Monday, November 30, 2015

♪ “OPPO ရဲ့Neo မျိုးဆက်သစ်Neo 7” ♫

https://fbcdn-photos-a-a.akamaihd.net/hphotos-ak-xaf1/v/t1.0-0/s480x480/12308788_465674310277977_8518669169423720256_n.jpg?oh=75bbf4654a297a2dfccdd1dd520c56ce&oe=56F5C2E9&__gda__=1457675790_d4ebc77ffef34d978ae074e5bde09800
နာမည်ကျော်Neo 5 ၏ အောင်မြင်မှုကိုဆက်ခံမည့်OPPO Neo 7 ကို ယခုလကုန်ပိုင်းမှစတင်ကာအိန္ဒိယအပြင် မြန်မာနိုင်ငံအပါအ၀င် အရှေ့ တောင်အာရှ၊ တောင်အာရှ၊အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် မက္ကဆီကိုတို့အပါအ၀င်ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်၁၇ခုတွင် ရောင်းချရန် စီစဉ်ထားပြီဖြစ်သည်။၅လက်မScreen အပြင်အဆင့်မြှင့်တင်ထားသော အရှေ့ဘက်ကင်မရာနှင့်16 GB ROM ဖြင့်သုံးနိုင်သည်။ဘက်ထရီ၏ စွမ်းဆောင်ရည်ကလည်း ကောင်းမွန်ပြီးတန်ဖိုးက၁၉၀၀၀၀ိ/-၀န်းကျင် သာရှိမည်ဖြစ်ပြီးယင်းအချက်များကOPPO Neo 7 ၏ထူးခြားချက်ဖြစ်သည်။ ပုံမှန်အားဖြင့်မျက်နှာပြင်အကျယ်အ၀န်းကျယ်ပြန့်သည့်စမတ်ဖုန်းများသည် ဈေးနှုန်းမြင့်မားနေတတ်သော် လည်းOPPO Neo 7 သည်သင့်တင့် မျှတ သောနှုန်းထားဖြင့် ဈေးကွက်အတွင်းရောက်ရှိလာမည်ဖြစ်သည်။ဒါကြောင့် ဈေးနှုန်းသင့်တင့်တဲ့Neo 7 ရဲ့၅လက်မအကျယ်ရှိတဲ့Screen ပေါ်မှာ ရုပ်ထွက်ကောင်းမွန်တဲ့ဗီဒီယိုဖိုင်တွေနဲ့ဓာတ်ပုံတွေကိုကြည့်လို့ရနိုင်မှာပါ။
Neo 7 ကိုထူးခြားဆန်းသစ်သောဒီဇိုင်းဖြင့်ဖန်တီးထားပြီး စွမ်းဆောင်ရည် အဆင့်မြှင့်တင်မှုများကိုလည်း ပြုလုပ်ထားသည်။မြန်မာနိုင်ငံတွင်3G ဗားရှင်းဖြင့်မိတ်ဆက်ပေးမည့်OPPO Neo 7 တွင်ပါဝင်သောMirror Surface သည်လိုအပ်သလိုဖြုတ်နိုင်၊တပ်နိုင်ပြီးOptical Coating နည်းပညာနှင့်Fiber glass ကိုအသုံးပြုထားသည်။ ကျောဘက်ကိုCoating အလွှာ၁၃ခုဖြင့် ပြုလုပ်ထားပြီး တောင့်တင်းခိုင်မာမှုရှိစေရန်လုပ်ငန်းစဉ်၄၀ ဖြင့် ပြုလုပ်ထားသည်။
ဝ .၅၆မီလီမီတာသာရှိသည့်အထူကြောင့်ပါးလွှာမှုအပိုင်းကအံ့အားသင့်စရာ ကောင်းမွန်သည်။ထို့အပြင် အလွှာထပ်အုပ်သည့်အထူးလုပ်ငန်းစဉ်များ ကြောင့်Neo 7 ၏ ကျောဘက်တွင် ချောမွေ့ပြီးမှန်တစ်ချပ်ကဲ့သို့ကြည်လင် သည်ကိုတွေ့ရမည်ဖြစ်သည်။အဖြူနှင့်အနက်ရောင်နှစ်မျိုးရွေးချယ် နိုင်မည့်Neo 7 ၏ကိုယ်ထည်ဘောင်ကိုဆွဲဆောင်မှုရှိသောအရောင်နှစ်မျိုး
(ရွှေရောင်၊ ငွေရောင်)ဖြင့်ရရှိနိုင်မည်။အဓိကထူးခြားချက်မှာ ၅လက်မ Screen ဖြစ်ပြီး ချောမွေ့သောအနားစွန်းများကလက်ထဲတွင် ကိုင်ဆောင် ထားသည့်အခါသက်သောင့်သက်သာရှိစေမည်ဖြစ်သည်။Neo 7 ၏ ကိုယ်ထည်ကို တောင့်တင်းခိုင်မာမှုမြင့်မားသောမဂ္ဂနီဆီယမ်၊ အလူမီနီယံ သတ္တုစပ်ဖြင့် ပြုလုပ်ထားသည်။အရည်အသွေးမြင့်သည့်သတ္တုစပ် ကိုယ်ထည် ကဖုန်း၏အလေးချိန်ကို ပေါ့ပါးစေပြီးအံအားသင့်ဖွယ်ကောင်းသည့် အကြမ်းဒဏ်ခံနိုင်မှုကို ပေးစွမ်းနိုင်သလိုအပူဒဏ်ကိုလည်းလွင့်ပါး ပျောက်ကွယ်စေသည်။OPPO Neo 7 တွင်8-megapixel ကျောဘက် ကင်မရာပါဝင်ပြီး၎င်းသည်အခြေအနေအရပ်ရပ်တွင်အံ့အားသင့်ဖွယ်လှပ သောဓာတ်ပုံများကိုဖန်တီးပေးနိုင် သည်။အဆင့်မြှင့်ထားသော5-megapixel အရှေ့ဘက်ကင်မရာကြောင့်ကြည်လင်ပြတ်သားသောSelfie ဓာတ်ပုံများ နှင့်ဗီဒီယိုများကိုရိုက်ကူးစေနိုင်မည်ဖြစ်သည်။Pure Image 2.0+ imaging platform ပါဝင်သောကြောင့်ဖုန်း၏ကင်မရာကိုများပြားလှသောPlug-in များဖြင့်အသုံးပြုကာရိုက်ကူးနိုင်သည်။ဖုန်းတွင်ပါဝင်သောlight-sensitive sensor ကသုံးစွဲသူ၏မျက်နှာနှင့်အဆင်ပြေစေမည့ှ်Screen အလင်း အမှောင်ကိုချိန်ညှိပေးနိုင်သည်။
ထို့အပြင်အလင်းနည်းသော နေရာများ၌Selfie ရိုက်ကူးသည့် အခါတွင် လည်းScreen ကFlash အနေဖြင့် ပြောင်းလဲလုပ်ဆောင်ပေးမည်ဖြစ်သည်။ Filter ၁၁ခုနှင့်Beautify Mode ၃ခုပါဝင်ပြီးထပ်ဆောင်းAppများကို Download ဆွဲရန်မလိုဘဲဓာတ်ပုံများကိုအလွယ်တကူ ပြင်ဆင်နိုင်သည်။ ထို့အပြင်Double Exposure ကဲ့သို့သောအထူးလုပ်ဆောင်ချက်များကလည်း သုံးစွဲသူများမှသီးခြားဓာတ်ပုံနှစ်ပုံရိုက်ကူးကာ၎င်းတို့ကို ပေါင်းစပ်ပြီး ဓာတ်ပုံ တစ်ပုံတည်းအဖြစ်ဖန်တီးခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။OPPO Neo 7 တွင်Quad-core CPU နှင့်အတူ1 GB RAMနှင့်16 GB ROMကို အသုံးပြု ထားသည်။ဘက်ထရီက2420mAh ဖြစ်သည်။SIM ကတ်(၂) ကတ်ဖြင့် သုံးနိုင်သည်။Micro SD Card Slot ပါဝင်သောကြောင့် 3Gဗားရှင်းအတွက် သိုလှောင်မှုကို32GB အထိတိုးမြှင့်သိမ်းဆည်းနိုင်သည်။Neo 7 တွင်OPPO ၏Android 5.1 ကိုအခြေခံထားသောColorOS 2.1 ကိုအသုံးပြုထားသည်။ ၎င်းသည် ချောမွေ့သောစွမ်းဆောင်ရည်ကို ထောက်ပံ့ပေးနိုင်ပြီး Background တွင်ဗီဒီယိုကြည့်ရှုရင်းသူငယ်ချင်းများနှင့်စကားပြောနိုင် မည့်Floating Window ကဲ့သို့သောFeature သစ်များပါဝင်သည်။ အဆင့်မြှင့်ထားသောColorOS 2.1 နှင့်အတူ ဖျော်ဖြေရေး လုပ်ဆောင်ချက် များကိုလည်းNeo 7 တွင် ထောက်ပံ့ပေးထားသည်။Lockscreen Magazine Feature သစ်သည်OPPO မှစုစည်းပေးထားသောလှပသည့်ဓာတ်ပုံ(၂၀)ကျော်နှင့်အတူLockscreen ဓာတ်ပုံများကိုတစ်ပတ်လျှင်တစ်ကြိမ် အလိုအလျောက်Update လုပ်ပေးမည်ဖြစ်သည်။ဒါကြောင့်OPPO က ထောက်ပံ့ထားတဲ့လုပ်ဆောင်ချက်တွေသာမကဘဲ၊android ရဲ့ဝန်ဆောင်မှု တွေကိုလည်းသုံးစွဲနိုင်မှာဖြစ်ပါတယ်။
ပြီးတော့system update ကိုလည်းလွယ်လင့်တကူပြုလုပ်လို့ ရနိုင်မှာဖြစ်ပြီး မှတ်သားစရာတွေအတွက်အသုံးပြုရတဲ့Note ကိုသုံးစွဲတဲ့အခါမှာ ပုံတွေနဲ့ တွဲလျက်မှတ်တမ်းပြုလုပ်ထားနိုင်မှာဖြစ်ပြီးlock ပြုလုပ်လိုသူတွေအတွက် third party app တွေသုံးစရာမလိုအောင်lock function ကိုတစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေအတွက်ကတော့ app encrypt, data saving, guest mode, Permission monitor နဲ့အတူ block (၆) မျိုးပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါ့အပြင်စာသားမက်ဆေ့ခ်ျ တွေကိုလည်းလိုအပ်သလိုထိန်းချုပ်ပြီး timer ပြုလုပ်ပေးပို့လို့ရနိုင်ပါလိမ့်မယ်။ ညဘက်တွေမှာအင်တာနက်အသုံးပြုပြီးတဲ့အခါမှာ မေ့လျော့ပြီး အိပ်တတ်သူ တွေအတွက်လည်းအဆင်ပြေအောင်လို့ဖုန်းကနေ (၂) စက္ကန့်ဆိုတာနဲ့ မိုဘိုင်း ဒေတာကိုဖြတ်တောက်ပေးပါတယ်။ပြီးတော့ဖုန်းမှာဘယ်လိုလုပ်ဆောင်ချက်တွေပဲလုပ်နေနေ screen ပေါ်မှာလက်သုံးချောင်းကိုဆွဲစုလိုက်မယ်ဆိုရင် ကင်မရာလုပ်ဆောင်ချက်ဆီချက်ချင်းတန်းရောက်သွားမှာဖြစ်ပါတယ်။ အလင်းရောင်အားနည်းတဲ့နေရာတွေမှာရိုက်ကူးမယ်ဆိုရင်လည်းအလင်း အမှောင်ကိုရိုက်ကူးမယ့် နေရာနဲ့ကိုက်ညီအောင်လိုသလိုချိန်ညှိပေးဦး မှာဖြစ်ပါတယ်။Gesture စနစ်ကလည်း ပြည့်စုံပါတယ်ဆိုတာထက်တောင် ပိုပါသေးတယ်။ColorOS ပါရှိတာကြောင့်Security Mode, Gloves Mode, Screen Off Gesture 13 မျိုးကိုသုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။သူ့မှာနောက်ထပ် ပါဝင်တဲ့လုပ်ဆောင်ချက်တစ်ခုရှိပါသေးတယ်။အဲဒီလုပ်ဆောင်ချက်ကတော့ air gesture ဖြစ်ပြီး၊ဖုန်းကိုလက်နဲ့ထိတွေ့စရာမလိုဘဲဖုန်းပေါ်မှာ လက်ဝှေ့ ယမ်းလိုက်ရုံနဲ့Home screen ဖွင့်တာ၊Photo, Mail ဖတ်ရှုတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
သူ့မှာပါဝင်တဲ့Gesture စနစ်တွေကြောင့်ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာ' V ' သင်္ကေတပြုလုပ်လိုက်တာနဲ့flash မီးကိုဖွင့်ပေးမှာဖြစ်ပြီး၊မျက်နှာပြင်ပေါ် မှာအ၀ိုင်းပုံစံလေး ပြုလုပ်လိုက်မယ်ဆိုရင်တော့ကင်မရာလုပ်ဆောင်ချက်ကို သုံးစွဲနိုင်စေဖို့အတွက်အသင့်ဖြစ်နေမှာပါ။သင့်အတွက် အရေးကြီးတဲ့သူတွေ ရဲ့ဖုန်းနံပါတ် တွေကိုသင်္ကေတတစ်ခုအနေနဲ့သတ်မှတ်ထားတယ်ဆိုရင် ဖုန်းကို ဘာပဲလုပ်နေနေရုတ်တရက်ဖုန်းဆက်ချင်တယ်ဆိုရင်ဖုန်းရဲ့ အပေါ် ဘက်ထောင့်ကိုဆွဲချပြီး၊သုံးစွဲသူသတ်မှတ်ထားတဲ့သင်္ကေတကိုဆွဲလိုက်ရုံနဲ့ ခေါ်ဆိုချင်တဲ့နံပါတ်ကိုအလွယ် တကူခေါ်ဆိုနိုင်မှာပဲ ဖြစ်ပါတယ်။အဓိက အားသာချက်ကတော့ မြန်မာနိုင်ငံဈေးကွက်အတွက်ထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်တာကြောင့် မြန်မာစာစနစ်ကိုတစ်ပါတည်းထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။လက်(၃)ချောင်းကို အသုံးပြုပြီးမျက်နှာပြင်ရဲ့အထက်ကနေ အောက်ကိုဆွဲချလိုက်မယ်ဆိုရင်တော့screenshot ပြုလုပ်ပေးမှာဖြစ်ပါ တယ်။Screen ကိုပွင့်လိုတယ်ဆိုရင်ဖုန်းScreen ပေါ်မှာလက်နဲ့နှစ်ချက် ပုတ်ပေးလိုက်ရုံနဲ့သုံးလို့ရမှာဖြစ်ပြီး၊screen off ပြန်လုပ်ချင်တယ်ဆိုရင် တော့home button ပေါ်မှာနှစ်ချက်ပုတ်ပေးရမှာ ဖြစ်ပါတယ်။ထို့အပြင် Dirac Sound စနစ်ကိုအသုံးပြုထားသောကြောင့်OPPO ထုတ်ကုန်များ၏ အလွန်ကောင်းမွန်သောအသံစွမ်းဆောင်ရည်ကိုNeo 7 တွင်တွေ့မြင် နိုင်သည်။
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့အသွင်အပြင်ပိုင်းမှာ တစ်မူ ထူးခြားပြီးကိုင်ရတာစမတ်ကျတဲ့ဖုန်းအဖြစ်သတ်မှတ်နိုင်မှာပါ။ဘက်ထရီကိုလည်းတာရှည်ခံနိုင်စွမ်းအား ရှိတဲ့Li-Po 2420mAh ကိုတပ်ဆင်ပေးထားပြီး ဖြုတ်တပ်ပြုလုပ်လို့ရနိုင်မှာမဟုတ်ပါဘူး။ နောက်ဘက်ကာဗာကိုတော့ ခွာထုတ်ပစ်ရမှာဖြစ်ပြီးSim Card, sd Card တွေကိုထည့်သွင်းရမှာ ဖြစ်ပါ တယ်။ကင်မရာလုပ်ဆောင်ချက်ကတော့သာမန် အဆင့်သာရှိမှာ ဖြစ်ပါ တယ်။gesture လုပ်ဆောင်ချက်တွေကိုလည်းသုံးစွဲနိုင်မှာဖြစ်သလို ပေးရတဲ့ဈေးနဲ့သင့်တင့်တဲ့စွမ်းဆောင်မှုကိုရရှိပါလိမ့်မယ်။ Sim ကတော့ နှစ်ကတ်သုံးအမျိုးအစားဖြစ်ပြီး၊Micro Sim, Nano Sim ထည့်သွင်းရမှာဖြစ်ပါ တယ်။ကင်မရာကလည်းကိုယ်ထည်မှာမြှုပ်နှံထားသလိုဖြစ်တာကြောင့် ထိခိုက်မိမှာကိုစိုးရိမ်စရာလိုအပ်တော့မှာမဟုတ်ပါဘူး။Cloud storage ကိုနှစ်သက်တယ်ဆိုရင်တော့5GBအခမဲ့ရတဲ့O Cloud ကိုသုံးစွဲပြီးmessage, contact, photo တွေသိမ်းဆည်းနိုင်ပါလိမ့်မယ်။
Network - GSM/HSPA/LTE
Weight - 141 g
Camera - 8 MP
Display Type - IPS LCD Capacitive
Display Size - 5.0 inches
OS - Android OS, v5.1
Memory - 16GB, up to 128GB
Battery - Li-Po 2420mAh
 
 

♪ Internet Speed ကို နေရာပေါင်းစုံကနေမြှင့်မယ် ♫

မင်္ဂလာပါ ကျတော် စာမရေးရတာလည်း ကြာပြီ…
အခုရေးပေးမယ့်အကြောင်းအရာကတော့ မိမိကွန်ပျူတာကနေ
အင်တာနက် Speed ကို Software မသုံးပဲ မြှင့်တင်တဲ့နည်းလေး
တွေဖြစ်ပါတယ်။ ဟိုယခင်ကတော့ ကျတော် Internet Speed
မြှင့်တဲ့ Software လေးတော့ တင်ပေးဖူးတယ်နောက်ပိုင်းမှာတော့
Technical ပိုင်းသီးသန့်ရေးမယ်လို့ စိတ်ကူးထားတဲ့အတွက်ကြောင့်
Software တွေလည်းမတင်တော့ပါဘူး၊ ထိုကြောင့်လည်း Post တစ်ခု
တက်ဖို့ကို တစ်ခါတစ်လေ ၂ ပတ် ၁ခါ ၃ပတ် ၁ခါမျိုး ကြာသွားတတ်ပါတယ်။
ကျတော့ကိုအားပေးတဲ့ ပရိတ်သတ်ကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ကဲ စကားတွေများပြီး ၀ုန်းဒိုင်းကြဲ စလိုက်ရအောင်….
အရင်ဆုံး RUN Box ကို ဖွင့် “gpedit.msc” လို့ရိုက်ပါမယ်.


ထို့နောက်တော့ ကျတော်တို့က Computer Configuration အောက်က
Administrative Template/ Network / QoS Packet Scheduler ကိုနှိပ်
လိုက်ပါမယ်။ ပြီးသွားရင်တော့ အောက်ပါပုံအတိုင်း


ညာဘက်ခြမ်းက Limi reservable bandwidth ဆိုတာကို Double
Click နှိပ်လိုက်ပမယ်။ထို့နောက်တော့ လက်ရှိရှိနေတဲ့ Not Configured
ဆိုတာကို Enable လုပ်ပြီး Bandwidth % ကို “ 0 ” ဟုအောက်ပါပုံအတိုင်း


သတ်မှတ်ပေးပြီး Apply OK လုပ်လိုက်ပါမယ်။ ပြီးသွားရင်တော့ Run
Box ထဲမှာ “gpupdate /force” လို့ရိုက်လိုက်ပါမယ်။ ဒါဆိုရင် သင့်ရဲ့
အင်တာနက် Speed ကို 20% မြှင့်တင်လိုက်တာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ Registry ကနေမြှင့်တင်တဲ့နည်းပါ…
ကဲ အရင်ဆုံး Run Box ထဲကနေ “regedit” လို့ရိုက်ပါမယ်။ ပြီးသွားရင်တော့
သွားရမယ့်လိပ်စာက


HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\services\
Tcpip\ServiceProvider ကိုသွားပါမယ်။ ထို့နောက်တော့ အထက်ပါပုံ
အတိုင်းမှ
DnsPriority မှာ Value data ကိုလက်ရှိတန်ဖိုးကို ဖျက်ပီး 7 ဟုရိုက်ပါ
HostsPriority မှာ Value Data ကို လက်ရှိတန်ဖိုးကိုဖျက်ပီး 6 ဟုရိုက်ပါ
LocalPriority မှာ Value Data ကို လက်ရှိတန်ဖိုးကို ဖျက်ပီး 5 ဟုရိုက်ပါ
NetbtPriority မှာ Value Data ကို လက်ရှိတန်ဖိုးကိုဖျက်ပီး 8 ဟုရိုက်ပါမယ်။
အားလုံးပြင်ပီးသွားချိန်မှာတော့ အောက်ပါပုံအတိင်း


ဖြစ်နေရမှာဖြစ်ပါတယ်။ ဒါဆိုရင် Registry ကနေသွားပြင်ထားတာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ Command Prompt ကနေလုပ်တာဖြစ်ပါတယ်။
ဒါကြောင့် ကျတော်တို့က CMD ကို Run As Aministrator အနေနဲ့ သွားရ
အောင်လို့ Run Box ထဲမှာ “ %comspec% ” လို့ရိုက်လိုက်ပမယ်။


ထို့နောက်တော့ အထက်ပါအတိုင်း “ regsvr32 actxprxy” လို့ရိုက်ပြီး
Enter ခေါက်လိုက်ပါမယ်။ကဲ အထက်ပါလုပ်ဆောင်ချက်တွေအားလုံးပြီး
သွားရင်တော့ သင့်ရဲ့ ကွန်ပျူတာကို Restart ချလိုက်ပါမယ်။ ဒါဆိုရင်
သင့်ကွန်ပျူတာမှာ သုံးနေတဲ့ အင်တာနက် Speed ကို သိသိသာသာ
တိုးတက်လာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
စာဖတ်ပရိတ်သတ်ကို အစဉ်လေးစားလျှက်
Cristiano Zarni@ဦးဇာနည်
 
 
 

Huawei Mate S ဖုန်း Android 5.1 Lollipop ကို Root လုပ်နည်း ကွန်ပျူတာမလို


Huawei Mate S ဖုန်း Android 5.1 Lollipop ဗားရှင်းကို Root လုပ်ချင်တဲ့သူတွေအတွက်
ကွန်ပျူတာမလိုပါပဘူးခင်ဗျား ဒီဖုန်းကို SuperSu apk ဖြင့် ဖုန်းမှာတင် Root လုပ်နိုင်ပါပြီ။

Click Here to Download SuperSU file

Click Here to Down SuperSU file

How to Root
=========
၁။ ဒေါင်းလော့ရလာတဲ့ SuperSu zip ဖိုင်ကို SD ကဒ်သို့ကူးထည့်ပါ။
၂။ ဖုန်းကို Custom recovery mode သို့ဝင်ပါ Volume Up + Power button
၃။ "Install" >SD Card>SuperSu file ကိုတစ်ဆင့်ချင်းသွားပြီးရွေးပေးလိုက်ပါ။
၎။ Backu Key ကိုနှိပ်ပြီး “reboot system” ကိုနှိပ် Rooting process တစ်ခု
ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ဖုန်းကို Reboot ချပေးလိုက်ပါ။
၅။ ပါဝါပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ SuperSu လေးရောက်နေပါလိမ့်မယ်
Root Access ရရှိနေပါပြီ။


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 
 
 

နည်းပညာကို လက်ဝါးပေါ်မှာ ကိုယ်လိုသလို အသုံးပြုနိုင်စေမယ့် Augmented Reality




thing real

Augmented Reality လို့ခေါ်တဲ့ နည်းပညာဟာ အနာဂတ်မှာ ကမ္ဘာကို ကြီးစိုးမယ့် နည်းပညာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ သူဟာ ကင်မရာ တစ်လုံး သို့မဟုတ်၊ မျက်မှန် တစ်လက် သို့မဟုတ်၊ မျက်ကပ်မှန် တစ်ခု ရှိရုံနဲ့ မိမိ လိုအပ်တဲ့ နည်းပညာ ဆိုင်ရာ လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်မှာမို့ ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရသလိုပဲ လက်ဖဝါးကိုလည်း စမတ်ဖုန်း အဖြစ် အသုံးပြုလို့ ရစေမှာပါ။ ပုံမှာ မြင်တွေ့ရတာကတော့ အမေရိကန် MIT မှာ အိန္ဒိယ လူမျိုး အင်ဂျင်နီယာ ကျောင်းသား တစ်ဦးမှ ဖန်တီးခဲ့တဲ့ SixthSense နည်းပညာ ဖြစ်ပြီး ရင်ဘတ်မှာ ချိတ်ထားတဲ့ ပရိုဂျက်တာ လည်စွဲ အသေးလေးနဲ့ လက်ဝါးပေါ်မှာ စမတ်ဖုန်း အကွက်ကို မြင်စေခြင်း ဖြစ်ပါတယ်။ မြင်စေရုံ သက်သက်သာ မဟုတ်ပဲ ခလုပ်နှိပ်လိုက်တာနဲ့ ဖုန်းခေါ်လို့ရပါတယ်။ စမတ်ဖုန်းကို အိပ်ကပ်ထဲမှာ ထည့်ထားပါတယ်။ သူသွားမယ့် နောက်တစ်ဆင့် ကတော့ စမတ်ဖုန်း မပါတော့ပဲ SixthSense ကွန်ပျူတာ box သေးသေးလေးကပဲ ဖုန်းပြောခြင်း၊ အင်တာနက် သုံးခြင်းနဲ့ လုပ်ငန်းဆိုင်ရာ လုပ်ဆောင်ချက် အားလုံးကို လုပ်ဆောင်စေမယ် စနစ်တစ်ခု အထိ ဖြစ်ပါတယ်။
Virtual Reality ဆိုတာ ကွန်ပျူတာထဲက ပုံရိပ်ကို အပြင်လောက သယ်ဆောင်ခြင်း၊ အပြင်လောက ပုံရိပ်ကို ကွန်ပျူတာထဲ ထည့်သွင်းပြသခြင်း အဆင့်သာ ရှိသေးပြီး AR ကတော့ မိမိရဲ့ ခြေ၊ လက်၊ မျက်မှန်များနဲ့ ထိတွေ့ လုပ်ဆောင်တဲ့ အဆင့်တစ်ခုကို ရောက်ရှိပြီ ဖြစ်ပါတယ်။
Microsoft, Google, Samsung အပြင် အခြားသော ကုမ္ဗဏီများစွာဟာလည်း VR ဈေးကွက်ကို ဝင်လာပြီး အနာဂတ်မှာ စမတ်ဖုန်းတွေအစား လက်သည်းလောက်ပဲ ရှိမယ့် နည်းပညာ ပစ္စည်များကသာ ကြီးစိုးလာတော့မယ်လို့ ခန့်မှန်းထားကြ ပါတယ်။
.
Ref: wiki, MIT
အောင်ခမ်း (MMA)


ဖုန်းကို လျှိ့ဝှက်ကင်မရာ (CCTV) လေးနဲ့ချိတ်ပြီးတိုက်ရိုက်ကြည့်ရှုနိုင်တဲ့ -tinyCam Monitor PRO v6.3 Apk


Download
                             
                          Unknown user How to Download                         
                               
                                     www.patheinit.com
                                        Payephyokyaw
 
 
 

Samsung Professional Tool


ဤ tool က Samsung Device များ Service များအတွက် အလွန်အသုံးတည့်လှသည်။
Firmware တစ်ခုလုံးအထိ backup ထုတ်နိုင်သည်။ တစ်ခုစီသော img များကို backup ထုတ်နိုင်သည်။
imei များ backup ထုတ်နိုင်သည်။ စသဖြင့် ဥာဏ်ရှိသလို စမ်းသပ်အသုံးပြုနိုင်သည်။

အပြည့်အစုံကို ပုံနှင့်တကွ ဒေါင်းနိုင်ပါသည်။
 
 
 
 
Credit :  www.mm-mpxteam.net
   


Samsung ဖုန်းတော်တော်များများ ဖုန်းမှာတင် root လုပ်နိုင်တဲ့ King Root 4.6.0 (last)


ဒေါင်းမရဘူးဆိုလို့ ပြန်တင်ပေးလိုက်ပါတယ်နော်...
ကဲ Samsung ဖုန်းသမားများ ကွန်ပျူတာ မရှိလို့
ကို့ဖုန်းကို root မရလို့စိတ်ပျက်နေတာလား လာပါပီ မင်းသား.
King Root ရဲ့နောက်ဆုံး vir 4.6.0လေး တင်ပေးလိုက်ပါတယ်
J 7 နဲ့ ဖောက်ရအလွန်ခက်တဲ့ S3 Nero တောင် ပေါက်ပါတယ်
စမ်းပီးသားပါ ..J 5 လည်းပေါက်သွားပါတယ်လို့ မနေ့က
chat box မှာလာပြောပါတယ် ကဲ စမ်းသုံးကြည့်ကြပါ 5.1.1 ထိ
 ပေါက်ပါတယ် တစ်ခုတော့ရှိပါတယ် root ဖောက်တုန်း
 internet ဖွင့်ထားပေးရပါ့မယ်

Download King Root 4.6.0
http://pc.cd/tJtrtalK

အကြံပေးလိုပါကMy FB Acc
  >> Min Oke Kar << FB

My Reader App
Min Oke Kar (နည်းပညာ).apk
Download (1)
Download (2)

ကျနော်တင်သမျှ  Post တွေကို Facebook
မှ တိုက်ရိုက်ဖတ်ရှုလိုပါက
Min Oke Kar ဘီးလူးကျွန်းသားလေး နည်းပညာ
page ကို Like လုပ်ထားပေးပါ..
https://www.facebook.com/minoke.kar123
Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ
 
 
 

Sunday, November 29, 2015

Pink Messenger Apk (Messenger 2 ခုအသုံးပြုချင်သူများအတွက်)



Pink Messenger Apk လန်းလန်းလေး………
ဒီတခါတော့ Facebook ချစ်သူများအတွက် Facebook Messenger Apk ကို ၂ ခုတပြိုင်နက်တည်း သုံးချင်သူများအတွက် Pink Messenger V1.5.1 Apk…လေးကိုတင်ပေးလိုက်ပါတယ်။
ရှယ်နော်…
Comment လေးက အားဆေးပါနော်……
Apk Download Link………
credit>>>မုန်းသားလေး နည်းပညာ

Cream & Sugar Pro v2.2 For iPhone,iPad,iPod touch


iPhone/ iPad ကိုင်ဆောင်ကာ Cream & Sugar Pro v2.2 အသုံးပြုလိုသူများအတွက် Update တင်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေကို နောက်ခံ Background များပြောင်းခြင်း ၊ Color Effect များထည့်ခြင်း ၊ အသင့်ပါဝင်ပြီး သား Frame များထည့်ခြင်း ၊ အပြင်အခြားသော Feature ပေါင်းများစွာပါဝင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြု လို့ကောင်းတဲ့ Photo Editor Pro လေးတစ်ခုဖြစ်ပါတယ်။ ဖန်တီးထားပြီးသား ပုံတွေကိုလည်း အရည်သွေး မှီတဲ့ ရုပ်ထွက်ကောင်းတဲ့ ဓါတ်ပုံတွေရရှိမှာဖြစ်ပါတယ်ဗျာ။ File size: 80.2 MB ရှိပြီး အသုံးပြုလိုတဲ့ မိတ်ဆွေ များ ဒေါင်းလုဒ်ဆွဲ နိုင်ပါပြီ။

https://userscloud.com/9qqa30fjawul


 
https://dailyuploads.net/s2d1uhr9jmhr

 

 

 www.ayekyaw.org
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

ZTE V831W ဖုန်းကို Root လုပ်နည်း ကွန်ပျူတာမလို


ZTE V831W ဖုန်းကို Root လုပ်ချင်တဲ့ညီအကိုများအတွက်
ကွန်ပျူတာမလိုပဲ Root လုပ်နည်းကိုတင်ပေးလိုက်ပါတယ်။

ကွန်ပျူတာမလိုဘူးဆိုရင်တော့ Kingroot apk ကြီးကို
မျက်လုံးထဲမြင်စေချယ်ပါတယ်၊ ဟုတ်ပါတယ် ဒီဖုန်းအတွက်
Kingroot apk နောက်ဆုံးထွက်လေးနဲ့ Root ပေါက်နိုင်ပါတယ်။

Root လုပ်နည်းကိုတော့အထူးပြောမနေတော့ပါဘူး
အားလုံးလည်းရင်းနှီးပြီးသားဖြစ်တဲ့အတွက် Apk ကိုသာ
အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ

Download Here KingRoot APK V4.5

Download Here KingRoot APK V4.1


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

Backlight.pdf စက်နိုးနေသော်လည်း ရုပ်မပေါ်ဖြေရှင်းနည်း ( pdf မြန်မာစာအုပ် )

 

 


Android Phone Service ညီကိုတော်များအတွက် အလွန်အသုံးဝင်တဲ့
Backlight.pdf / စက်နိုးနေသော်လည်း ရုပ်မပေါ်ဖြေရှင်းနည်း မြန်မာစာအုပ်ပါ

ဒီစာအုပ်ကို U Maung Naing ကရေးပေးထားတာဖြစ်ပါတယ်
Seriver သမားများအတွက် ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းပါ
လိုအပ်ပါအောက်မှရယူလိုက်ပါ။

Click Here to Download Backlight E-book

Credti U Maung Naing
www.ifixmyanmar.net
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)


ဖုန်း ဘာတန်းတွေကိုကာလာစုံ အလွယ်ကူဆုံးပြောင်းပေးနိုင်မယ့် Color Status Bar_v0.7.7 APK


Android OS နှင့် Tablet ကိုင်ဆောင်ထားသော  သူငယ်ချင်းတွေအတွက် အလွယ်ကူဆုံး  ဖုန်း ဘာတန်းတွေကို ကာလာရောင်စုံ ပြောင်းပေးနိုင်မယ့် Color Status Bar_v0.7.7 APK လေးကို တင်ပေးလိုက်ပါတယ်။ဖုန်းဘာတန်; အလှဆင်ကြတဲ့ သူတွေအတွက် ဒီကောင်လေးကို  အသုံးပြုရန်အတွက် လည်းဖုန်းထဲ့မှာ Root မလို့ပါဘူး အလွယ်ကူဆုံး ပြုလုပ်နိုင်ပါတယ်။ ကာလာရောင်စုံပြုလုပ်နိုင်ပြီ ပုံလေးထည့်ပြီး လန်းချင်ကြတဲ့ သူတွေကတော့ အောက်က လင့်မှာဒေါင်းယူနိုင်ပါပြီ။AndroidOSVersion2.3နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာInstallလုပ်၍လွယ်ကူစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။  အဆင်ပြေကြပါစေဗျာ။


       

အဆင်ပြေကြပါစေ။
-------------------
 လင်း(စွယ်စုံ)
  www.linmss.org
     ★★★★★★★★★  


Androidဖုန်းနဲ့စာအုပ်Applicationလုပ်ချင်သူများအတွက်

 




မင်္ဂလာပါ
အခုတင်ပေးမဲ့ဆော့ဝဲလေးက
အကိုတွေကြိုက်နှစ်သက်မှာပါ
အရင်ကဆိုComputerနဲ့မှစာအုပ်Applicationလုပ်လို့ရတာပါ


အခုဆော့ဝဲလေးကဖုန်းနဲ့စာအုပ်Applicationလုပ်တဲ့ဆော့ဝဲလေးပါ
လိုအပ်ရင်ဆော့ဒေါင်းပေါ့ဗျာ
အောက်ကလင့်မှာ

DownLoad

မြန်မာမိုဘိုင်းနည်းပညာ
Myanmar Credo Group

Admin...ရေနီသားဖြိုးလေး
 

ဖုန်းကနေ CCTV or Webcam အဖြစ် အသုံးပြုနိုင်သော-tinyCam Monitor PRO v6.3 APK


Android ဖုန်းကိုင်းထားတဲ့ဘော်ဒါတို့အတွက် ဖုန်းကနေ CCTV or Webcam အဖြစ် အသုံးပြုနိုင်သော apk IP Cam Viewer Pro updated လေးကိုတင်ပေးလိုပ်ပါတယ်။ ဒီကောင်းလေးကိုတော့ကျနော်တော်တော်တင်ဖူးခဲ့ပါတယ်ဗျာ။ ဘော်ဒါတို့နားလည်းသဘောပေါက်ထားပြီးဖြစ်ပါတယ်။ updated အသုံးပြုချင်တဲ့ဘော်ဒါအတွက်ကျနော်တင်ပေးလိုက်တာပါ။တိုးတိုးနှင့်လိုရင်လေးပြောပြရစေဗျာ။ ဒီကောင်းလေးကတော့ Android ဖုန်းကနေပြီး မိမိတို့ home, office, parking area နောက်ပြီးအခြားသောနေရာတွေမှာ CCTV camera အဖြစ် ကြည့်နိုင်(OR)တွဲချိတ်ဆက်ပြီးတော့ကြည့်နိုင်ပါတဲ့ apk လေးဖြစ်ပါတယ်။ ဒီကောင်းလေးဖိုင်းဆိုဒ်လေးကတော့ 15.06MBဖြစ်ပြီး Android OS 1.6 အထက်ကိုသုံးနိုင်ပါတယ်။ ဒါနဲ့ဘော်ဒါတို့အတွက်အောက်မှာ ဓာတ်ပုံလေးတွေနဲ့ ပြထားပါတယ်။




Download Here  
 
 

Saturday, November 28, 2015

MTK device များ MTK droid tool အသုံးပြုရင်း ADB မသိရင် သိအောင်ဘယ်လိုလုပ်မလဲ ???




unnamed
mtk ဖုန်းတွေကိုကျနော်တို့ root ဖေါက်ပြီးတဲ့အခါfirmwarw backup ဆွဲထုတ်တာဘဲဖြစ်ဖြစ်imei nulll နေလို့တခြာအကောင်းတစ်လုံးကနေbackup ယူထားတဲ imei ဖိုင်လေး restoreပြန်လုပ်တဲ့အချိန်မှာဘဲဖြစ်ဖြစ်mtkdroid toolမှာ root ဆိုတာလေးနှိပ်ပြီး ADB မသိတဲ့ Error တက်နေသူများအတွက် Ko Kyawmyint Htoo ဆီကရထားတဲ့ နည်းလမ်းလေးတစ်ခုကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ လိုအပ်တာလေးကိုအရင်ရယူလိုက်ပါ ခင်ဗျာ။

downloadbutton

ဒေါင်းလို့ရလာရင်zip ဖြည်လိုက်ပါ။ apk သုံးခု ထည့်ပေးထားပါတယ်။
busy box နဲ့ busy box checker က လိုရမယ်ရ ထည့်ပေးလိုက်တာပါမလို တာများပါတယ်။
လုပ်နည်းလေး ပြောပြပါ့မယ်mtkdroid tool အဲလို erroပြနေပြီဆို ပြန်ပိတ်လိုက်ပါ ဖုန်းနဲ့ကွန်ပြူတာချိတ် ထားတာလဲပြန်ဖြုတ်လိုက်ပါ။ ပြီးရင်ဒေါင်းထားတဲ့ ထဲ့က adbd lnsecure.apkဆို တာလေးကို ဖုန်းမှာ install လုပ်ပြီး apk ထဲဝင်ကာ Enable insecure adbd ဆိုတာကို အမှန်ခြစ်ပေးလိုက်ပါ။ ( root တော့လိုအပ်ပါတယ်။ ) ဖုန်းနဲ့ကွန်ပြူတာ ပြန်ချိတ်mtkdroid tool လေး ပြန်ဖွင့်ရင်erro ကင်းကင်း နဲ့ ပြန်ချိတ်နေတာမြင်ရပါမယ်။အဲဒါမှ မရ ရင် busy box ကိုinstall လုပ်ပြီး busy box ရှိ မရှိ busy box checker နဲ့ ချက်ကြည့်လိုက်ပါ။ busy box ရှိနေပြီဆို ok ပါပြီ။ ကျနော့်အတွေ့ အကြုံ အရတော့adbd lnsecure apk လေး installလုပ်ပေးပြီးတာနဲ့ အစဉ်ပြေပါတယ်။ ဒါကြောင့် busy box က လိုရမယ်ရ လို့ပြောတာပါ။

Credit >>> Ko Kyawmyint Htoo


အဆင်ပြေပါစေ။
Warmly Welcome

Buddhan apk


dM7uocYj_400x400
အနန္တော အနန္တ ငါးပါးအားဦးထိပ်ထားပြီး ရေးသားပူဇော်ထားတဲ့ apk လေးတစ်ခုဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် ဆောင်ထားသင့်တဲ့ apk ကောင်းလေးတစ်ခုဖြစ်ပါတယ်။
ဒီ apk လေးကို Myanmar Innovative မှ ရေးသားပူဇော်ထားတာဖြစ်ပါတယ်။ Download ရယူလိုပါက

Google Play Link
____________________

downloadbutton

Google Play မရှိသူများအတွက် other link
______________________________________

downloadbutton



အဆင်ပြေပါစေ။
Warmly Welcome



မတော်တဆဖြစ်တက်တဲ့ Earphone နဲ့သီချင်းနားထောင်ရင်းဖြစ်တက်တဲ့ Error

3032862-poster-p-1-normal-earphones

ဒီ error ကတော့ဖုန်းအသုံးပြုသူတော်တော်များများ တစ်ခါတစ်လေတွေ့ကြုံရတက်တဲ့
error လေးပါ။ ဖြစ်လာရင်မေးလာကြပေမဲ့ ကျတော် post အနေနဲ့မတင်ပေးခဲ့ပါဘူး။
လုပ်ရတာလည်းလွယ်ကူတာကြောင့် ကျတော်မတင်ပေးခဲ့တာပါ။ အခုကျတော် အဲလို error
မျိုးတက်လာတဲ့အခါ အလွယ်တကူဝင်ရောက်ကြည့်ရှု့နိုင်ရန် ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။
ကျတော်တို့ ဖုန်းမှာ သီချင်းနားထောင်ရင်း Earphone လေးတက်ပြီးနားထောင်တဲ့အခါ တစ်ခါတစ်လေ
Earphone ဖြုတ်လိုက်တဲ့အချိန်မှာ Noti bar မှာ Earphone ပုံလေးပေါ်ပြီး ဖုန်းဝင်လာတာပဲဖြစ်ဖြစ်
သီချင်းကို Earphone မပါပဲဖွင့်တဲ့အခါပဲဖြစ်ဖြစ် ဘာသံမှမကြားရတော့ပဲဖြစ်တက်ပါတယ်။ အဲဒီအခါ
ဘယ်လိုပြန်လုပ်ရမလဲမသိတော့ တစ်ချို့ကတော့ service ဆိုင်သွားပြီးဖြေရှင်းလိုက်ကြတယ်။
ဒါပေမဲ့ error သာရှင်းလို့ရသွားတယ်။ ဘယ်လိုလုပ်လိုက်သလဲတော့ မသိကြပါဘူး။ တစ်ချို့ဆိုင်တွေကတော့
ပြောပြကြတယ်။ တစ်ချို့ကတော့ customer ကလဲမမေးတော့ ပြောမပြလိုက်ဘူး။ နောက်တစ်ခါထပ်ဖြစ်တော့
ထပ်သွားရနဲ့ အလုပ်ရှူပ်ကြရပါတယ်။ ကျတော်အခုဘယ်လိုလုပ်ရလဲဆိုတာလေး အကြံပြုပေးလိုက်ပါတယ်။
အဲလို error ဖြစ်လာပြီဆိုရင် Earphone ကိုပြန်တက်လိုက်ပါ။ သီချင်းကိုဖွင့်ရက်နဲ့ အဖြုတ်အတက်လုပ်ပေးပါ။
တစ်ခေါက်နဲ့တော့ မရလောက်ပါဘူး။ သုံး လေး ငါးခေါက်လောက်လုပ်ပေးလိုက်ပါ။ နောက်ဆုံး Earphone ပုံလေး
ပျောက်သွားပါမယ်။ ဒါဆိုရင်တော့အရင်တိုင်းလေးပဲ ပြန်လည်အသုံးပြုနိုင်ပါပြီ။ restart လေးတော့တစ်ချက်ချပေးလိုက်ပါ။
ဒါဆိုစိတ်ချရပါပြီ။ ဒီလို error လေးကြုံလာတဲ့အခါ ပြန်လည်ဖြေရှင်းနိုင်အောင် ပြန်လည်အကြံပြုမျှဝေပေးလိုက်ပါတယ်။

အဆင်ပြေပါစေ။
Warmly Welcome