Saturday, September 9, 2017

♪ Android Phone ကနေ Windows 10 ဘယ်လို ထည့်သွင်းမလဲ ♫


USB flash drive တွေဟာ အတော်ကို အသုံးဝင်တဲ့ device တစ်ခုဖြစ်ပါတယ်။ USB flash drive တွေအလွယ်တကူမရှိတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် DVD drive တွေ အလွယ်တကူမရှိတဲ့ အခါမှာပဲဖြစ်ဖြစ် Android phone တွေကို သုံးစွဲပြီး Windows 10 ကို ထည့်သွင်း နိုင်ပါတယ်။ Windows 10 ကို Android phone device တွေကနေ ထည့်သွင်းချင်တယ်ဆိုရင် ဖော်ပြပေးထားတဲ့ နည်းလမ်းနဲ့ ထည့်သွင်းနိုင်ပါတယ်။
Android phone ကနေ Windows 10 ကို ထည့်သွင်းဖို့အတွက် လိုအပ်ချက်ကတော့ Android phone ဟာ root လုပ်ထားတဲ့ android ဖုန်းဖြစ်ရပါမယ်။ Android device မှာ storage 4.5GB လောက် free space ရှိရမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ Windows 10 ISO file လိုအပ်မှာဖြစ်ပါတယ်။ ISO file ကို http://bit.ly/2gNF1m3 ဆိုတဲ့ဝက်ဘ်ဆိုက်မှာ သွားရောက်ရယူနိုင်ပါတယ်။

ဒီနည်းလမ်းကို သုံးစွဲဖို့အတွက် Android phone ထဲမှာ Drivedroid ဆိုတဲ့ app ကို ထည့်သွင်းရပါမယ်။ Drivedroid app ကို http://bit.ly/2xcz3SS ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကနေ ရယူနိုင်မှာဖြစ်ပါတယ်။




ပထမဆုံး Drivedroid ဆိုတဲ့ app ကို မိုဘိုင်းဖုန်းထဲမှာ Install လုပ်ပါ။ ပြီးရင် အဆိုပါ app ကို ဖွင့်ပြီး setup ဆိုတဲ့ ခလုတ်ကို နှိပ်ရပါမယ်။
ဒုတိယ အဆင့်ကတော့ Proceed root ဆိုတာကို နှိပ်ပြီး root လုပ်ဆောင်မယ့် device root ဖြစ်မဖြစ်အတည်ပြု ရမှာ ဖြစ်ပါတယ်။



အဆိုပါ အဆင့်ပြီးပြီဆိုရင် Android device နဲ့ PC ကို USB cable နဲ့ချိတ်ဆက်ပေးရပါမယ်။ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးပြီဆိုရင် Deivedroid ကနေ USB system ကို Standard Android kernel ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။
ပြီးရင် PC ပေါ်ကနေ File Manager ကိုဖွင့်ပြီး Drivedroid ကို mount လုပ်ရမှာဖြစ်ပါတယ်။



Download လုပ်ယူထားတဲ့ Windows 10 ISO file ကို SD card ထဲကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ပြီးရင် Drivedroid app ကိုဖွင့်ပြီး အောက်ခြေနားမှာရှိတဲ့ “+” ခလုတ်ကို နှိပ်လိုက်ပါ။ Add image from file ဆိုတာ ကိုရွေးချယ်ရပါမယ်။

Windows 10 ISO file ရှိတဲ့ SD card ထဲက လမ်းကြောင်းကိုရွေးချယ်ရမှာဖြစ်ပါတယ်။



နောက်တစ်ဆင့်က Host image လုပ်တဲ့အခါမှာ CD-ROM ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။



Host image ကို ရွေးချယ်ပြီးပြီဆိုရင် Windows 10 ကိုထည့်သွင်းဖို့အတွက် Android device က အဆင်သင့် ဖြစ်နေပြီဖြစ်ပါတယ်။ Hosting image on USB ဆိုတာကို Drivedroid မှာ မြင်တွေ့နေရမှာ ဖြစ်ပါတယ်။



အဆိုပါ အဆင့်တွေပြီးပြီဆိုရင် PC ဘက်က လုပ်ဆောင်ရမယ့် အပိုင်းဖြစ်ပါတယ်။ Windows 10 ကို ထည့်သွင်းတော့မှာဖြစ်တဲ့အတွက် PC ကို reboot လုပ်ဆောင်ပေးရပါမယ်။ First boot ကို USB drive ကိုရွေးချယ်ပြီးနောက် ပုံမှန် Windows 10 တင်သလိုမျိုးဘဲ လမ်းညွှန်ချက်တွေအတိုင်း Android ဖုန်းကနေ Windows 10 ကို install လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။



ဒါဆိုရင် Android phone ကို အသုံးပြုပြီး Windows 10 ကို ကွန်ပျူတာမှာ အလွယ်တကူနဲ့ ထည့်သွင်းနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။


 
 
-ကိုသီဟ
Credit to ==> Internet Journal

No comments:

Post a Comment