Thursday, April 30, 2015

What is Jailbreak ?




Jailbreakဆိုတော့ ထောင်ဖောက်တာမဟုတ်ဘူးနော်.. jailbreak ဆိုတာ apple users များ အတွက်သာ ဖြစ်ပါသည်.. android users
သုံးသူများတွင် root လုပ်တယ်လို့ ခေါ်ပါတယ်.. ဒါပေမဲ့ လည်း process
ချင်းကတော့ အတူတူပါပဲ.. Jailbreak လုပ်တယ်ဆိုတာ apple ios စည်းဖောက်ခြင်း
တစ်ခုမျိုးပါပဲ.. အဲဒီလုပ်မှာလည်း root access ၇မှာလေဗျာ..jailbreak လုပ်ခြင်းအားဖြင့် ဘာတွေ ၇သလဲဆိုတော့.. Myanmar Font သွင်းရမယ်၊ System tweak
လုပ်လို့၇မယ်..Thirdparty softwares တွေသွင်းလို့၇မယ်.. Themes တွေ စိတ်ကြိုက်သုံး၇မယ်၊ ကျွန်တော် ၀ယ်မသုံးနိင်တဲ့ apps ကို cracked version အနေနဲ့သုံး
လို့၇မယ်..jailbreak လုပ်ခြင်းဆိုးကျိုးကတော့ system unstable ဖြစ်နိင်ပါတယ်၊ cydia source တွေ မှားသွင်းမိ၇င်တော့ အခန့်မသင့် firmware restore ပြန်လုပ်
၇မယ်.. Jailbreak လုပ်နည်း Untethered Jailbreak and Tethered ဆိုပြီး နှစ်မျိုး ၇ှိသည်၊ Untethered Jailbreak ဆိုတာ iPhone,iPad ကို restart သို့မဟုတ်
power shutdown ချ လည်း jailbreak က ပျက်မသွား အဲဒါကို untethered jailbreak ခေါ်တာပါ..Tethered jailbreak ကတော့ iPhone,iPad ကို restart သို့မဟုတ်
power shutdown ချ ၇င် jailbreak က ပျက်သွားတယ်ဗျာ..Boot into Tethered Mode ဆိုပြီး မိမိjailbreak လုပ်ခဲ့ဆော့ဝလ်နဲ့ pc ချိတ်ပြီး ပြန်နိုး၇တယ်..ကဲ အဆင်ပြေ
ကြပါစေ.. ကဲ အခုတော့ နာမည်ကြီး jailbreak software စုစည်း ဖော်ပြလိုက်ပါသည်..

Admin - P0d3


Evasi0n
http://evasi0n.com/

Redsn0w
http://www.redsn0w.us/2010/03/download-direct-links-jailbreak-guides.html

Sn0wbreeze
http://ih8sn0w.com/

Absinthe
http://www.absinthejailbreak.net/download-absinthe-2-0-to-jailbreak-ios-5-1-1-untethered

မောင်စွယ်စုံကျမ်း

ANDROID ဖုန်းေ လး လံနှေးကွေး ရခြင်း အကြောင်း အရင်းများ



ဒီ Post ကိုမေးထားတဲ့သူအတွက်တင်ပေးလိုက်တာပါ ၊ တော်တော်များများ တွက်လဲ အသုံးဝင် လိမ့်မယ်လို့ လဲထင်ပါတယ်။ ပြီးတော့ဒီ Post ဟာ Beginner များအ တွက်ရည်ရွယ်ထားတဲ့ အခြေခံနား လည်စေရန်ရှင်းပြထားရုံသက်သက်
သာဖြစ်ပါတယ်။

ဒီ မေးခွန်းကိုမစခင်အရင်ဆုံး Memory Stroage အကြောင်းလေးကိုပြောပြချင်ပါတယ်။ Memory stroage လို့ပြောလိုက်ရင် အရင်ဆုံးအလွယ်ပြေးမြင်လို့ရတာ SD Card ပါ ။ တကယ်တော့ SD Card ဆိုတာ MemoryStroageလို့ပြောလို့ရပေမဲ့ ဖုန်းရဲ့ROM ပိုင်း System ပိုင်းတွေနဲ့တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါဘူး။ အပိုထည့်သွင်းထားတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ပိုပြီးမြင်သာသွားအောင်ပြောရရင် SD Card မပါလဲ ဖုန်းဟာဆက်ပြီးအလုပ်လုပ်နေဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့အခုလက်ရှိသုံးနေကြတဲ့ဖုန်းတွေဟာ ဖုန်းထုတ်လုပ်တည်းကပါတဲ့ Bulit in memory ပါဝင်ပါတယ်။ အဲဒီ Build in memoryပေါ်
မှာသာ ROM ကိုတင်ပြီးအသုံးပြုနေရခြင်းဖြစ်ပါတယ်။

 များသောအားဖြင့်
ဖုန်းဝယ်သူတော်တော်များများဟာ SD Card ဘယ်လောက်စိုက်လို့ရလဲဘယ်လောက်ပါလဲဆိုတာကိုပဲ ကြည့်လေ့ရှိကြပါတယ်။ Build in memory ဘယ်လောက်ပါလဲဆိုတာကိုကြည့်လေ့မရှိကြပါဘူး။

အိုကေ .. ဒီတော့ အဲဒီ Build in memory ပေါ်မှာ ROM တင်ထားတာဖြစ်တယ်ဆိုတာသိရင် ဖုန်းဘာကြောင့်လေးရလဲဆိုတာကိုအလွယ်ပြောလို့ရပါပြီ ၊ အဲဒီ Build in memory ပြည့်လုနီးနီးဖြစ်သွားတာ (သို့) အဲဒီထဲက File တွေ ရုပ်ထွေးနေတာလို့ပြောရင်ရပါပြီ ၊ ဥပမာ Build in memory
1GB ပါတဲ့ ဖုန်းကိုဝယ်လိုက်တယ်ဆိုပါစို့ ၊ တင်ထားတဲ့ ROM ကတ၀က်ကျော်ကျော်လောက်ကိုကျိမ်းသေနေရာယူပါတယ် ၊ ပြောရရင် ဖုန်းရဲ့Build in memory က  ၀ယ်ကတည်းက တ၀က်ကျော်ကျော်သုံးထားပြီးသားဖြစ်ပါတယ်။ အဲဒီနောက်မှာ ဆက်ပြီးသုံးမယ်ဆိုပြည့်ပြည့်သွားခြင်း ရုပ်ထွေးခြင်းတွေဖြစ်သွားတဲ့အတွက် ဖုန်းတွေလေးလံနှေးကွေးရခြင်းဖြစ်ပါတယ်။

နောက်ထပ်ဖြစ်လာမဲ့ မေးခွန်းတစ်ခုကတော့ ဘာကြောင့် Built in memory ကပြည့်သွားရတာလဲ ဆိုတာပါ ... ဒါကတော့ အမျိုးမျိုးဖြစ်နိုင်ပေမဲ့ အကြမ်းဖြင့်အားဖြင့်အောက်ပါအချက်များကြောင့်အဖြစ်များလေ့ရှိပါတယ် -

၁)
Application တွေခဏခဏတင်ခြင်း၊ ဖျက်ခြင်းBuilt in memory ထဲမှာ သိုလှောင်ထားတဲ့ အပိုင်းမှာ App တွေတင်ရင်ကိုယ်မသိလိုက်ဘဲအလိုလျောက်နောက်ကွယ် Build in memory ထဲမှာ
Data File တွေဖွင့်သွားတတ်ပါတယ်။ တစ်ချို့ App တွေဆိုရင် Uninstall ပြန်လုပ်ပေမယ်လည်းဆက်ပြီးတော့ Data တွေကျန်ခဲ့တာမျိုးရှိပါတယ်။
(SD Card ထဲကို Install လုပ်ထားတဲ့ App တွေဆိုရင်တော့ ပြသနာရှိမှာ
မဟုတ်ပါဘူး)

၂)  Game ဆော့များခြင်း
ကိုယ်ရဲ့ဆော့လက်စဂိမ်းတွေက ဘယ်အခန်းရောက်ပြီ၊ ဘယ်အချိန်ကနောက်ဆုံးဆော့ထားတာစတဲ့အချက်အလက်တွေကိုဘယ်နေရာမှာသိမ်းထားတယ်ထင်လဲ ?? စဉ်းစားကြည့်လိုက်ပါ Game တစ်ခုကိုထည့်ရင်1MB ရှိတယ်ဆိုပါစို့၊ ဒါဟာ လုံးဝမဆော့ရသေးခင်အချိန်မှာပါ ၊ ဆော့
ပြီးသွားရင်တော့ ဆော့လက်စ အခန်းတွေ ပုံတွေဒါတွေကိုသက်သက်သိမ်းထားရတဲ့ Data File တွေထပ်တိုးလာပါတယ်။ ဒါကြောင့် Built in memory မှာပိုများပြီးကျပ်ညပ်လာတတ်တာမျိုးလဲဖြစ်တတ်ပါတယ်။

၃)  SD Card မသုံးခြင်း
အပေါ်ကအချက်တွေကိုဖြေရှင်းမဲ့နည်းကတော့ SD Card သုံးထားရင်သက်သာစေပါတယ် ၊ မိမိဆော့တဲ့ Game File တွေ တင်ထားတဲ့ App
တွေစသည့် Data တွေကို SD Card ထဲမှာရွေ့ပြီးသိမ်းလိုက်မယ်ဆိုရင် Built in memory အသုံးပြုခြင်းလျော့နည်းစေမှာဖြစ်ပါတယ်။ ဒါမဲ့
တစ်ချို့ App တွေဟာ Built in memory ကလွဲရင် SD Card ထဲကို
ရွေ့ပြောင်းခြင်းခွင့်မပြုပါဘူး၊

ဒါကြောင့် အတိုချုံ့းပြီးပြောရရင် .. SD Card ထဲကို App တွေ Game
တွေကိုစကတည်း Install လုပ်ထားသင့်ပါတယ်။

ဒီတော့ နောက်ဆုံးအဲလိုဖြစ်လာပြီ လေးလာပြီနှေးလာပြီဆိုရင်မိမိဖုန်းကိုဘယ်လိုဖြေရှင်းမလဲဆိုတာ
အဓိကအချက်ပါ .................

၁)
 အဲလိုလေးလံလာရင် မိမိဖုန်းရဲ့ Build in memory ဘယ်လောက်ကျန်သေးလဲဆိုတာကိုအရင်ဝင်စစ်ကြည့်ပါ .. (ပုံမှာပြထားတဲ့အတိုင်းSetting အောက်က App အောက်မှာဝင်ရောက်ကြည့်ရင်တွေ့ရပါ
လိမ့်မည်) App ထဲမှာ MB အများဆုံးတွေကို Clear Cache လုပ်ပါ

၂) တစ်ခုခြင်းရှင်းတာတောင်းမရတော့ဘူးဆိုရင်တော့ နောက်ဆုံးဘာလုပ်လို့ရနိုင်မလဲဆိုတာကရိုးရှင်းပါတယ် Factory Restart ချလိုက်ရုံပါပဲ ... Setting ထဲက Backup & Reset အောက်မှာဝင်ပြီး Factory data reset ချလိုက်ရင်ဖုန်းက ၀ယ်လာတဲ့အတိုင်းပြန်ဖြစ်သွားပြီး Built in memory ထဲက Data တွေအကုန်ရှင်းသွားပါလိမ့်
မယ် ... ဒါမဲ့ ကြိုတင်သိထားရမှာက တင်ထားသမျှဂိမ်းတွေနဲ့ App တွေ Contact List တွေ SD Card ထဲကမဟုတ်တာမှန်သမျှအကုန်
ကုန်ပါလိမ့်မယ် ...

ဒီလိုမကုန်အောင်ဘယ်လို Backup ဆွဲထားမလဲ ဆိုတာကတော့မိမိအိမ်မှာ Computer နဲ့ဆိုရင်တော့ ပိုပြီးအဆင်ပြေနိုင်ပေမဲ့ဖုန်းထဲမှာတော့ ခက်ခဲပါလိမ့်မယ် .. လုပ်ဆောင်ရမှာက ရှိသမျှလိုသမျှတွေ Backupဆွဲမယ် ပြီးရင် Factory data reset ချမယ် ပြီးရင် Backup လုပ်ထားတဲ့ဟာတွေကို Restore ပြန်ခေါ်လိုက်ရင်အဆင်ပြေပါပြီ ...


အဆင်ပြေနိုင်ကြပါစေ

M.Min

Ref & Credit :  Android News

♪ ပိုင်ရှင်၏ နားဖြင့် ဖွင့်၊ပိတ် ပြုလုပ်မည့် ဖုန်းကို Yahoo စမ်းသပ်နေ ♫

ဖုန်းသုံးစွဲသူရဲ့နားကို စကရင် အဖွင့်၊အပိတ်ပုံစံမျိုး အသုံးပြုနိုင်မယ့် ဖုန်းသစ်တစ်မျိုးကို Yahoo ကုမ္ပဏီက စမ်းသပ်နေတယ်လို့ သိရပါတယ်။ Yahoo ရဲ့ဖုန်းအမျိုးအစားအသစ်မှာ လက်သီး ဒါမှမဟုတ် ဖုန်းကို ကိုင်တဲ့ အနေအထားနဲ့ အဖွင့်၊အပိတ် ပြုလုပ်မယ့် စနစ်မျိုးလည်း ပါရှိလာဖို့ ရှိပါတယ်။ ဖုန်းကို လက်ဗွေနဲ့ ဖွင့်၊ပိတ် ပြုလုပ်တဲ့ ဖုန်းတွေဟာ လူတွေကြားမှာ လူကြိုက်များပေမယ့် ဈေးကြီးလွန်းတာက ပြဿ နာ ဖြစ်နေပါတယ်။

Yahoo က ဖုန်းရဲ့ ထိတွေ့ရမည့် မျက်နှာပြင်ကို ပုံရိပ်ဆင်ဆာ အဖြစ် အသုံးပြုမှာ ဖြစ်လို့ ဈေးနူန်းကလည်း သက်သာဖို့ ရှိနေပါတယ်။ Bodyprint စနစ်နဲ့ ဖုန်းကို အဖွင့်အပိတ် ပြုလုပ်မယ့် စနစ်ကို Yahoo ရဲ့ ဓါတ်ခွဲခန်း မှာ ပညာရှင် ၁၂ ဦးနဲ့ စတင်စမ်းသပ်ခဲ့တာ ဖြစ်ပြီး စကရင်ရဲ့ Resolution ကလည်း လက်ဗွေနဲ့ ဖွင့်ပိတ်လုပ်တဲ့ ဖုန်းတွေရဲ့ စကရင် Resolution ထက် နည်းမှာဖြစ်လို့ ထုတ်လုပ်တဲ့ ကုန်ကျစရိတ်ပိုင်းမှာလည်း သက်သာမယ်လို့ စမ်းသပ်ခဲ့သူတွေက ဆိုပါတယ်။ ဒီစနစ်အရ ကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ နား၊ လက်ချောင်း၊ လက်သီးနဲ့ လက်ဖ၀ါးစတဲ့ အစိတ်အပိုင်းတွေနဲ့လည်း ဖုန်းကို ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ဖုန်းကို ဖွင့်၊ပိတ် လုပ်ခဲ့ရမှာ ၁၀၀ ရာခိုင်နူန်းနီးပါး တိကျမှုရှိပြီး ဖုန်းသုံးစွဲသူအနေနဲ့ ဆိုရင်တော့ ၉၉ ရာခိုင်နူန်းကျော် တိကျမှု ရှိပါတယ်။ နားရဲ့အစိတ်အပိုင်းတွေနဲ့ ဖုန်းကို ဖွင့်တာဟာလည်း ၁၀၀ ရာခိုင်နူန်းနီးပါး တိကျတယ်လို့ ဆိုပါတယ်။

ဘိုင်အိုမက်ထရစ်ပညာရှင်တစ်ဦးကတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေရဲ့အကူအညီနဲ့ အနာဂတ်မှာ ဖုန်းတွေ ဟာ ပိုမိုလုံခြုံစိတ်ချရလာလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဆွစ်ဇာလန်မှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ အကူအညီကို ရယူတာဟာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ဆွစ်ဇာလန်မှာ အိမ်ကို ဖောက်ထွင်းမယ့် တရားခံတွေဟာ ပြတင်းပေါက် မျက်နှာပြင်နားကို မျက်နှာနဲ့ကပ်ပြီး အိမ်ထဲမှာ လူရှိ၊မရှိ လှမ်းကြည့်တတ်ကြ ပါတယ်။ ဒါကြောင့် မှန်တွေကတစ်ဆင့် မျက်နှာပြင်ပုံရိပ်ကို ဆင်ဆာနဲ့ မှတ်သားထားပြီး တရားခံရဲ့မျက်နှာ အသွင်အပြင်ကို စုံစမ်းထောက်လှမ်းနိုင်ပါတယ်။

လက်ရှိမှာ နောက်ဆုံးထုတ် အိုင်ဖုန်းတွေနဲ့ တချို့သော အန်းဒရိုက်ဖုန်းတွေကို လက်ဗွေဆင်ဆာစနစ်ကို အသုံးပြုနေပါတယ်။ ဒီလက်ဗွေစနစ်ဟာ ဟက်ကာတွေ အတွက် ဖောက်ထွင်းရတာ လွယ်ကူစေပြီး ဟက်ကာတွေအနေနဲ့ လက်ဗွေဆင်ဆာကနေ ကော်ပီကူးယူပြီး ဆမ်ဆောင်းဂလက်ဇီ S 5 ဖုန်းကို ဖွင့်နိုင်နေပြီလို့ လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖိုင်းရားအိုင်းက ဆိုပါတယ်။ နားရွက်အစိတ်အပိုင်းနဲ့ ဆင်ဆာ ပြုလုပ်တာဟာ မျက်နှာအစိတ်အပိုင်းနဲ့ ပြုလုပ်တာထက် လုံခြုံရေးကို စိတ်ချရစေတယ်လို့ ဘိုင်အိုမက်ထရစ်ပညာရှင်ကပဲ မှတ်ချက်ပေးခဲ့ပါတယ်။


Credit: PlanetMyanmar

Screen Video Recorder: NO-ROOT v.6.0 APK


  Screen Video Recorder: NO-ROOT


Download
     
                         

                                    www.patheinit.com
                             
Payephyokyaw(ပုသိမ်အိုင်တီ)

                                       ပုသိမ်နည်းပညာ

သင့်ပုံလေးကို ခဲပန်းချီ /ကာလန်းeffect လေးနဲ့ပိုလှစေမယ့် - Sketck Me! Pro v1.51 Apk


Download
     
                         

                                    www.patheinit.com
                             
Payephyokyaw(ပုသိမ်အိုင်တီ)

                                       ပုသိမ်နည်းပညာ

နောက်ထွက်ဖုန်းတော်တော်များများကို ဖုန်းထဲမှာတင် root ပြုလုပ်နိုင်မည့် top 5 root apk များ


Vroot/Iroot : ဒီ root ကတော့တော်တော်များများသုံးများနေတဲ့ root apk ပါ ဖုန်းတော်တော်များများပေါက်ပါတယ်
==================================================
Kingroot : ကတော့ MTK Kitkat 4.4.2 တွေအတွက်အရမ်းမိုက်တဲ့ root apk ပါ root လုပ်နေချိန်မှာ 
အင်တာနက်ဖွင့်ထားဖို့တော့လိုပါတယ် 



==================================================
Baidu RootAndroid 2.2-4.4 ထိ root နိုင်တယ်လို့ဆိုထားပါတယ် Kingroot လိုပဲ အင်တာနက် Connection လိုအပ်ပါတယ်


=======================================
Framaroot : လဲကောင်းပါတယ် Oneclick Support devices တွေကိုတော့ ဒီမှာ နှိပ်ပြီးကြည့်ပါ


================================================
360 root : ဖုန်းမျိုးစားပေါင်း တထောင် ကျော်နဲ့ မော်ဒယ် ၂သောင်းကျော်ကို root လုပ်နိုင်ပါတယ် 
အသေးစိတ်ကို ဒီမှာ လေ့လာပါ

Wednesday, April 29, 2015

*** AirDroid အသုံးပြုနည်း နှင့် အသုံးဝင်ပုံ ***



AirDroid အကြောင်းကို ရေးချင်တာကြာခဲ့ပြီ။ သိတဲ့အတိုင်း လိုင်းမကောင်းလို့အခုမှပဲ ရေးဖြစ်တော့တယ်။ AirDroid ဆိုတာ လွယ်လွယ်ပြောရရင် မိမိဖုန်းကို ကွန်ပျူတာကနေ အသုံးပြုတာပါ။
internet connection သုံးပြီး ကြိုးမဲ့စနစ်ဖြင့် မိမိဖုန်းကို online ကနေ အသုံးပြုနိုင်တဲ့ Service တစ်ခုဖြစ်ပါတယ်။ AirDroid ကို အသုံးပြုဖို့အတွက် Gmail Account တစ်ခု ရှိရင် သုံးနိုင်ပါတယ်။Connection ကောင်းရင်တော့ အသုံးပြုရတာ အတော်ကို အဆင်ပြေပါတယ်။

ကျွန်တော်တို့တွေ ဖုန်းကနေ Wifi လွှင့်ပြီး ကွန်ပျူတာနဲ့ အင်တာနက်သုံးကြတယ်။ SMS ၀င်လာတဲ့အခါ ၊ ဖုန်းထဲက တစ်ခုခုကို ကြည့်ချင်တဲ့အခါ ၊ App တွေကို install / uninstall လုပ်ချင်တဲ့အခါ .. စတဲ့ ကိစ္စတွေမှာ ဖုန်းကို ကိုင်ပြီး ပြုလုပ်ရပါတယ်။ အင်တာနက်လဲ အသုံးမပျက်၊ ဖုန်းကိုလဲ ကိုင်စရာမလိုပဲ ထို ကိစ္စများကို ကွန်ပျူတာကနေ လုပ်ဆောင်ချင်ရင်တော့ AirDroid ဆိုတဲ့ App လေးက လုပ်ဆောင်ပေးပါမယ်။ အင်တာနက်သုံးရင်း online ကနေ ကိုယ့်ဖုန်းကို
လှမ်းပြီး ထိန်းချုပ်ကြည့်မယ်။ နာမည်ကြီးတဲ့ App လေးဆိုတော့ သိတဲ့သူလဲရှိမယ်။ မသိတဲ့သူတွေလဲ သုံးကြည့်ပါလို့ ညွှန်ပါရစေ။ လိုင်းမကောင်းဘူး .. သုံးမရဘူး ဆိုလဲ လိုင်းကောင်းတဲ့အချိန်မှာသာ စမ်းကြည့်ဗျာ။ ကျွန်တော်လဲ ဖုန်းလိုင်းနဲ့သုံးတာပါပဲ။
လိုင်းကောင်းတဲ့အချိန်မှာ သုံးလို့ အတော်လေး အဆင်ပြေပါတယ်။

** AirDroid Register **
AirDroid ဆိုတာ ဘာလဲလို့ သိသွားပြီဆိုတော့ AirDroid စတင် အသုံးပြုပုံလေး ရှင်းပြပါ့မယ်။ AirDroid App ကို အရင်ဒေါင်းလိုက်ပါ။
ပြီးရင် install လုပ်ပါ။ ပုံ(၁)မှာ မြင်ရတဲ့အတိုင်း အရင်ဆုံး AirDroid မှာ Register လုပ်ရပါမယ်။ Sign in via Google ဆိုတာကို နှိပ်ပြီး Gmail နဲ့ Gmail Password ရိုက်ပြီး Register လုပ်လိုက်ပါ။ သင့်ဖုန်းထဲမှာ Google Account ထည့်ပြီးသားဆိုလဲ တစ်ခါတည်း ဖော်ပြပါလိမ့်မယ်။ ရွေးပြီးသွားရင် Active လုပ်ခိုင်းပါတယ်။ Active ကို နှိပ်လိုက်ရင် ပုံ(၂) မှာလိုမြင်ရပါမယ်။ ဒါဆို Register လုပ်ပြီးပါပြီ။

** AirDroid Web Server **
ကွန်ပျူတာကနေ အသုံးပြုဖို့အတွက် AirDroid Web Server ကို သွားရပါမယ်။ FireFox ကနေ http://web.airdroid.com/ ဆိုတဲ့ လိပ်စာကို ရိုက်ပြီးသွားပါ။ ပုံ(၃)မှာလို မြင်ရပါမယ်။ Sign in လုပ်ပေးရပါမယ်။ ခုနက မိမိ Register လုပ်ခဲ့တဲ့ Gmail Account နဲ့ Password ရိုက်ကာ Sign in ၀င်လိုက်တာနဲ့ AirDroid ကို စတင် အသုံးပြုနိုင်ပါပြီ။ ချိတ်မိသွားပြီဆိုတာနဲ့ မိမိဖုန်းမှာ ပုံ(၄)မှာလို မြင်ရပါမယ်။ ဒါဆို ဖုန်းနဲ့ AirDroid Web Server နဲ့ချိတ်သွားပါပြီ။ ပုံ(၅)မှာမြင်သလို ကွန်ပျူတာမှာ မြင်ရပြီဆိုရင်တော့ AirDroid ကို အသုံးပြုလို့ ရနေပါပြီ။

** AirDroid လုပ်ဆောင်နိုင်မှုများ **

- Message (SMS) , Contacts , Call Logs

ကွန်ပျူတာကနေ ဖုန်းမှာ SMS ပို့သလိုမျိုး အသုံးပြုနိုင်ပါတယ်။
ဖုန်းမှာ အသုံးပြုသလိုပါပဲ။ ပို့ချင်တဲ့ နံပါတ်ရိုက် (09 ................) ပြီး
sms ရေးကာ ပို့လိုက်ရုံပါပဲ။ ဖုန်းထဲမှာရှိတဲ့ sms တွေကိုလဲ မြန်မာလို ..
အဆင်ပြေစွာ ဖတ်ရှုနိုင်ပါတယ်။ ဘယ်လောက် အဆင်ပြေလဲ။
sms ပို့ချင်တာပဲဖြစ်ဖြစ် ဖတ်ချင်တာပဲဖြစ်ဖြစ် ဖုန်းကို သွားကြည့်စရာ ..
မလိုတော့ဘူး။ ကွန်ပျူတာကနေ အသုံးပြုနိုင်ပါတယ်။
Contacts များနှင့် Call Logs များကိုလဲ ၀င်ကြည့်နိုင်ပါတယ်။

- Music & Videos

ဖုန်းထဲမှာရှိတဲ့ သီချင်း နှင့် ဗီဒီယိုများကိုလဲ မွှေနှောက်ရှာဖွေနိုင်ပါတယ်။
သီချင်းများကို ကွန်ပျူတာကနေ လှမ်းဖွင့်ပြီး နားထောင်နိုင်ပါတယ်။
ဗီဒီယိုများကိုလဲ ကြည့်ရှုနိုင်ပါတယ်။ လိုချင်ရင် download ဆွဲပြီး ..
ဖုန်းထဲမှ သီချင်း နှင့် ဗီဒီယိုများကို ကွန်ပျူတာထဲ ထည့်သွင်းနိုင်ပါတယ်။

- Apps , Photos , Ringtones , files

မိမိဖုန်းထဲမှ Application များကိုလဲ ၀င်ကြည့်နိုင်ပါတယ်။
App များကို ကွန်ပျူတာကနေ install / uninstall လုပ်နိုင်တယ်ဗျာ။
ဖုန်းထဲမှ လိုချင်သော App များကိုလဲ download ဆွဲကာ သိမ်းနိုင်တယ်။
ဓါတ်ပုံများလဲ ရှာဖွေနိုင်တယ်။ Ringtones များကိုလဲ သတ်မှတ်နိုင်တယ်။
မိမိဖုန်းထဲမှာ File Manager အသုံးပြုသလိုမျိုး ကွန်ပျူတာကနေ ..
ဖုန်းထဲကို အသေးစိတ် မွှေနှောက်ရှာဖွေနိုင်တယ်။

- Screenshot , Camera

မိမိဖုန်းကို ကွန်ပျူတာကနေ Screenshot လှမ်းရိုက်နိုင်ပါတယ်။
Screenshot ကို အသုံးပြုဖို့အတွက် မိမိဖုန်းက Root လုပ်ထားဖို့တော့
လိုအပ်ပါတယ်။ ဖုန်း Camera ကိုလဲ လှမ်းသုံးနိုင်ပါသေးတယ်။
ကွန်ပျူတာကနေ မိမိဖုန်း ကင်မရာမှ မြင်ရသမျှကို ကြည့်ရှုနိုင်ပါတယ်။
ဓါတ်ပုံရိုက်နိုင်တယ်။

ရေရေလည်လည် အသုံးဝင်တယ်နော်။ အင်တာနက်သုံးနေတဲ့အခါ ..
AirDroid Web Server ကို ဖွင့်ထားပြီး အင်တာနက်လဲ အသုံးမပျက် ..
မိမိဖုန်းကိုလဲ ကိုင်စရာမလိုပဲ လှမ်းထိန်းချုပ်နိုင်တော့ ရှယ်ပဲပေါ့ဗျာ။
ဒီလောက်ဆို အားလုံး နားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။
မစမ်းဖူးသေးတဲ့ ဘော်ဒါတို့ စမ်းကြည့်ပေတော့ဗျာ

download - AirDroid 2.0.3 (6MB)

Dropbox - https://www.dropbox.com/s/3i6iii5lloctgst/AirDroid%202.0.3_53.apk

Copy - https://copy.com/Vb2VKILo6NCW

Zippyshare - http://www19.zippyshare.com/v/17901308/file.html

ပျော်ရွှင်ပါစေ။

Mr.AD ( ရှာ .. တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် )

Review By Mr.AD
(www.facebook.com/happyandroidworld)

From: This Link 

Android အတွက် သင်ခန်းစာ (၁)



ကျွန်တော်တစ်ခုပြောချင်ပါတယ် လူတိုင်းဟာ ဖုန်းနဲ့ ပက်သက်လာရင် အားလုံးနားလည်ကြပြီးသားပါ
ဒါပေမဲ့ သူတို့ဟာ အခြေခံ သဘောတရားကို နားမလည်ကြပါဘူး ကျွန်တော်လည်း တူတူပါဘဲ အဲဒီအ
တွက်ကြောင့် ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် ပညာရပ်များကို မျှဝေပေးပါရစေ


Android အတွက် သင်ခန်းစာ (၁)

What is android?

Android ဆိုတာက မိုဘိုင်းဖုန်းတွေ အတွက် စနစ်တကျ ထုတ်လုပ်ထားတဲ့ Operation System တစ်ခုဖြစ်တယ်

Android ဟာ Window နဲ့ Linux အပေါ်မှာ အခြေပြု ရေးဆွဲထားတဲ့ System တစ်ခု ဖြစ်ပါတယ်

Android ရဲ့ Kernal based ကတော့ Linux Kernal ကို အခြေပြု ရေးဆွဲထားခြင်း ဖြစ်ပါတယ်

Linux ဟာလည်း Open Source ဖြစ်တဲ့ အပြင် သီခြားဆန်သော Platform ဖြစ်နေတဲ့အတွက် Android ဟာ

ရေရှည်အတွက် Linux Kernal ကို ရွှေးချယ်ခဲ့တာ ဖြစ်ပါတယ်

Android ဟာ ဆိုရင် Java တွေ Nokia တွေ စတင်မထွက်ခင်တည်းက တည်ဆောက်ထားခဲ့တာပါ ဒါပေမဲ့

သူရဲ့ System တွေကို ထုတ်ဖော်မပြသခဲ့သေးပါဘူး ဘာကြောင့်လဲဆိုရင် အဲဒီတုန်းက သူရဲ့ဖန်ရှင် တွေ သိပ်

ပြီးတော့ မပြည့်စုံသေးဖူးလို့ ယူဆခဲ့လို့ပါ အဲဒီအချိန်မှာ Java တွေ Nokia တွေရဲ့ System တွေကိုလေ့လာ

ပြီးတော့ ၂၀၀၈ခုနှစ် ၉လပိုင်းလောက်မှာ Android version 1.0 ကို Google နဲ့ တစ်ခြား အဖွဲ့ဝင်တွေက အစမ်း

သပ်ကာလအနေန့ စတင်ထုတ်ဝေပြီးတော့ Android Os ကို စတင်ခဲ့ပါတယ် နောက်ပိုင်းမှာ update တွေ ကို

ဆက်လက်ထုတ်ဝေခဲ့ပါတယ် 1.1,1.5,1.6,2.0,2.1,2.2,2.2.2 အဲဒီ version တွေကို ဆက်လက်ထုတ်ဝေခဲ့ပါတယ်

Android ဟာ ဆိုရင် ၂၀၁၀ခုနှစ် လောက်မှာ ကမ္ဘာပေါ်မှာ ရောင်းအား အကောင်းဆုံး smart phone အဖြစ် Android

ရဲ့ နေရာတစ်နေရာကို ရယူနိုင်ခဲ့ပါတယ် နှစ်တော်တော်ကြာ နေရာယူလာတဲ့ Nokia ကို ကျော်လွှားနိုင်ခဲ့ပါတယ်

နောက်ပိုင်းမှာ ဒီထက်ကောင်းတဲ့ ဗားရှင်းတွေကို ဆက်လက်ထုတ်ဝေလာခဲ့တာဟာ အခုအချိန်အထိပါ

version code name

1.0 -

1.1 -

1.5 Cupcake

1.6 Donut

2.0,2.1 Eclair

2.2,2.2.2 Froyo

2.3,2.4 Gringebrerad

3.0 Honey Comb

4.0,4.0.4 Ice Cream Sandwich

4.1.1,4.1.2,4.3 Jelly bean

5.0 Key Lime Pie

ဒီဖိုင်လေးကို သိမ်းထားချင်ပါက ဒီမှာဒေါင်းရန်

Android အတွက် သင်ခန်းစာ (၁) အားဒေါင်းယူရန်

ကျေးဇူးတင်ပါသည်
Aung Min Han
From: Myanmar Mobile App 

♪ ဖုန်းထဲမှာတင် DJ Mix ပြုလုပ်ချင်သူများအတွက် - edjing PRO – Music DJ mixer v1.0.2 Apk ♫

edjing PRO - Music DJ mixer - screenshot
မိမိဖုန်းမှာ  DJ Mix ဖန်တီးချင်သူများအတွက်တင်ပေးလိုက်ပါတယ်။ DJ Bar တွေမှာ ပွတ်သလိုမျိုး အမှန်အကန်ဆွဲနိုင်မှာပါ။ ဒါ့အပြင် မိမိကိုယ်တိုင်လည်း အခြားသော အသံများစွာနဲ့ Remix လုပ်ပြီး DJ ဖန်တီးနိုင်မှာဖြစ်ပါတယ်ဗျာ။ DJ effects (FX): Cue, Flanger, Loop, Echo, equalizer စသည်တို့ ပါဝင်သည့်အပြင်recording ပါပြုလုပ်နိုင်တဲ့ Full Free လေးတစ်ခုဖြစ်ပါတယ်ဗျာ။ Pro DJ effects ဖြစ်တဲ့ Cue, Flanger, Loop, Echo, Equalizer တွေပါဝင်ပြီး Recording ကတော့ quality ကောင်းမွန်ပြီး wave format အဖြစ် 1 hour ထိတောင် mp3 files အဖြစ်ရရှိပါမယ်။ Android: 4.0 နှင့်အထက်ကစပြီး အသုံးပြုနိုင်ပါတယ်။ မိမိကြိုက်သလို အသံတွေရော သမမွှေပြုလုပ်လို့ရပါ တယ်။ အောက်မှာပုံတွေပြထား ပါတယ်။
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



edjing PRO - Music DJ mixer - screenshot 

edjing PRO - Music DJ mixer - screenshot 

edjing PRO - Music DJ mixer - screenshot 

edjing PRO - Music DJ mixer - screenshot 

edjing PRO - Music DJ mixer - screenshot 

edjing PRO - Music DJ mixer - screenshot 

edjing PRO - Music DJ mixer - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

♪ မိုဘိုင်းအင်တာနက် အတွက် 2 GB Plan ကို Telenor မှ ရောင်းချ ♫



မိုဘိုင်းအင်တာနက် အသုံးပြုရန် 1 GB Plan အထိသာ ရောင်းချပေးခဲ့သော Telenor Myanmar သည် လက်ရှိအချိန်၌ 2GB Plan ကို ရောင်းချပေးလျက်ရှိသည်ဟု သိရသည်။

မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများအနက် Telenor ၏ အင်တာနက် အသုံးပြုနိုင်သော Plan သည် အနည်းဆုံးသော Plan ဖြစ်ပြီး ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော Ooredoo က လစဉ်သုံး Plan အဖြစ် 10 GB ကို ရောင်းချပေးနေသည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် လစဉ်သုံး Plan ကို 5 GB အထိ ပေးအပ်ထားပြီး Telenor သည် ၎င်း၏ အသုံးပြုသူများကို မတ်လအကုန်ပိုင်းမှ စတင်၍ 2 GB Plan ကို အသုံးပြုခွင့်ပေးခြင်းဖြစ်သည်ဟု သိရသည်။

Telenor ၏ ကြေညာချက်အရ ၎င်းတို့သည် လစဉ်သုံး 2 GB Plan ကို အမြန်နှုန်း 2 Mbps ပေးအပ် ထားပြီး ဈေးနှုန်းကို ၁၁,၉၀၀ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။

Ooredoo Myanmar အနေဖြင့် ၎င်းတို့၏ အင်တာနက်အမြန်နှုန်းသည် 14 Mbps ရှိသည်ဟု သတင်းထုတ်ပြန်ထားပြီး လစဉ်သုံး 2 GB Plan ကို ဈေးနှုန်း ၁၂,၉၀၀ ကျပ် သတ်မှတ်ထားသည်ဟု သိရ သည်။ အလားတူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၎င်းတို့၏ အမြင့်ဆုံးသော လစဉ်သုံး 5 GB Plan ကို ၂၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး Ooredoo Myanmar က 5 GB Plan ကို ၂၉,၉၀၀ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။

Telenor အနေဖြင့် ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်းကို ထိုင်းနိုင်ငံဘက်မှ ဖေဖော်ဝါရီလအတွင်း ချိတ်ဆက်နိုင်ခဲ့သည့် နောက်ပိုင်း မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုသူများကို 2 GB Plan တိုးမြှင့်ပေး ခဲ့ ခြင်းဖြစ်ပြီး အဆိုပါ ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်း၌ Bandwidth ပမာဏ 10 GB ကို ပထမအဆင့် ချိတ်ဆက် အသုံးပြုခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်၌ Ooredoo Myanmar သည် Telenor နည်းတူ ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်းကို ချိတ်ဆက်ပြီးစီးခဲ့ပြီ ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် ချိတ်ဆက် အသုံးပြုခဲ့သော Bandwidth ပမာဏကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပေ။ ဆက်သွယ်ရေး အော်ပရေတာများအနက် Bandwidth အများဆုံး ပိုင်ဆိုင်သူမှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းဖြစ်ကြောင်း သိရသည်။

Internet Journal
<
 


3G Manager – Battery saver v2.5.0 Apk


Download
     
                         

                                    www.patheinit.com
                             
Payephyokyaw(ပုသိမ်အိုင်တီ)

                                       ပုသိမ်နည်းပညာ

ဖုန်းမှာဘောပွဲရလဒ်လေးတွေကိုတိုက်ရိုက်ကြည့်ရှုနိုင်တဲ့ - Forza Soccer


Download
     
                         

                                    www.patheinit.com
                             
Payephyokyaw(ပုသိမ်အိုင်တီ)

                                       ပုသိမ်နည်းပညာ

♪ 18နှစ်အောက်နှင့်မိန်းကလေးများမကြည့်ရ - Beautybabes 5 v1.0 Apk ♫


http://s0.hulkshare.com/song_images/original/1/4/1/1416eb20bd6e82b2bc371e0360dc4ba9.jpg
18+ Application လေးတွေကို Cbox ကနေ လျှို့ဝှက်စွာတောင်းထားတဲ့ ဘော်ဒါကြီး နဲ့ အခြားသော စိတ်ပါဝင်စားကြတဲ့သူငယ်ချင်းများအတွက် Beauty babes 5 v1.0 ဆိုတဲ့ Application လေးတစ်ခုတင်ပေး လိုက်ပါတယ်ဗျာ။ ကျွန်တော်ကြည့်ပြီးသလောက်တော့ ကြမ်းချက်က 9+ ပဲဗျာ။ အဲဒါကြောင့် Application မှာပါတဲ့ Screen Shot တွေကိုတောင်မတင်ပေးရဲတော့ပါဘူး။ ကိုယ်တိုင်တာဒေါင်းပြီးကြည့်ကြပါတော့်ဗျာ။ ရှာရှာဖွေဖွေနဲ့တော့တင်ပေးလိုက်ပြီနော်။ ကျွန်တော်ကတိတည်ပါတယ်။ သုံးတက်မယ်ဆိုရင် အဲ့ဒီ Apk ထဲကနေနောက်ထပ် 18+ Apk အလန်းလေးတွေအများကြီးရယူနိုင်ပါသေးတယ်ဗျာ။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

Tuesday, April 28, 2015

ANDROID ရဲ့ ဖုန်းလိုင်းဆွဲအား၊ INTERNET ဆွဲအား၊ ဘက်ထရီကြာရှည်ခံမှု စတဲ့ ဖုန်းနဲ့ ပတ်သက် တာတွေ ကို မြှင့်တင်ပေး မယ့် ALL IN ONE BOOSTER PRO FOR ANDROID

ဒီ App ကတော့ Android Devices တွေမှာ ဖုန်းလိုင်းဆွဲအားကို မြှင့်တင်နိုင်ပါတယ်.. Internet လိုင်းအား ကို မြှင့်တင်ပေးတယ်.. Wi-Fi ကို ပိုမိစေတယ်.. ဘက်ထရီသက်တမ်းကို ပိုကြာကြာ ခံအောင် လုပ်ပေး တယ်... Android OS ကို ပိုသွက်အောင်လုပ်ပေးမယ်.
ဒါကြောင့် All In One Booster လို့တောင် နာမည်ပေးထားတာထင်တယ်..  Android 2.1 နှင့်အထက် တွေမှာ သုံးစွဲနိုင်ပါတယ်...

အဆင်ပြေပါစေ...
Download Links:   SolidFile-------> Here !
                            Zippyshare------->Here !
Credit to :မောင်ပေါက်

phone bill မကုန်အောင် အင်တာနက် free သုံးမယ်



 ဒီနည်းလေး ကတော့ ဆိုက်တဆိုက်ကနေတွေ့လို့ ကျနော်ပြန်ရှယ်ပေးလိုက် တာပါ...။အသုံးဝင်မယ်လို့ လည်း ထင်ပါတယ်..။ကျနော် ကိုယ်တိုင်က အင်တာနက်ကို free သုံးနေတာဆိုတော့ သူငယ်ချင်းများ ကိုလည်း ရစေ ချင်ပါတယ်.....။ဒီနည်းလေးကိုရေးသားတဲ့ ကိုနေလင်းဖြိုး ကိုလည်း အထူးပဲ ကျေးဇူး တင်ပါ တယ်ဗျာ...။ဖုန်းနဲ့ ကွန်ပြူတာ ကို ချိတ်ပြီးသုံးတဲ့ သူတွေ အတွက် တကယ်ကောင်းတဲ့ နည်းလေး ပဲဗျာ..။

ကဲ အားလုံးပဲ ဒီတစ်ခါတော့ Facebook ထဲကကျွန်တော်ဘော်ဒါ တစ်ယောက် ဆီကနေ ပိုက်ဆံမကုန်တဲ့ အင်တာနက် ဖုန်းသုံးနည်းကို ဖော်ပြလိုက်ပါတယ်။ သိထားရမှာက နည်းလမ်းတွေကို ရှာဖွေရတာဟာ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုဖြစ်ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေး ချင်ပါတယ်။ ဒီပို့စ်မှာ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ဆိုရင်တော့ အဆင်ပြေမှာပါ။ အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်းသပ်နိုင်လို့ နားလည်ပေးစေချင်ပါတယ်။ အောက်ကပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသား အတိုင်းပဲဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကို ပြင်ဆင်ပေးတာက လွဲလို့ပေါ့။ :D

1. 3G အင်တာနက်ဖွင့်ထားသော Sim Card (မှတ်ချက်...GSM လဲရပါတယ်)

2. ကိုယ်ရဲ့ဖုန်းလုံခြုံးရေအတွက် စိုးရိမ်တယ်ဆိုရင် IMEI ကို Fake လုပ်ထားရပါမယ်

(ဒါကတော့ လိုအပ်ချက်မဟုတ်ပါဘူး ကျွန်တော်ကတော့ မလုပ်ဘူးအေးရော India ကဆိုရင်တော့လိုမယ်)

3. လုပ်နည်းကတော့ APN setting ချိန်းတာပါ အောက်မှာဖော်ပြထားပါတယ်။

(မှတ်ချက် ကျွန်တော်ကတော့ Samsung Galaxy Ace (GT-S5830i) andriod version 2.3.6 Root လုပ်ထားပါတယ်။ အဲဒီ Device စမ်းသပ်ထားတာဖြစ်လို့

Galaxy APN ချိန်းနည်းအတိုင်းတင်ပြပါမယ်) Kali Linux-Gnome (32bit) ပါ ဖုန်းကနေ USB Tethering လုပ်လိုက်တာနဲ့ auto ချိတ်ပါတယ်။ ဘာမှလုပ်ပေးစရာမလိုပါဘူး တကယ်လို အဲလိုမရဘူးဆိုရင် Backtrack Myanmar Group ကိုသွားပြီးမေးကြည့်ပါ။

Setting >>>Wireless and networks>>>Mobile networks>>>Acess Point Names

ကိုအဆင့်ဆင့်သွားပါ ပြီးရင် Menu key ကိုနှိပ်ပြီး New APN ကိုရွေးပါ ပြီးရင်

---Name နေရာမှာ 3G free (any) Type 1 WAP လို့ဖြည့်လိုက်ပါ

---APN နေရာမှာ wapwest.cellone.in လို့ရေးပေးပါ

---Proxy နေရာမှာ 110.100.3.2 လို့ရေးပါ

---Port နေရာမှာ 9209 လို့ရးပါ

---User name နေရာမှာ ppp လို့ထည့်ပါ

---Password နေရာမှာ ppp123 လို့ရေးပါ

---Server နေရာမှာ 110.100.3.2:9209 လို့ထည့်ပါ

---MCC တော့ 414 ပါပဲ

---MNC တော့ 01 ပါ

---Authentication type မှာ CHAP ကိုရွေးပါ

---APN type မှာ Internet ကိုရွေးပါ

ပြီးရင် Save လုပ်ပြီး ခုလုပ်ထားတဲ့ APN ကို ON ခဲ့ပါ။

ပြီးရင် အင်တာနက်ကို On လိုက်ပါ သိုမဟုတ် Use packet data ကို အမှန်ခြစ်လိုက်ပါ

ဟုတ်ကဲ့ အင်တာနက် မရသေးပါဘူး ရအောင်လုပ်ရပါအုံးမယ်။

ဘယ်လိုလုပ်ရမလဲဆိုတော့ Kali Linux OS တင်ထားတဲ့ computer မှာ usb tethering ကို on လိုက်ရပါမယ်။ အင်တာနက်တက်ပြီးဆိုတာနဲ့ *124# ကို ဖုန်းက Check လုပ်လိုက်ပါ။

တတ်နိုင်ရင် ဖုန်းထဲက background data တို့ sync တို့ကို ပိတ်ထားလိုက်ပါ ပြီးရင်သုံးလို့ ရပါပြီ။

*_အရေးကြီးဆုံးတစ်ခုက ကွန်ပျုတာမပိတ်မှီ သို့မဟုတ် tethering ကိုမဖြုတ်မှီ ဖုန်းကအင်တာနက်ကို အရင် ပိတ်ရပါမည်။ ဒီလိုမှမဟုတ်ရင်ပိုက်ပိုက်ဖြတ်ပါတယ်_*

MPT က မပိတ်သရွေ့တော့ရနေပါလိမ့်မယ်။ ပိတ်သွားရင် တားတားလဲမတတ်နိုင်ပု ဟိဟိ။

ဖြည့်စွက်ချက် ။ လိုအပ်ချက် တစ်ခုရှိသွားတယ်ဗျ kali မှာသုံးမှ မဖြတ်တာ ကျန်တာတွေမှာဖြတ်တယ်နော် ပြီးတော့ ကွန်ပျူတာမပိတ်ခင် အင်တာနက်အရင်ပိတ်ရတယ်။ မနေ့က kali OS (Gnome) နဲ့ သုံးတာ မဖြတ်လို့ ဒီနေ့ backtrakနဲ့သုံးတော့ ဖြတ်သွားတယ် မကျေနပ်လို့ kali နဲ့ ပြန်သုံးတာ မဖြတ်ဘူး kali ကိုနဲ့အဆက်သွယ်မဖြတ်ခင် အင်တာနက်ကိုအရင်ပိတ်ဖို့မမေ့နဲ့အုံးဗျ။





ဖုန်းက Internet ကို ကွန်ပျူတာမှာ ချိတ်ဆတ်အသုံးပြုနည်း



ဖုန်း အင်တာနက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးချင်ရ အလွယ်ကူဆုံး နည်းလမ်းလေးကို ဖော်ပြပေးပါမယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါလေ။

အဆင့်(၁) easytether  ကို ဖုန်းထဲတွင် Install လုပ်ယူပါ။ USB ကို အမှန်ခြစ်ပေးထားပါ။

Download Easytether For Phone From Zippyshare

Download Easytether For Phone From Solidfiles


အဆင့်(၂) easytether ကို ကွန်ပျူတာတွင် Installl လုပ်ပါ။

Download Easytether For Computer From Zippyshare

Download Easytether For Computer From Solidfiles


အဆင့်(၃) ဖုန်းကို အင်တာနက် ဖွင့်ထားပြီး USB ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပါ။ ဖုန်းတွင် USB debugging ဖွင့်ထားရန် လိုသည်။

အဆင့်(၄) ဖုန်းနှင့် ကွန်ပျူတာ ချိတ်ဆက်ပါက ကွန်ပျူတာ Start bar တန်း ညာအောက်ဖက်တွင် easytether Icon လေး ပေါ်နေလိမ့်မည်။ နှိပ်လိုက်ပါက ဖုန်းနှင့် ချိတ်ဆက်ထားသော Connect Via Android (your phone name) ဆိုသော စာတန်းလေးကို နှိပ်ပေးပါ။

အဆင့်(၅) Mozilla Firefox ဖွင့်၍ အင်တာနက် သုံးစွဲနိုင်ပါပြီ။

မှတ်ချက်။  Android ဖုန်းတိုင်း အသုံးပြုနိုင်သည်။