Monday, September 14, 2015

iPhone 6S နဲ့ 6S Plus တို့မှာ ပါဝင်တဲ့ Live Photo ဆိုတာ


Live Photo
Apple မှ အသစ်ထုတ်လုပ် ဖြန့်ချိလိုက်တဲ့ Products များဖြစ်တဲ့ iPhone 6S နဲ့ iPhone 6S Plus တို့မှာ Feature အသစ်တွေအများအပြားထည့်သွင်းပေးထားပါတယ်။ ထို feature တွေထဲမှာ live photo ဆိုတဲ့ Feature တစ်ခုလည်း အပါဝင်ဖြစ်ပါတယ်။ Live Photo ဟာ ဖုန်းတစ်လုံးနဲ့ ဓါတ်ပုံရိုက်သူတို့အတွက် ဆန်းသစ်တဲ့အမည်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်တော့ Live Photo ဆိုတာ Gifs (animation photo) နဲ့ 1.5 second ဟာ Short Video Clips တို့ကို ပေါင်းစပ် ဖန်တီးထားတဲ့ Feature တစ်ခုဖြစ်ပါတယ်။
12 MP ကင်မရာကို အသုံးပြုထားတဲ့ iPhone 6s နဲ့ 6s Plus တို့ဟာ live photo ကို အသုံးပြုနိုင်ဖို့အတွက် ကင်မရာ Feature ရဲ့ အလယ်တည့်တည့်မှာ သင်္ကေတ icon အသစ်နဲ့ ထည့်သွင်းပေးထားပါတယ်။ ဒါဟာ 12 MP အသုံးပြုထားတဲ့ iPhone 6s နဲ့ 6s Plus တို့အတွက် အရည်သွေးကောင်းမွန်တဲ့ ဓါတ်ပုံတွေကို ရရှိနိုင်မှာဖြစ်သလို ၊ Live Photo ကို အသုံးပြုပြီး ဓါတ်ပုံတွေအလွယ်တကူ ရိုက်နိုင်တဲ့အတွက်လည်း iPhone 6s နဲ့ iPhone 6s Plus တို့ဟာ ဓါတ်ပုံနဲ့ပါတ်သက်ပြီး ပြောနေစရာမလိုအောင် အသုံးပြုနိုင်ဖို့ထည့်သွင်းပေးထားတဲ့ Feature တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ live photo feature ကို Apple က အသုံးမပြုခင်ကတည်းက HTC က Zoe Camera ဆိုပြီး အသုံးပြုပြီးသားဖြစ်ပါတယ်။ ဒါကို ကမ္ဘာ့လူသုံးအများဆုံးနဲ့ နာမည်အကြီးဆုံးဖြစ်တဲ့ Apple က နာမည်အသစ်အဆန်းနဲ့ Live Photo ဆိုပြီး အသုံးပြုလိုက်တော့ အသုံးပြုသူတို့အတွက် အသစ်အဆန်းဖြစ်သွားပါတယ်။
Live Photo feature နဲ့ မိမိရိုက်လိုက်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်တဲ့အခါ စစချင်းမှာ Animation အနည်းငယ်နဲ့ ပြသမှာဖြစ်ပြီး ၄င်းဓါတ်ပုံကိုပဲ ကြာကြာဖိထားလိုက်တဲ့အခါ 1.5 second စာ Video Clip နဲ့လည်းပြသပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် အသံပါပါဝင်မှာဖြစ်ပါတယ်။ မိမိတို့ရိုက်ထားတဲ့ Live Photo တွေထဲကမှ ကြိုက်နှစ်သက်တဲ့ Live Photo ကိုလည်း ဖုန်းရဲ့ Wallpaper အဖြစ် ထားနိုင်ပါသေးတယ်။
Ref : Pocketlint
Aung Ko Htet (MMA)
#aungkohtet_akh

No comments:

Post a Comment