Friday, September 25, 2015

Mac OS X တွင် မြန်မာယူနီကုဒ်စနစ်သို့လွယ်ကူစွာပြောင်းလဲနည်း အပြည့်အစုံ


Mac OS X အသုံးပြုနေပြီး ဇော်ဂျီမှ ယူနီကုဒ်သို့ ကူးပြောင်း အသုံးပြုလိုသူများအတွက် မရှိမဖြစ်လိုအပ်သော Keyboard, Unicode Fonts နှင့် Safari တွင် ယူနီကုဒ်နှင့် ဇော်ဂျီ နှစ်မျိုးလုံးကိုပါ ဖတ်ရှုနိုင်မည့် Safari Extension နှင့်တစ်ကွ Offline Converter တို့ကိုပါ စုံစုံလင်လင် ထည့်သွင်းပေးထားပြီး မည်သို့ မည်ပုံ အသုံးချရမည်ကို ဗီဒီယိုလမ်းညွှန်ချက်နှင့်တစ်ကွ အလွယ်ကူဆုံးဖြစ်အောင် ဖော်ပြပေးလိုက်ပါသည်..

အောက်ဖော်ပြပါ လုပ်ဆောင်ချက် အဆင့်များကို ဇော်ဂျီဖောင့် နှင့် လက်ကွက် သွင်းယူထားနှင့်ပြီးသော Mac OS X ကွန်ပျူတာတစ်လုံးအနေနှင့် နမူနာပြရေးသားထားခြင်း ဖြစ်ပါသည်။



>> Download Myanmar Unicode Bundle for Mac (Userscloud) 


>> Download Myanmar Unicode Bundle for Mac (DropBox) 
ပထမဦးစွာ Myanmar Unicode Bundle for Mac zip file ကို Download လုပ်ပြီး zip ဖြည်ထားပါ။
၁။ ဇော်ဂျီဖောင့် မှ ယူနီကုဒ်ဖောင့်သို့ ပြောင်းလဲရန် (Change Font)
Mac ၏ Spotlight search မှ “Font Book” ကို ရှာပြီးဖွင့်ပါ။ “Zawgyi-One” ကို ‘Disable/Off’ လုပ်ပါ။


'Update Fallback’ folder ထဲမှ “MMFontFallBack” ကိုဖွင့်ပြီး “Back To Original” ကို နှိပ်ပါ။


ထို့နောက် “Unicode Fonts” folder ထဲမှ “Tharlon-Regaular.ttf” ကို Double click နှိပ်ပြီး “Install Font” နှိပ်ပါ။ (Font Book ထဲတွင် သာလွန် ရောက်ရှိသွားပါပြီ)


ယူနီကုဒ်ဖောင့် ရသွားပါပြီ..
၂။ ဇော်ဂျီလက်ကွက်မှ ယူနီကုဒ်လက်ကွက်သို့ ပြောင်းရန် (Change Keyboard)

System Preferences > Keyboard > Input Sources တွင် “Zawgyi KB” ကို ရွေးချယ်ပြီး “-“ နှိပ်ပြီး ဖြုတ်ချပါ။ (Keep file လုပ်နိုင်ပါသည်)


“Keyboards” folder ထဲမှ “MUA-my.bundle” ကို COPY ကူးယူပြီး Library > Keyboard Layouts ထဲသို့ PASTE လုပ်ချလိုက်ပါ။
ထို့နောက် Preferences > Keyboard > Input Sources > Burmese > MUA-My ကို Add လုပ်ပါ။
ယူနီကုဒ်ကီးဘုတ် ရသွားပါပြီ..
မှတ်ချက်။ ။ ယူနီကုဒ်ကို ဇော်ဂျီလက်ကွက် အတိုင်းရိုက်လိုသည်ဆိုပါက “Keyboards” folder ထဲရှိ “Zawgyi L Unicode.bundle) ကို Keyboard Layouts ထဲသို့ Copy Paste လုပ်နိုင်ပါသည်။
၃။ Safari Extension ထည့်သွင်းနည်း
ယူနီကုဒ်စနစ် ထည့်သွင်းလိုက်ပြီ ဖြစ်တဲ့အတွက် Mac ရဲ့ Safari Browser မှာ ဇော်ဂျီနဲ့ ရေးသားထားတဲ့ website တွေ၊ Facebook တွေကို ဖတ်ရှုနိုင်ရန် ယူနီကုဒ်ရော ဇော်ဂျီပါ ဖတ်လို့ရနိုင်တဲ့ Extension ကို ထည့်သွင်းပါမည်။

"Safari extension” folder ထဲမှ ‘MUA Web Unicode…erter 1.5.safariextz’ ကို double click ခေါက်ပြီး “Install” လုပ်ပေးလိုက်ပါ။ (Install လုပ်ပြီးပါက ထိုဖိုင် folder ထဲမှ ပျောက်ကွယ်သွားပါမည်)


ယခုဆိုရင် Safari Browser တွင် ယူနီရော ဇော်ဂျီ နှစ်မျိုးစလုံးကို ဖတ်ရှုနိုင်ပါပြီ..။
၎။ Offline Uni <-> Zawgyi Converter သွင်းယူနည်း

Myanmar Font Offline Converter” folder ကို ဖွင့်၍ ‘MM Font Converter’ ကို Copy ကူးယူပြီး Application ထဲတွင် Paste item လုပ်ချလိုက်ပါ။



ယခုဆိုလျှင် Mac OS X ပေါ်တွင် ဇော်ဂျီမှ မြန်မာယူနီကုဒ်စနစ်သို့ လွယ်ကူစွာ ပြောင်းနိုင်ခဲ့လိမ့်မည်ဟု မျှော်လင့်မိပါသည်...။

Video Tutorial Guide
============


Credit Phyo Thet Zaw


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment