Thursday, April 16, 2015

♪ စမတ်ဖုန်းများမှာ WiFi အလွယ်တကူ ချိတ်ဆက်နည်းများ ♫

Photo: စမတ်ဖုန်းများမှာ WiFi အလွယ်တကူ ချိတ်ဆက်နည်းများ
===============================

သင့်ရဲ့ WiFi Network အတွက် ရှည်လျား ရှုပ်ထွေးပြီး ဖောက်ထွင်းရခက်တဲ့ Passwords မျိုးပေးသင့်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းများ သင့်အိမ် အလည်လာတဲ့ အခါမှာ သင့် WiFi Network ကို ချိတ်ဆက်ဖို့အတွက် ရှည်လျား ရှုပ်ထွေးတဲ့ Password ကို ရိုက်ထည့်ရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ စမတ်ဖုန်းများမှာ WiFi Password ကို ရိုက်ထည့်စရာမလိုဘဲ လျှင်မြန် လွယ်ကူစွာ ချိတ်ဆက်နိုင်တဲ့ နည်းများရှိပါတယ်။ 

ရိုးရှင်းတဲ့နည်း
--------------
ဒီနည်းက သူငယ်ချင်းများ ကို Password ပေးစရာမလိုဘဲ QR Code ကို ပေးရမှာ ဖြစ်ပါတယ်။ QR Code ပြုလုပ်ဖို့အတွက် http://goo.gl/l4vZ7v ၀က်ဆိုက် ကို သွားပါ။ ၀က်ဆိုက် ကို ရောက်သွားရင် Form တစ်ခု တွေ့ရမှာ ဖြစ်ပါတယ်။
 
Contents မှာ Contact Information ကို Default အနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ Drop-Down Arrow ကိုနှိပ်ပြီး WiFi Network ကို ပြောင်းပေးပါ။ SSID မှာ Network Name ကိုဖြည့်ပါ။ Password ကိုလည်း ထည့်ပေးရမှာ ဖြစ်ပါတယ်။ Network Security Type မှာ WEP or WPA/WPA2 စတဲ့ သုံးခုထဲက သင့် Network Security Type ကို ရွေးပေးပါ။ ခေတ်သစ် WiFi Network များမှာ WEP ကို မသုံးကြတော့တဲ့အတွက် ဘယ်အမျိုးအစားရွေးချယ်ရမှန်းမသိရင် WPA/WPA2 ကို ရွေးပါ။ အခြား Settings များကို ဒီအတိုင်းပဲထားပြီး Generate ကိုနှိပ်ပါ။ ညာဘက်မှာ သင့် Network ရဲ့ သတင်းအချက်အလက်များပါတဲ့ QR Code တစ်ခု ရရှိမှာ ဖြစ်ပါတယ်။ 

ရရှိလာတဲ့ Barcode ဟာ အဆင်ပြေလားဆိုတာ စမ်းသပ်ကြည့်ရအောင်။ Browser Window ကို ဒီအတိုင်းထားပြီး သင့်ရဲ့ ဖုန်း ကို ယူပါ။ ဖုန်းမှာ Barcode Scanner ရှိဖို့လိုပါတယ်။ Barcode Scanner မရှိရင် Google Play Store မှာ ရှာပြီး အင်စတော လုပ်နိုင်ပါတယ်။ 
ပြီးရင် Settings>WiFi ထဲသွားပြီး Network Name ပေါ်မှာ ဖိထားပြီး Forget ကိုနှိပ်ပါ။ Barcode Scanner ကိုဖွင့်ပြီး ကွန်ပြူတာမှ Barcode ကို Scan  လုပ်ပါ။ 
 
Scan လုပ်ပြီးရင် Tap OK ကိုနှိပ်ပါ။ ဒါဆိုရင် WiFi Network ကို ဖုန်းမှာ ချိတ်ဆက်မိပြီ ဖြစ်ပါတယ်။ စမ်းသပ်မှု မအောင်မြင်ရင် Form မှာ ဖြည့်ခဲ့တဲ့ Network Name , Password မှန်ကန်လားဆိုတာ စစ်ဆေးပါ။ WPA/WPA2 ကို Form မှာ ဖြည့်ခဲ့တယ်ဆိုရင် WEP ပြောင်းလဲပါ။ Generate ကို ထပ်နှိပ်ပြီး ရလာတဲ့ Barcode ကို ထပ်မံစမ်းသပ်ပါ။ 

ချိတ်ဆက်မှု အောင်မြင်ရင် Barcode က အလုပ်ဖြစ်ပါပြီ။ Barcode Generator ၀က်ဆိုက်မှ Download ခလုတ် ကို နှိပ်ပြီး Image ဖိုင်ကိုရယူပါ။ သူငယ်ချင်းများ WiFi ချိတ်ဆက်ချင်ရင် Password ပေးစရာ ၊ ရိုက်ထည့်စရာ မလိုဘဲ Barcode ပုံ ကို Barcode Reader တစ်ခုခုနဲ့ Scan လုပ်ခိုင်းပါ။ Barcode ကို Print ထုတ်ပြီး Router မှာ ကပ်ထားနိုင်ပါတယ်။ နောက်တစ်နည်းက Barcode ပုံ ကို Google Keep , Evernote တို့မှာ သိမ်းထားပြီး သူငယ်ချင်းများ ချိတ်ဆက်ချင်တဲ့ အချိန်မှာ ထုတ်ပြနိုင်ပါတယ်။ 

ဆန်းသစ်တဲ့နည်း
------------------
WiFi Password ကို ဆန်းသစ်တဲ့နည်းနဲ့ Share လုပ်နိုင်တဲ့ App များစွာ ရှိပါတယ်။ အဲဒီထဲက တစ်ခု က Instabridge ဖြစ်ပါတယ်။ Instabridge ကို သင်နဲ့ သူငယ်ချင်းများရဲ့ ဖုန်းများမှာ အင်စတော လုပ်ပြီးရင် Password များရိုက်စရာမလိုဘဲ WiFi ချိတ်ဆက်နိုင်ပါပြီ။ Instabridge ရဲ့ ဆန်းသစ်တဲ့ စွမ်းဆောင်ချက်က ကမ္ဘာပေါ်မှာ ရှိတဲ့ Free WiFi Network များရဲ့ Database ကို သိမ်းဆည်းပေးထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် သွားလေရာ နေရာတိုင်းမှာ ရှိတဲ့ Free WiFi Hotspot များကို အလိုအလျှောက် ချိတ်ဆက်ပေးနိုင်ပါတယ်။ Hotspot များကို မြေပုံမှာ ပြသပေးနိုင်ပါတယ်။  တစ်နည်းအားဖြင့် Free WiFi Hotspot များရဲ့ Passwords တွေကို Share လုပ်ပြီး အသုံးပြုကြတာ ဖြစ်ပါတယ်။ 

နောက်ထပ် App တစ်ခု က WifiPass ဖြစ်ပါတယ်။ ဒီတစ်ခုကတော့ သူငယ်ချင်းများနဲ့ Share လုပ်လို့မရပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Free WiFi Network များကိုတော့ တွေ့မြင်ပြီး ချိတ်ဆက်နိုင်မှာပါ။ Free WiFi Hotspot အကွာအဝေးအတွင်းမှာ ရောက်ရှိလာရင် WifiPass က အချက်ပြပေးနိုင်ပါတယ်။ 
 
Router မှ WPS Button ကို အသုံးပြုခြင်း
-----------------------------------------
နောက်ပိုင်းထုတ် Router များမှာ WPS Button ပါရှိကြပါတယ်။ အောက်မှာ ပြထားသလို WiFi Protected Setup စာသားနဲ့ ခလုတ်လေးပါရှိပါတယ်။ 
 
အဲဒီခလုတ် ကို နှိပ်ပြီး ဖုန်းမှာ WiFi အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။ ဖုန်းမှာ WiFi Connection Screen ပေါ်လာမှာ ဖြစ်ပြီး ပြသထားတဲ့ ခလုတ် ကို နှိပ်ပါ။ ပြီးရင် Router မှ ခလုတ် ကို နှိပ်ပါ။ ဒါဆိုရင် Password များရိုက်စရာမလိုဘဲ ဖုန်းမှာ WiFi ချိတ်ဆက်နိုင်ပါပြီ။ 
အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်းများ ကို အသုံးပြုရင် စမတ်ဖုန်းမှာ WiFi Password များ ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှု ကင်းဝေးမှာ ဖြစ်ပြီး လွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ 

သူရ

Myanmar Digital Life Journal

No comments:

Post a Comment