Friday, September 18, 2015

ခေါက်သိမ်းလို့ရမယ့် စမတ်ဖုန်း Samsung က ထုတ်မည်


project valley

လာမယ့် ၂၀၁၆ မှာ ထွက်ရှိနိုင်ချေရှိတဲ့ ထူးခြားတဲ့ စမတ်ဖုန်း တစ်ခုတည်းမှာ ခေါက်သိမ်းလို့ရတဲ့ Samsung စမတ်ဖုန်းလည်း ပါဝင်ပါလိမ့်မယ်။ Dual Screen ဖြစ်ပြီး ဖန်သားပြင် နှစ်ခုကို ဖြန့်သုံးလည်း ရသလို တစ်လုံးနဲ့ တစ်လုံး ခေါက်ပြီးတော့ သုံးလည်း ရပါတယ်။
သူ့ကို Project Valley သို့မဟုတ် Project V လို့ အမည်ပေး ထားပါတယ်။ Snapdragon 620 သို့မဟုတ် 820 chipset အသုံးပြုထားဖွယ် ရှိကြောင်း ဆိုပါတယ်။ RAM 3GB ပါဝင်ပြီး built in memory တစ်ခုတည်းနဲ့ အတူ ထပ်ဖြည့်လို့ရမယ့် SD ကဒ် အပေါက်လည်း ပါဝင် ပါတယ်။ ဖုန်းက လက်ရှိ Samsung Galaxy S6 တို့လို အရွယ်အစား ဖြစ်ပေမယ့် ခေါက်ထားတာဖြစ်တဲ့အတွက်ကြောင့် သူက ဖုန်းနှစ်လုံးစာ ဖြစ်နေ ပါတယ်။ သူ့မှာ ဖုန်းနှစ်လုံးစာ ကျယ်တဲ့အတွက် အခြားသော ထူးခြားတဲ့ Feature များလည်း ပါဝင် ပါလိမ့်မယ်။
ယင်း သတင်းကို တရုတ်ပြည်ရဲ့ ဆိုရှယ်မီဒီယာ Weibo မျာ သတင်းထွက်ရှိခဲ့ပြီး လက်တလော ရေပန်းစား နေပါတယ်။
.
Ref: Pocketlint
အောင်ခမ်း (MMA)

No comments:

Post a Comment