Thursday, August 1, 2013

ရင်ဘတ်ချင်းတူသူများသို့ 




ကျနော်တို့ မပြန်ခင် တစ်ခါလောက်တော့ ကွာလာလမ်ပူမှာ ဆုံကြတာပေါ့ဗျာ

ကျနော်တို့ မသေခင် အလှုကြီးကြီး ကျောင်းကြီးတစ်ခု လှုကြည်ကြတာပေါ့ဗျာ

ကျနော်တို့ လစာကောင်းအခွင့်သာနေ့ စဉ် တစ်လစာလောက်ဒါနပြုလှုကြမယ်ဗျာ

အဖေတို့ အမေတို့ မသေခင် ကျောင်းဆောင်ကြီးတစ်ခုလှုတော့မယ်
လို့ ပြောကြမယ်ဗျာ

ကျနော်တို့ အထက်ရောက်နေစဉ် မရှိဆင်းရဲသားတွေအတွက် ပြန်ကြည့်ရအောင်ဗျာ

ကျနော်တို့ ကောင်းကောင်းစားနေရရင် နဲနဲလျှော့စား ငတ်နေသူကိုခွဲကြွေးရအောင်ဗျာ

ကျနော်တို့ မိဘရှိ ၊အနာဂတ်ရှိ ၊ ဒါဆို မိဘမဲ့တွေရဲ့ အိမ်မက်တွေကို ဆေးချယ်မယ်ဗျာ

ကျနော်တို့ အချိန်နဲနဲပို ပညာတတ်တယ် ပညာငတ်နေသူတွေကို စာပြန်မျှမယ်ဗျာ

ကျနော်တို့ အချိန်ကောင်းနေရာကောင်း ဒါဆို မရှိသူတွေ ပြန်ကူဖို့  ကြိုးစားကြမယ်ဗျာ

အသေးအမွှားအတွက် ကျနော်တို့ ရန်မဖြစ်ဘူး ရင်ဘတ်ချင်းတူ လက်တွဲကြမယ်ဗျာ

အကျိုးမရှိတာအတွက်ကျနော်တို့ အချိန်ကုန်မခံ လုပ်နိုင်စွမ်းရှိသလောက်လုပ်မယ်ဗျာ

ကျောင်းကြီးဆောက်မယ် လမ်းကြီးခင်းမယ် ပြန်တွေးမိတိုင်း ပီတိဖြစ်စေမယ်ဗျာ

 

Composed by မောင်စွယ်စုံကျမ်း @ 31-7-2013 @ 10:53PM

No comments:

Post a Comment