနေနဲ့ သုံးတာမဟုတ်ဘဲ အပျော်တမ်းသုံးတဲ့ account ပဲ ရှိပါသေးတယ်။
ထို့ကြောင့် လုံခြုံရေးဟာ တကယ့်ကို အရေးကြီးလှပါတယ်။ လုံခြုံရေးကို အထူးဂရုစိုက်ရမယ့် အချိန်များထဲမှာ Public Wi-Fi သုံးနေချိန်က ထိပ်ဆုံးက ပါပါတယ်။ ကျွန်တော်တို့အနေနဲ့ Wi-Fi Free လို့ တွေ့လိုက်ရင် ဘာမှမစဉ်းစားတော့ဘဲ ချိတ်ဆက်ပြီး ပျော်ပျော်ကြီး သုံးပါတော့တယ်။ အမှန်တော့ Public Wi-Fi တွေဟာ အန္တရာယ်ကြီးတဲ့ နေရာတွေပါပဲ။ တစ်စုံတစ်ယောက်ရဲ့ အချက်အလက်တွေကို ခိုးယူဖို့ အကောင်းဆုံး နေရာလည်း ဖြစ်ပါတယ်။ Public  Wi-Fi တွေကို ပေါ့ပေါ့တန်တန် သုံးမိရင်တော့ online bank account တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ စီးပွားရေး အချက်အလက်တွေက ကိုယ့်ကိုတာ့တာ ပြသွားပါလိမ့်မယ်။ စာဖတ်သူတို့ အနေနဲ့ Public Wi-Fi တွေရဲ့ အန္တရာယ်ကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ဖို့အတွက် Digital Trends နဲ့ CNET ဝက်ဘ်ဆိုက်တွေမှာ ရေးသား ထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
Public Wi-Fi ကနေ အချက်အလက်တွေ ဘယ်လိုခိုးယူနိုင်တာလဲ
Public Wi-Fi network တစ်ခုထဲမှာ ချိတ်ဆက်အသုံးပြုနေတဲ့ user တစ်ယောက်ရဲ့ အချက်အလက်တွေကို ခိုးယူနိုင်တဲ့ နည်းလမ်းတွေက  အများကြီးပါပဲ။ အဲ့ဒီအထဲမှာမှ အသုံးများတဲ့ နည်းလမ်းသုံးခုကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Man-in-the-middle attack
ဒီနည်းလမ်းကတော့ သူ့နာမည် အတိုင်းပါပဲ။ Hacker က user နဲ့ server ကြားကနေ အချက်အလက်တွေကို ကြားဖြတ်ဖမ်းယူတာပါ။ ဥပမာ Wi-Fi free ပေးထားတဲ့ ဆိုင်တစ်ဆိုင်မှာ hacker  က ဆိုင်ရဲ့ Wi-Fi နာမည်နဲ့ ဆင်တူတဲ့ network တစ်ခုထောင်လိုက်မယ်။ password လည်း အတူတူလုပ်ထားမယ် ဆိုပါတော့။ ဒါကို ဆိုင်လာတဲ့ လူတစ်ယောက်က ဆိုင်ကပေးထားတဲ့ Wi-Fi အထင်နဲ့ အမှုမဲ့အမှတ်မဲ့ ချိတ်လိုက်မယ်ဆိုရင် hacker က အချက်အလက်တွေ အကုန်ရပါတော့တယ်။ ဒါဟာ အလွန်ရိုးရှင်းတဲ့ နည်းပဲရှိပါသေးတယ်။ ဒီ့ထက် ပိုမြင့်တဲ့ man-in-the-middle attack တွေလည်း ရှိပါသေးတယ်။
(၂) Malware
Malware တွေဟာ ပိုပြီး ကြောက်စရာကောင်းပါတယ်။ အကြောင်းကတော့ user ရဲ့ စက်ထဲက ရှိရှိသမျှ အချက်အလက်တွေကို ခိုးယူနိုင်လို့ပါပဲ။ အခုအချိန်မှာ malware တွေဟာ အတော့်ကို ပေါလာပါပြီ။ Windows, Android, iOS စတဲ့ PC OS ရော Mobile OS  များပါမကျန် malware ကူးစက်ခံရနိုင်ခြေရှိပါတယ်။ ကူးစက်ဖို့ဟာလည်း လွယ်ကူပါတယ်။ ဒါ့အပြင် သူတို့တွေဟာ နောက်ကွယ်မှာ တိတ်တဆိတ် လုပ်နေတာကြောင့် ရှိမှန်းတောင် သိလေ့မရှိပါဘူး။
(၃) Wi-Fi Sniffing
တတိယမြောက် နည်းလမ်းကတော့ Wi-Fi Sniffing ပါပဲ။ ဒနည်းလမ်းဟာ network traffic ကို record လုပ်ထားပြီး အချက်အလက်တွေကို ပြန်လည်ဖော်ထုတ် ရယူတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ hacker က user ရဲ့စက်က ပေးပို့သမျှ ဒေတာတွေကို သိမ်းထားပါတယ်။ ပြီးမှ အဲ့ဒီဒေတာတွေကို analyze လုပ်ပြီး အဖိုးတန် အချက်အလက်တွေကို ရယူပါတော့တယ်။ ဒီနည်းလမ်းဟာလည်း တကယ့်ကို ကြောက်စရာ ကောင်းပါတယ်။
Wi-Fi ကနေ အချက်အလက်တွေ ခိုးယူဖို့ လွယ်လို့လား?
အထက်က နည်းလမ်းတွေနဲ့ Wi-Fi network တစ်ခုကို hack ဖို့  နည်းပညာမြင့်ပစ္စည်းတွေ၊  အဆင့်မြင့် software တွေ လိုမှာပဲလို့ စာဖတ်သူတို့ တွေးမိပါလိမ့်မယ်။ ဟုတ်ကဲ့။ Public Wi-Fi တစ်ခုကို hack ရတာဟာ ထင်သလောက် မခက်ပါဘူး။ လွယ်လွယ် ကူကူ ပြုလုပ်နိုင်ပါတယ်။ Programming အကြောင်း မသိတဲ့သူတွေတောင် ပြုလုပ်တတ်ပါတယ်။
Maryland  တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ တစ်ဦးဖြစ်တဲ့ David Maimon က အခုလိုရှင်းပြပါတယ်။ "ခင်ဗျား Wi-Fi sniffing  လုပ်ချင်ရင် လွယ်လွယ်လေးပါပဲ။ hack ချင်တဲ့ Public  Wi-Fi network ကို ချိတ်ဆက်လိုက်။ ပြီးရင် software လေးတစ်ခုနဲ့ စောင့်ကြည့်နေလိုက်။ ဒီလောက်ပါပဲ။ ကိုယ့်ရဲ့သားကောင် ဘာလုပ်နေလဲဆိုတာကို အလွယ်လေး သိနိုင်ပါတယ်''
Password ခံထားတဲ့ Public Wi-Fi network ကရော လုံခြုံမှုမရှိဘူးလား
တကယ်လို့ စာဖတ်သူရဲ့အိမ်က Wi-Fi ကို  password ခံထားမယ်ဆိုရင်တော့ password မသိတဲ့  ပြင်ပက လူတွေက ချိတ်လို့ရမှာ မဟုတ်ပါ ဘူး။ ဒါဆိုရင် အထက်က နည်းလမ်းတွေနဲ့လည်း ဘယ်လိုမှ hack လို့ရမှာ မဟုတ်ပါဘူး။ ဒါဟာအတော့်ကို လုံခြုံပါတယ်။ ဒါဆိုရင် password နဲ့  ကာကွယ်ထားတဲ့ public Wi-Fi  network တွေကရော မလုံခြုံဘူးလား။
ဟုတ်ကဲ့။ စာဖတ်သူအနေနဲ့ သိထားရမှာကတော့ Wi-Fi encryption ဟာ password မသိတဲ့ hacker ရဲ့ရန်ကိုပဲ ကာကွယ် ပေးတာပါ။ Password သိပြီး network ထဲမှာ ရှိနေတဲ့ hacker ရဲ့ ရန်ကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ သိတဲ့အတိုင်းပဲ ဆိုင်တွေက Wi-Fi တွေဟာ encrypt လုပ်ထားပေမယ့် ဆိုင်လာတဲ့သူတိုင်း က password ကို သိခွင့်ရပါတယ်။ ဒီလို အခြေအနေမျိုးမှာတော့ password ခံထားတဲ့ encrypted Wi-Fi network ဟာလည်း လုံခြုံမှုမရှိတော့ပါဘူး။
နောက်ဆုံးပေါ် Wi-Fi encryption နည်းပညာဖြစ်တဲ့ WPA2-PSK တောင်မှ အကာအကွယ် မပေးနိုင်ပါဘူး။ အကယ်၍ စာဖတ်သူအနေနဲ့ ဒီလုံခြုံရေး အားနည်းချက်ကို ရှောင်ရှားချင်ရင်တော့ WPA2-Enterprise  နည်းပညာကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ လုပ်ငန်း သုံးအတွက်ပဲ ရည်ရွယ်တာဖြစ်ပြီး အသုံးပြုရတာလည်း ရှုပ်ထွေးပါတယ်။ သာမန်သုံးအနေနဲ့ ဆိုင်တွေမှာ အသုံးပြုဖို့ အဆင်မပြေပါဘူး။
Public Wi-Fi သုံးနေစဉ်မှာ hacker တွေရဲ့ အန္တရာယ်ကို ဘယ်လိုကာကွယ်နိုင်မလဲ
(၁) Public Wi-Fi ကို အပျော်တမ်းသာအသုံးပြုပါ။
Public Wi-Fi ကို အသုံးပြု နေချိန်မှာ အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေ မပြုလုပ်ပါနဲ့။ bank account ထဲမဝင်ပါနဲ့။ အွန်လိုင်းငွေးပေးချေမှုတွေ၊ ငွေလွှဲတာတွေ မပြုလုပ်ပါနဲ့။ ဒါ့အပြင် social  app တွေ၊ email တွေကနေ အရေးကြီးတဲ့ အချက်အလက်တွေ ပေးပို့ခြင်းမပြုပါနဲ့။ Web browsing  နဲ့ video download လုပ်ရန် လောက်သာ Public Wi-Fi ကို အသုံးပြုပါ။
(၂) VPN ကို အသုံးပြုပါ။
Virtual Private Network ဟာ Public Wi-Fi ထဲမှာ လုံခြုံစိတ်ချမှု ရှိစေနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါပဲ။ VPN ဟာ user နဲ့ VPN  server  ကြားက ဆက်သွယ်မှုတွေကို လုံခြုံအောင် encrypt ပြုလုပ်ပေးတာကြောင့် hacker တွေအနေနဲ့ အချက်အလက်တွေကို အလွယ်တကူ မခိုးယူနိုင်တော့ပါဘူး။ VPN software တွေဟာ အသုံးပြုရတာ လွယ်ကူပါတယ်။ Windows မှာဆိုရင် CyberGhost, Android မှာဆိုရင် OpenVPN Connect, iOS မှာဆိုရင် OpenVPN တို့ဟာ လူသုံးများတဲ့ VPN software တွေပါပဲ။ ဒီ software တွေသုံးပြီး Public Wi-Fi ကို အတော်အတန် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
(၃) Certificate Warning တွေကို သတိပြုပါ။
စာဖတ်သူအနေနဲ့ web browsing လုပ်နေစဉ်မှာ Certificate warning ဆိုပြီး ပေါ်လာတာကို တစ်ခါနှစ်ခါလောက်တော့ ကြုံဖူးမှာပါ။ အဲ့ဒီအခါမှာ အမှုမဲ့အမှတ်မဲ့ နေဖူးမှာပါ။ ဟုတ်ကဲ့။ နောက်ဆို သတိထားပါတော့။ Certificate warning ဟာ စာဖတ်သူ access လုပ်နေတဲ့  website ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်နေပြီလို့ ညွှန်ပြနေတာပါ။ ဒါဟာ စာဖတ်သူကို man-in-the-middle attack နဲ့ တိုက်ခိုက်နေတာလည်း ဖြစ်နိုင်ပါတယ်။ Facebook, Gmail, Bank ဝက်ဘ်ဆိုက်တွေမှာ အထူးဂရုစိုက်ရပါမယ်။ Certificate warning တွေ့ရင် ဝက်ဘ်ဆိုဒ်ကို ဆက်မကြည့်တော့တာ အကောင်းဆုံးပါပဲ။
(၄) Public Wi-Fi ကို ရွေးချယ်ရာမှာ သတိထားပါ။
တစ်ခါတလေမှာ hacker  တွေဟာ ကိုယ်ထိုင်နေတဲ့ ဆိုင်ရဲ့ Wi-Fi အယောင်ဆောင်ထားတဲ့ Wi-Fi တွေ ဖန်တီးထား တတ်ပါတယ်။ အမှုမဲ့အမှတ်မဲ့ ချိတ်ဆက်မိတဲ့သူတွေရဲ့ အချက်အလက်တွေကတော့ hacker ဆီ တန်းတန်းမတ်မတ်ကြီးကို ရောက်တော့တာပါပဲ။
ဒါကြောင့် ဆိုင်ရဲ့ Wi-Fi ကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှ ချိတ်ဆက်ပါ။ နာမည်တူ Wi-Fi တွေရှိနေလား စစ်ဆေးပါ။  ဘယ် Wi-Fi မဆို စစ်စစ်တုတု အရေးကြီးတဲ့အလုပ်တွေ  မပြုလုပ်ပါနဲ့။
(၅) Two Factor Authentication ကို အသုံးပြုပါ။
Two Factor Authentication ဆိုတာ account တစ်ခုကို log in ဝင်ဖို့ password အပြင် အခြား security check ကိုပါ ဖြတ်သန်းရတဲ့ စနစ်ပါပဲ။ ဥပမာ Facebook application မှာ Code Gen-erator ဆိုတာပါပါတယ်။ သူ့ကို activate ပြုလုပ်ထားရင် တခြားစက်ကနေ ကိုယ့် account ထဲဝင်ဖို့ဆိုရင် password သာမက code ပါ ရိုက်ထည့်ရပါတယ်။ ဒါကြောင့်  hacker ဟာ password ကို သိသွားသည့်တိုင်အောင် code ကို မသိရင် account ဝင်လို့မရတော့ပါဘူး။ ကိုယ့်ရဲ့ account ကို ပိုလုံခြုံသွားစေပါတယ်။
(၆) Antivirus software များ ဆောင်ထားပါ။
Antivirus software အများစုမှာ အွန်လိုင်းလုံခြုံရေးအတွက် Safe browsing  စတဲ့ feature တွေ ပါဝင်ပါတယ်။ အဲ့ဒီ feature တွေဟာ Public Wi-Fi network တွေမှာ လုံခြုံစွာ နေထိုင်နိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။ ဒါကြောင့် Antivirus soft-ware တွေဟာ ဆောင်ထားသင့်ပါတယ်။

Credit Internet Journal

ချစ်သူဖုန်းထဲက SMS ကို ခိုးကြည့်နိုင်မယ့် Total SMS Control

ဒီ Application က တစ်စုံတစ်ယောက်ဖုန်းထဲက SMS နှင့် Call log တွေကို ခိုးကြည့်ချင်သူတွေအတွက် အသုံးဝင်ပါတယ်။
ကြိုတင်ပြင်ဆင်ထားရမယ့် အပိုင်းလေးတွေတော့ ရှိတာပေါ့နော်။ Spy Application တွေကတော့ ဒီလိုပါပဲ။ သူငယ်ချင်းတို့ စိတ်ဝင်စားရင် ဆက်ဖတ်ကြည့်ပါ ကျွန်တော် နည်းနည်းပြောပြပါမယ်။
ကိုယ့်ချစ်သူဖုန်းထဲက SMS နဲ့ Call Log ကို ကြည့်ချင်တယ်ဆိုပါစို့…
အခုတင်ပေးလိုက်တဲ့ Application လေးကို သူ့ဖုန်းထဲမှာ Install လုပ်ပြီးဖွင့်ပါ။
Welcome Box ပေါ်လာရင် Ok နှိပ်ပါ။
Forwarding Mode မှာ ရွေးစရာ သုံးခုရှိပါတယ်။
*Forward to Email
*Forward to Twitter
*Forward to SMS
သူ့ဖုန်းထဲက SMS တွေ ကိုယ့် Gmail ထဲ ရောက်စေချင်ရင် -Forward to Email- ကို ရွေးလိုက်ပါ။ မှတ်ချက်။ ။သူ့ဖုန်းအင်တာနက် ဖွင့်ချိန်မှ အဲဒီ SMS တွေဟာ ကိုယ့် Gmail ထဲ ဝင်လာမှာပါ။
သူ့ဖုန်းထဲက SMS တွေ ကိုယ့်ဖုန်းရဲ့  Message Inbox ထဲ ရောက်စေချင်ရင် -Forward to SMS- ကို ရွေးလိုက်ပါ။ မှတ်ချက်။ ။သူ့ဖုန်းထဲမှာ Phone Bill ရှိမှ အဲဒီ SMS တွေဟာ ကိုယ့်ဖုန်း Message Inbox ထဲ ဝင်လာမှာပါ။
သူငယ်ချင်းတို့ အဆင်ပြေမယ်ထင်တာ ရွေးလိုက်ကြပေါ့နော်။ ကျွန်တော်က Forward to Email ကို ရွေးထားတယ်။
Forward to Email ကို နှိပ်လိုက်ရင် Email Setting ပေါ်လာမယ်။
Notification ပါတဲ့ စာကြောင်းကလွဲရင် ကျန်တာအားလုံး အမှန်ခြစ်ပေးပါ။
အောက်ဆုံးမှာ Set up Destination Email Address ဆိုတာကို နှိပ်ပါ။
မိမိ Gmail အကောင့်ထည့်ပြီး Save…။ Gmai Password ထည့်ပြီး Ok နှိပ်ပါ။ အခုသူငယ်ချင်းထည့်ခဲ့တဲ့ Gmail ထဲကို SMS တွေ ဝင်မှာပါ။ Email Setting ပြင်ဆင်တာကတော့ ပြီးပါပြီ။
ဒီ Application ကို သူ့ဖုန်းထဲမှာ ဒီအတိုင်းထားခဲ့ရင် သူသိသွားမှာပေါ့။ ဒါကြောင့် Secret Code လေးသုံးပြီး ဒီ App လေးကို ဖျောက်ထားရအောင်။
Parental Control Mode ကို On လိုက်ပါ။ Yes နဲ့ No ပေါ်လာရင် Yes ကို ရွေးပြီး မှတ်မိမယ့်နံပါတ် ရိုက်ထည့်…ပြီးရင် Save နှိပ်ပါ။ နောက်တစ်ခါ ဒီ Application ကို မြင်ချင်ရင် Keypad မှာ အခုဏက နံပါတ်ကို ရိုက်ပြီး Call နှိပ်မှ ဒီ App က ပွင့်လာမှာပါ။ အဲလိုမဟုတ်ရင် App List ထဲမှာ ရှိနေမှာ မဟုတ်ပါဘူး။ ဖျောက်ထားတာပေါ့…
နောက်တစ်ခု ပိုပြီး လြုံခုံသွားအောင် Enable Secure Uninstallation ကို On လိုက်ပါ။ Yes ကို ရွေးပြီး Activate ကို ဆက်နှိပ်ပေးလိုက်ပါ။
ဒါဆိုပြီးပြီဗျာ… Forward to SMS နဲ့သုံးမယ်ဆိုလည်း အတူတူပါပဲ။
====================================================
Forgot your phone at home? Can’t take it to work? SMS Diversion will forward all text messages to your Gmail account or any other phone that you specify. Can also forward name and number of missed calls with contact list integration. Forgot to turn SMS Diversion on before leaving? No problem, remote activation allows for turning forwarding on or off by sending a predefined text message to your phone! Does not support MMS.
Forward SMS to Gmail
Forward SMS to another phone
Forward name and number of missed calls
Remote on/off
Contact list integration
Forward to any email account
*** Does not support MMS***
How to install?
Download apk.
install normally.
Done enjoy.
=========================================

 အေးကျော်(နည်းပညာ)
အဆင်ပြေပါစေ

Hardware Course ဆိုင်ရာ Components များအကြောင်း(ဖိုးစပ်စု)



မင်္ဂလာပါ
မိုဘိုင်းဖုန်းဆိုင်ရာလေ့လာလိုက်စားနေကြတဲ့ ညီအကိုများအတွက်
(ဖိုးစပ်စု) ရဲ့ Hardware Course ဆိုင်ရာ Components များအကြောင်းကို
PDF လေးလုပ်ပြီးပြန်လည်မျှဝေပေးလိုက်ပါတယ်။


ယခု Hardware Course ဆိုင်ရာ Components များအကြောင်းမှာတော့
ဖုန်းတစ်လုံးရဲ့ powersection ပိုင်းမှာပါဝင်တဲ့ components လေးတွေရဲ့အခေါ်အဝေါ်နဲ့ 
ပေါင်းစပ်အလုပ်လုပ်ပုံ။ဖြစ်တတ်တဲ့ error များနဲ့ ပြုပြင်ပုံတို့ ကိုအခုမှစတင်လေ့လာနေတဲ့ညီငယ်
များပါနားလည်သဘောပေါက်အောင်အသေးစစ်ရှင်းလင်းရေးသားထာဖြစ်ပါတယ်။



Hardware Course ဆိုင်ရာ Components များအကြောင်းမှာ
လေ့လာရမယ့် Components များကတော့
၁။ Capacitor 

၂။ Resistor
၃။ Coil 
၎။ FET နဲ့ SOT
၅။ DIODE
၆။  PMU 
၇။ CRTSTAL 


အထက်ဖေါ်ပြပါ ဖုန်းတစ်လုံးရဲ့ powersection ပိုင်းမှာပါဝင်တဲ့ 
components လေးတွေရဲ့အခေါ်အဝေါ်နဲ့ပေါင်းစပ်အလုပ်လုပ်ပုံ
ဖြစ်တတ်တဲ့ Error များအကြောင်းကိုလေ့လာချင်တယ်ဆိုရင်တော့
အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါပြီ။


Credit ဖိုးစပ်စု



အဆင်ပြေပါစေ

Android Phone သုံးသူများအတွက် သတိထားရမဲ့ အချက်အလက်လေးတွေ ရေးပြီးတင်လိုက်ပါတယ်။



( ကြိုပြောထားမယ်နော် ဖုန်းလေးကိုင်ပြီး ဟိုလျှောက်ဒေါင်း ဒီလျှောက်ဒေါင်း မလုပ်ပါနဲ့ မျောက်ကိုက်လိမ့်မယ်)

ကျွန်တော်တို့ ဖုန်းတွေ FACEBOOK သုံးတဲ့အခါမှာ အင်တာနက်ကို ဖွင့်ကြရပါတယ်။ အင်တာနက်ကို ဖွင့်လိုက်တဲ့အချိန်မှာ auto update တွေ Playstore market,1mobile market,Moborobo market,MobileGo market တွေက အလုပ်လုပ်နေကြပါတယ်။ အဲ့ဒီအခါကျရင် အောက်က ပေးထားတဲ့ apk(application)တွေ တက်လာပါက ဒေါင်းလင့် မလုပ်ပါနဲ့။ install မလုပ်ပါနဲ့။

အခုပြောထားတဲ့ APK တွေကို Download မလုပ်ပါနဲ့။ လုပ်လိုက်မိရင်တော့ မိမိရဲ့ ဖုန်းထဲရဲ့ system ဖိုင်ထဲကို ရောက်သွားပါလိမ့်မည်။ အဲ့ဒီအခါကျရင် မိမိဖုန်းကို facebook သုံးနေတဲ့အချိန်မှာ monkey test,Time Service ဆိုတဲ့ ပုံစံမျိုးတွေ တက်လာမှာ ဖြစ်ပါတယ်။ လူကို အနှောင့်အယှက် ဖြစ်စေပါတယ်။

WiFi Enhancer , PinkyGirls , WordLock , SettingService , Sex Cademy , TimeService , XVideo Codec Pack , Fast Booster , boom pig , iVideo , Indian Sexy Stories 2 , Amazon , Talking Tom 3 , WhatsWifi , Fruit Slots , Assistive Touch , Hubii News , Photo Clean , Hot Video , Wifi Speeder , Accurate Compass , itouch , Super Mario , Lemon Browser , WiFi FTP , All-star Fruit Slash , Light Browser , SmartFolder , Multifunction Flashlight , Ice Browser , Happy Fishing , XVideo , Simple Flashlight , Assistive Touch , PronClub , MonkeyTest , Memory Booster , Daily Racing , Hot Girls

အဲ့ဒီအခါကျရင် လွယ်လွယ်ကူကူ ရှင်းလို့ရတာ ရှိသလို လွယ်လွယ်ကူကူ ရှင်းလို့မရတာတွေလည်း ရှိပါတယ်။

လွယ်လွယ်ကူကူ ရှင်းလို့ရတာကတော့ play store ကနေ cm security apk ကို ဒေါင်းပြီး မိမိဖုန်းထဲက monkey test virus ဖိုင်ကို ရှင်းလို့ရပါတယ်။

အဲ့လိုမှ မရရင်တော့ Phone Service ဆိုင်ကို သွားပြပြီးမှဘဲ ရှင်းလို့ရပါမယ်။

အားလုံးအဆင်ပြေကြပါစေ။

ဖုန်းလေးကိုင်ပြီး ဖျင်လေး လှုပ်တုတ် လှုပ်တုတ်
မလုပ်ကြပါနဲ့ ������


ref: AungMin Han


အဆင်ပြေပါစေ..

LG G Stylo version 5.1.1 ကို ROOT လုပ်ချင်သူတွေအတွက်




LG-G-Stylo-600x340
LG G Stylo ရဲ့ version 5.1.1 ကို Root လုပ်ချင်သူတွေအတွက် တင်ပေးလိုက်ပါတယ်။
အရင်ဆုံး လိုအပ်တာကတော့ TWRP recovery နဲ့ SuperSU-update.zip လေးပါပဲ။
လိုအပ်တဲ့ ဖိုင်လေးနှစ်ခုကို အောက်ကလင့်ကနေ Download ရယူလိုက်ပါ။

အရင်ဆုံးအရေးကြီးတဲ့ data တွေရှိပါက back-up ပြုလုပ်ထားလိုက်ပါ။
နောက်တစ်ဆင့်မှာတော့ ဖုန်းကို Recovery mode ၀င်ပြီး ဖုန်းကို Factory data
reset ချလိုက်ပါ။ အရင်ဆုံး Clear cache နဲ့ cache ဖိုင်တွေရှင်းလိုက်ပါ။
ပြီးမှ Factory reset ချလိုက်ပါ။ wipe dalvik cache ပါပါက အဲဒါလေးပါ လုပ်ပေးလိုက်ပါ။
ပြီးရင်တော့ Download ရယူထားတဲ့ TWRP recovery zip ကို Flash ပေးလိုက်ပါ။
နောက်တစ်ဆင့်အနေနဲ့ SuperSU-update.zip ကိုပါ install လုပ်ပေးလိုက်ပါ။
ပြီးရင်တော့ Reboot system now နဲ့ ဖုန်းကို Reboot ချပေးလိုက်ပါ။
အဆင်ပြေပါစေ။
Warmly Welcome

အလုပ်အကိုင်ရှာဖွေရေး App v1 Download



 အလုပ်အကိုင်ရှာဖွေရေး App
အလုပ်အကိုင်ရှာချင်တဲ့ ညီကို မောင်နှမ များအတွက် ဒီ App လေးက နေ့စဉ်တင်နေတဲ့အလုပ်ရှာဖွေရေးကြော်ငြာများကို ၂၄ နာရီ update ဖော်ပြပေးသွားမှာဖြစ် လို့အလုပ်များကိုလွယ်ကူလျှင်မြန်စွာရှာဖွေနိုင်မှာဖြစ်ပါတယ် လိုအပ်သူများအောက်မှာဒေါင်းလုပ်ကြပါ


မြန်မာ ရှမ်းကိုးမီး ဖဲလေး အွန်လိုင်းချိတ်ကစားမယ်-Shan Koe Mee APK


  •   Cover art
မြန်မာ ရှမ်းကိုးမီး ဖဲလေး အွန်လိုင်းချိတ်ကစားမယ်-Shan Koe Mee APK ဂိမ်းကောင်းလေးပါ မြန်မာ ဂိမ်း Devepolmer (Total Game Play store) ကထုတ်လုပ်တဲ့ အွန်လိုင်းဂိမ်းကောင်းလေးပါ
  အောက်မှာဒေါင်းပြီးတော့ဆော့ကစားနိုင်ပါပြီအဆင်ပြေပါစေ (ပုသိမ်နည်းပညာ)
  • Shan Koe Mee is a classic Myanmar card game made for your android phone. It is the traditional card game you can take any where any time, even when you don't have enough people by your side.   
  •   Shan Koe Mee World- screenshot thumbnail     Shan Koe Mee World- screenshot thumbnail     Shan Koe Mee World- screenshot thumbnail




     

     

    Download
         
                             

                                        www.patheinit.com
                                           
    Payephyokyaw









    .

Facebook မှာ Video တွေ Autoplay ဖြစ်နေပြီး Data တွေကုန်နေလို့စိတ်ညစ်နေပါသလား?


ပထပဦးစွာ Setting ကိုသွားပါ အောက်နားက Videos ကိုနှပ်ပါ Auto-Play Videos ကို အနီဝိုင်းပြထားသလို Off လုပ်ပါ

ဆယ်ဖီချစ်သူများအတွက် အမိုက်စား ဆယ်ဖီ Gadgets (၈)ခု





ဒီခေတ်ကြီးမှာ တစ်ယောက်ထဲ ဖြစ်ဖြစ် အဖွဲ့ လိုက်ဖြစ်ဖြစ် ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ အခါ သူများကို ရိုက်ခိုင်းတာထက် ကိုယ်တိုင်ကိုင်ပြီး ရိုက်ရတာလည်း ဖီလင်တစ်ခု ဖြစ်ပါတယ်။
အခုဖော်ပြမဲ့ အမိုက်စားဆယ်ဖီ Gadgets များဟာ ဆယ်ဖီချစ်သူများအတွက် အကြိုက်တွေ့ စေမဲ့ ပစ္စည်းလေးတွေဖြစ်ပါတယ်။

(၁ ) Selfie ဦးထုတ်
လန်ဒန်မြို့ မှာပြုလုပ်ခဲ့တဲ့ Fashion Week 2014 မှာ ပြသခဲ့တဲ့ Selfie ဦးထုတ်ပါ။ ဆယ်ဖီချစ်တဲ့ ပျိုပျိုမေတို့ အတွက် အလန်းစား ဆယ်ဖီဖက်ရှင်ဖြစ်ပါလိမ့်မယ်။ သူက ဦးထုတ်မှာ တွဲပြီး Selfie ရိုက်ဖို့ အတွက်သီးသန့် လုပ်ထားပါပါတယ်။
(၂) Selfie Toaster 
အိမ် မှာ   ပေါင်မုန့် မီးကင်စားရင်း ထူးထူးခြားခြား ဖြစ်စေမဲ့ ဆယ်ဖီပေါင်မုန့် မီးကင်စက်ပါ။ 
US က ကုမ္ပဏီတစ်ခုက ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီစက်ကို ၇၅ ဒေါ်လာနဲ့ ရောင်းချပါတယ်။
ဒါပေမဲ့ ဒီစက်မှာ ပုံပေါ်ဖို့ မိမိပုံကို ကုမ္ပဏီကို ပို့ ပေးရမှာ ဖြစ်ပြီး တစ်ပတ်တစ်ခါ လိုချင်တဲ့ ပုံကို ပြောင်းလဲနိုင်ပါတယ်တဲ့။
(၃) Baby Selfie App 
ကလေးငယ်လေးတွေ အတွက် Selfie ရိုက်တဲ့ အခါ ပုံလှလှလေး ထွက်စေဖို ရည်ရွယ်ထားတဲ့ App ဖြစ်ပါတယ်။
ကလေးအဖေတစ်ဦးက ဒီ App ကို တီထွင်ခဲ့တာ ဖြစ်ပြီး ဒီApp က ကလေးငယ်များကို ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ အခါ
စိတ်ဝင်စားမှု ဖြစ်အောင် ကာတွန်းဂိမ်းလေး တစ်ခုနဲ့ ဆွဲဆောင်ထားပါတယ်။ မျက်နှာပြင်ပေါ်မှာ ရုပ်ကြွလေး ပေါ်လာမှာ ဖြစ်ပြီးကလေးငယ်လေးက စိတ်ဝင်တစား ကြည့်နေတဲ့အခါ အလိုအလျောက် ဓာတ်ပုံရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။
(၄) Belfie Stick 

မိမိ နောက်ပိုင်းကို သီးသန့် ရိုက်ဖို့ အတွက် လုပ်ထားတဲ့ Belfie Stick ပါတဲ့။ မိမိရဲ့ လှပတဲ့ နောက်ပိုင်းကို တကူးတကရိုက်ကူးနိုင်တော့မှာ ဖြစ်ပါတယ်။ ကျောအလှ တင်အလှ ခါးအလှတွေကို သူက ကွင်းကွင်းကွတ်ကွတ် ရိုက်ကူးပေးပါလိမ့်မယ်။
(၅) Selfie Drone
လက်မှာလည်း ပတ်ထားလို့ ရပြီး ပျံသန်းကာ Selfie ရိုက်ကူးနိုင်တဲ့ Selfie Drone ပါတဲ့။
ကမ္ဘာ့ပထမဆုံး ပျံသန်းနိုင် ဝတ်ဆင်လို့ ရနိုင်တဲ့ ကင်မရာ တစ်လုံး အနေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။
အိုင်ဒီယာကတော့ မိမိလက်ကနေ ရုတ်တရက် ပျံသန်းကာ လျပ်တစ်ပြတ်ဓာတ်ပုံများ ရိုက်ကူးပေးပါလိမ့်မယ်။
ပြီးရင် မိမိရှိတဲ့နေရာဆီကို တိတိကျကျပြန်လာပါလိမ့်မယ်တဲ့။ ဒီတော့မိမိရဲ့ လျပ်တစ်ပြတ်လှုပ်ရှားမှု ဓာတ်ပုံများကို လက်မလွတ်ရတော့ပါဘူး။
(၆) 3D Printed Mayonnaise Selfie
မိမိပုံကို ဘာဂါပေါ်မှာ မရောနစ် နဲ 3D ပုံဖော်ပေးမဲ့ Selfie ပုံဖော်တဲ့ဟာလေးပါ Hellmann ဆိုတဲ့ အဖွဲလေးက တီထွင်ထားပြီးသူတို ဘာဂါ ရောင်းတဲ့ ထရပ်ကားပေါ်မှာ တပ်ဆင်ထားပြီး ဘာဂါလာဝယ်တဲ့သူတွေကို ပုံရိုက်ပါတယ်။ ပြီးတော့ သူတို့ တပ်ဆင်ထားတဲ့စက်ကလေးနဲ့ လူပုံကို မရောနစ်ရည်နဲ့ ဖော်ပေးပြီး ရောင်းတာဖြစ်ပါတယ်။ 
(၇) Selfie Brush 
Selfie ချစ်သူတို့ အတွက် ဆံပင်ဖီးရင်း ဓာတ်ပုံရိုက်နိုင်မဲ့ ဟာလေးပါ။ သူက ဘီးနောက်မှာ ဖုန်းထည့်တဲ့ နေရာလေးပါပြီးဘီးအနေနဲ့ ရော Selfie Stick အနေနဲ့ ပါ နှစ်မျိုး သုံးနိုင်မှာ ဖြစ်ပါတယ်။ မိမိဖုန်းနဲ့ ကွတ်တိဖြစ်အောင်လည်း ချိန်ထည့်လို့ ရပါတယ်။
(၈) Selfie Mirror
မှန်မှာ မိမိစိတ်တိုင်းကျပြင်ဆင်ပြီး အရှေ့ မှာ သွားရပ်ရုပ်နဲ့ မိမိပုံကို ရိုက်ကူးပေးမှာ ဖြစ်ပါတယ်။ 
မှန်ရဲ့နောက်မှာ ဓာတ်ပုံရိုက်ဖို့ ကရိယာများ ပြင်ဆင်ထားတာ ဖြစ်ပြီး မိမိ ရုပ်ပြုံးပြလိုက်ရုံနဲ အလိုအလျောက် ရိုက်ကူးသွားပါလိမ့်မယ်။

♪ လိုင်စင်နဲ့ APK တွေကို Full Version လုပ်ပေးမယ့် - Lucky Patcher v5.7.1 Apk ♫


Lucky Patcher ကိုတော့ ကျွန်တော်တစ်ခါမှမတင်ပေးဖူးပါဘူး။ အခုတင်ပေးလိုက်တယ်ဆိုတာကလည်း တကယ့်ကိုအသုံးဝင်လို့ တင်ပေးလိုက်တာပါ။ သူ့ရဲ့လုပ်ဆောင်ချက်က နှစ်ခုရှိပါတယ်။ လိုင်စင်နဲ့အသုံးပြု ရမယ့် APK များကို Full Version လုပ်ဆောင်ပေးနိုင်ပါတယ်။ နောက်ပြီး Application တွေ Game တွေ .တော်တော်များ များမှာ ကြော်ငြာတွေပါလာတက်ပါတယ်။ အဲဒီ ကြော်ငြာတွေကိုလည်း နောက်ထပ် .ပေါ်မလာအောင် Lucky Patcher နဲ့ဖြုတ်ပေးနိုင်ပါတယ်ဗျာ။ Lucky Patcher ကိုအသုံးပြုမယ်ဆိုရင်တော့ မိမိတို့ရဲ့ Phone က Root Access ဖြစ်နေမှရပါမယ်။ အသုံးပြုပုံကိုလည်း မူရင်းအတိုင်းအောက်မှာ ရှင်းပြ ထားပါတယ်ဗျာ။ Android OS 1.6 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

Add 100 သတင်းစုံ v2 Download


Add 100 သတင်းစုံ app သည် ပြည်တွင်း/ပြည်ပသတင်း ဗဟုသုတ အားကစား နည်းပညာ ကျန်းမာရေး အလုပ်ခေါ်စာ ရွှေဈေး   ဒေါ်လာဈေး သတင်းများ ကို ၂၄ update တင်နေသာ 
website ပေါင်း ၁၀၀ မှသတင်းများကိုစုစည်းဖော်ပြထားခြင်း
 ဖြစ်ပါတယ် အောက်ကလင့်ခ်များမှာ အခမဲ့ Download ဖတ်ရှု့နိုင်ပါတယ်

Android 4.0 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်ပါတယ်
ဗားရှင်း 2 မှာ အသစ်ထည့်သွင်းထားတဲ့လိုင်းတွေကတော့
မြ၀တီနည်းပညာ (နည်းပညာ)
နည်းစနစ်ကျကျအတွေးအခေါ် (ဗဟုသုတ)

New Myanmar News (သတင်း)

သစ်ထူးလွင် (သတင်း)

PannPwint - News (သတင်း)

ဒေါက်တာအောင်မျိုး စာအုပ်စင် (ဗဟုသုတ)

The Ladies News Journal (သတင်း)

TechSpace Journal (နည်းပညာ)

Ayesay.com.mm (နည်းပညာ/ဗဟုသုတ)

JOB seekers Journal (အလုပ်ရှာဖွေရေး)

Popular News Journal (သတင်း)

FOOD Magazine (အစားအသောက်ဗဟုသုတ)

Myanmar Online Library (ဗဟုသုတ)

အမျိုးသမီးနှင့်ကျန်းမာရေး (ကျန်းမာရေး)
                                                                                                          တို့ပဲဖြစ်ပါတယ်

Monday, September 28, 2015

သင့်ရဲ့ ဖုန်းမှာ STORAGE မကုန်စေဖို့ နည်းလမ်း သုံးခု


စမတ်ဖုန်းများမှာပါတဲ့ Storage ဟာ နည်းပါးတဲ့အတွက် ဖုန်းမှာ Apps နဲ့ ဂိမ်းများစွာ အသုံးပြုသူ၊ သီချင်း၊ ဗီဒီိယိုများ၊ Offline Map Data သိမ်းဆည်းထားသူများ အတွက် Storage ကုန်ဆုံးတဲ့ ပြဿနာကို ရင်ဆိုင်ကြရပါတယ်။ ဒီပြဿနာဟာ စမတ်ဖုန်း အသုံးပြုသူ အားလုံးအတွက် ဘုံပြဿနာတောင်ဖြစ်လာပါတယ်။ ဖုန်းမှာ Storage နည်းပါးခြင်းဟာ ဖုန်းကို နှေးကွေးစေသလို Apps များ Update ပြုလုပ်၍ မရခြင်း၊ ဓါတ်ပုံ ရိုက်၍ မရခြင်းတို့ကိုလည်း ဖြစ်စေပါတယ်။ အဲဒီအတွက် ဖုန်းမှာ Storage မကုန်စေဖို့ နည်းလမ်းကောင်း သုံးခုကို မျှဝေလိုက်ပါတယ်။
၁။ သင့်ရဲ့ Internal Storage ကို ရှင်းလင်းပါ။
ဖုန်းရဲ့ Internal Storage ကို အဓိက အသုံးပြုတဲ့ အရာ သုံးခုရှိပါတယ်။
App Data
Cached Data (System Cache, App Cache )
User Data ( Music, Photos, Videos, etc )
ကံကောင်းတာက အဲဒီအရာသုံးခုစလုံးကို ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။ အသုံးမပြုတဲ့ Apps များကို Uninstall လုပ်ပါ။ Caches နဲ့ မလိုအပ်တဲ့ ဖိုင်များကို ရှင်းလင်းပါ။ ဒီလိုအလုပ်တွေကို လွယ်ကူစွာ ပြုလုပ်ပေးနိုင်တဲ့ Apps များကိုလည်း အသုံးပြုနိုင်ပါတယ်။ SD Maid က အဲဒီအလုပ်တွေကို အလိုအလျှောက် ပြုလုပ်ပေးနိုင်ပါတယ်။ ES File Explorer က Android File System ကို အတွင်းကျကျ ထောက်လှမ်းနိုင်ပြီး Uninstall လုပ်လိုက်တဲ့ Apps များမှ ကျန်ခဲ့တဲ့ မလိုအပ်တဲ့ ဖိုင်များကို ရှင်းလင်းဖို့ သင့်ကို ကူညီပေးနိုင်ပါတယ်။
ဓါတ်ပုံ၊ သီချင်း၊ ဗီဒီယိုများပါတဲ့ User Data တွေကို အခြား Device များထံသို့ ကူးပြောင်းပါ။ ဥပမာအားဖြင့် DCIM , Music, Videos ဖိုဒါများကို သင့်ရဲ့ ကွန်ပြူတာထဲသို့ ကူးပြောင်းနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ရဲ့ ဖုန်းကို ကွန်ပြူတာနဲ့ USB Cable ကနေ ချိတ်ဆက်ပါ။ ဖုန်းကို Unlock လုပ်ပြီး ဖုန်းမှာ မလိုအပ်တဲ့ ဖိုဒါနဲ့ ဖိုင်များကို ကွန်ပြူတာထဲသို့ ပြောင်းရွှေ့ပါ။ WhatsApp, Viber , Facebook Messenger ဖိုဒါများမှာ သိမ်းဆည်းထားတဲ့ ဓါတ်ပုံများကိုလည်း ပြောင်းရွှေ့နိုင်ပါတယ်။
၂။ USB OTG သို့မဟုတ် microSD Card Adapter ကိုအသုံးပြုပါ။
Google က microSD Card အသုံးပြုမှုကို ကန့်သတ်ချင်ပေမယ့်လည်း microSD Card ကို စမတ်ဖုန်း ပိုင်ရှင်အားလုံးနီးပါးက အသုံးပြုချင်ကြပါတယ်။ သင့်ဖုန်းမှာ microSD Card Slot မပါရင်တောင် microSD Card ကို အသုံးပြုနိုင်ပါသေးတယ်။

microSD Card Slot မပါတဲ့ ဖုန်းများမှာ USB OTG သို့မဟုတ် microSD Card Adapter ကို အသုံးပြုနိုင်ပါတယ်။ Adapter ကို Key Chain မှာ ချိတ်ဆွဲပြီး သွားလေရာယူသွားနိုင်ပါတယ်။ Android 6.0 Marshmallow မှာတော့ microSD Card ကို Internal Storage အဖြစ် အသုံးပြုနိုင်အောင် ဆန်းသစ်ပေးထားပါတယ်။ Android Lollipop မှာ microSD Card ကို Adapter ထဲထည့်သွင်းပြီး ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Internal Storage မှ ဓါတ်ပုံ၊ ဗီဒီယို၊ သီချင်းများကို SD Card ထဲ ကူးပြောင်းသင့်ပါတယ်။ microSD Card Slot မပါတဲ့ ဖုန်းများမှာ Adapter ကနေ တစ်ဆင့် Apps အချို့ကို microSD Card ထဲထည့်သွင်းနိုင်ပေမယ့် Sync လုပ်ဖို့အတွက်တော့ ပြဿနာရှိပါတယ်။


၃။ Cloud ကို အသုံးပြုပါ။
ဓါတ်ပုံနဲ့ သီချင်းများစွာဟာ သင့်ရဲ့ ဖုန်းမှာ နေရာယူထားရင်တော့ Cloud မှာ သိမ်းဆည်းပါ။ Google ရဲ့ Photos App အသစ်မှာ 16 MP နဲ့ အောက် ဓါတ်ပုံများကို အကန့်အသတ်မရှိ သိမ်းဆည်းခွင့်ပေးထားပါတယ်။ App က 1080p Full HD Video များကိုလည်း အခမဲ့ သိမ်းဆည်းခွင့်ပေးထားပါတယ်။ အခြား Cloud ၀န်ဆောင်မှုများစွာ ရှိပေမယ့် Photos ဟာ ရွေးချယ်စရာတစ်ခုပါ။ သီချင်းများအတွက် SoundCloud ကို အသုံးပြုနိုင်ပါတယ်။ SoundCloud မှာ အကောင့်ဖွင့်ပြီး သီချင်းများ သိမ်းဆည်းထားနိုင်ပြီး Device များစွာကနေ ဘယ်နေရာရောက်ရောက် နားဆင်နိုင်ပါတယ်။ Cloud ကို အသုံးပြုရင် သင့်ရဲ့ Mobile Data များစွာ ကုန်ကျမှာ ဖြစ်တဲ့အတွက် အခမဲ့ ၀ိုင်ဖိုင်များရရှိမှသာ Upload ပြုလုပ်သင့်ပါတယ်။


Credit www.myanmardigitallife.com

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)