Friday, April 24, 2015

♪ Samsung ထုတ်ကုန်များကို အွန်လိုင်းမှ တစ်ဆင့် မှာယူနိုင် ♫

ပြည်တွင်း၏ အွန်လိုင်းစတိုးတစ်ခုဖြစ်သော Shop.com.mm ၌ Samsung ၏ ထုတ်ကုန်ပစ္စည်းများကို အိမ်အရောက် မှာယူအသုံးပြုနိုင်သည်ဟု သိရသည်။

Samsung Myanmar သည် ၎င်း၏ထုတ်ကုန်များကို တရားဝင် အွန်လိုင်းလက်လီရောင်းချသူအဖြစ် Shop.com.mm နှင့် ယခုလ ပထမအပတ်အတွင်း ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ အွန်လိုင်းစာမျက်နှာ မှတစ်ဆင့် Samsung ၏ စမတ်ဖုန်းများ၊ တက်ဘလက်များအပြင် တီ ဗီနှင့် ဒီဂျစ်တယ်ပစ္စည်း အသုံး အဆောင်မျိုးစုံတို့ကို ဝယ်ယူနိုင်မည်ဟု သိရသည်။

“မြန်မာနိုင်ငံမှာ အလားအလာရှိတဲ့ e Commerce စနစ်အတွက် ကြိုးစားနေတာဖြစ်ပါတယ်။ သုံးစွဲသူတွေ ကို အွန်လိုင်းဈေးဝယ်မှု အတွေ့အကြုံပေးချင်လို အွန်လိုင်း စီးပွားရေး လုပ်ငန်းကိုလည်း တိုးတက် ဖွံ့ဖြိုးလာ စေချင်ပါတယ်။ လက်လီရောင်းချမှု စီးပွားရေးလုပ်ငန်းတွေဟာလည်း e Commerce အဖြစ် အသွင် ကူးပြောင်းနေပါတယ်” ဟု Samsung ၏ ဈေးကွက်ဆိုင်ရာ အကြီးအကဲဖြစ်သူက ပြောသည်။

လက်ရှိအချိန်၌ Samsung ၏ အသစ်ထွက်ရှိလာသော စမတ်ဖုန်း မော်ဒယ်အသစ်များကို အွန်လိုင်း စာမျက်နှာမှတစ်ဆင့် အော်ဒါများ လက်ခံခဲ့ပြီး ဝန်ဆောင်မှုအဖြစ် အခြားသော Samsung ၏ အခြားသော ထုတ်ကုန်များကိုလည်း လက်လီရောင်းချပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

Shop.com.mm သည် ပြည်တွင်းရှိ အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုက်များအနက်မှ တစ်ခုဖြစ်ပြီး အီ လက်ထရောနစ် ပစ္စည်းများ၊ ဖက်ရှင် အသုံးအဆောင်ပစ္စည်းများ၊ အိမ်သုံး ပစ္စည်းများနှင့် အလှအပဆိုင်ရာ ပစ္စည်းများကို အိမ်ရောက်ငွေချေ စနစ်ဖြင့် ရောင်းချပေနေသည်ဟု သိရသည်။ Rocket Internet ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သော အဆိုပါ ဝက်ဘ်ဆိုက်ကို ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။

Internet Journal

No comments:

Post a Comment