Friday, September 18, 2015

Apple ရဲ့ပထမဆုံး Android App ကို Google Play ပေါ်မှာရယူနိုင်ပြီ




Move-to-iOS-940x717
စက်တင်ဘာလ ၁၆ ရက်နေ့မှာ iOS 9 ကိုထုတ်ပေးလိုက်ခြင်းနှင့်အတူ Apple ရဲ့ပထမဆုံး Android Application ဖြစ်သည့် “Move to iOS” app ကိုလည်း Google Play ပေါ်မှာ Android ဖုန်းအသုံးပြုသူများရယူနိုင်စေရန်တင်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ “Move to iOS” app သည် Android ဖုန်းအသုံးပြုသူများအနေဖြင့်၎င်းတို့ရဲ့ contacts, messages, mail settings, photo libraries , browser bookmark စသည်တို့ကို iPhone ဆီသို့ရွေ့ပြောင်းပေးမည်ဖြစ်ပြီး မိမိရဲ့ Android ဖုန်းပေါ်မှာအမြဲအသုံးပြုနေသည့် App များအား Apple App Store ပေါ်တွင်ရယူနိုင်ရန်ပြုလုပ်ပေးထားမည်ဖြစ်သည်။

“Move to iOS” app ကိုအသုံးပြုရန် Move to iOS app သွင်းထားသည့် Data ရွေ့ပြောင်းမည့် Android ဖုန်းနှင့် Data လွှဲပြောင်းရယူမည့် iPhone တို့အား တူညီသော Wifi Network တစ်ခုတည်းတွင်ချိတ်ဆက်ထားရမည်ဖြစ်သည်။ Android ဖုန်းအသုံးပြုသူများအား iPhone ဆီသို့ မိမိတို့အမြဲအသုံးပြုနေသော Data များအားလွယ်ကူစွာရွှေ့ပြောင်းပေးမည့် Apple ၏ဆွဲဆောင်မှုတစ်ရပ်လည်းဖြစ်သည်။ “Move to iOS” app ကို Android ဖုန်းမှာစမ်းသပ်အသုံးပြုလိုပါက အောက်က link တွင်ရယူနိုင်မည်ဖြစ်သည်။


(Download: Move to iOS for Android on the Play Store)



No comments:

Post a Comment