Tuesday, August 27, 2013

မီတာအလုံးရေ သောင်းကျော်ကို ၀န်ထမ်းနှစ်ဦးနဲ့ ငွေလက်ခံမှုကြောင့် မီတာလာဆောင်သူတွေ ဒုက္ခဖြစ်နေ


မြ၀တီ သြဂုတ်၂၇

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ (၂၄)နာရီမီးလင်းရေး အပိုင်း(၁)ရုံးတွင် မီတာအလုံးရေ သောင်းကျော်ရှိသော်လည်း မီတာခ လက်ခံဝန်ထမ်းမှာ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦးသာထားရှိ လက်ခံပေးခြင်းကြောင့် ယခုကဲ့သို့ မီတာလာရောက် ဆောင်သူ လုပ်သားပြည်သူများမှာ နံနက်(၀၉း၀၀)နာရီ ကတည်းက အိမ်အလုပ်များ ပစ်ထားခဲ့ရပြီး လာရောက်တန်းစီ စောင့်ဆိုင်းနေရသည်မှာ ကလေးလည်း ကျောင်းမကြိုနိုင် ထမင်းဟင်းလည်း မချက်နိုင်ဖြင့် နေ့လည်(၁၂း၀၀)နာရီထိုးသည်အထိ မိမိအလှည့်လည်းမကျသေးသည်ကို စိတ်ပျက်ဖွယ်ပုံပါ အတိုင်းတွေ့မြင်ရပါသည်။

မီတာစာရွက်လာရောက်ပေးသော နေ့မှာလည်း ၂၆.၈.၂၀၁၃ရက်နေ့မှသာ လာရောက်ပေးပြီး၂၈.၈.၂၀၁၃ရက်နေ့တွင် နောက်ဆုံးနေ့ သတ်မှတ်ပြီး သတ်မှတ်ရက် ကျော်လွန်ပါက ဒဏ်ကြေးသတ်မှတ်ခြင်း၊ မီးဖြတ်ခြင်း တို့ကိုပြုလုပ်မည်ဟု တစ်ဖက်သတ် စည်းကမ်းများ ချမှတ်ထားပါသည်။

ကျနော်လေ့လာကြည့် ရသလောက်ဆိုလျှင် မော်လမြိုင်မြို့တွင် အများပြည်သူ အဆင်ပြေစေရန်အတွက် ကားဖြင့် လာရောက်ကောက်ခံခြင်း သတ်မှတ်နေရာ များတွင်ကားရပ်နားပြီး မိုက်ခရိုဖုန်းဖြင့် ကြေငြာခြင်းတို့ဖြင့် ၀န်ဆောင်မှုပေးသည်ကိုတွေ့ရပြီး မြ၀တီမြို့တွင်တော့ ထိုင်းမှဝယ်ယူထားသော ပုဂိုလ်လိကမီးလင်းရေးဖြစ်သော်လည်း ၀န်ဆောင်မှုမပြည့်ဝခြင်း သုံးစွဲသူအပေါ်တွင်သာ ဖိနှိပ်ခံရခြင်း၊ မီးမမှန်ခြင်းတို့ကြောင့် နှစ်နာသူများဘက်မှ အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ရှိသူများမှစီမံဆောင်ရွက်ပေးနိုင်ပါရန်တင်ပြအပ်ပါသည်။

မြတ်ကို(ဒေါနမြေ)

by Myanmar News Now




No comments:

Post a Comment