Friday, September 22, 2017

ဖုန်း Hardware Power ပိုင်းဆိုင်ရာ အကြောင်း...



ဖုန်းတစ်လုံးရဲ့ powersection ပိုင်းမှာပါဝင်တဲ့ components လေးတွေရဲ့ အခေါ်အဝေါ်နဲ့ ပေါင်းစပ် အလုပ်လုပ်ပုံ။ ဖြစ်တတ်တဲ့ error များနဲ့ ပြုပြင်ပုံတို့ ကို အခုမှ စတင်လေ့လာနေတဲ့ ညီငယ်များပါ နား လည် သဘောပေါက်အောင်၊ ပုံလေးတွေနဲ့ တကွ ရှင်းပြပေးထားပါတယ်။ ကျွန်တော့်ရဲ့ သင်ဆရာများဖြစ် ကြတဲ့ အခြေခံ electronic ပညာကို သင်ပေးတဲ့ ဆရာကြီးဦးသန်းဆင့် ဆရာကြီးဦးထိန်ဝင်းနဲ့ ဖုန်း hardware ပိုင်းကို သင်ပေးခဲ့တဲ့ ဆရာကိုထွန်း၊ ဆရာချစ် နဲ့ မြင်ဆရာများဖြစ်ကြတဲ့ ဆရာဦးမောင်နိင်၊ဆရာကိုစိုင်း၊ နဲ့ ကိုစိုးမြင့်သူ သူငယ်ချင်းဆရာများကို ဒီဆောင်းပါးလေးနဲ့  ဂါရ၀ပြုလိုက်ပါတယ်။

တကယ်တော့ electronic နယ်ပယ်မှာ smartphone ဆိုတာ နည်းပညာအမြင့်ဆုံး electronic device
လို့ ပြောရင်ရပါတယ်။ ဒီလို အဆင့်မြင့် နည်းပညာတစ်ခုကို အခြေံအဆင့် မီတာတိုင်းနည်းတောင် မ သိသေးတဲ့ ညီငယ်တွေအတွက် အရာရာဟာေ၀၀ါးနေမှာအမှန်ပါပဲ။ ဒါပေမယ့် ဘာမှအားမငယ်ပါနဲ့  ညီလေးတို့ ၊ ဇွဲရှိရှိနဲ့ ကြိုးစားအားထုပ်ဖို့ ပဲလိုပါတယ် အဆင်ပြေရင်တော့ အခြေခံပိုင်းပါ ပေါင်းစပ် သင်ပေးတဲ့ သင်တန်းတွေကို မေးမြန်းပြီးတက်ပေါ့။

ဖုန်းတစ်လုံးရဲ့ power ပိုင်းမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေက..

(၁) capacitor
 အ၀ါရောင်နဲ့ အညိုရောင် အတုံးလေးတွေပါ။ သူတို့ က ပတ်လမ်းမှာ လိုအပ်တဲ့ dc volt ကို တည်ငြိမ်မှု ရှိအောင်ပြုလုပ်ပေးပါတယ်။ dc လျှပ်စီးကြောင်းမှာ ရောရှက်ပါလာတဲ့ ac လှိုင်း အနှောက် အယှက်တွေကိုလဲ ဖယ်ရှားစစ်ထုပ်ပေးပါတယ်။ ဒါကတော့ capacitor လေးတွေရဲ့ ပုံပါ။



ဒီကောင်လေးတွေထဲက တစ်ချို့  capacitor လေးတွေဟာဒီစီဗို့ လိုင်းရဲ့ အပေါင်းနဲ့ အနှုတ်ကိုခွပြီး တပ် ထားပါတယ်၊ တစ်ခါတစ်ရံမှာ ဒီကောင်လေးတွေရှော့ဖြစ်ပြီး ဖုန်းပါဝါသေတဲ့ ပြစ်ချက်မျိုးတွေ ကြုံရပါ တယ်။



ဒီပုံမှာဆိုရင် မျှားအနီရောင်လေး ပြထားတဲ့ capacitor လေးရှော့ဖြစ်ပြီး ပါဝါသေနေတာပါ၊ power supply နဲ့ ချိတ်လိုက်ရင် အမ်ပီယာ အဆုံးထိ ပြသွားပါတယ်။ ဒီလိုပြစ်ချက်မျိုးက အတွေ့ အကြုံများတဲ့ သူဆိုရင် ချက်ချင်း စဉ်းစားမိမှာပါ။ battery ငုတ်ရဲ့ အ၀င်မှာနားက အပေါင်းအနှုတ်လိုင်းကို ခွပြီးတတ် ထားတဲ့ ဒီကောင်လေးက dc ဗို့ ကို လုံးဝပိတ်ချလိုက်တာ။ Capacitor တွေမှာဖြစ်တတ်တဲ့ ပြစ်ချက် ကတော့၊ရှော့ဖြစ်ပြီး ၀ါယာကြိုးတစ်ချောင်းလို ဖြစ်သွားတာ နောက်တစ်မျိုးက open ဖြစ်တယ်လို့ လဲခေါ် ပါတယ်၊ capacitor ရဲ့ မိုက်ခရိုဖရက်တန်ဖိုး လုံးဝပျောက်သွားတာမျိုးပါ။ ရေ၀င်တဲ့ ဖုန်းတွေမှာ အဖြစ်များ ပါတယ်။ တကယ်လို့ ဒီပစ္စည်းလေး တွေကို အစားထိုးပြုပြင်မယ်ဆိုရင်၊ စက်ပြားဟောင်းလေးတွေ စုဆောင်းထားရပါမယ်။ ဖုန်းထဲမှာ အသုံးပြုတဲ့ SMD components လို့ ခေါ်တဲ့ သေးငယ်တဲ့ ပစ္စည်းလေးတွေကို အပြင်မှာဝယ်ဖို့ မလွယ်ကူပါဘူး၊ ဒါကြောင့် စက်ပြားများများ စုဆောင်းထားတဲ့ သူဟာ အလွယ်တကူပဲ ပြင်ဆင်လို့ ရသွားမှာပါ။

(၂) Resistor 
ဒီကောင်လေးတွေက အမဲရောင် အတုံးအသေးဆုံးလေးတွေပါ။ အရွယ်နဲနဲကြီးတဲ့ ကောင်တွေလဲ အနဲငယ် သုံးပါတယ်။ သူတို့ ကတော့ရှော့ဖြစ်တယ်လို့ သိပ်မရှိပါဘူး open ပြတ်သွား တာများပါတယ်။ fuse resistor ကိုတော့ အဖြူရောင် အတုံးလေးတွေအဖြစ် ခွဲခြားပေးထားပါတယ်။ပုံမှာမြင်နေရတာတော့ SMD Resistor လေးတွေပါ။



(၃) coil 
ကွိုင်လေးတွေကိုတော့ ပါဝါပိုင်းမှာ အနဲဆုံးလေးလုံးကနေ ခြောက်လုံးထိ တွေ့ ရတတ်ပါ တယ် ကွိုင်လေးတွေ သုံးရခြင်းရဲ့ အကြောင်းကတော့၊ ပတ်လမ်းမှာ လိုအပ်တဲ့ လျှပ်စီးကြောင်း အမ်ပီယာ၊
တောင့်တင်းကောင်းမွန်စေရန်၊ dc လျှပ်စီးကြောင်းကနေ ac အသွင်ကို ကူးပြောင်းယူရန်၊ dc ဗို့ ကို လို အပ်သလို ထုပ်ယူပေးနိင်ရန် အသုံးပြုကြပါတယ်။ ပုံမှာမြင်ရတာကတော့ SMD Coil လေးပါ။



(၄) FET နဲ့  SOT
FET က Field effect transistor , SOT က Small outline transistor ပါ။ ပါဝါပိုင်းမှာ နှစ်မျိုးစလုံး သုံး တတ်ပါတယ်။ ဒီကောင်လေးတွေက လျှပ်စီးကြောင်းတွေကို လိုအပ်သလို အပိတ်အဖွင့် လုပ်တဲ့နေရာမှာ သုံးကြပါတယ်၊ နောက်တစ်မျိုးက battery ကို အားသွင်းတဲ့ နေရာမျိုးမှာ အမ်ပီယာကို လိုအပ်သလို ထိန်း ချုပ်ပေးနိင်ဖို့ သုံးကြပါတယ်။ ဒီပစ္စည်းလေးတွေ ပျက်စီးသွားရင်တော့ အမျိုးအစားတူ တစ်ခုခုနဲ့ လဲလှယ် အသုံးပြုသင့်ပါတယ်၊ ခြေတောက်ကို ကြိုးပူးပြီး သုံးတာရတယ်ဆိုပေမယ့် ၊တစ်ချို့ ပတ်လမ်းတွေမှာ ပါဝါ အဖွင့်အပိတ် လုပ်ပေးယုံသာမကပဲ၊ charging ပိုင်းကိုပါ တွဲဖက်နေတာမျိုးဆိုရင်၊ error တစ်မျိုးမျိုးတက် လာနိင်ပါတယ်။ ပုံမှာပြထားတာကတော့ SOT လေး၇ဲ့ပုံပါ။



(၅) DIODE 
ဒီကောင်လေးတွေကတော့ ပါဝါပိုင်းမှာ မပါ၇င်မဖြစ်တဲ့ ပစ္စည်းလေးတွေပါ အေစီကနေ ဒီစီကိုပြောင်းပေး တဲ့နေ၇ာမှာ သုံးပါတယ်။ နောက်တစ်ခုက zener diode ပါ၊ သူ့ ကိုတော့ တစ်ချို့ ညီငယ်တွေ သိပ်သိမှာ မဟုတ်ပါဘူး။ သူက ဘာလုပ်ပေးလဲဆိုတော့ ဒီစီဗို့ ကို ကန့် သပ်ပြီး တည်ငြိမ်အောင် ထိန်းငြှိပေးပါတယ် အထူးသဖြင့် charging ပိုင်းတွေမှာ အသုံးများပါတယ်၊ ဒီစီဗို့ အားရဲ့အပေါင်းနဲ့ အနှုတ်ကိုခွပြီး တပ်ဆင် ထားတဲ့အတွက်၊ ဒီကောင်လေးရှော့ဖြစ်ရင် ပါဝါပိုင်းပါ သေသွားတတ်ပါတယ်။ပုံမှာပြထားတဲ့ ပစ္စည်း ကတော့ diode လေးပါ။



(၆) PMU 
Power Management Unit ဖြစ်ပါတယ်၊ ပတ်လမ်းမှာ ပါဝင်တဲ့၊ အိုင်စီတွေရဲ့ ဗို့ အားလိုအပ်ချက်ကိုဖြန့် ဝေပေးတဲ့ အိုင်စီပါ။ ဖုန်းတစ်လုံးရဲ့ အသက်လို့ လဲပြောနိင်ပါတယ် ဒီအိုင်စီထဲမှာ အဓိက အပိုင်း(၅) ပိုင်းလောက် ပါဝင်ပါတယ်။ battery ကနေ၀င်လာတဲ့ ဗို့ အားကို လက္ခံပေးတဲ့ input section စတုဂံ လှိုင်းကိုထုပ်လွတ်ပေးတဲ့ oscillator ပိုင်း၊ ပါဝါ အဖွင့်အပိတ်ကို လက္ခပေးတဲ့ data in,out ပိုင်း၊ charging နဲ့ vibrator အပိုင်း၊ ကွိုင်ပတ်လမ်းတွေနဲ့ တွဲဖက်လုပ်ဆောင်ပေးတဲ့ output အပိုင်းတို့ ဖြစ်ပါတယ် ပုံမှာ ပြထားတာကတော့ power section တစ်ခုမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေ စုပေါင်းဖွဲ့ စည်းထားတဲ့ပုံလေး ပါ။



(၇) CRTSTAL 
ဒီကောင်လေးကတော့၊ pmu အတွက် လိုအပ်တဲ့ oscillator ပိုင်းကို ထိန်းချုပ်ပေးပါတယ်။ ပုံမှန်ပတ် လမ်းတွေမှာ ( f=1/CR) ပုံသေနည်းကို အသုံးပြုပေမယ့်၊ ဒီအပိုင်းမှာတော့ တည်ငြိမ်တဲ့ ဗို့ အားကိုလို အပ်တဲ့အတွက်၊ crystal ကို အသုံးပြုတာဖြစ်ပါတယ်။

Back light အပိုင်းမှာတော့ crystal ကိုမသုံးကြပါဘူး။ ပုံမှာပြထားတာကတော့ crystal ပတ်လမ်းလေး တစ်ခုပါ။



အရင်ကတော့ ဒီကောင်လေးတွေ အပျက်နဲပါတယ်၊ hyawei g610 မှာတော့ တော်တော်လေး အဖြစ်များ ပါတယ်။ သူရဲ့ error က ပါဝါဖွင့်ရင် တစ်ခါတစ်လေ အလွယ်တကူပွင့်ပြီး၊ တစ်ခါတစ်လေ တော်တော် နဲ့  ဖွင့်မရတတ်ပါဘူး၊ အဖုံးဖွင့်ပြီး အပူလေးပေးလိုက်မှ ရသွားတာမျိုးလဲ ရှိပါတယ်။ တစ်ချို့ ဖုန်းတွေမှာ သုံးနေရင်း ရုတ်တရက် ပါဝါပိတ်သွားပြီး၊ ပြန်ဖွင့်လို့ မရတာ လဲရှိပါတယ်။ အကြောင်းကတော့ဒီ crystal လေး အရည်အသွေးညံ့လို့ ပါ။ အဲဒီလိုပါဝါကြောင်တဲ့ ဖုန်းတွေဆို crystal လဲ ကြည့်သင့်ပါတယ်။ ဒါ ကတော့ power section ပိုင်းမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေနဲ့ ဖြစ်တတ်တဲ့ error လေးတွေပါ ဒီပုံလေး ကတော့ power ပိုင်းရဲ့ ဆားကက် ပုံလေးပါ။



အလုပ်လုပ်ပုံ အသေးစိတ်ကတော့ ကျွန်တော့ရဲ့ မြင်ဆရာဖြစ်တဲ့ ဆရာကိုစိုင်း ရှင်းပြထားတာလေးကို မှီ
ငြမ်းပြီးပြောပြပါမယ်။ Battery ကတဆင့် ရောက်လာတဲ့ 3.7v ဟာ pmu ic ရဲ့ input pin ကနေတဆင့် pwm modulator ထဲကို ၀င်ရောက်သွားပါတယ်၊ pwm ဆိုတာ pulse width modulation ကိုပြောတာ ပါ လှိုင်းထုပ်တဲ့ အပိုင်းပါ။ အဲဒီလိုပဲ အပေါင်းဗို့ ဟာ fet ရဲ့  drain ကိုလဲ တိုက်ရျိက်ရောက်နေပါ တယ် power button ကို နှိပ်လိုက်ရင် အိုင်စီရဲ့ disable ငုတ်မှာရှိတဲ့ 1.8v ဟာ 0v သို့ ရောက်သွားပြီး အိုင်စီကို စတင်အလုပ်လုပ်စေပါတယ်။ oscillator ပတ်လမ်း အလုပ်လုပ်ပြီး output ပိုင်းမှာရှိတဲ့ coil အုပ်စုကနေတစ်ဆင့် အိုင်စီများအတွက် လိုအပ်တဲ့ ဗို့ အားများကို ထုတ်လွတ်ပေးပါတယ်။



power ic တွေမှာ အဖြစ်များတဲ့ ပြစ်ချက်ကတော့ no power,charging error, ပိုင်းတွေပါ ရေ၀င်တဲ့ ဖုန်းတွေမှာ pmu ရှော့ ဖြစ်တာ များပါတယ်။ battery တတ်လိုက်ရင် vibrator ဆက်တိုက် တုန်ခါနေတာ မျိုးလဲဖြစ်တတ်ပါတယ်။ pmu ရှော့ဖြစ်ရင်တော့ အသစ်လဲလယ်ပေး မှသာကောင်းနိင်ပါမယ်။ huawei g730,610 အိုင်စီတွေကတော့ ၄၀၀၀ လောက်ရှိပြီး အခြားမော်ဒယ်တွေမှာ အသုံးများတဲ့ pm8029 ကတော့ ၂၅၀၀ ပဲရှိပါတယ်။

ပါဝါပိုင်းရှော့စစ်တဲ့ နည်းလေးတွေ
စစ်ပုံ အိုင်စီလဲပုံကိုတော့ နောက်ပိုင်းအချိန်ရရင် တင်ပေးသွားပါ့မယ်။
ref;kalawthar.com

ဖုန်း၊ ကွန်ပြူတာ နည်းပညာတွေဖတ်ဖို့ Android apk ကို Download ဆွဲပါစို့


ဖုန်း၊ ကွန်ပြူတာ နည်းပညာတွေဖတ်ဖို့ Android apk ကို Download ဆွဲပါစို့ ဖုန်း၊ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့နည်းပညာအချို့တွေကို android apk အဖြစ် လုပ်ပေးထားပါတယ်။ သင့်ရဲ့ 3G, 4G သို့မဟုတ် wifi တစ်ခဏဖွင့်ရုံနဲ့ စာတွေအများကြီးကို offline အဖြစ် အချိန်မရွေးပြန်ဖတ်လို့ရအောင် app လုပ်လိုက်ပါတယ်။

မသိသေးသူများအတွက် --> app လုပ်တဲ့ website ကတော့ http://www.appyet.com/ ဖြစ်ပါတယ်။ account ကို sign up လုပ်ပြီးမှ app ကို ပြုလုပ်လို့ရမှာဖြစ်ပါတယ်။

အောက်ပါ အတိုင်း screenshot ရိုက်ထားပါတယ်။








အောက်ပါအတိုင်း ဒေါင်းလော့ဆွဲပါ။ direct link ပဲဖြစ်ပါတယ်။

Download ဆွဲနည်း အပြည့်အစုံ ကို ဖတ်မယ်ဆိုရင် ဒီကိုကလစ်ပြီး ဖတ်ပါ။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။


Droid ချစ်သူ နှင့် အခြား ဘလော့(စ်)မှ နည်းပညာများ ရယူလိုလျှင်
 LIKE လုပ်ပေးခြင်းဖြင့် ရယူနိုင်ပါတယ်။ LIKE လုပ်ချင်က https://www.facebook.com/DroidChitThu မှာ LIKE လုပ်ပေးခြင်းဖြင့် အားပေးနိုင်ပါတယ်

အင်္ဂလိပ်အသံထွက်လေ့ကျင့်ပေးမယ် apk


 
သင့်ရဲ့အင်္ဂလိပ်စကားပြောအသံထွက်ကို စနစ်တကျလေ့ကျင့်ပေးမည့် app တစ်ခုဖြစ်ပါတယ်..
သင့်ရဲ့အသံကိုလည်း Record လုပ်နိုင်သလို…မိမိထွက်တဲ့အသံနဲ့တကယ်အသံကဘယ်လိုကွာခြားလဲ
ဆိုတာကို ဒီ application မှာစစ်ဆေးနိုင်ပါတယ်..
 
 
 
ဝင်းလှိုင်-နည်းပညာ
 
 
 

နေရာအနှံက video တွေ mp3 music တွေကို download ရယူရန် VidMate - VidMate - HD Video Downloader Pro Version 3.24 APK


Facebook, Youtube, Soundcloud နှင့် အခြားသော Video Website, Music Website များစွာမှ Video နှင့် Mp 3 music တွေကို Download ရယူနိုင်တဲ့ Vidmate ဆိုတဲ့ Android Application နောက်ဆုံးထွက် Updated လေးကိုတင်ပေးလိုက်ပါတယ်။ ဖုန်းထဲမှာ Facebook သုံးပြုပြီး Video ဒေါင်းလုပ်ဆွဲရန် အခက်ခဲ့ရှိများအတွက် အ၇မ်းကို အဆင်ပြေပါတယ်။ ဒီ Vidmate လေးက Facebook က အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပေးပါလိမ့်မယ်။ အခြားသော Full Movies တွေ/ Video တွေ Tv show တွေ Radio ဆိုဒ်မှားမှပါ အလွယ်ကူဆုံး ဒေါင်းယူနိုင်ပါတယ်။ မိမိသိတဲ့ video site , music site တွေကိုလဲ bookmark အဖြစ်သိမ်းဆည်းနိုင်ပြီး အလွယ်တကူပြန်ဝင်ကာဒေါင်းယူနိုင်ပါတယ်။ မိမိဖုန်းထဲမှ video များကိုလဲ video format များစွာကို ကြည့်ရှုနိုင်တဲ့ video player တခုအနေနဲ့လဲ အသုံးပြုနိုင်ပါတယ်။ ကဲ ဘာလိုသေးလဲ။ အဆင်ပြေပါစေ.
 
 
 
 

♪ iOS 11 ကို အဆင့်မြှင့်တင်နည်း (၂) နည်း ♫


Apple က ကမ္ဘာအ၀န်းမှာ iPhone နဲ့ iPad များအတွက် iOS 11 ကို ဖြန့်ချီပေးလိုက်ပါတယ်။ iOS 11 ကို အင်စတောပြုလုပ်နိုင်မယ့် iDevices များမှာ iPhone 7, iPhone 7 Plus, iPhone 6s, iPhone 6s Plus, iPhone 6, iPhone 6 Plus, iPhone 5s, iPhone SE, iPad Pro 9.7, iPad Pro 10.5, iPad Pro 12.9, iPad 9.7, iPad Air 2, iPad Air, iPad mini 4, iPad mini 3, iPad mini 2 , iPod Touch (6th gen) တို့ ဖြစ်ကြပါတယ်။ iOS 11 ကို မရရှိတဲ့ Device များမှာ iPad 4 , iPhone 5 , iPhone 5c တို့ ဖြစ်ပါတယ်။ iPhone 8, iPhone 8 Plus , iPhone X တို့ကတော့ iOS 11 ပါရှိပြီးသား ဖြစ်ပါတယ်။
iOS 11 ကို အဆင့်မြှင့်နိုင်မယ့် နည်းလမ်း (၂) ခု ရှိပါတယ်။ အဆင့်မမြှင့်ခင်မှာ သင့်ရဲ့ Device မှ အရေးကြီးဒေတာများကို အရင်ဆုံး Backup ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် သင့် Device မှာ နေရာလွတ် 2GB ရှိရမှာပါ။ 
နည်းလမ်း ၁ (Over-the-Air Update)
သင့်ရဲ့ iDevice မှ Mobile Data or WiFi ကို အသုံးပြု၍ Over-the-Air Update ကနေ iOS 11 ကို အဆင့်မြှင့်နိုင်ပါတယ်။ ဒီနည်းလမ်းမှာ ကွန်ပြူတာနဲ့ iTunes များမလိုအပ်ပါဘူး။ သင့် Device ကို အားသွင်းကြိုးနဲ့ချိတ်ဆက်ပြီး Settings> General> Software Update ထဲသွားပါ။ iOS က Update ကို အလိုအလျှောက် စစ်ဆေးပေးပြီး Download လုပ်ဖို့ ပြောမှာပါ။ 
နည်းလမ်း ၂ (iTunes)
သင့် ကွန်ပြူတာမှ iTunes ကို အသုံးပြု၍လည်း iOS 11 ကို အဆင့်မြှင့်နိုင်ပါတယ်။ iTunes Version ကို 12.7 အထိ မြှင့်ထားပါ။ ပြီးရင် သင့် iOS Device ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။ iTunes ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှ iPhone or iPad Icon ကို နှိပ်ပါ။ Check for Update> Download and Update ကို နှိပ်ပါ။ နောက်ပေါ်လာတဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပေးရင် iTunes က သင့် iOS Device အတွက် iOS 11 ကို အဆင့်မြှင့်ပေးမှာပါ။



Credit to ==> DigitalTimes.com.mm
 
 

Android ဖုန်းတွေမှာမြန်မာနိုင်ငံ မြေပုံကြည့်နိုင်ဖို့ရန် - Myanmar map Version 1.0 apk


 ဒီကောင်လေးကတော့ မြန်မာနိုင်ငံအပါအ၀သမျနိုင်ငံတွေထဲကမြို့တွေရဲ့နေရာတွေလမ်းတွေအဆောက်အဦးတွေကိုမိမိရဲ့
ဖုန်းထဲကနေပြီးအလွယ်တကူကြည့်
နိုင်ဖို့တင်ပေးလိုက်ရတာပါမိမိကြည့်ချင်တဲ့နိုင်ငံတွေရဲ့မြို
့တွေကိုအလွယ်တကူရိုက်ရှာနိုင်ပြီးမိမိသွားချင်တဲ့မြို့နယ်တွေကိုပါရှာလို့ရနိုင်ပါတယ် ။ ဒါကမိမိကျွမ်းကျင်နေတဲ့မြန်မာနိုင်ငံအတွက်မပြောလိုပေမေ့ပြည်ပမှာ
နေတဲ့ကျွန်တော်တို့လိုလူတွေအတွက်အလွန်တရာမှအသုံးဝင်လှပါတယ် ။ ဘာကြောင့်လဲဆိုတော့မိမိနေတဲ့နေရာကနေပြီးမိမိသွားချင်တဲ့နေရာတွေကိုဘယ်လမ်းက
ဘယ်လိုသွားပြီးဘယ်လိုအလွယ်တကူရောက်နိုင်မယ်ဆိုတာကိုကြည့်လိုရလို့ပါပဲ ခရီးကဟိုယောင်ဒီယောင်နဲ့မကြန့်ကြာတော့ဘူးပေါ့ဗျာ ။ဖိုင်ဆိုဒ်က 5mb ပဲရှိပြီး android ဖုန်းအားလုံးမှာအသုံးပြုနိုင်ပါယ်ခင်ဗျာ့ ။
Credit: Org

 
 
ဝင်းလှိုင်-နည်းပညာ
 
 

အင်​တာနက်​အသုံးပြုသည့်​ဖုန်းတိုင်းမှာ (မဖြစ်​မ​နေ) ထည့်​သွင်းထားရမည့်​ AdClear App


သတင်း​​လေးဖတ်​ဖို့ ဝက်​ဘ်​ဆိုက်​ဒ်​တစ်​ဖွင့်​လိုက်​တာနဲ့ စ​တွေ့ရတဲ့ Ads.....
Download ချဖို့ ဘယ်​ Download Button ကို နှိပ်​ရမှန်းမသိ​အောင်​ဖြစ်​​စေတာ Ads...

ထိမိ၊ နှိပ်​မိရင်​လည်း ​ရှေ့တိုးမရ ​နောက်​ဆုတ်​မရဖြစ်​​စေတတ်​တဲ့ Ads.....
တုန်​ခါမှု​တွေ၊ အသံ​တွေနှင့်​ အထိတ်​တလန့်​ဖြစ်​​စေ​အောင်​လုပ်​တတ်​တဲ့ Ads.....
ဖုန်းကိုေးလလန်စေတာ၊ Error အမျိုးမျိုးတတ်​​စေတာလည်း Ads.....
အသုံးပြု​နေရင်း ပါဝါပိတ်​သွား​စေတတ်​တာလည်း Ads.....
အဲဒီ​လောက်​စိတ်​ပျက်​​ပြီး ကြောက်​စရာ​ကောင်းတဲ့ Ads ​ကြော်​ငြာ​တွေဖြစ်​လို့ မ​ပေါ့ဆသင့်​ပါဘူး။
အင်​တာနက်​ဆိုတာကြီး ရှိ​နေ​သေးသမျှ လူ​တွေစိတ်​ဝင်​စား​အောင်​ (သို့) မြင်​ရုံမျှပင်​ တို့ချင်​၊နှိပ်​ချင်​​အောင်​ ပုံစံမျိုးစုံနှင့်​ ဆက်​လက်​တည်​ရှိ​နေဦးမှာဖြစ်​လို့... ကာကွယ်​ရမဲ့အပိုင်းကို မဖြစ်​မ​နေလုပ်​​ဆောင်​ဖို့လိုအပ်​ပါတယ်​။
ကာကွယ်​မဲ့အပိုင်းကလည်း ခတ်ခတ်ခဲခဲကြီးမဟုတ်ပါဘူး... AdBlock App တစ်ခုခုနဲ့ ကာကွယ်နိုင်ပါတယ်..

AdBlock App တွေများစွာရှိတဲ့အထဲက အဆင်ပြေဆုံးကတော့ AdClear ဆိုတဲ့ App ပါပဲ....
Android Mobile ဖုန်းတိုင်းနှင့်​လည်းအဆင်​​ပြေ​စေတဲ့အပြင်​ Root ​ရော Non-Root မှာပါ အသုံးပြုနိုင်​ပါတယ်​...။

   (AdClean App ​Full PRO Version ပါ) ကို အောက်က Download Link မှာ ဒေါင်းယူ Install လုပ်​ပါ..။ Setting တချို့ကိုတော့ မိမိနှစ်သက်သလို ပြင်​ဆင်​​ပေးနိုင်ပါတယ်..။
အင်တာနက်​အသုံးပြုတဲ့ ဖုန်းတိုင်းမှာ မဖြစ်​မ​နေထည့်​သွင်းထားကြဖို့နဲ့  မသိသေးတဲ့ မိတ်ဆွေ၊သူငယ်ချင်းများကိုလည်း ပြန်လည်မျှဝေပေးကြဖို့ တိုက်​တွန်း နိုးဆော်ပါရ​စေခင်​မျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်။
 
 
 

Saturday, September 9, 2017

♪ Phishing အီးမေးလ်ကို ဘယ်လို ကာကွယ်မလဲ ♫


ဆိုက်ဘာလုံခြုံရေးကို ခြိမ်းခြောက်မှုတွေက ပုံစံမျိုးစုံ၊ အတိုင်းအတာမျိုးစုံနဲ့လာပါတယ်။ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး လူတော်တော်များများက ဗိုင်းရပ်စ်အပြင် trojan, keylogger နဲ့ ransomware စတဲ့ အခေါ်အဝေါ်တွေကို ကြားဖူးမှာပါ။ အဲဒီ လုံခြုံရေးခြိမ်းခြောက်မှုတွေကို phishing တိုက်ခိုက်တဲ့အခါ အသုံးပြုနိုင်ပါတယ်။

Phishing ဆိုတဲ့ဝေါဟာရကို အမျိုးမျိုးအသုံးပြုနေကြပြီး ဟက်ကာတွေက bait လို့ခေါ်ပါတယ်။ Bait ဆိုတာက တရားဝင်ဖိုင် ဒါမှမဟုတ် လင့်ခ်ပုံစံနဲ့ ပစ်မှတ်ထားခံရသူတွေဆီက အချက်အလက်တွေ ရအောင် တိုက်ခိုက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အဲဒီ bait က အီးမေးလ်ကတစ်ဆင့် ပျံ့နှံ့အောင် ပြုလုပ်တာကြောင့် လုံခြုံရေး software နဲ့ ခြေရာခံဖို့ ခက်ခဲပါတယ်။ ဒါဟာ အလွန်အန္တရာယ်ကြီးမားတဲ့ တိုက်ခိုက်မှုတစ်မျိုးဖြစ်ပါတယ်။

Phishing တိုက်ခိုက်မှုဆိုတာ
လွန်ခဲ့တဲ့နှစ်နှစ်က လုပ်ငန်းတစ်ခုဟာ ransomware နဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်ခံရတဲ့ အချက်အလက်တွေအားလုံးဟာ encrypt ပြုလုပ်ခံခဲ့ရပါတယ်။ တိုက်ခိုက်သူ ဟက်ကာတွေက အဲဒီအချက်အလက်တွေ အတွက် ပြန်ရွေးငွေ ဒေါ်လာ ၇၀၀ တောင်းဆိုခဲ့ပါတယ်။
အဲဒီလုပ်ငန်းက ငှားရမ်းထားတဲ့ လုံခြုံရေးကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်အရ ပိုင်ရှင်တွေထဲက တစ်ဦးက “ကိုယ်ရေးအကျဉ်း” လို့မှတ်ချက်ပြုထားတဲ့ အီးမေးလ် attachment ကိုဖွင့်ခဲ့ပါတယ်။ အဲဒီ attachment က အန္တရာယ်ရှိတဲ့ အရာတစ်ခု ဖြစ်နေပါတယ်။

Phishing ဟာ ဖုန်းကိုတောင် lock ပြုလုပ်နိုင်ပြီး ကိုယ်ရေးအချက်အလက်တွေ ခိုးယူနိုင်ပါတယ်။ လုံခြုံရေး software တွေတောင်မှ phishing ကို ကာကွယ်မပေးနိုင်တဲ့အတွက် အရမ်းကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။

အီးမေးလ်အတုတွေကို ဘယ်လိုသိနိုင်သလဲ
အောက်မှာဖော်ပြထားတဲ့ အီးမေးလ်မှာ PayPal ပုံစံအတိုင်း အတုလုပ်ထားတဲ့ လက္ခဏာရပ်တွေ ပါဝင်ပါတယ်။

(၁) အီးမေးလ်မှာ ပါဝင်တဲ့ “To” နေရာမှာ ကွက်လပ်ဖြစ်နေတဲ့အတွက် PayPal ကလာတာ မဟုတ်တဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
(၂) Phishing တိုက်ခိုက်မှု အခြားလက္ခဏာတွေက စာအရေးအသားနဲ့ စာလုံးပေါင်းတွေ မှားတာပါ။ ကုမ္ပဏီကြီးတွေက အီးမေးလ်ပေးပို့ဖို့ ကျွမ်းကျင်အဆင့်ရှိ စာရေးသားသူတွေကို ငှားထားပါတယ်။
(၃) အီးမေးလ်မှာ လက်ခံရရှိသူအမည် မပါဝင်ပါဘူး။
(၄) အီးမေးလ်အတုမှန်းသိနိုင်တဲ့ နောက်ထပ်တစ်ချက်က ဥပမာဆိုရရင် သင့်မှာ PayPay account မရှိဘဲ PayPal ပုံစံမျိုးနဲ့ message ပေးပို့ခံရတာပါ။ ဒါဟာ အလွန်ကြောက်စရာကောင်းတဲ့ နည်းဗျူဟာ ဖြစ်ပါတယ်။ သင့်ကို click နှိပ်ဖို့ ဖိတ်ခေါ်နေတာပါ။
ဥပမာပြထားတဲ့ phishing ကတော့ သိပ်သပ်ရပ်မှု မရှိပါဘူး။ ဒါပေမဲ့လည်း အခုထက်ပိုပြီး သပ်ရပ်တဲ့ အီးမေးလ်တွေ ရှိနေပါတယ်ဒ ဒါကြောင့် သုံးစွဲသူတွေအတွက် အခုလို အီးမေးလ်တွေကို သတိထားပြီး စစ်ဆေးသင့်ပါတယ်။

Phishing ပြုလုပ်တာကို ဘယ်လိုရှောင်လွှဲနိုင်မလဲ
စေ့စေ့စပ်စပ် ကြည့်ပါ
Phishing အီးမေးလ်တွေက သုံးစွဲသူကိုသတိပေးတဲ့ပုံစံနဲ့ ဝင်လာတတ်လေ့ရှိပါတယ်။ ပြီးတော့ တစ်ခုခုကို ပြင်ဆင်ဖို့ click နှိပ်ခိုင်းပါလိမ့်မယ်။ အဲလိုအရာတွေဝင်လာရင် click မနှိပ်ပါနဲ့။ အီးမေးလ်ပေးပို့တဲ့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ကို သွားပြီး စစ်ဆေးကြည့်ရှုသင့်ပါတယ်။ တကယ်လို့ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာတဲ့အခါ password ကို ပြောင်းလိုက်ပါ။

စာအရေးအသားနဲ့ စာလုံးပေါင်းသတ်ပုံကို စစ်ဆေးပါ
ရှည်လျားတဲ့ စာတော်တော်များများမှာ စာလုံးပေါင်းမှားတာနဲ့ စာအရေးအသား မမှန်တာတွေရှိတယ်ဆိုရင် အဲဒီ အီးမေးလ်ကို ဂရုတစိုက်စစ်ဆေးသင့်ပါတယ်။ ကုမ္ပဏီကြီးတွေကပေးပို့တဲ့ အီးမေးလ်တွေက စာအရေးအသား ပြည့်စုံဖို့ ကျွမ်းကျင်သူတွေ ငှားရမ်းထားလေ့ရှိပါတယ်။

Browser ကို အဆင့်မြှင့်တင်ပါ
McAfee SiteAdvisor နဲ့ Web of Trush တွေက အခမဲ့ browser add-on တွေဖြစ်ပါတယ်။ သုံးစွဲသူရောက်နေတဲ့ ဝက်ဘ်ဆိုက်တွေမှာ အန္တရာယ်ရှိတဲ့လှုပ်ရှားမှုတွေကို တွေ့တာနဲ့ သတိပေးသွားမှာပါ။

စမတ်ဖုန်းကို သုံးပါ
ဖုန်းနဲ့ အီးမေးလ်စစ်တဲ့အခါမှာ phishing တိုက်ခိုက်မှု ကြိုးစားလာတာတွေကို တွေ့ဖို့ ခက်ခဲပါတယ်။ ဖုန်းမျက်နှာပြင် သေးငယ်တဲ့ အတွက် မြင်သာတဲ့ တချို့အရာတွေကို တွေ့ဖို့ ခဲယဉ်းသွားပါပြီ။ ဒါပေမဲ့ ဖုန်း browser နဲ့ operating system အများအပြားက အန္တရာယ်ရှိ ဝက်ဘ်ဆိုက်နဲ့ download တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်တာကြောင့် သံသယဖြစ်ဖွယ်ကောင်းတဲ့ link တွေကို တွေ့ရှိတဲ့အခါ သတိပေးမှုတွေ ပြုလုပ်ပေးပါလိမ့မယ်။ ဒါပေမဲ့လည်း Android သုံးစွဲသူတွေကတော့ အန္တရာယ်ရှိတဲ့တိုက်ခိုက်မှုတွေကို သတိထားသင့်ပါတယ်။

ယုတ္တိရှိ၊ မရှိ စဉ်းစားပါ
သင်ကိုယ်တိုင် စာရင်းပေးမသွင်းထားတဲ့ အီးမေးလ်လိပ်စာကို သုံးပြီး ဘဏ်က ဆက်သွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သုံးစွဲသူအနေနဲ့ click မနှိပ်ခင် အရာရာကို သေချာစဉ်းစားသင့်ပါတယ်။ သုံးနေတဲ့ account အတွင်းမှာ sign in လုပ်တဲ့အချိန်ကလွဲပြီး password ဒါမှမဟုတ် ဘဏ္ဍာရေးအချက်အလက်တွေ မပေးသင့်ပါဘူး။
စိုးထက်
Credit to ==> Internet Journal

Facebook သုံးတဲ့သူများအတွက် - Facebook 140.0.0.21.91 Latest APK


Android ဖုန်းဘော်ဒါတို့အတွက် ဘော်ဒါတို့၏ မိတ်ဆွေးကောင်း Facebook ဗားရှမ်းသစ်လေဖြစ်တဲ့ facebook application လေးတင်ပေးလိုက်ပါတယ်။အထူးအထွေ ပြောစရာမလိုပါဘူး Facebook ကို ကလေးတွေသိပြီး အခုရှိရင် .... Updated လိုချင်းသူများအတွက် အောက်မှာသာဒေါင်းလိုက်ပါတော့ဗျာ....ဒီကောင်လေး၏ဖိုင်ဆိုဒ်လေးကတော78MB ဖြစ်ပြီး Android OS, Tablet အားလုံးမှာသုံးနိုင်ပါတယ်။
ဒေါင်းလောင် ဆွဲရန်
ဝင်းလှိုင်-နည်းပညာ 
 
 

ဖုန်းထဲ မလိုအပ်တော့တဲ့ ဆော့ဝဲတွေနဲ့ Virus ရန်မှလည်း ကာကွယ်ပေးမယ့်- Easy Uninstaller 3.2.8 Latest APK


မိမိတို့ ဖုန်းပေါ်မှာ  install လုပ်ထားတဲ့  ဆော့ဝဲလ်တွေကို လက်အညောင်းခံ၊ အချိန်အကုန်ခံပြီး တစ်ခုချင်းစီ ဖျက်ဖို့ မလိုအောင် ပြုလုပ်ပေမယ့်  easy uninstaller pro v3.2.8 Apk ဆော့ဝဲလ်လေးဖြစ်ပါတယ် .. မိမိဖျက်ချင်တဲ့ ဆော့ဝဲလ်တွေ ကို select ပေးပြီး  One click လုပ်ရုံနဲ့  ပယ်ဖျက်ပေးသွားမှာဖြစ်ပါတယ် …စက်ရုပ်ဖုန်းတွေအတွက် သွင်းထားတဲ့ ဆော့ဝဲလ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ မြန်မြန်ဆန်ဆန် ပယ် ဖျက်ပေးနိုင်မယ့်  tool တစ်ခုဆိုရင်လည်း မမှာပါဘူး….ဒါအပြင် ဆော့ဝဲလ်တစ်ခုရဲ့ name,version,update time,size စတာတွေလည်း ဖော်ပြပေးမှာဖြစ်ပါတယ် Updated သုံးချင်းတဲ့ဘော်ဒါတို့အောက်မှာဒေါင်းပါတယ်။… ဒီဆော့ဝဲလ်လေးကို Android 2.1အထက်များ ဖုန်းတွေကောင်းမွန်းသုံးနိုင်ပါတယ်ဗျာ။



♪ Android Phone ကနေ Windows 10 ဘယ်လို ထည့်သွင်းမလဲ ♫


USB flash drive တွေဟာ အတော်ကို အသုံးဝင်တဲ့ device တစ်ခုဖြစ်ပါတယ်။ USB flash drive တွေအလွယ်တကူမရှိတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် DVD drive တွေ အလွယ်တကူမရှိတဲ့ အခါမှာပဲဖြစ်ဖြစ် Android phone တွေကို သုံးစွဲပြီး Windows 10 ကို ထည့်သွင်း နိုင်ပါတယ်။ Windows 10 ကို Android phone device တွေကနေ ထည့်သွင်းချင်တယ်ဆိုရင် ဖော်ပြပေးထားတဲ့ နည်းလမ်းနဲ့ ထည့်သွင်းနိုင်ပါတယ်။
Android phone ကနေ Windows 10 ကို ထည့်သွင်းဖို့အတွက် လိုအပ်ချက်ကတော့ Android phone ဟာ root လုပ်ထားတဲ့ android ဖုန်းဖြစ်ရပါမယ်။ Android device မှာ storage 4.5GB လောက် free space ရှိရမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ Windows 10 ISO file လိုအပ်မှာဖြစ်ပါတယ်။ ISO file ကို http://bit.ly/2gNF1m3 ဆိုတဲ့ဝက်ဘ်ဆိုက်မှာ သွားရောက်ရယူနိုင်ပါတယ်။

ဒီနည်းလမ်းကို သုံးစွဲဖို့အတွက် Android phone ထဲမှာ Drivedroid ဆိုတဲ့ app ကို ထည့်သွင်းရပါမယ်။ Drivedroid app ကို http://bit.ly/2xcz3SS ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကနေ ရယူနိုင်မှာဖြစ်ပါတယ်။




ပထမဆုံး Drivedroid ဆိုတဲ့ app ကို မိုဘိုင်းဖုန်းထဲမှာ Install လုပ်ပါ။ ပြီးရင် အဆိုပါ app ကို ဖွင့်ပြီး setup ဆိုတဲ့ ခလုတ်ကို နှိပ်ရပါမယ်။
ဒုတိယ အဆင့်ကတော့ Proceed root ဆိုတာကို နှိပ်ပြီး root လုပ်ဆောင်မယ့် device root ဖြစ်မဖြစ်အတည်ပြု ရမှာ ဖြစ်ပါတယ်။



အဆိုပါ အဆင့်ပြီးပြီဆိုရင် Android device နဲ့ PC ကို USB cable နဲ့ချိတ်ဆက်ပေးရပါမယ်။ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးပြီဆိုရင် Deivedroid ကနေ USB system ကို Standard Android kernel ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။
ပြီးရင် PC ပေါ်ကနေ File Manager ကိုဖွင့်ပြီး Drivedroid ကို mount လုပ်ရမှာဖြစ်ပါတယ်။



Download လုပ်ယူထားတဲ့ Windows 10 ISO file ကို SD card ထဲကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ပြီးရင် Drivedroid app ကိုဖွင့်ပြီး အောက်ခြေနားမှာရှိတဲ့ “+” ခလုတ်ကို နှိပ်လိုက်ပါ။ Add image from file ဆိုတာ ကိုရွေးချယ်ရပါမယ်။

Windows 10 ISO file ရှိတဲ့ SD card ထဲက လမ်းကြောင်းကိုရွေးချယ်ရမှာဖြစ်ပါတယ်။



နောက်တစ်ဆင့်က Host image လုပ်တဲ့အခါမှာ CD-ROM ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။



Host image ကို ရွေးချယ်ပြီးပြီဆိုရင် Windows 10 ကိုထည့်သွင်းဖို့အတွက် Android device က အဆင်သင့် ဖြစ်နေပြီဖြစ်ပါတယ်။ Hosting image on USB ဆိုတာကို Drivedroid မှာ မြင်တွေ့နေရမှာ ဖြစ်ပါတယ်။



အဆိုပါ အဆင့်တွေပြီးပြီဆိုရင် PC ဘက်က လုပ်ဆောင်ရမယ့် အပိုင်းဖြစ်ပါတယ်။ Windows 10 ကို ထည့်သွင်းတော့မှာဖြစ်တဲ့အတွက် PC ကို reboot လုပ်ဆောင်ပေးရပါမယ်။ First boot ကို USB drive ကိုရွေးချယ်ပြီးနောက် ပုံမှန် Windows 10 တင်သလိုမျိုးဘဲ လမ်းညွှန်ချက်တွေအတိုင်း Android ဖုန်းကနေ Windows 10 ကို install လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။



ဒါဆိုရင် Android phone ကို အသုံးပြုပြီး Windows 10 ကို ကွန်ပျူတာမှာ အလွယ်တကူနဲ့ ထည့်သွင်းနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။


 
 
-ကိုသီဟ
Credit to ==> Internet Journal

Wednesday, September 6, 2017

SAMSUNG Firmware ဒေါင်းတာနဲ့ တင်တဲ့အခါ ဆရာကျကျလေးဖြစ်အောင် လုပ်နည်း Video ပါ (30MB)




@ https://drive.google.com/open?id=0BwAvM7V2coUWSWdJV3EyODFWMms
@ http://www.mediafire.com/?7jdpd103v90d8d0
@ http://pc.cd/y3n7 (အားလုံးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်)အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org
 
 

ရက်တို Mobile ဖုန်း သင်တန်းလေး တခု နှင့် မိတ်ဆက်ပေးပါရစေ



Yangon  Basic to  Advanced Class ဖွင့်ပြီ 4 ရက် ရက်တို ( 10.9.2017 ) 

သင်တန်းနေရာ - လှည်းတန်း Anycall အင်းစိန်လမ်းမ စံရိပ်ငြိမ် ၄ ၊ ၅ ကြား

======= (၁၀.၉.၂၀၁၇ မှ ၁၃.၉.၂၀၁၇ ထိ) ==> အခြေခံ မှ အထူးသို့ ==>
>
အခြေခံ Firmware တင်နည်းကနေ စလို့ adb fastboot command များပါမကျန် နောက်ဆုံး အကောင့်ဖြုတ် Firmware ကိုယ်တိုင်လုပ်နည်းထိသင်ကြားပေးသွားမှာဖြစ်ပါတယ်။bootloader unlock / twrp / root / custom rom/
အခြေခံမသိသေးသော ၀ါသနာပါသူများလည်း တက်ရောက်နိုင်ပါတယ်။
>
== > ( အားလုံးပဲ MI ခေတ်ရောက်နေပါပြီ MI လာအပ်တိုင်း ဘာလာလာဆွဲစားနိုင်အောင် ရည်ရွယ် သင်ကြားပေးသွားမှာဖြစ်ပါတယ် )
အကော့လော့ကျနေသောဖုန်းများ error ဖြစ်နေသောဖုန်းများ တပါတည်းယူလာနိုင်ပါတယ်။

*** ၉ လပိုင်း ၁၀ ရက်နေ့ အတန်းစပါမယ် စာရင်းပေးသွင်းလိုသူများ 09978075760 သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ။ ***
m.me/thantoeaungat
>
***==> ဒီအတန်းလေးရဲ့ အားသာချက်ကတော့ သင်နေစဉ်အတွင်း Video Rec လုပ်ထားပေးခြင်းကြောင့် သင်တန်းပြီးဆုံးသွားလဲ ပြန်ပြန်ကြည့်လို့ရခြင်း
> Group အတွင်းသို့ထည့်သွင်းထားပေးခြင်းကြောင့် 100% Online Support ရခြင်းတို့ပဲဖြစ်ပါတယ်။
+
>>> ဘာတွေသင်မှာလဲ? 
>
Sir Than Toe Aung​ သင်ကြားမယ့်သင်ခန်းစာများ
>
၁။ EMMCDL Command များ adb fastboot commands
၂။ imei baseband & networks error fixing
qcn backup restore (MTK Qualcomm)
၃။ Mi Account Unlock Method 1
(Official Account Unlock Method)
၎။ Mi Account Unlock Method 2
Unlocked Devices
၅။ Mi Account Unlock Method 3
Bypassing
၆။ Mi Account Unlock Method 4
Mi Account Bypass
၇။ sensor bt wifi မပျက်စေပဲ အကောင့်ကျော်ခြင်းများ
၈။ testpoint ထောက်နည်းများနှင့် Dead fixing
၉။ Data backup & restore
၁၀။ Model ကို သေချာမှန်ကန်စွာစစ်တတ်စေရန် Model Checking
၁၁။ Firmware တင်ရာတွင် တက်တတ်သော Ping target error , not enough storage error , Send Configure Command error , BROM Error status_sec_img_too_large တို့အားဖြေရှင်းခြင်း
၁၂။ Xiaomi Firmware utilities
၁၃။ Official Bootloader unlock Un Official Bootloader Unlock
၁၄။ Firmware Search & Download Knowledge Accounts
၁၅။ Mi Usedata password remove command
၁၆။ 9008 ၀င်မရသောဖုန်းများ bootloop fixing
၁၇။ Gapp installing Android 4 5 6 7.1.2 ( Mi 6 & Mi Max 2 OK)
၁၈။ Unlocked fastboot firmware flashing command & Account remove command
၁၉။ MIUI Forum အတွင်း Tools Tips
ဆရာကျကျ လှည့်ပတ်ရှာဖွေခြင်း
၂၀။ test emmc ro or rw
Font ပြန်မပျောက်သွားအောင် မြန်မာ ဖောင့်ထည့်နည်း
>
>>> #Qualcomm 
၁။ Partition တခုချင်းစီ Backup Restore လုပ်နည်း
၂။ emmcdl command
၃။ Block0 Backup restore
၎။ Fix IMEI Baseband Unknow & Network error
၅။ Rawprogram edit
၆။ write rawprogram via 9008 mode
>
>>> #MTK
>
၁။ Partition တခုချင်းစီ Backup Restore လုပ်နည်း နှင့် Firmware backup restore
၂။ Netwrok IMEI Baseband fixing
၃။ Flashtool error flashingerror fix
၎။ Partition တခုတည်းကို Format ချခြင်း
၅။ Flashtool driver fix
၆။ Dead မဖြစ်သွားအောင်ကာကွယ်နည်းများ
>
>>> #Windows ပိုင်းဆိုင်ရာ ᠌
>
၁။ Windows Stick ပြုလုပ်နည်း
၂။ Windows တင်နည်း
၃။ Windows တင်အပြီး လိုအပ်သော Driver များ မှန်မှန်ကန်ကန်ထည့်နည်း
၎။ Windows တင်ပြီး သွင်းမရသော Software များ သွင်းရအောင် Fix နည်း နှင့် တခြား Error fixing...
၅။ Download Link များ Leech နည်း Skip ad မကျော်ရအောင်လုပ်နည်း IDM ချိတ်နည်း
( Windows ပိုင်းဆိုင်ရာ အားနည်းနေသူများအတွက်ပါ ရည်ရွယ်ထည့်သွင်းသင်ကြားပေးပါသည် )
>

Sir Wai Phyoe​ သင်ကြားမည့် သင်ခန်းစာများ
>
1. အသုံးဝင်သော ADB COMMANT များအကြောင်း
2. Fastboot Commant များအကြောင်း
3. Emmcdl အကြောင်း
4. System.img ကို Unpack, Repack လုပ်နည်း
5. Inscure Boot ပြုလုပ်နည်း
6. Android Recovery အကြောင်း
7. Adb မှ User lock ဖျက်နည်း
8. Adb မှ Userlock ဖတ်နည်း
9. Root မလို System Font ချိန်းနည်း
10. Sideload မှ Firmware တင်နည်း
11. Fastboot မှ Firmware တင်ရာတွင် System too large error ဖြစ်ခဲ့သော်ဖြေရှင်းနည်း
12. Fastboot မှ Reset ချနည်း
13. Virus Manual သတ်နည်း
15. ADB မှ Block0 Backup လုပ်နည်း
15. Block 0 မှ Partitions များ ဖြည်ချနည်း
16. MTK ဖုန်းများ Root မလို IMEI ရေးနည်း
17. MTK ဖုန်းများ Root မလို Box Crack မလို Sp Flashtool ဖြင့်  Partition တစ်ခုချင်းစီ Backup ထုတ်နည်း
18. MTK ဖုန်းများ Custom Recovery ဖန်တီးခြင်း
19. MTK ဖုန်းများ Root မလို Box Crack များ ဖြင့် Rom Backup ထုတ်နည်း
20. MTK ဖုန်းများ စိတ်ကြိုက် Logo ချိန်းနည်း
21. MTK ဖုန်းများ Sp Flash tool ဖြင့်IMEI ပြင်နည်း
22. MTK ဖုန်းများ Deadboot, LCD,Touch error မဖြစ်အောင် Firmware တင်နည်း
23. MTK Baseband Unknow Fix ပြုလုပ်နည်း
24. SPD ဖုန်းများ Software error ကြောင့် Dead,ခဲ့သော်ဖြေရှင်းနည်း
25. SPD Firmware များ စိတ်ကြိုက်ပြန်ပြင်နည်း
26. Hi Silicon Bootloader code ဖတ်နည်း
နှင့် boardfirmware ရေးနည်း
27. Qualcomm ဖုန်းများ Imei ရေးနည်း
28. Qualcomm ဖုန်းများ emmc ကောင်းမကောင်းစစ်နည်း
29. Qualcomm ဖုန်းများ EDL mode,ဝင်နည်းအမျိုးမျိုး
30. Qualcomm ဖုန်များ Block Partition Backup & Restore လုပ်နည်း
31. Qualcomm ဖုန်းများ Block ချိန်းနည်း (No Need Root)
32. Qualcomm ဖုန်းများ Block0 backup ယူနည်း
33. Qualcomm ဖုန်များ Fastboot Mode မှ Imei ရေးနည်း
34. Qualcomm ဖုန်များ pattern lock ဖတ်နည်း
35. Qualcomm ဖုန်းများ Qdloader Mode မှ Block0 ရေးနည်း
36. Qualcomm ဖုန်းများ Qcn Backup & Restore လုပ်နည်း
37. Qualcomm ဖုန်းများ Myanmar Font ချိန်းနည်း (No Need Root)
38. Huawei ဖုန်းများ Bootloader Lock & Unlock လုပ်နည်း
39. Huawei ဖုန်းများ Bootloader စစ်နည်း
40. Huawei ဖုန်းများ Update.app ကို Board  Firmware အဖြစ်ပြောင်းလဲရေးသားနည်း
41. Huawei ဖုန်းများ Update.app ကို Flashtool Firmware အဖြစ်ပြောင်းလဲရေးသားနည်း
42. Huawei Qualcomm ဖုန်များ IMEI Null ဖြစ်ခဲ့ပါက ဖြေရှင်းနည်း
43. Huawei ဖုန်းများ Boardfirmware error Fix & Manual Flashing နည်း
44. Huawei ဖုန်းများ Noti, Theme Error ဖြေရှင်းနည်း
45. Huawei Qualcomm ဖုန်းများ Command ဖြင့် Firmware တင်နည်း
46. Samsung Fimware ဖိုင် တစ်ဖိုင်စီ အလုပ်လုပ်ပုံ
47. Samsung ဖုန်းများ Factory Mode error ဖြေရှင်းနည်း
48. Samsung ဖုန်းများ Root,လုပ်နည်းနှင့် Root error ဖြေရှင်းနည်း
49. Samsung Frb SolutionSamsung Custom Binary Block error ဖြေရှင်းနည်း
50. Samsung myanmar font firmware create
51. Samsung ဖုန်းများ Userlock ဖျက်နည်း
52. Xiaomi ဖုန်းများ firmware တင်ရာတွင် ဖြစ်တတ်သော Tool Error များဖြေရှင်းနည်း
53. Xiaomi ဖုန်းများ Tool Error အမျိုးမျိုးကြောင့် Firmware တင်မရပါက command ဖြင့် တင်နည်း
54. Xiaomi ဖုန်းများ QCN Backup & Restore လုပ်နည်း
55. Xiaomi ဖုန်းများ Command ဖြင့် User Lock ဖျက်နည်း
56. Xiaomi ဖုန်းများ Product Name ကြည့်နည်း
57. Xiaomi ဖုန်းများ 900E မှ ပြန်ထွက်နည်း
58. Xiaomi ဖုန်းများ Imei ရေးသားနည်း
59. Xiaomi MTK ဖုန်းများ Sp Flashtool ဖြင့် Backup ထုတ်နည်း
60. Xiaomi ဖုန်းများ Root လုပ်နည်း
61. Xiaomi MTK ဖုန်းများ IMEI repair လုပ်နည်း (No Need Root)
62. Xiaomi MTK Dead boot Fix Firmware ပြုလုပ်နည်း
63. Xiaomi ဖုန်းများ Mi Account Remove System ပြုလုပ်နည်း
64. Xiaomi Qualcomm ဖုန်းများ Mi Account ဖြုတ်နည်း
65. Xiaomi MTK ဖုန်းများ Mi Account Bypess ပြုလုပ်နည်း
66. Xiaomi ဖုန်းများ Myanmar Font သွင်းနည်း
67. Xiaomi ဖုန်းများ Bootloader Unlock ပြုလုပ်နည်း
68. Xiaomi ဖုန်းများ Device Information စစ်နည်း
69. Xiaomi ဖုန်းများ Mi Account ဝင်ထားပြီး Pass မသိ Mail မသိပါက ဖြုတ်နည်း
70. Meizu ဖုန်းများ Userlock ဖျက်နည်း
71.Meizu ပတ်သက်ပြီး Da /auth အကြောင်း
72.Meizu Deadfix (need dongle or no need dongle)
အခြားသိမှတ်စေရန်အကြောင်းအရာများကိုလည်း
လေ့လာနိုင်ဖို့ အခွင့်အလမ်းလေးပါ
>
====================
သင်တန်းကြေးကတော့ "၁သိန်း" ပါ သင်တန်းပြီးဆုံးတာနဲ့

>>> MI Account Lock Solution Group 2 <<< 
>>> Mobile Software Limited Edition <<< 

 သို့ထည့်သွင်းသွားမှာဖြစ်ပြီး ( Online Support )
400GB ဖိုင်များထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။
အကော့လော့ကျနေသောဖုန်းများ error ဖြစ်နေသောဖုန်းများ တပါတည်းယူလာနိုင်ပါတယ်။(အသေးစိတ်လက်တွေ့ကျကျသင်ကြားပေးသွားမှာဖြစ်ပါတယ်)

အချိန် 10 AM To 4PM
======================
ရန်ကုန် လှည်းတန်း AnyCall Class ROOM
>
သင်တန်းနေရာ - လှည်းတန်း Anycall အင်းစိန်လမ်းမ စံရိပ်ငြိမ် ၄ ၊ ၅ ကြား
>
၉ လပိုင်း ၁၀ ရက်နေ့ အတန်းစပါမယ် စာရင်းပေးသွင်းလိုသူများ 09978075760 သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ။

>>>နောက်ဆုံးပြပေးခဲ့တဲ့အတန်း Feedback လေ့လာရန်
https://www.facebook.com/photo.php?fbid=945722288917679

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

♪ “ငွေကြေးပိုမိုဖြတ်တောက်မှုများ ရှိသည်ဟု ပြောကြားချက်များအပေါ် တယ်လီနောမြန်မာမှ ရှင်းလင်းမှုများ ထုတ်ပြန်ခဲ့” ♫


Image may contain: text
တယ်လီဖုန်းဝန်ဆောင်မှုများအတွက် ငွေဖြတ်တောက်မှုအပေါ် ဆက်သွယ်ရေးအော်ပရေတာများအား သုံးစွဲသူ များက ဝေဖန်ပြောဆို နေကြမှုများရှိနေသည်ကို တွေ့မြင်နေရပြီး တယ်လီနောသုံးစွဲသူများ အနေဖြင့် ငွေကြေး ပိုမိုဖြတ်တောက်မှုများရှိကြောင်း လတ်တလောတွင် ပြောဆိုနေကြသည့်အပေါ် တယ်လီနောအနေဖြင့် ရှင်းလင်းမှုများပြုလုပ် ခဲ့သည်။

တယ်လီနောသုံးစွဲသူများအနေဖြင့် တယ်လီနော၏ ကွန်ရက်အခြေအနေ၊ ၀န်ဆောင်မှုများနှင့် ကျသင့်ငွေကို သင့်မသင့် မရှင်းလင်းပါက တယ်လီနော၏ လူမှုကွန်ရက် Facebook စာမျက်နှာ၊ Facebook Messenger နှင့် မေးမြန်းစုံစမ်းရန်စင်တာ၊ တယ်လီနော အရောင်းဆိုင် များနှင့် care@ telenor.com.mmတို့သို့ မိမိတို့ကြုံတွေ့ရသည့်အခြေ အနေ၊ နေ့ရက်၊ အချိန်၊ နေရာနှင့် ဖုန်းနံပါတ်စသည့် အသေးစိတ် အချက်အလက်များကို ပေးပို့မေးမြန်းနိုင်ပြီး သုံးစွဲသူများ နားလည် သဘောပေါက်သည်အထိ ရှင်းလင်းပြန်ကြားပေးမှုများကို ဆောင် ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

မိုဘိုင်းဖုန်းများ၏ အဆင့်မြင့်မား လာမှုနှင့်အတူ application များကို ပိုမိုအသုံးပြုလာမှုများက အင်တာနက်ဒေတာသုံးစွဲမှုများအပေါ် သက်ရောက်မှုရှိနေပြီး ယင်း applications များမှအလိုအလျောက် အဆင့်မြင့်မှုများကြောင့် မလိုလား အပ်ဘဲ မိမိကိုယ်တိုင် မသုံးစွဲမိလိုက်ဘဲ မိုဘိုင်း ဒေတာများ ကုန်ဆုံးမှု မပေါ်ပေါက်စေရန် နားလည်တတ်ကျွမ်းသူများအားပြသ၍သော် လည်းကောင်း၊ မိမိကိုယ်တိုင်သော် လည်းကောင်း ဖုန်း၏ background data restriction ကို ပြုလုပ်ထားခြင်း၊ မိမိဖုန်း၏ hotspot ကို password ဖြင့် ကာကွယ်ထားခြင်းနှင့် အခြားသောကန့်သတ်ခြင်းတို့ကို လုပ်ဆောင် ထားသင့်ကြောင်း ပြောသည်။

ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

♪ “ငွေကြေးပိုမိုဖြတ်တောက်မှုများ ရှိသည်ဟု ပြောကြားချက်များအပေါ် တယ်လီနောမြန်မာမှ ရှင်းလင်းမှုများ ထုတ်ပြန်ခဲ့” ♫


Image may contain: text
တယ်လီဖုန်းဝန်ဆောင်မှုများအတွက် ငွေဖြတ်တောက်မှုအပေါ် ဆက်သွယ်ရေးအော်ပရေတာများအား သုံးစွဲသူ များက ဝေဖန်ပြောဆို နေကြမှုများရှိနေသည်ကို တွေ့မြင်နေရပြီး တယ်လီနောသုံးစွဲသူများ အနေဖြင့် ငွေကြေး ပိုမိုဖြတ်တောက်မှုများရှိကြောင်း လတ်တလောတွင် ပြောဆိုနေကြသည့်အပေါ် တယ်လီနောအနေဖြင့် ရှင်းလင်းမှုများပြုလုပ် ခဲ့သည်။

တယ်လီနောသုံးစွဲသူများအနေဖြင့် တယ်လီနော၏ ကွန်ရက်အခြေအနေ၊ ၀န်ဆောင်မှုများနှင့် ကျသင့်ငွေကို သင့်မသင့် မရှင်းလင်းပါက တယ်လီနော၏ လူမှုကွန်ရက် Facebook စာမျက်နှာ၊ Facebook Messenger နှင့် မေးမြန်းစုံစမ်းရန်စင်တာ၊ တယ်လီနော အရောင်းဆိုင် များနှင့် care@ telenor.com.mmတို့သို့ မိမိတို့ကြုံတွေ့ရသည့်အခြေ အနေ၊ နေ့ရက်၊ အချိန်၊ နေရာနှင့် ဖုန်းနံပါတ်စသည့် အသေးစိတ် အချက်အလက်များကို ပေးပို့မေးမြန်းနိုင်ပြီး သုံးစွဲသူများ နားလည် သဘောပေါက်သည်အထိ ရှင်းလင်းပြန်ကြားပေးမှုများကို ဆောင် ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

မိုဘိုင်းဖုန်းများ၏ အဆင့်မြင့်မား လာမှုနှင့်အတူ application များကို ပိုမိုအသုံးပြုလာမှုများက အင်တာနက်ဒေတာသုံးစွဲမှုများအပေါ် သက်ရောက်မှုရှိနေပြီး ယင်း applications များမှအလိုအလျောက် အဆင့်မြင့်မှုများကြောင့် မလိုလား အပ်ဘဲ မိမိကိုယ်တိုင် မသုံးစွဲမိလိုက်ဘဲ မိုဘိုင်း ဒေတာများ ကုန်ဆုံးမှု မပေါ်ပေါက်စေရန် နားလည်တတ်ကျွမ်းသူများအားပြသ၍သော် လည်းကောင်း၊ မိမိကိုယ်တိုင်သော် လည်းကောင်း ဖုန်း၏ background data restriction ကို ပြုလုပ်ထားခြင်း၊ မိမိဖုန်း၏ hotspot ကို password ဖြင့် ကာကွယ်ထားခြင်းနှင့် အခြားသောကန့်သတ်ခြင်းတို့ကို လုပ်ဆောင် ထားသင့်ကြောင်း ပြောသည်။

ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal