Wednesday, September 16, 2015

Facebook တွင် Dislike (မကြိုက်ပါ) button နှိပ်လို့ရတော့မည်


mashable

Facebook မှာ Like Button ကျတော့ ပါဝင်ပြီး Dislike button မပါဝင်ဘူး လားလို့ ခဏခဏ မေးနေကြတဲ့ user တွေကို မတ်ခ်ဇူကာဘတ် ကြာကြာ တင်းခံ မငြင်းဆန်နိုင်ပါဘူး။ Dislike button ကို ထည့်သွင်းပေးဖို့ လက်တလော အင်တာဗျူး တစ်ခုမှာ မတ်ခ်ဇူကာဘတ် ဖြေကြားသွား ပါတယ်။
၂၀၁၀ ခုနှစ်ကတည်းက Facebook ဌာနထဲမှာတောင် အငြင်းပွားနေတဲ့ ကိစ္စ တစ်ခု ဖြစ်ပါတယ်။ ဇူကာဘတ် အနေနဲ့ Facebook ကို Reddit လိုလည်း မဖြစ်ချင်ပါဘူးတဲ့ Reddit က ကြိုက်ရင် ကြိုက်ကြောင်း vote သလို မကြိုက်ရင်လည်း မကြိုက်ကြောင်း Vote လို့ရနေကြောင်း၊ ယင်းကဲ့သို့ ရခြင်းဟာ ဖိုရမ် ဆန်ဆန် ဖြစ်နေကြောင်း ဆိုပါတယ်။ သူ့အနေနဲ့ Facebook ကို တည်ထောင်ခြင်းဟာ ယင်းကဲ့သို့ ဖိုရန်ဖြစ်အောင် လုပ်ခြင်းမဟုတ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့်လည်း ဆက်ပြီးတော့ လေ့လာခဲ့ကြည့်တဲ့အခါ အမှန်တကယ်ကျတော့ Dislike button ဟာ မကြိုက်ခြင်းကို ပြသခြင်း မဟုတ်ပဲ ဝမ်းနည်းကြေကွဲခြင်းကိုလည်း ပြသရာ ရောက်ကြောင်း ဆိုပါတယ်။ အထူးသဖြင့် လက်ရှိမှာ ဒုက္ခရောက်နေကြတဲ့ ဒုက္ခသည်များရဲ့ ဓာတ်ပုံများကို အွန်လိုင်းပေါ်မှာ မြင်တဲ့ အခါ မာကြိုက်ကြောင်း Dislike button ကို နှိပ်လို့ရအောင်ဖန်တီးပေးမှာမို့ ဖြစ်ပါတယ်။
ယင်းဟာ လူတွေရဲ့ ကူညီစာနာလိုမှု ခံစားချက်ကို မြင့်တက်စေရန်သာ ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် မကြိုက်ကြောင်း အမုန်းပွားရန် သုံးစေဖို့ မဟုတ်ကြောင်း ရှင်းသွားပါတယ်။ ဒါကြောင့်မို့ Facebook မှာ ပါဝင်လာမယ့် Dislike ဆိုတဲ့ အရာဟာ မကြိုက်လို့၊ မုန်းလို့ နှိပ်တာ မဟုတ်ပဲ သနားကြင်နာ၊ ထပ်တူ ဝမ်းနည်းလို့ နှိပ်တဲ့ button ပဲ ဖြစ်မှာ ဖြစ်ကြောင်း ပြောသွား ပါတယ်။ ဘယ်တော့ Dislike ကိုနှိပ်လို့ရမယ့်ဆိုတာတော့ မပြောသေးပါဘူး။ အများစု ကတော့ ယခုနှစ်အတွင်း ရရှိနိုင်ဖို့ မျော်လင့်လျက် ရှိကြ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)

No comments:

Post a Comment