Monday, December 30, 2013

Internet Download Manager သုံးမရဖြစ်နေရင် ဖြေရှင်းနည်း [1000000% Working]




Internet Download Manager 6.18 Build 8 Final (Released: Nov 28, 2013)

What's new in version 6.18 build 8 ?

(Released: Nov 28, 2013)
IDM ချည်းပဲ ခဏ ခဏ ရှင်းနေရလို့ New User တွေအတွက် လွယ်တာလေးကို တင်ပေးလိုက်ပါတယ်....။ ဒီလောက်လွယ်တာတော့ အခြားမှာ မတွေ့ရသေးပါဘူး ဒါအလွယ်ဆုံးနည်းပါ...:)


 New User တွေ အဖြစ်များတဲ့ IDM ပြဿနာလေးကတော့ အင်တာနက်ထဲကနေ IDM ကို 30-day trial version ကိုဒေါင်းယူပြီး သုံးတတ်ကြပါတယ်... ရက် ၃၀ ပြည့်တဲ့အခါ IDM က အလုပ် မလုပ်တော့ပါဘူး... ဒါမှမဟုတ် IDM က တစ်လမှာ အနည်းဆုံး နှစ်ကြိမ်လောက် Update ထွက်တတ်ပါတယ် .. အဲ့ဒီအခါ IDM ကို Update လုပ်ပေးမိရင်လည်း IDM ကသုံးမရတော့ပြန်ပါဘူး Serial Key ထည့်ပါ (သို့) ၀ယ်ပါဆိုပြီး အတင်ခိုင်းပါတော့တယ်..... အဲ့ဒီအတိုင်း Trial ရက်ကုန်ဆုံးသွားလို့ ဖြစ်စေ Update လုပ်ပေးမိလို့  Serial Key တောင်းနေလို့ဖြစ်စေ IDM က လုံးဝ သုံးမရဖြစ်နေရင်.... အောက်က နည်းလမ်း အတိုင်းသာ လုပ်ပေးလိုက်ပါ....

(ပထမဆုံး IDM မရှိသေးသူများကတော့ မူရင်းဆိုက်ဒ်ကနေ Update ဖြစ်နေတဲ့ နောက်ဆုံး Version ကို ဒီနေရာကတဆင့် >>>  IDM Trial Version <<< ဒေါင်းယူပါ...Next အဆင့်ဆင့်နဲ့ Install လုပ်ပါ... Finish ကိုနှိပ်ပါ... Serial Key တောင်းတဲ့ Box လေးတွေတတ်လာရင် ပိတ်ပစ်ပါ...  IDM ကို မ Run ပါနဲ့ဦး Run နေရင် ကွန်ပြူတာရဲ့ ညာဘက်ထောင့်နားက Tray Icon ထဲမှာ IDM Logo လေးပေါ်ကို Right Click > Exit ပေးလိုက်ပါ .....
 ပြီးမှ ဒီအောက်က Patch ဖိုင်လ်လေးကို  ဒေါင်းယူပါ... Rar ဖိုင်လ်လေးကို ဖြည်ပြီး UniPatch 2.7.exe ဆိုတဲ့ exe လေးကို Double Click နဲ့ Run ပေးပါ ... ခဏစောင့်ပါ... ကျန်တာတွေကိုတော့ အောက်မှာဖေါ်ပြထားတဲ့အတိုင်း တစ်ဆင်ချင်း လုပ်ပေးလိုက်ရင် Full Version အဖြစ်နဲ့ အမြဲတမ်း သုံးလို့ရသွားပါပြီ...) 

(အရေးကြီးဆုံးအချက်ကလေးတွေကတော့ ဒီအောက်က Patch လေးကို မ Run ခင် IDM ကို Exit ပေးထားပါ..... ပြီးတော့ Patch,Crack တို့ကို တချို့ Antivirus တွေက Virus အဖြစ် သတ်မှတ်တတ်ပါတယ်.. Patch,Crack တွေ ဖွင့်မရဖြစ်နေရင်တော့ Antivirus ကို ခဏ Disable ပေးထားဖို့ လိုအပ်မှာပါ... )



Download Link Update (29 Nov 2013)
Download IDM New Patch

Thursday, December 19, 2013

Photoshop CS5 Full Registed (Portable)




Gmail ထဲ သူငယ်ချင်းတယောက် အကူညီတောင်းထားလို့ Photoshop CS5 လေး တင်ပေးလိုက်ပါတယ်။
ဒီဆောဝဲလေးကတော့ portable လေးဖြစ်တဲ့ အတွက် ဒေါင်းပြီးတာနဲ့ install စရာမလိုပဲ mouse နဲ့ ၂ ချက်ကလစ်လိုက်တာနဲ့ သုံးလို့ရပါပြီ....။ Photoshop ဆို အားလုံးသိကြမယ်လို့ထင်ပါတယ်...။အထွေထူး ရှင်းပြစရာမလိုလောက်ဘူးထင်ပါတယ်....။    Register
 ပြီးသားမို့ ဒေါင်းပြီးတာနဲ့ full version သုံးရပါပြီ ဖိုင်ဆိုဒ်ကတော့ 165.25MB ပဲ ရှိပါတယ်...။Photoshop လေးနဲ့ ပုံတွေ အလန်းလေးဖြစ်အောင် ဖန်တီးချင်တဲ့ သူငယ်ချင်းများအားလုံး အလွယ် ရယူနိုင်အောင် ဆိုဒ် ပေါ် တင်ပေးလိုက်ပါတယ်...။ လက်ရှိကျနော် သုံနေတဲ့ ဆောဝဲလေးလည်းဖြစ်ပါတယ်....။photo ဒီဇိုင်းသမားဆို မရှိမဖြစ်ဆောဝဲလေး ဆို လည်း မမှားပါဘူး...။အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ........။

>>>>>Download Now<<<<<

App Screenshots

အားလုံးအဆင်ပြေပါစေ.......။

Adobe Photoshop CS 5 အသုံးပြုနည်းစာအုပ်

Facebook က သူငယ်ချင်းတစ်ယောက်တောင်းလို့ ပို့စ်တစ်ခုအနေနဲ့ တင်ပေးလိုက်တာပါ

Adobe Photoshop CS5 အသုံးပြုနည်းအသေးစိပ်ကို
 မြန်မာလိုရေးထားတဲ့ စာအုပ်လေးပါ ..

Tool တစ်ခုချင်းစီရဲ့ အသုံးပြုပုံအသေးစိပ်ကအစ Effect တွေကို ပေါင်းစပ် အသုံးပြုပုံတွေအဆုံး
Photoshop နည်းပညာတွေကို Pro တစ်ယောက်
အဆင့်လောက်အထိ ကျွမ်းကျင်မှုရှိလာအောင် စေ့စေ့စပ်စပ် ရေးသားထားတဲ့ စာအုပ်ကောင်းလေး
တစ်အုပ်လည်း ဖြစ်ပါတယ်


ဒါ့အပြင် Photoshop CS 5 ကို အသုံးပြုပြီး Website ဒီဇိုင်းတွေ ရေးစွဲနည်းကိုပါ
လေ့လာနိုင်မှာ ဖြစ်ပါတယ် ...

လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါ


နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Monday, December 16, 2013

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နောက်ဆုံးရ ဆုတံဆိပ် အခြေအနေနဲ့ ရုပ်သံလိုင်းများ..

              (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နောက်ဆုံးရ ဆုတံဆိပ် အခြေအနေနဲ့ ရုပ်သံလိုင်းများ..

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နောက်ဆုံးရ ဆုတံဆိပ် အခြေအနေကို Update ဖော်ပြပေးနေတဲ့ 2013 Southeast Asian Games Wikipedia Pageပါ...။
တခြား ဆုတံဆိပ် Result တွေဖော်ပြပေးနေတဲ့ ဆိုဒ်တွေထက် နိုင်ငံအလိုက် ရလဒ်တွေ ဖော်ပြတာ မြန်ဆန်ပါတယ်..။

လင့်ခ်ကတော့ http://en.wikipedia.org/wiki/2013_Southeast_Asian_Games ဖြစ်ပါတယ်..။ အောက်ဆုံးထိ ဆွဲကြည့်သွားရင် လတ်တလော Update Resultတွေကြည့်နိုင်ပါတယ်..။



Sea Games Channel, Sky Net, MRTV လင့်ခ် http://myanmartvchannel.com/sky-net.html

Sea Games Channel,MRTV လင့်ခ် http://www.pinoyheadline.com/2013/12/02/sea-games-2013-live-streaming/

ဓာတ်ပုံ... ၁၃ရက်နေ့က ကျင်းပတဲ့ မြန်မာ-ထိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲကို လာရောက် အားပေးခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်...။

Tuesday, December 10, 2013

Windows 8 တွင် Myanmar Fonts အမှန်ပေါ်ချင်သူများအတွက်

Posted by my blog on Jul 17, 2013 0

ကျွန်တော်တို့ အခုနောက်ပိုင်း Windwos 8 Preview Version ထွက်လာပြီးနောက်ပိုင်း အများစု Windows 8 ကို စမ်းပြီး အသုံးပြုလာတာ တွေ့ရပါတယ်.. ဒီနေရာမှာ ဘာတွေ ပြသနာကြုံ နေရလဲဆိုတော့ အခုအသစ် ထွက်လာတဲ့ Windows 8 မှာ Myanmar text  ဆိုပြီးတော့ Unicode ကို Support လုပ်ပေးထားပါတယ် .. အဲ့ဒီအတွက် ကျွန်တော်တို့ အနေနဲ့  Unicode ကိုပဲအသုံးပြုနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး .. ဒါပေမယ့် အများစုက ဇော်ဂျီဝမ်း ကိုသာ အသုံးပြုနေတဲ့ အချိန်မှာ Folder Rename ကို Zawgyi-One နဲ့ပေးထားလို့ Windows 8 မှာ ဖောင့်တွေ ပြောင်းပြန်တွေ ပေါ်နေတာတွေ G-Talk ပြောတဲ့ အခါမှာ မြန်မာလို ပေါ်ပေမယ့် ဖောင့်တွေက တစ်လွဲတွေ ဖြစ်နေတာကို ကျွန်တော် Keymagic သုံးပြီး ဖြေရှင်းလို့ ရမယ့်နည်းလမ်းလေးကို ရေးပေးသွားပါမယ်.

ကျွန်တော်တို့ Keymagic ကိုသုံးနေတဲ့ သူတွေအတွက်က ပြသနာမရှိပေမယ့် မသုံးဘူးသေးတဲ့ သူတွေအတွက် နည်းနည်း အခက်အခဲ ရှိနိုင်တာမို့လို့ ကျွန်တော် Keymagic အသုံးပြုနည်းလေးကိုပါ ရေးပေးပါမယ် .. ဘာမှတော့ မခက်ပါဘူး .. အရင်ဆုံး Windows 8 မှာ Keymagic အလုပ်လုပ်ဖို့အတွက် Microsoft Visual C++ 2008 Redistributable Package ကိုအရင် Install လုပ်ပေးဖို့ လိုအပ်ပါတယ် ..
32 Bits Users တွေကတော့ ဒီအောက်ကလင့်မှာဒေါင်းလော့သွားချလိုက်ပါ..
 
 
 
အားလုံးဒေါင်းလော့ချပြီးရင် Microsoft က ဒေါင်းလော့ချထားတဲ့ Package လေးကို အရင် Install လုပ်လိုက်ပါ .. ပြီးမှ Keymagic ကို Install လုပ်ပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ကျွန်တော် တစ်ချက်ပြောဖို့ ကျန်ခဲ့တာက Zawgyi-One ဖောင့်ကို Install လုပ်မယ်ဆိုရင်လည်း အရင် Windows 7 မှာတုန်းက အတိုင်းပါပဲ ဘာမှမထူးပါဘူး .. Install လုပ်ပေးလိုက်ပါ .. 

ဒါဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ Myanmar Text ရော Zawgyi-One နှစ်မျိုးလုံး အသုံးပြုလို့ ရသွားပါပြီ .. Keymagic ကို အသုံးပြုရတာ လွယ်ပါတယ် .. ကျွန်တော်တို့က Zawgyi-One ကိုအသုံးပြုမယ် ဆိုရင် အရင် Windows 7 က အတိုင်းအသုံးပြုယုံပါပဲ .. Keymagic နဲ့ Unicode Font ကိုပြောင်းသုံးချင်တယ် ဆိုရင်တော့ Keyboard မှ Shift + Ctrl + Z ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် ကျွန်တော်တို့ က Keyboard မှ Zawgyi-One လက်ကွက်နဲ့ ရိုက်နေပေမယ့်လည်း စာလုံးတွေက Unicode ဖောင်နဲ့အလိုလိုပြောင်း သွားပါလိမ့်မယ် .. Convert လုပ်ပေးတာပါ .. ဒါဆိုရင်တော့ လက်ကွက်အတွက် အဆင်ပြေသွား ပြီလို့ထင်ပါတယ် .. 

ကျွန်တော်တို့ ဖိုဒါတွေမှာ မြန်မာလို  Zawgyi-One ဖောင်နဲ့ မပေါ်တော့ တာတွေအတွက် အရင် Windows 7 တုန်းကလို Font ကိုသွားချိန်း ပေးလို့မရပါဘူး .. အဲ့ဒီအတွက် ကျွန်တော်တို့ လုပ်ရမှာတစ်ခုက Zawgyi -One ဖောင့်နဲ့  Rename ပေးထားတာတွေကို Keymagic  သုံးပြီး Myanmar Text နဲ့ပြန်ပြီး rename ပေးမှသာ Folder တွေမှာ မြန်မာဖောင့် ပေါ်တော့မှာ ဖြစ်ပါတယ် .. 

နောက်တစ်ချက်ကတော့ G-Talk သုံးတဲ့အခါမှာ Myanmar လိုပေါ်နေသော်လည်း Font တွေက ထုံးစံအတိုင်း တလွဲတွေပေါ်နေ ပါလိမ့်မယ် ..  အဲ့ဒီအတွက် ကျွန်တော်တို့က G-Talk က Setting ထဲမှာ Zawgyi-One ဖောင့်ကိုသွားပြီး ပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် .. 


အားလုံးပဲအဆင်ပြေကြပါစေ...
 Ref & Credit  => http://www.mmithelper.com/2013/05/windows-8-myanmar-fonts.html

မြန်မာ Font အဆင်မပြေသူများအတွက် ….

ကျွန်တော့် Site မှာ Myanmar Zawgyi Fonts ကိုအသုံးပြုထားပါတယ်။ ဖြစ်နိုင်ရင်တော့ Standard ရှိတဲ့ Unicode (Myanmar3) ကို သုံးချင်ပါတယ်။ ဒီ Zawgyi နဲ့ Unicode ပြဿနာကလဲ ဇတ်လမ်းစတည်းက အခုချိန်ထိကို ငြင်းလို့ခုံလို့ ၊ အရှုပ်အရှင်းတွေက အပြီးသေးဘူးထင်တယ်။ ဒါပေမဲ့လူတိုင်းက Zawgyi ဖြစ်နေတယ်။ Gtalk မှာ Chatting ထိုင်တာ ၊ Facebook သုံးတာ ၊ မြန်မာ website တော်တော်များများကို လည်ပတ်ကြည့်မယ်ဆိုလဲ zawgyi ဖြစ်နေတော့ ကျွန်တော်လဲ zawgyi ဖြစ်နေလိုက်ပါတော့တယ်။ 

ဥပမာ - Computer မှာ Zawgyi-One Fonts မရှိခဲ့ဘူးဆိုရင် ကျွန်တော့် Site ကစာတွေကိုဖတ်လို့ မရနိုင်ပါဘူး။ ဂြိုလ်သားစာတွေ ဖြစ်နေပါလိမ့်မယ် :P ။ Zawgyi-One Fonts မရှိသေးသူများအတွက် အဆင်ပြေအောင် ကျွန်တော် Zawgyi Fonts Install လုပ်နည်းကိုဖေါ်ပြပေးလိုက်ပါတယ်။ ဒါကလဲ အကျွမ်းတ၀င် ရှိပြီးသား သူတွေအတွက် ပြဿနာမရှိပေမဲ့ စတင်လေ့လာနေတဲ့ သူတစ်ယောက်အတွက် ကျ အခက်အခဲရှိနိုင်ပါတယ်။ 

ပထမဆုံးအနေနဲ့ အောက်မှာကျွန်တော်ပေးထားတဲ ZawGyi Fonts ကို Download ချလိုက်ပါ။ 32 Bits နဲ့ 64 Bits နှစ်မျိုးထဲက မိမိ Computer OS ပေါ်မူတည်ပြီး အဆင်ပြေတာကို download ဆွဲလိုက်ပါ။

ဇော်ဂျီမြန်မာဖောင့် Download   32 bits
ဇော်ဂျီမြန်မာဖောင့် Download   64 bits


For Zawgyi Fonts 32 bits

32 bits Windows ကိုအသုံးပြုထားတဲ့ user များတွက် အပေါ်က ကျွန်တော်ပေးထားတဲ့ Link ကနေ Download ကို နှိပ်ပြီး Save File ကိုနှိပ်ပါ။
အပေါ်ကပုံအတိုင်း Download လုပ်ပြီးလို့ Mozilla Download Windows ကျလာရင် အဲဒီ file ပေါ်ကို Right Click နှိပ်ပြီး Open Containing Folder ကိုနှိပ်ပါ။၎င်း download file တည်ရှိရာ နေရာကို ရောက်သွားပါမယ်။ 
အဲဒီကမှ ZFK-EG-WC.exe ကို Double Click နှိပ်ပါ။ တစ်ချို့ computer တွေမှာ Windows ရဲ့ User Account Control ကြောင့် yes (or) No Box ကျလာတက်ပါတယ်။ Yes လို့ပြောပေးလိုက်ပါ။ ပြီးရင်တော့ Zawgyi Installation Wizard ကျလာပါလိမ့်မယ်။ အရမ်းလွယ်တဲ့အတွက် ပုံနဲ့ မပြတော့ပါဘူး။ Next , Cancel , Install အဲဒါတွေပဲ ပါတာပါ။ 
Install လုပ်ပြီးသွားရင်တော့ Computer ကို Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာတဲ့အခါ Zawgyi Fonts သုံးလို့ ရသွားပါပြီ။ Computer Taskbar ညာဘက် မှာလဲ zawgyi Keyboard လေး ရောက်လာပါလိမ့်မယ်။ English နဲ့ Myanmar ကို Keyboard က Ctrl+Shift Key ကိုတွဲနှိပ်ပြီး အပြောင်းအလဲလုပ် အသုံးပြုနိုင်ပါတယ်။ 

For Zawgyi Fonts 64 bits 

64 Bits User တွေအတွက်ကတော့ အပေါ်က ကျွန်တော်တင်ပေးထားတဲ့ Link ကနေ Download ချလိုက်ပါ။ ပြီးသွားရင် Download ချထားတဲ့ Folder လေးထဲက 32 bits ကို install လုပ်ပြီးသွားရင် 64 bits Folder ထဲက Install_me ဆိုတဲ့ exe file လေးကို Install လုပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ computer ကို restart ချပေးဖို့ လိုအပ်ခဲ့ရင်လဲ restart ချပေးလိုက်ပါ။ တစ်ချို့ computer တွေကတော့ restart ချစရာ မလိုပါဘူး။

Zawgyi နဲ့ Unicode နှစ်မျိုးလုံး အသုံးပြုချင်သူများအတွက် 

Zawgyi Fonts ကို Install လုပ်ပြီးလို့ မကျေနပ်နိုင်သူများအတွက်ကတော့ မြန်မာနိုင်ငံမှာ online အသုံးပြုတဲ့ မြန်မာ fonts နောက်တစ်မျိုးက Unicode ပါ။ Computer မှာ Zawgyi ရော Unicode ပါ နှစ်မျိုးစလုံး အသုံးပြုထားနိုင်ပါတယ်။ အဲဒါဆို မြန်မာ website တွေကို လည်ပတ်တဲ့အခါ အဆင်ပြေသွားတာပေါ့။ သူတို့ Zawgyi နဲ့ Unicode ဘာပဲ သုံးသုံး အဆင်ပြေသွားတာပေါ့။

Myanmar Unicode Fonts download 

Unicode အသုံးပြုဖို့အတွက် အရင်ဆုံး အပေါ်မှာ ကျွန်တော်တင်ပေးထားတဲ့ Unicode Fonts ကို Download လုပ်လိုက်ပါ။ Download လုပ်ပြီးသွားရင် အထဲက Fonts တွေ အကုန်လုံးကို Install လုပ်ပေးလိုက်ပါ။ fonts Install လုပ်တာကလဲ လွယ်ကူပါတယ်။ မခက်ခဲပါဘူး။
Windows XP အသုံးပြုတဲ့ User တွေအတွက်ကတော့ Fonts တွေကို Copy ယူပြီး Control Panel ထဲက Fonts ထဲကို Paste လုပ်ပေးလိုက်ရင် အဆင်ပြေပါတယ်။

Windows 7 အသုံးပြုတဲ့ User တွေအတွက်ကတော့ Fonts ပေါ်မှာ Right Click နှိပ်ပြီး Install Fonts ကို Click နှိပ်ပေးလိုက်ပါ။ Control Panel ထဲက Font ထဲကို Paste လုပ်ပြီး ထည့်မယ်ဆိုလဲ ရပါတယ်။

Unicode Fonts ကို Install လုပ်ပြီးသွားပြီဆိုရင် Myanmar Unicode နဲ့ အသုံးပြုထားတဲ့ စာတွေကို ဖတ်လို့ ရသွားပါပြီ။ အဲဒါမှ မကျေနပ်သေးဘူး ။ Zawgyi Keyboard လိုမျိုးသုံးပြီး စာရိုက်ချင်သေးတယ်ဆိုရင်တော့ အောက်မှာ ကျွန်တော့်ပေးထားတဲ့ Link ကနေ KeyMagic Software လေးကို Download ဆွဲပြီး Install လုပ်လိုက်ပါ။ အဲဒါဆို၇င်တော့ Unicode keyboard ကိုအသုံးပြုပြီးလဲ စာရိုက်လို့ ရသွားပါပြီ။ 

Myanmar Unicode Keyboard Download 

Zawgyi-One ကို အသုံးပြုမယ်ဆိုရင် ကီးဘုတ်က Ctrl နဲ့ Shift ကိုတွဲနှိပ်ပြီးပြောင်းလဲ အသုံးပြုနိုင်သလို Unicode လက်ကွက်နဲ့ စာရိုက်မယ်ဆိုရင်တော့ ကီးဘုတ်က Ctrl + Shift + Z ကိုနှိပ်ပြီး ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။


အားလုံးပဲ အဆင်ပြေကြပါစေ ... လေးစားစွာဖြင့် ... သူရ

Sunday, December 8, 2013

VA – Summer 2 သင်္ကြန်သီချင်းများ (၂၀၁၃) [Album]



၀၁။ ဖက်ပစ်လိုက် နမ်းပစ်လိုက် – ဟဲလေး
၀၂။ တွေ့ဖူးတယ်ကလေးလိုလျှောက်မဖွနဲ့ – Waiလျှံ
၀၃။ သင်္ကြန်ညချမ်း – ယံယံ
၀၄။ အချိန်တွေကုန်တာမြန်လွန်းတယ် – ဆိုင်းနော်
၀၅။ မပျော်နိုင်ဘူး – အစ္စဏီ
၀၆။ ပိတောက်မကြိုက်တော့ဘူး – ဒီးဒီး
၀၇။ Let’s go tonight – Dယံ၊ ခန့်ဇော်
၀၈။ အတူကဲကြစို့ကွာ – ဒီရေတိုး၊ ဆူးလေး
၀၉။ ဖြည်းဖြည်းလောင်းပါ – အိမ့်ချစ်
၁၀။ မလွယ်ဘူးအထာရှိတယ် – စစ်သွေး၊ Waiလျှံ
၁၁။ အမှတ်တရသင်္ကြန် – N ကိုင်ရာ
၁၂။ ရေမီးစုံ လေထီးခုန် – သြရသ
၁၃။ မငြင်းနဲ့တော့ – မှူးရတနာ
၁၄။ ရောင်စုံကာလာ – ဟဲလေး၊ ပင်းပင်း
၁၅။ ရင်ခုန်သံကကြိုး – စွဲလမ်းဖြူ
၁၆။ သင်္ကြန် Party – သားလေး
၁၇။ သီချင်းနဲ့ပျော် – မတြာ
၁၈။ သင်္ကြန်ရှုခင်း – မေဟင်္သာ

[Download Whole Album]        

                    ++++++ ဒီနေရာမှ သမလာပါသည်++++++
          **********************************************

Saturday, December 7, 2013

Portable Adobe Photoshop CS4 Special Edition


ကဲတောင်းဆိုတဲ့ သယ်ရင်းတစ်ယောက်အတွက်ပါ
ပိုတေးဘဲလ် လေးတင်ပေးလိုက်တယ်နော်
ပေါ့ပေါ့ပါးပါး သုံးလို့ရပါတယ်နော် အဆင်ပြေပါစေ
ဒေါင်းရန် .. ဒီမှာ ဆိုတာကိုနှိပ်ပြီးဝင်ရောက်ဒေါင်းယူပါ


ဒီနေရာမှ မျှ ဝေပါသည်...

Sunday, November 24, 2013

Internet Download Manager ကို အလွယ်ကူဆုံး Full Version ပြုလုပ်နည်း နှင့် Fake Serial Number ပြဿနာဖြေရှင်းနည်း

Internet Download Manager has been registered with a fake Serial Number ဆိုတဲ့စာတန်းက ခဏ ခဏတက်နေပါတယ်။ဘယ်မှာသွားပြီးပိတ်လို့ရမလဲဟင်။ကူညီပြီးဟြေပေးပါဦး။ Patch ဖိုင်လဲ ဖြည်ထားပြီးပါပြီ။အရင်ကလဲ ဒီလိုပဲသုံးနေတာ အဆင်ပြေပါတယ်။ခုမှ ဘာဖြစ်လဲမသိပါ။

Fix Fake Serial Number IDM 6.18 Build 7 And Other Free Download

 အခု နောက်ပိုင်းထွက်တဲ့ IDM တွေမှာ ပြဿနာလေးတွေလည်းရှိလာနေပါတယ်... Internet Download Manager has been registered with a fake serial number သတိပေး Box က ကွန်ပျူတာပေါ်မှာ ၃ မိနစ် တစ်ကြိမ်လောက် တတ်နေပါတယ် ဘယ်လိုဖျောက်ဖျောက် ပျက်မသွားပဲ မျက်စိနောက်နေအောင် ဒုက္ခပေးနေတဲ့ ပြဿနာပါ.... အဲ့ဒီ ပြဿနာကို ဖြေရှင်းပေးမဲ့ အဆင်ပြေ လွယ်ကူစေတဲ့ Crack ဖိုလ် အသစ်လေးကို ထပ်တင်ပေးလိုက်ပါတယ်... Click တစ်ချက် နှိပ်ပေးရုံပါပဲ.. 
  အရင်ဆုံး ဒီပို့စ်ထဲက အတိုင်း Uninstall လုပ်ပစ်ပါ... စက်ကို Restart ချပါ Ccleaner ရှိရင် Ccleaner နဲ့ ရှင်းပစ်ပါ..။
IDM မရှိသေးရင် နောက်ဆုံး Update Version ကို ဒီမူရင်းဆိုက်ဒ်ကနေ Download ချပြီး အဆင့်ဆင့် Install လုပ်ပါ...။
Install  လုပ်ပြီးရင် Task Bar က Tray Icon ထဲမှာကြည့်ပါ  IDM Run နေရင် Right Click နဲ့ Exit လုပ်ထားပါ...။ Internet Connection ကို ခဏဖြုတ်ထားပါ..။
Full Version အဖြစ် အမြဲသုံးနိုင်ဖို့ကတော့ ဒီ Crack ဖိုင်လ်လေးကို ဒေါင်းယူပါ...
Rar ဖိုင်လ်ကိုဖြည်ပြီး IDM_Crack ဆိုတဲ့ exe ဖိုင်လ်လေးကို Double Click နဲ့ Run လိုက်ပါ...

Fix Fake Serial Number IDM 6.18 Build 7 And Other Free Download

Crack & Activate ကို တစ်ချက်နှိပ်လိုက်ပါ အဆင်ပြေသွားပါပြီ.. 

တကယ်လို့  Internet Download Manager has been registered with a fake serial number ဆိုတဲ့ သတိပေး Box လေး ထပ်တတ်နေသေးတယ်ဆိုရင် အောက်က  Click Reset Registration  ကိုအရင် နှိပ်ပေးပြီး
Crack & Activate ကိုထပ်နှိပ်ပေးလိုက်ပါ.. ၁၀၀% အဆင်ပြေပါတယ်..။


ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net

Internet Download Manager ကို အလွယ်ကူဆုံး Full Version ပြုလုပ်နည်း နှင့် Fake Serial Number ပြဿနာဖြေရှင်းနည်း

Internet Download Manager has been registered with a fake Serial Number ဆိုတဲ့စာတန်းက ခဏ ခဏတက်နေပါတယ်။ဘယ်မှာသွားပြီးပိတ်လို့ရမလဲဟင်။ကူညီပြီးဟြေပေးပါဦး။ Patch ဖိုင်လဲ ဖြည်ထားပြီးပါပြီ။အရင်ကလဲ ဒီလိုပဲသုံးနေတာ အဆင်ပြေပါတယ်။ခုမှ ဘာဖြစ်လဲမသိပါ။

Fix Fake Serial Number IDM 6.18 Build 7 And Other Free Download

 အခု နောက်ပိုင်းထွက်တဲ့ IDM တွေမှာ ပြဿနာလေးတွေလည်းရှိလာနေပါတယ်... Internet Download Manager has been registered with a fake serial number သတိပေး Box က ကွန်ပျူတာပေါ်မှာ ၃ မိနစ် တစ်ကြိမ်လောက် တတ်နေပါတယ် ဘယ်လိုဖျောက်ဖျောက် ပျက်မသွားပဲ မျက်စိနောက်နေအောင် ဒုက္ခပေးနေတဲ့ ပြဿနာပါ.... အဲ့ဒီ ပြဿနာကို ဖြေရှင်းပေးမဲ့ အဆင်ပြေ လွယ်ကူစေတဲ့ Crack ဖိုလ် အသစ်လေးကို ထပ်တင်ပေးလိုက်ပါတယ်... Click တစ်ချက် နှိပ်ပေးရုံပါပဲ.. 
  အရင်ဆုံး ဒီပို့စ်ထဲက အတိုင်း Uninstall လုပ်ပစ်ပါ... စက်ကို Restart ချပါ Ccleaner ရှိရင် Ccleaner နဲ့ ရှင်းပစ်ပါ..။
IDM မရှိသေးရင် နောက်ဆုံး Update Version ကို ဒီမူရင်းဆိုက်ဒ်ကနေ Download ချပြီး အဆင့်ဆင့် Install လုပ်ပါ...။
Install  လုပ်ပြီးရင် Task Bar က Tray Icon ထဲမှာကြည့်ပါ  IDM Run နေရင် Right Click နဲ့ Exit လုပ်ထားပါ...။ Internet Connection ကို ခဏဖြုတ်ထားပါ..။
Full Version အဖြစ် အမြဲသုံးနိုင်ဖို့ကတော့ ဒီ Crack ဖိုင်လ်လေးကို ဒေါင်းယူပါ...
Rar ဖိုင်လ်ကိုဖြည်ပြီး IDM_Crack ဆိုတဲ့ exe ဖိုင်လ်လေးကို Double Click နဲ့ Run လိုက်ပါ...

Fix Fake Serial Number IDM 6.18 Build 7 And Other Free Download

Crack & Activate ကို တစ်ချက်နှိပ်လိုက်ပါ အဆင်ပြေသွားပါပြီ.. 

တကယ်လို့  Internet Download Manager has been registered with a fake serial number ဆိုတဲ့ သတိပေး Box လေး ထပ်တတ်နေသေးတယ်ဆိုရင် အောက်က  Click Reset Registration  ကိုအရင် နှိပ်ပေးပြီး
Crack & Activate ကိုထပ်နှိပ်ပေးလိုက်ပါ.. ၁၀၀% အဆင်ပြေပါတယ်..။


ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net

Saturday, November 23, 2013

ကိုယ်အလေးချိန် ကျဆင်းစေမည့် အလွယ်နည်းများ

                                     


(၁) သက်သတ်လွတ်စားပါ

အသားမပါဘဲ သက်သတ် လွတ် ဟင်းလျာတွေကို စားပေးတာ က သင့် ခန္ဓာကိုယ် အလေးချိန် ထိန်း သိမ်းရာမှာ အဓိက ကျတဲ့ နည်းလမ်း တစ်ခု ပါပဲ။ ပဲ နွယ်ပဲညွန့်၊ ပဲပေါင်မုန့် နဲ့ ပဲဟင်းချိုတွေ စားပေး တာက အမျှင်ဓာတ် ကို ရရှိ စေတာ ကြောင့် သင်ရဲ့ ကိုယ်အ လေးချိန် ကို ထိန်းသိမ်း ရာ ရောက်ပါ တယ်။

(၂) အစာစား ချိန် သီးသန့်ထားပါ

အစာစား ဖို့ အချိန်မိနစ် ၂ဝ ပေးပြီး ဖြည်းဖြည်း စားပါ။ ဒါဟာ ရှင်းလင်း လွယ် ကူပြီး ကိုယ် အလေးချိန် ကျဆင်း စေနိုင် တဲ့ ထိပ်တန်း နည်းလမ်း တစ်ခုပါ။ အ စာ ကို တစ်လုတ် ချင်း၊ တစ်ကိုက် ချင်း အရသာ ခံစား သုံးပါက အစာစား ချိန် သိသိ သာသာ နှေးကွေး သွား စေပါတယ်။ အစာ ကို အမြန် စားသုံး ပါက တင်းတိမ် သွားပြီး ဆာလောင်မှု ပြေပျောက် သွားပြီ ဆိုတဲ့ သတင်း အချက်အလက် ကို ဦးနှောက် ဆီ ပို့ဆောင် တဲ့ နေရာ ကို ပိတ်ဆို့ လိုက်တာကြောင့် အစာ ပိုစား မိစေပါတယ်။

(၃) ပန်ကန်ပြားသေးသေး အသုံးပြုပါ

နေ့လယ်စာ နဲ့ ညစာ ထမင်း ပန်းကန် တွေက လည်း သင့် ခန္ဓာကိုယ် ထိန်းသိမ်းရေး မှာ အရေး ပါပါ တယ်။ သင်စား တဲ့ ထမင်းစား ပန်းကန်ပြား အရွယ် အ စားကို စားနေကျ အရွယ် အစား အောက် နှစ်လက်မ လောက်သေးတဲ့ အရွယ် အစား နဲ့ စားပါ။ ဒီလိုပန်း ကန်ပြား အရွယ် အစား ကို လျှော့ချ လိုက်တာ က တစ် နေ့ကို ကယ်လိုရီ ၁ဝဝ-၂ဝဝ လောက်အထိ လျှော့ချ စားမိစေပြီး တစ်နှစ်ကို ၁ဝ ပေါင်ကနေ ပေါင် ၂ဝ အထိ လျော့နည်း ကျဆင်း စေပါတယ်။

(၄) ဖန်ခွက် သေးသေး ရှည်ရှည် နှင့် သောက်ပါ

သင်ဟာ အခမ်း အနား တစ်ခုခု မှာ ဖြစ်စေ၊ အ ပေါင်းအသင်း မိတ်ဆွေ တွေနဲ့ သွားလာ စားသောက် ရတဲ့ အခါ ဖြစ်စေ၊ ရှောင်လွှဲ လို့မရတဲ့ အခြေ အနေမျိုး မှာ မဖြစ်မနေ အချိုရည်တစ်ခုခု သောက်တဲ့ အခါဖြစ် စေ ဖန်ခွက် သေးသေး ရှည်ရှည် ကို အသုံး ပြုပြီး သောက် သုံးပါ။ အဲဒီ ဖန်ခွက်မျိုး အသုံးပြု တာကြောင့် သင်ရဲ့အ ချိုရည် သောက်သုံးမှုတွေ လျော့နည်း သွားစေ ပါတယ်။

(၅) ၈၀/ ၂၀ စဉ်းမျဉ်းကို လိုက်နာပါ

သင်ဟာ အစာစားတဲ့အခါ ဗိုက်ပြည့်သွားအောင် စားမယ့်အစား ၈ဝ ရာခိုင်နှုန်းအထိပဲ ပြည့်အောင် စားပြီး ကျန်တဲ့ ၂ဝ ရာခိုင်နှုန်းလောက်တော့ လျှော့ စားပေးပါ။ ဒါဟာ သင့်ခန္ဓာကိုယ်အလေးချိန် လျှော့ ချရာမှာ လိုက်နာ သင့်တဲ့ စည်းမျဉ်းတစ်ခုပါ။

(၆) ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင် လုပ်ပါ

တစ်နေ့ကို ကယ်လိုရီ ၁ဝဝ လောင်ကျွမ်းစေ တာက သင့်ကို တစ်နှစ် အတွင်းမှာ ကိုယ် အလေးချိန် ၁ဝ ပေါင် ကျဆင်း သွားအောင် စွမ်းဆောင်နိုင်ပါတယ်။ တစ်နေ့ ကို အိမ်သန့်ရှင်းရေး မိနစ် ၃ဝ ကြာအောင် လုပ်ပါက ကယ်လိုရီ ၁ဝဝ လောင်ကျွမ်း စေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါး တက္ကသိုလ်)
Good Health

ဘဝမှာ စိတ်ချမ်းသာချင်တယ်ဆိုရင် ဘယ်အလုပ်ကိုမဆို စိတ်ပါလက်ပါ လုပ်ပါ



လူသားတိုင်းဟာ ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို ရှာဖွေဖို့အတွက် အဆုံးမဲ့ ရည်ရွယ်ချက်တွေ တပွေ့တပိုက်နဲ့ ခေါင်းမဖေါ်နိုင်အောင် အလုပ်တွေကို သိမ်းပိုက်ပြီး လုပ်ကြရပါတယ်။ အလုပ်ပြီးရင် အလုပ်သာပဲ လုပ်နေကြရလို့ လူမှုရေးတွေ ခေါင်းပါးပြီး ခေါင်းစားနေရ သူတွေတောင် ရှိပါတယ်။


ယနေ့ခေတ်မှာဆို ပိုက်ဆံအတွက် သာမက လူဘောင်အဖွဲ့အစည်းအတွက် အများကောင်းကျိုး အလုပ်တွေကလည်းပဲ မဖြစ်မနေ လုပ်ရမယ့် တာဝန်တွေ ဖြစ်လာနေပါပြီ။ အလဟသတ် အချိန်ဖြုန်းတာကို ရှောင်ကျဉ်တာတွေ၊ မိမိစိတ်ကို အမြဲတမ်း လန်းဆန်းတက်ကြွနေအောင် ပြုလုပ်တာတွေကအစ လူသားတစ်ရပ်လုံးအထိ မလုပ်မနေ တာဝန်တွေ ရှိလာနေပါပြီ။ ကမ္ဘာ့ရွာကြီးမှာ မိမိအတွက်၊ မိမိနိုင်ငံအတွက် မိမိမှာ တာဝန်ရှိတယ်လို့တောင် ပြောလို့မရတော့ပါဘူး။ တစ်ကမ္ဘာလုံးအတွက်ပါ တာဝန်တွေက လိုအပ်လာပါပြီ။


ဒီနေရမှာ တာဝန် နှစ်မျိုးရှိပါတယ်။ Duty နဲ့ Responsibility ပါ။ Duty ဆိုတာက မိမိကို သူများကခိုင်းလို့ လုပ်ရတဲ့ တာဝန်မျိုး ဖြစ်ပါတယ် (အစိုးရကပေးတဲ့ တာဝန်၊ အဖွဲအစည်းကပေးတဲ့ တာဝန်မျိုး စသည်)။ Responsibility ဆိုတာက ဘယ်သူကမှ မိမိကို မခိုင်းပါဘဲ ပြုလုပ်ရတဲ့ တာဝန်မျိုး ဖြစ်ပါတယ် (မိဘတာဝန်၊ သားသမီးတာဝန်၊ အိမ်ထောင့်တာဝန် စသည်)။ ဘယ်လို တာဝန်မျိုး၊ အလုပ်မျိုးပဲ ဖြစ်ဖြစ် မိမိမှာ ပြုလုပ်ရမယ့် တာဝန်ရှိလာပြီ ဆိုရင်တော့ စိတ်ပါလက်ပါ လုပ်ဖို့ လိုပါတယ်။


အလုပ်တစ်ခုကို စိတ်မပါဘဲ လုပ်နေရတာဟာ တစ်ကမ္ဘာလုံးက အလုပ်တွေကို မိမိတစ်ယောက်ထဲ သိမ်းကျုံးပြီး လုပ်ရသလိုမျိုး ခံစားရတတ်တယ်။ အလုပ်ကလည်း မတွင်ဘဲ ရင်ထဲမှာ အပူဇောနဲ့ သောကလည်း ရောက်ရတယ်။ အလုပ်မှာ စိတ်မပါရာကတဆင့် စိတ်တွေပျက်လာမယ်။ ပြီးတော့ ဒေါသထွက်ပြီး ဘာကိုမှ အကောင်းမမြင်တော့ဘဲ အလုပ်ကပေးတဲ့ဒါဏ်နဲ့ မိမိကိုယ်မိမိ ပြန်ပြီးနှိပ်စက်သလို ခံရတတ်ပါတယ်။


ဒါပေမယ့် ဘဝက အလုပ် မလုပ်ဘဲနဲ့ နေလို့မှ မရတာ။ အလုပ်က နောက်ဆုံးထွက်သက်ထိတောင် လုပ်ချင်လုပ်နေရဦးမှာ မဟုတ်ပါလား။ ဆရာကြီး ဦးမြကြိုင်ဆီမှာ သင်တန်းတက်တုန်းက ဆရာကြီးပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို အမှတ်ရမိတယ်။ “I am enough. ငါ ဒီလောက်ဆို လုံလောက်ပြီး” လို့ ဆုံးဖြတ်လိုက်တဲ့နေဟာ မင်းတို့ဘဝမှာ ကျဆုံးတဲ့နေပဲတဲ့။


သူငယ်ချင်းတို့ရေ……….

လူဆိုတာ အလုပ်နဲ့ လက်၊ လက်နဲ့ အလုပ် မပြတ်လုပ်နေမှ ဘဝက စိတ်ချမ်းသာမှုနဲ့ ရပ်တည်လို့ ရမှာ။ ဒီအလုပ်ကို မလုပ်လို့ကလည်း မဖြစ်နိုင်တော့ လုပ်ချင်းအတူတူ စိတ်ပါလက်ပါလေးသာ လုပ်ကြမယ်ဆိုရင် မိမိမှာ စိတ်ချမ်းသာစရာတွေ ကြုံတွေရမှာ သေချာသလို စိတ်ဖိစီးမှုနဲ့ ဖိအားတွေ ကင်းဝေးလို့ လိုရာဆန္ဒတွေ ပြည့်ဝပါလိမ့်မယ်။

ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ…………..
လင်းမြတ်(ပန်းတောင်း)

Tuesday, October 15, 2013

Phone ထဲမှာပဲအင်္ဂလိပ်စကားပြောလေ့ကျင့်ရအောင်

DOWNLOAD

Thursday, September 26, 2013

Internet Download Manager သုံးမရဖြစ်နေရင် ဖြေရှင်းနည်း + IDM 6.15 Build 9 Just Double Click [1000000% Working]




Internet Download Manager 6.15 build 9 Full Cracked !!! No need  serial, No need crack .

What's new in version 6.15 build 9 ?

(Released: Apr 30, 2013)
IDM ချည်းပဲ ခဏ ခဏ ရှင်းနေရလို့ New User တွေအတွက် လွယ်တာလေး နှစ်ခုကို တင်ပေးလိုက်ပါတယ်....။ ဒီလောက်လွယ်တာတော့ အခြားမှာ မတွေ့ရသေးပါဘူး ဒါအလွယ်ဆုံးနည်းပါ...:)


 New User တွေ အဖြစ်များတဲ့ IDM ပြဿနာလေးကတော့ အင်တာနက်ထဲကနေ IDM ကို 30-day trial version ကိုဒေါင်းယူပြီး သုံးတတ်ကြပါတယ်... ရက် ၃၀ ပြည့်တဲ့အခါ IDM က အလုပ် မလုပ်တော့ပါဘူး... ဒါမှမဟုတ် IDM က တစ်လမှာ အနည်းဆုံး နှစ်ကြိမ်လောက် Update ထွက်တတ်ပါတယ် .. အဲ့ဒီအခါ IDM ကို Update လုပ်ပေးမိရင်လည်း IDM ကသုံးမရတော့ပြန်ပါဘူး Serial Key ထည့်ပါ (သို့) ၀ယ်ပါဆိုပြီး အတင်ခိုင်းပါတော့တယ်..... အဲ့ဒီအတိုင်း Trial ရက်ကုန်ဆုံးသွားလို့ ဖြစ်စေ Update လုပ်ပေးမိလို့  Serial Key တောင်းနေလို့ဖြစ်စေ IDM က လုံးဝ သုံးမရဖြစ်နေရင်.... အောက်က နည်းလမ်း အတိုင်းသာ လုပ်ပေးလိုက်ပါ....

(IDM မရှိသေးသူများကတော့ မူရင်းဆိုက်ဒ်ကနေ Update ဖြစ်နေတဲ့ နောက်ဆုံး Version  IDM Trial Version ကို ဒေါင်းယူပါ...Next အဆင့်ဆင့်နဲ့ Install လုပ်ပါ... Finish ပေါ်လာရင် မနှိပ်ပါနဲ့ဦး (သို့) IDM ကို မ Run ပါနဲ့ဦး Run နေရင် ကွန်ပြူတာရဲ့ ညာဘက်ထောင့်နားက Tray Icon ထဲမှာ IDM Logo လေးပေါ်ကို Right Click > Exit ပေးလိုက်ပါ .....
 ပြီးမှ ဒီအောက်က Patch ဖိုင်လ်လေးကို  ဒေါင်းယူပြီး Rar ဖိုင်လ်လေးကို ဖြည်ပြီး UniPatch 2.7.exe ဆိုတဲ့ exe လေးကို Double Click နဲ့ Run ပေးပါ ... ကျန်တာတွေကတော့ အောက်မှာဖေါ်ပြထားတဲ့အတိုင်း တစ်ဆင်ချင်း လုပ်ပေးလိုက်ရင် Full Version အဖြစ်နဲ့ အမြဲတမ်း သုံးလို့ရသွားပါပြီ...) 

(အရေးကြီးဆုံးအချက်ကလေးတွေကတော့ ဒီအောက်က Patch လေးကို မ Run ခင် IDM ကို Exit ပေးထားပါ..... ပြီးတော့ Patch,Crack တို့ကို တချို့ Antivirus တွေက Virus အဖြစ် သတ်မှတ်တတ်ပါတယ်.. Patch,Crack တွေ ဖွင့်မရဖြစ်နေရင်တော့ Antivirus ကို ခဏ Disable ပေးထားဖို့ လိုအပ်မှာပါ... )

Download IDM Patch Here
(or) 

 အပေါ်က Download Link ကိုနှိပ်ပြီး Patch ဖိုင်လ် လေးကို ဒေါင်းယူလိုက်ပါ 300KB ကျော်လေးပဲရှိပါတယ်..။ 

(ဒီ ၀က်ဆိုက်ဒ်က Software တွေ မဒေါင်းတတ်ဘူးဆိုရင် ဒီ Video လေးကို ကြည့်ပေးပါ )

  UniPatch 2.7.exe ဆိုတဲ့ exe ဖိုင်လ်လေးကို Double Click နဲ့ Run လိုက်ပါ..
 ခဏနေရင် အောက်ကပုံလေး အတိုင်း box လေးတစ်ခု ပေါ်လာပါလိမ့်မယ်...


Patch ကို နှိပ်ပါ...။

နောက်ထပ်ပေါ်လာတဲ့ အနီရောင် အကွက်လေးမှာ မိမိနာမည်ဖြစ်စေ (သို့)  ကြိုက်တဲ့
စာလုံး ဖြစ်စေ တစ်ခုခု ရေးထည့်ပေးပြီး... အစိမ်းရောင်နဲ့ ပြထားတဲ့ OK ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် IDM ကို Full Version အဖြစ် အမြဲတမ်းသုံးလို့
ရသွားပါပြီ.....။

 နောက်တခါ IDM အလုပ် မလုပ်တော့ရင် (သို့) Update လုပ်ပေးလိုက်မိလို့  Serial Key တောင်းနေရင် (သို့) သုံးမရဖြစ်နေရင် အဲ့ဒီနည်းလမ်းအတိုင်းသာ လုပ်ဆောင်ပေးလိုက်ပါ 1000000% လုံးဝ အဆင်ပြေပါတယ်..... :D


အဆင်မပြေသေးရင် ဒီ Video လေးကို ကြည့်ပြီး လုပ်ပေးလိုက်ပါခင်မျာ....Video က ကြည့်ရတာ အဆင်မပြေရင် (မကြည် မလင် ဖြစ်နေရင်) ပုံထဲကလို စက်သွားဝိုင်းလေး နှိပ်ပြီး 480p နဲ့ ကြည့်နိုင်ပါတယ်...






xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ဒါကတော့ နောက်တစ်မျိုးပါ .. ဒီ Website မှာ တင်ပေးနေကျဖြစ်တဲ့ (Just Double Click to Install) လေးပါ... ဘာ Serial Key ဘာ Crack,Patch တွေမှ မလိုပါဘူး....အပ်ါကလို Patch တွေ Crack တွေ သုံးနေစရာမလိုပါဘူး....
အသုံးပြုမယ်ဆိုရင်တော့  မိမိတို့ စက်ထဲမှာ အရင်ကရှိနေတဲ့ Internet Download Manager ကို Uninstall လုပ်ချင်လည်း လုပ် မလုပ်ချင်ရင်လဲ ရပါတယ် Error တတ်တယ်ဆိုရင်တော့ Uninstall လုပ်ပေးပါ.... စက်ကို Restare ချပါ idman615b11.exe ဖိုင်လ်လေးကို  Run ပေးပြီး ထုံးစံအတိုင်း Next အဆင့်ဆင့်နဲ့ Install ပေးလိုက်ရုံနဲ့ Full Version အဖြစ် အမြဲတမ်းသုံးလို့ ရသွားစေမှာပါ...။

တကယ်လို့ IDM ကို လိုအပ်လို့ Uninstall လုပ်မယ်ဆိုရင်
ပထမဆုံး  Start >> All Programs ကနေတဆင့် အရင်စက်ထဲမှာ ရှိနေတဲ့ IDM ကို Uninstall လုပ်ပါ.. (ဒီ Revo Uninstaller Software လေးနဲ့ ထုတ်ပစ်လည်း ရပါတယ်)



 အောက်ကပုံလေးအတိုင်း Full ကိုရွေးပေးပြီး Next အဆင့်ဆင့် နဲ့ စက်ထဲကနေ ထုတ်ပစ်လိုက်ပါ....  OK ကိုနှိပ်ပြီး စက်ကို Restart ချပေးလိုက်ပါ ...။



(ပိုပြီး သေချာစေချင်ရင်တော့ Restart ချပြီး Window ပြန်တတ်လာရင် Ccleaner နဲ့ ရှင်းပေးလိုက်ပါ) မရှင်းချင်ရင်လဲရပါတယ်..။

ဒေါင်းယူထားတဲ့  idm615b11.exe လေးကို Double Click နဲ့ Run လိုက်ပါ ...


  
Next အဆင့်ဆင့် နှိပ်ပြီး Install ပေးလိုက်ပါ... Finish နှိပ်လိုက်ရင် Desktop ပေါ်မှာ IDM Logo လေးရောက်လာမှာပါ ...  အဲ့ဒီ IDM လေးကို Click ပြီး သုံးနိုင်ပါပြီ.... ဘာ Key ဘာ Email မှ ထည့်ပေးစရာ မလိုတော့ပါဘူး....:)
အားလုံး အဆင်ပြေကြပါစေဗျာ.....:)

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)

Username and Password Updated (KEYS 23.9.2013 )

NOD32 ESET Smart Security Username and Password Updated(KEYS 23.9.2013 ) လိုင်စင်အတွက်လိုအပ်ခဲ့ရင် အောက်က ကီးလေးတွ အသုံးပြုနိုင်ပါတယ်
Username:TRIAL-0095896168
Password:3ubuefb6jf

Username:TRIAL-0095896164
Password:9kp9ma8pa7

Username:TRIAL-0095896159
Password:vs894vf7ep

Username:TRIAL-0095902458
Password:bcddaav4xv

Username:TRIAL-0095902453
Password:xjc9uhea2m

Username:TRIAL-0095902451
Password:xchubxrvth

Sunday, September 15, 2013

မြန်မာဖောင့် ပြဿနာတက်သူများအတွက် Zawgyi Blog Day ပါ


မြန်မာဖောင့် ပြဿနာတက်သူတိုင်း ဒီဖောင့်လေးကို သုံးကြည့်စေချင်ပါတယ်

လူအတော်များများ ဖြစ်တာတွေ့ တယ် ရေးလို့ ရပြီး Enter နှိပ်လိုက်တဲ့အခါမှာ

လေးထောင့်ကွက်တွေ  ဖြစ်ဖြစ်နေတာ..။ တချို့ ကတော့ ပြောင်းပြန်ဖြစ်တယ်

ရေးရင် လေးထောင့်ကွက် ၊  နှိပ်လိုက်မှစာပေါ်တယ်ဆိုတော့ ဒီဖောင့်လေးကို

သုံးကြည့်စေချင်တယ်။ ကဲ....အဆင်မပြေတဲ့သူတွေ ဆွဲသုံးကြည့်စေဖို့ ........။



ဒီမှာ Download ယူပါ -http://www.mediafire.com/Zawgyi Blog Day Font

ဒီမှာ Download ယူပါ -www.zippyshare.com/Zawgyi Blog Day Font

မသုံးခင် ဖတ်ကြည့်ပါ - http://www.alpha.com.mm/blogday/index.html

Tuesday, August 27, 2013

မီတာအလုံးရေ သောင်းကျော်ကို ၀န်ထမ်းနှစ်ဦးနဲ့ ငွေလက်ခံမှုကြောင့် မီတာလာဆောင်သူတွေ ဒုက္ခဖြစ်နေ


မြ၀တီ သြဂုတ်၂၇

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ (၂၄)နာရီမီးလင်းရေး အပိုင်း(၁)ရုံးတွင် မီတာအလုံးရေ သောင်းကျော်ရှိသော်လည်း မီတာခ လက်ခံဝန်ထမ်းမှာ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦးသာထားရှိ လက်ခံပေးခြင်းကြောင့် ယခုကဲ့သို့ မီတာလာရောက် ဆောင်သူ လုပ်သားပြည်သူများမှာ နံနက်(၀၉း၀၀)နာရီ ကတည်းက အိမ်အလုပ်များ ပစ်ထားခဲ့ရပြီး လာရောက်တန်းစီ စောင့်ဆိုင်းနေရသည်မှာ ကလေးလည်း ကျောင်းမကြိုနိုင် ထမင်းဟင်းလည်း မချက်နိုင်ဖြင့် နေ့လည်(၁၂း၀၀)နာရီထိုးသည်အထိ မိမိအလှည့်လည်းမကျသေးသည်ကို စိတ်ပျက်ဖွယ်ပုံပါ အတိုင်းတွေ့မြင်ရပါသည်။

မီတာစာရွက်လာရောက်ပေးသော နေ့မှာလည်း ၂၆.၈.၂၀၁၃ရက်နေ့မှသာ လာရောက်ပေးပြီး၂၈.၈.၂၀၁၃ရက်နေ့တွင် နောက်ဆုံးနေ့ သတ်မှတ်ပြီး သတ်မှတ်ရက် ကျော်လွန်ပါက ဒဏ်ကြေးသတ်မှတ်ခြင်း၊ မီးဖြတ်ခြင်း တို့ကိုပြုလုပ်မည်ဟု တစ်ဖက်သတ် စည်းကမ်းများ ချမှတ်ထားပါသည်။

ကျနော်လေ့လာကြည့် ရသလောက်ဆိုလျှင် မော်လမြိုင်မြို့တွင် အများပြည်သူ အဆင်ပြေစေရန်အတွက် ကားဖြင့် လာရောက်ကောက်ခံခြင်း သတ်မှတ်နေရာ များတွင်ကားရပ်နားပြီး မိုက်ခရိုဖုန်းဖြင့် ကြေငြာခြင်းတို့ဖြင့် ၀န်ဆောင်မှုပေးသည်ကိုတွေ့ရပြီး မြ၀တီမြို့တွင်တော့ ထိုင်းမှဝယ်ယူထားသော ပုဂိုလ်လိကမီးလင်းရေးဖြစ်သော်လည်း ၀န်ဆောင်မှုမပြည့်ဝခြင်း သုံးစွဲသူအပေါ်တွင်သာ ဖိနှိပ်ခံရခြင်း၊ မီးမမှန်ခြင်းတို့ကြောင့် နှစ်နာသူများဘက်မှ အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ရှိသူများမှစီမံဆောင်ရွက်ပေးနိုင်ပါရန်တင်ပြအပ်ပါသည်။

မြတ်ကို(ဒေါနမြေ)

by Myanmar News Now




Sunday, August 18, 2013

ကိုလိုရာဆွဲနေသောအတွေးများ


အဟက်……..
တစ်ခါလာလဲ …..၈၈….
တစ်ခါလာလဲ ….ဆဲဗင်းဂျုလိုင်…..


တစ်ခါလာလဲ …..စစ်တပ်….
တစ်ခါလာလဲ ……တစ်မတ်သား…..

တစ်ခါလာလဲ ……ပြည်သူ့ အသံ……
တစ်ခါလာလဲ …….ပြည်သူ့ ဆန္ဒ…….။

နေစမ်းပါဦးဗျာ……..
မသိလို့ မေးပါရစေအုန်း…..

အဲဒီ ပြည်သူ့ အသံ…..
ပြည်သူ့ ဆန္ဒ ဆိုတဲ့ အထဲမှာ……
လွတ်လပ်ရေးရကတည်းက ……
သေနတ်သံနဲ့  ကြီးလာရတဲ့ ရှမ်းမလေးတွေ…..
အရွယ်ရောက်ကတည်းက ……
ပြည်တွင်းစစ်ထဲ ၀င်လာရတဲ့ ကရင်လေးတွေ…..
ဗကပ ၀တ်စုံ ဘယ်တော့မှ မချွတ်ခဲ့ရတဲ့ ……
ကိုးကန့် နဲ့ ဝလေးတွေ…….
ကတ္တရာလမ်း မမြင်ဘူးတဲ့  ……
ချင်းတောင်တန်း ပေါ်က နာဂ လေးတွေ…
ကချင်ပြည်နယ်က တဂျိမ်းဂျိမ်း ဆက်ကြေးတောင်းခံနေရတဲ့  ……
အရပ်သူအရပ်သားတွေ…..
မြို့ ပြင်ထွက်လိုက်တာနဲ့ တိုက်ပွဲစဖြစ်တဲ့  ……
ဒေသအသီးသီးက အစိုးရ၀န်ထမ်းတွေ……
၁၉ ဖာပွန် တမလွန်လို့ နာမည်တွင်ခဲ့ ရတဲ့ …..
ကိုးဆယ်ပြည့်လွန် နှစ်ကာလ…..
ဖာပွန် ခလရ (၁၉) က တပ်မိသားစုတွေ……
…………………………………………….
သူတို့ အသံ …သူတို့ ဆန္ဒတွေရောပါလား……။

၈၈မှာပါမှ…..
ကိုးဆယ့်ကိုးမှာပါမှ……
ပြည်သူလား……။

ဟိုခေါင်းဆောင်ကို ထောက်ခံမှ …..
ဒီခေါင်းဆောင်ကိုထောက်ခံမှ…
ပြည်သူလား…….။

ဟိုအဖွဲ့ ကိုဝင်မှ…..
ဒီအဖွဲ့ ကို ၀င်မှ……
ပြည်သူလား…….။

သူတို့ အတွက် ပထမဆုံး အရေးကြီးတာ….
ခရိုနီ ခရိုနီနက်လား…..
ငြိမ်းချမ်းရေးလား……..။

တစ်မတ်သားနဲ့ ဦးပိုင်လား…..
အပစ်အခတ်ရပ်စဲရေးလား…….။

ဘောင်းဘီဝတ် ဘောင်းဘီချွတ်ခွဲဖို့ လား….
ဒုက္ခသည်စခန်း သွားမနေရရေးလား…..။

စစ်တပ်ကို ကမ္ဘာမကြေရေးလား……
အချင်းချင်း စည်းလုံးညီညွတ်ရေးလား……။


သိပ်ပြီးတော့ မရောင်ရာ ဆီလူးမနေနဲ့ …..
တစ်ခွန်းပဲပြောမယ်……
ပြည်သူ့ အသံ ဆိုတာ……
မင်းတို့ အသံ မဟုတ်ဘူး…….
ရောမချနဲ့ ….
မှတ်ထား….ဒါပဲ……..။

( ရောင်တဲ့ နေရာကိုပဲ ဆီလူးချင်တဲ့ ရဲမိုး) 


Ye Moe

Wednesday, August 14, 2013

ဦးနှောက်၏ ထူးဆန်းသော အချက်များ

 
Myanma Light
ဦးနှောက်၏ ထူးဆန်းသော အချက်များ
14/8/2013
-ဦးနှောက်သည်နာကျင်မှုကို မခံစား ရပေ။ အခြားနေရာမျိုးစုံ နာကျင်မှု များအား ဦးနှောက်ထံသတင်းပေးပို့ ခြင်းဖြင့် အဆုံးသတ်သော်လည်း ဦးနှောက်ကိုယ်တိုင်နာကျင်မှုကို ခံစား သိရှိရခြင်းမရှိပေ။
- ဦးနှောက်သည် ခန္ဓာကိုယ်အလေး ချိန်၏နှစ်ရာခိုင်နှုန်းသာရှိသော်လည်း ခန္ဓာကိုယ်အောက်စီဂျင်နှင့် ကယ်လို ရီသုံးစွဲမှုစုစုပေါင်း၏ နှစ်ဆယ်ရာ နှုန်းကို ရယူလျက်ရှိသည်။
-ဦးနှောက်သည် ပြင်ပလေနှင့်ထိ တွေ့မှသာ အစိုင်အခဲသဏ္ဌာန်မြင်ရ လေ့ရှိပြီး ဦးခေါင်းခွံအတွင်းလုံလုံခြုံ ခြုံရှိနေသည့်ဦးနှောက်မှာ အရည် များဖြင့် (၈၀) ရာခိုင်နှုန်းဖွဲ့စည်းထား သောနူးညံ့သည့်အစိုင်အခဲတစ်ခုဖြစ်သည်။
-ခန္ဓာကိုယ်သည် နေ့ဘက်တွင် အလုပ်လုပ်၍ ညဘက်အနားယူ သော်လည်း ဦးနှောက်သည် အိပ် စက်အနားယူချိန်ရောက်မှ အလုပ်ပို လုပ်လေ့ရှိသည်။
- ဦးနှောက်နဗ်ကြောများသည် လျှပ် စီးကြောင်းများဖြင့် သတင်းပေးပို့ တတ်ကြပြီး ခန္ဓာကိုယ်ပြင်ပတွင် ဦးနှောက်ကို ရှင်သန်စေရန် အထောက် အပံ့ပေးရမည်ဆိုပါက လျှပ်စစ်စွမ်းအား(၁၀)ဝပ်ခန့်လိုမည်ဖြစ်သည်။
- ဆယ်ကျော်သက်အရွယ်၌ ခန္ဓာ ကိုယ်ဖွံ့ဖြိုးမှု တစ်ရှိန်ထိုးမြန်ဆန် သကဲ့သို့ ဦးနှောက်ဖွံ့ဖြိုးမှုလည်း ရုတ်ချည်း ပြောင်းလဲတတ်သည်ဖြစ် ရာ ဆယ်ကျော်သက်များအား စွန့် စားလိုစိတ်၊ တဇွတ်ထိုးစိတ်များဖြစ် ပေါ်ခံစားရစေသည်။
-မြင်သမျှ၊ ကြားသမျှ၊ ခံစားရသမျှ တို့ကို တစ်ခုမကျန် ဦးနှောက်ကသိုမှီးထားနိုင်သော်လည်း မှတ်ဥာဏ် တွင်းမှ ပြန်လည်ထုတ်ယူနိုင်စွမ်း (recall) ကိုမူတည်၍ သတိကောင်း ခြင်း၊သတိမေ့ခြင်းတို့ဖြစ်ပေါ်လာ ရသည်။
-ဦးနှောက်၏အစိတ်အပိုင်းတစ်ခု နှင့်တစ်ခု မြန်နှုန်းမတူပါ။ သတင်းအချက်အလက်သယ်ယူသည့်နေရာချင်းလည်းမတူပါ။ ထို့ကြောင့် အချို့ ကိစ္စများကို သတိရလွယ်ပြီး အချို့ ကို သတိရစေရန် အချိန်အတော်ယူရ လေ့ရှိသည်/
သီဟ
Source:BSN
Health Updates Journal