Monday, September 21, 2020

 Image may contain: text

Computer ထဲမှာစိုက်ထားတဲ့ RAM စစ်နည်း
Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထားတဲ့ RAM ကိုစစ်ချင်လို့ပဲဖြစ်ဖြစ် ဘယ်လိုစစ်ဆေးရမယ်ဆိုတာကို အခု Post မှာဖော်ပြပေးသွားမှာဖြစ်ပါတယ်။
RAM အကြောင်းအကျဉ်းချုပ်ကိုသိချင်ရင်တော့အောက်ကဖော်ပြထားတဲ့ Link ထဲက Post မှာဖတ်ရှုနိုင်ပါတယ်။
Computer ထဲမှာစိုက်ထားတဲ့ RAM စစ်နည်းအဆင့်ဆင့်
၁။ ပထမဆုံး RAM စစ်ဖို့အတွက် Windows Key+R နှိပ်ပြီး Run box ခေါ်ပေးရပါမယ်။
၂။ Run box ထဲမှာ cmd လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် Command prompt box ကျလာမှာဖြစ်ပါတယ်။
- Computer ထဲမှာ RAM စိုက်လို့ရတဲ့ DIMM Slot ဘယ်လောက်ပါလဲကြည့်ချင်ရင် Command prompt box ထဲမှာ
wmic memphysical get memorydevices
လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် RAM စိုက်လို့ရတဲ့ Slot ဘယ်လောက်ပါလဲဆိုတာတွေ့ရမှာဖြစ်ပါတယ်။
- Computer ထဲက လက်ရှိစိုက်ပြီးအသုံးပြုနေတဲ့ RAM ရဲ့ Speed ကိုစစ်ချင်ရင် Command prompt box ထဲမှာ
wmic memorychip get speed
လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် Speed ဘယ်လောက်ရှိလဲဆိုတာကို MHz နဲ့ဖော်ပြမှာဖြစ်ပါတယ်။ (ဥပမာ - 1333, 1600, 2133, 2400)
ကိုယ့် Computer ထဲမှာ လက်ရှိစိုက်ထားတဲ့ RAM ရဲ့ Speed က 2400MHz ဆိုပါတော့။ နောက်ထပ် RAM တစ်ချောင်းထပ်စိုက်မယ်ဆိုရင် 2400MHz ကိုဝယ်ဖို့လိုပါတယ်။ 2400MHz မဟုတ်ပဲ 2133MHz ထပ်စိုက်ရင်တော့ Computer က Speed နည်းတဲ့ 2133MHz နဲ့ပဲအလုပ်လုပ်သွားမှာဖြစ်ပါတယ်။
တစ်ချို့ Computer တွေမှာ CPU ထဲမှာရှိတဲ့ Memory Controller က 2133MHz ပဲအထောက်အပံ့ပေးတယ်ဆိုရင်လည်း ကိုယ်က 2400MHz (၂) ချောင်းစိုက်ထားရင်တောင် 2133MHz နဲ့ပဲအလုပ်လုပ်မှာဖြစ်ပါတယ်။
- Computer ထဲမှာလက်ရှိစိုက်ထားတဲ့ RAM ကဘယ် DIMM Slot မှာစိုက်ထားလည်းကြည့်ချင်ရင် Command prompt box ထဲမှာ
wmic memorychip get devicelocator
လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် ကိုယ်စိုက်ထားတဲ့ RAM နေရာက DIMM A မှာလား၊ DIMM B မှာလားသိနိုင်မှာဖြစ်ပါတယ်။
- Computer ထဲမှာစိုက်ထားတဲ့ RAM အကြောင်းအလုံးစုံသိချင်တယ်ဆိုရင်တော့
wmic memorychip get banklabel,devicelocator,caption,capacity,speed
လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် RAM ကို ဘယ် DIMM Slot မှာစိုက်ထားလဲ၊ Capacity (bytes) ဘယ်လောက်ရှိလဲ၊ Speed ဘယ်လောက်ရှိလဲဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။
IT Workshop ကနေ RAM Upgrade လုပ်တာနဲ့ပတ်သတ်ပြီး အကြံပြုချင်တာတစ်ခုရှိပါတယ်။
Computer ထဲမှာလက်ရှိစိုက်ထားတဲ့ RAM က DDR4 2400 4GB ဆိုပါစို့။ Computer ကို 8GB RAM ဖြစ်စေချင်ရင် ကိုယ်နောက်ထပ် Upgrade လုပ်မယ့် RAM ကလည်း DDR4 2400 4GB ပဲထပ်စိုက်တာကောင်းပါတယ်။ ထပ်စိုက်မယ့် RAM က Speed တူ၊ Capacity (GB) တူဖြစ်နေတာကပိုအဆင်ပြေပါတယ်။
ဒါပေမဲ့ ကိုယ်ကနောက်တစ်ချိန်မှာ 16GB အထိ RAM Upgrade လုပ်ဖို့ရှိရင်တော့ Computer ထဲမှာ စိုက်ထားတဲ့ RAM 4GB ကိုဖြုတ်ပြီး 8GB တစ်ချောင်းတည်းစိုက်တာကပိုသင့်တော်ပါတယ်။ အဲသည်လို 4GB ကိုဖြုတ်ပြီး‌ 8GB တစ်ချောင်းတည်းစိုက်လိုက်တာက နောက်တစ်ချိန်မှာ Computer ထဲကို 8GB ပြန်တိုးစိုက်လို့ ပိုအဆင်ပြေစေပါတယ်။
အားလုံးအဆင်ပြေကြပါစေ။
 
#kolinn
 
 

 Image may contain: text that says 'Uses Of Function Keys In Windows F1 F2 F3 F4 Fn F5 F6 F7 F8 F9 F10 F11 F12'

သင် မ သိ သေး တဲ့ 𝐊𝐞𝐲𝐛𝐨𝐚𝐫𝐝 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐊𝐞𝐲𝐬 များ
👆 [စာသားဖတ်လို့မရလျှင်အပေါ်တွင်ဖတ်ရှု့နိုင်ပါသည်။]
========================
မင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ ကွန်ပြုတာတစ်လုံး၏ Keyboard တွင်ပါ၀င်သော အသုံး၀င်တဲ့ Function Keys များအကြောင်းကို လေ့လာသွားမှာ ဖြစ်ပါတယ်။ Function Keys အများစုသည် Keyboard ၏ အပေါ်ဘက်တွင် ရှိတက်ပါတယ်။ ပုံတွင် တချက်ကြည့်ပေးပါ။
ဒီနေ့မှာတော့ အဆိုပါ Function Key တွေရဲ့ အလုပ်လုပ်ပုံအကြောင်းကို တခုချင်းစီ ပြောပြသွားမှာ ဖြစ်ပါတယ်။ ကဲ စလိုက်ကြရအောင်ပါ။ လက်တော့တွေမှာဆိုရင် Function Keys ကို ဒီအတိုင်းနှိပ်ရတာ ရှိသလို Keyboard မှာရှိတဲ့ Fn ဆိုတဲ့ Key လေးနဲကတွဲနှိပ်မှ အလုပ်လုပ်ပါတယ်။ Desktop မှာဆိုရင်တော့
ပြသာနာမရှိပါဘူး။ ပြန်စမ်းတဲ့အခါမှာ အဆင်မပြေတာရှိရင်လည်း မေးမြန်းနိင်ပါတယ်။
နောက်လည်းအေးဆေးပြန်ဖတ်လုိ့ရအောင် Share ထားလိုက်ဦးနော်
F1
F1 သည် အဓိကတော့ ကွန်ပြုတာကို အကူအညီတောင်းတာဖြစ်ပါတယ်။ ကွန်ပြုတာနှင့် ပတ်သတ်ပြီး သိချင်တာရှိရင် မေးမြန်းနိင်ပါတယ်။ ဥပမာ Google နဲ့ဆင်ပါတယ်။ ဒါပေမယ့် Google သိလိုတဲ့ အကြောင်းအရာ အလုံးစုံကို ရှာနိင်ပေမယ့် F1 ကတော့ ကွန်ပြုတာတစ်လုံးနှင့် သတ်ဆိုင်သည်များကိုသာ ရှာဖွေနိင်ပါတယ်။ သတိထားစရာတချက်ကတော့ Windows 7 မှာဆိုရင် F1 (Help) ကို Offline အနေနဲ့ အသုံးပြုနိင်ပေမယ့် Windows 10 မှာတော့ Online အနေဖြင့်သာ အသုံးပြုနိင်ပါတယ်။ Online သာ အသုံးပြုလို့ ရတဲ့အတွက် သိချင်တာကို များများစားစားသိလို့ ရပြီးတော့ မကောင်းတဲ့အချက်ကတော့ ကွန်ပြုတာမှာ အင်တာနက် မချိပ်ဆက်ထားရင် တခုမှ မေးမြန်းနိင်မှာ မဟုတ်ပါဘူး။ ဟုတ်ပီ။ F1 ကို Help လို့ခေါ်တယ်။
F2
F2 သည် Folder သော်လည်းကောင်း၊ Icon သော်လည်းကောင်း နာမည်ပြောင်းလိုသည့်အခါတွင် သုံးပါတယ်။ ပုံမှန်အားဖြင့် Folder တစ်ခုကို နာမည်ပြောင်းတော့မယ်ဆိုရင် ၄င်း Folder ပေါ်တွင် Right Click နှိပ်ပြီး Rename ကိုရွေးရပါတယ်။ အဆင့်တွေများတာပေါ့။ မြန်မြန်ဆန်ဆန်လုပ်ချင်တယ်ဆိုရင်တော့ ၄င်း Folder ကို Select ပေး။ ပြီးရင် F2 နှိပ်လိုက်
ဒါဆိုရင် Rename ပြောင်းလို့ရမှာ ဖြစ်ပါတယ်။ ဒီတော့ F2 သည် Folder (or) File တစ်ခုခုကို နာမည်ပြောင်းလိုသည့်အခါတွင် အသုံးပြုပါတယ်။
F3
F3 သည် Search Bar သို့သွားလိုသည့်အခါတွင် သုံးပါတယ်။ ဒီကောင်ကို သုံးမယ်ဆိုရင် မိတ်ဆွေအနေနဲ့ အရင်ဆုံး My Computer ကိုဖွင့်ထားရပါမယ်။ တနည်းအားဖြင့် My Computer ထဲက Search Box ကိုသွားချင်တယ်ဆိုရင် F3 ကိုနှိပ်ပြီးသွားနိုင်ပါတယ်။
F4
F4 သည် Address Bar သို့သွားလိုသည့်အခါတွင် သုံးပါတယ်။။ ဒီကောင်ကို သုံးမယ်ဆိုရင် မိတ်ဆွေအနေနဲ့ အရင်ဆုံး My Computer ကိုဖွင့်ထားရပါမယ်။ တနည်းအားဖြင့် My Computer ထဲက Address Bar ထဲကို သွားလိုသည့်အခါတွင် F4 ကိုနှိပ်ပြီးသွားနိင်ပါတယ်။
F5
F5 ကိုတော့ တော်တော်များသိမယ်ထင်ပါတယ်။ Refresh လုပ်တာဖြစ်ပါတယ်။ ကွန်ပြုတာနည်းနည်း လေးလာပြီဆိုရင် F5 မကြာခဏနှိပ်လေ့ရှိကြပါတယ်။
F6
F6 ကိုတော့ အသုံးနည်းလှပါတယ်။ မပြောရင်တော့ ရပါတယ်။ ဒါပေမယ့် အကုန်ပြောမယ်လို့ ရည်ရွယ်ထားတဲ့အတွက် ထည့်ပြောရခြင်းဖြစ်ပါတယ်။ ဒီကောင်ကို သုံးဖို့အတွက် My Computer သို့မဟုတ် Browser တစ်ခုခုကို ဖွင့်ထားရပါမယ်။ ပြီးရင်တော့ F6 ကိုနှိပ်ကြည့်ပါ။ Cursor လေးပြောင်းနေတာကို တွေ့ရပါလိ့မ်မယ်။ နှိပ်တဲ့အခါမှာလည်း ၃လေး
ချက် ၄ချက်လောက် နှိပ်ကြည့်ပါ။
F7
F7 ကိုတော့ Spelling Check လုပ်သည့်အခါတွင် သုံးပါတယ်။ Spelling Check လုပ်သည့် Feature ကတော့ Word ပါသည့်အတွက်ကြောင့် Word ကို ဖွင့်ပြီး F7 နှိပ်မှ အလုပ်လုပ်
ပါမယ်။
F8
F8 သည် Word တွင်သာ အလုပ်လုပ်တဲ့ Keys တစ်ခုဖြစ်ပါတယ်။ Word မှာ စာကြောင်းတစ်ကြောင်းကို Select ပေးလိုသည့်အခါတွင် F8 ကို ၂ချက်နှိပ်ပေးပါ။ ၃ချက်နှိပ်ရင် စာပိုဒ်တစ်ခုလုံးကို Select ပေးသွားမှာ ဖြစ်ပါတယ်။
F9
F9 သည်လည်း Refresh လုပ်တာဖြစ်ပါတယ်။ ထူးခြားတာက Word တွင်သာ အလုပ်လုပ်ပါတယ်။ လက်ရှိစာရိုက်နေတဲ့ အချိန်မှာ Word သုံးရတာလေးနေတယ်ဆိုရင် F9 နှိပ်ပြီး Refesh နှိပ်နိုင်ပါတယ်။
F10
F10 သည် Menu Bar ကိုခေါ်သည့်အခါတွင် အသုံးပြုပါတယ်။ လက်ရှိဖွင့်ထားသော Program တစ်ခုခု၏ Menu Bar ကိုခေါ်လိုသည့်အခါတွင် F10 နှိပ်ပြီးခေါ်နိင်ပါတယ်။
F11
F11 သည် လက်ရှိသုံးနေတဲ့ Browser ဖြစ်စေ၊ My Computer ဖြစ်စေ Full Screen လုပ်လိုသည့်အခါတွင် အသုံးပြုပါတယ်။ Full Screen ကနေ ပြန်ထွက်ချင်တယ်ဆိုရင် F11 ပြန်နှိပ်ပြီး ထွက်နိင်ပါတယ်။
F12
F12 သည် Save လုပ်တာ ဖြစ်ပါတယ်။ လက်ရှိရိုက်နေတဲ့ Word / Excel / Power Point ကို Save လုပ်လိုသည့်အခါတွင် အသုံးပြုပါတယ်။
စာလေးကို အဆုံးထိဖတ်ရူ့ပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်။ မိတ်ဆွေအတွက်လည်း အသိသုတ တစ်စုံတစ်ရာရရှိမည်လို့ မျှော်လင့်ပါတယ်။
Writer - Kaung Myat
 
 #kolinn


Wednesday, September 9, 2020