Saturday, April 29, 2017

ဖုန်းပြင်နည်း သင်တန်းတက်တော့မယ်ဆိုရင် တက်သင့်တဲ့ သင်တန်းတစ်ခု



ဒီခေတ်ဟာ IT ပစ္စည်းတွေနဲ့ ယဉ်ပါးလာကြတဲ့ခေတ်ပါ.. ခေတ်အလိုက် အသုံးအများဆုံးကတော့ Smartphone ဆိုရင် မှားမယ်မထင်ပါဘူး.. လူတိုင်းနီးပါး Smartphone တစ်လုံးတော့ ရှိကြတယ်လေ..
လူငယ်လူရွယ်တွေအနေနဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေထဲက တတ်ထားသင့်တဲ့ ပညာရပ်တစ်ခုဟာ ဖုန်းပြင်ခြင်း အတတ်ပညာ ဖြစ်ပါတယ်.. ဒီတော့ ဖုန်းပြင်သင်တန်းတွေထဲက စိတ်ချရပြီး ကိုယ်ကလည်း တကယ်ကြိုးစားမယ်ဆိုရင် တက်သင့်တဲ့ ဖုန်းပြင်သင်တန်း တစ်ခုကို ညွှန်းပေးပါရစေ.. သင်တန်းကတော့ MPPG ဖုန်းပြုပြင်နည်း သင်တန်းဖြစ်ပါတယ်.. မန္တလေးမြို့မှာရှိပြီး ကိုဖြိုးညီညီ ဦးဆောင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်.. သင်တန်းနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ဖေါ်ပြချက်တွေကတော့-

 📌အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုသင်ချင်တယ်။
ကျွန်တော်တို့ MPPG ဖုန်းပြုပြင်နည်းသင်တန်းမှာ လာတက်လှည့်ဗျာ။

📌သင်တန်းပြီးရင် အလုပ်ရမှာလား ???
ခင်ဗျားသာ စာသင်တုန်း ကြိုးစားသင်ယူ။ သင်တန်းပြီးတဲ့အချိန် အလုပ်လုပ်ရမှာ ဂျီးမများရင် အလုပ်လိုတဲ့ဆိုင်တွေမှ ပေါလို့။

📌ကိုယ်ပိုင်ဆိုင်ဖွင့်ရင်ရော ???
ရပါ့ဗျ။ ကျွန်တော်တို့ သင်တန်းဆင်းပြီး ကိုယ်ပိုင်ဆိုင်ဖွင့်နေတဲ့သူတွေ တစ်နိုင်ငံလုံးမှာ ရှိပါ့။

📌လေကတော့ ကြီးပါ့ဗျာ။ ခင်ဗျားတို့သင်တန်းကို တစ်နိုင်ငံလုံးက သိပါ့မလား???
ခင်ဗျားသိတဲ့ နီးစပ်ရာဆိုင်ကို ဝင်မေးဗျာ။ MPPG ကို သိသလားလို့။ ဆားဗစ်သမားမှန်ရင် MPPG ကို သိပါ့ဗျာ။

📌ထားပါတော့ဗျာ။ သင်တန်းကြေးလေး ပြောဦး။
SW - ၂ သိန်း
HW - ၃ သိန်း
နှစ်ခုလုံးတက်ရင် ၅ % လျော့ပေးတယ်ဗျ။

📌တစ်ခါထဲပေးရမှာလား။တက်သာတက်ချင်တာ ငွေမနိုင်ဘူးဗျ။
မပူနဲ့။ အဆင်ပြေအောင် ၂ ကြိမ်ခွဲသွင်းလို့ရပါ့။ တတ်နိုင်လို့ ငွေတစ်ခါထဲ သွင်းရင် နောက်ထပ် ၅% တောင် ထပ်လျော့ပေးသေးတယ်။

📌သင်တန်းကာလကရော ???
စရိတ်မထောင်းအောင် ၁ လခွဲအတွင်း အတတ်သင်မှာဗျို့။

📌မတတ်ဘူးဆိုရင်ရော ခင်ဗျားတို့က ဘာလုပ်ပေးမှာတုန်း။
MPPG သင်တန်းရှိနေသ၍ တစ်သက်တာ အခမဲ့ လာတက်ဗျာ။ တော်တဲ့သူတွေအတွက်လဲ ဆုပေးတဲ့ အစီအစဉ်တွေရှိသေးတယ်ဗျ။

📌ကျွန်တော်က နယ်ကလာမှာဆိုတော့....
ရပြီ။ ဆက်မမေးနဲ့။ အဆောင်နေရာမေးမလို့မလား။ နေစရာအခမဲ့ .... အခမဲ့ဆိုတာ နေစရာအလကားစီစဉ်ပေးတယ် ။Free ပေါ့ဗျာ။

📌မိုက်ပြီဗျို့။ ဒါမျိုး မိုက်တဲ့အစီအစဉ်လေးတွေ ရှိသေးလားဗျ။
ရှိပါ့ဗျာ။ ကိုယ်အင်္ဂါမသန်စွမ်းသူများဆိုရင်တော့ 100 % အခမဲ့ ပညာဒါနသင်ပေးတယ်။ အသိမိတ်ဆွေထဲမှာ ရှိရင်လဲ ဒီသတင်းလေး ပြောပေးဦးဗျ။ ခင်ဗျားပါ ကုသိုလ်ရတာပေါ့ဗျာ။

📌ဘယ်နေ့ သင်တန်းအသစ်စမှာလဲဗျ။
လတိုင်း တန်းခွဲသစ်တွေရှိတယ်ဗျ။ အမြန်ဆုံးလာတက်ချင်တယ်ဆိုရင်တော့ 6.3.2017 မှာဖွင့်မယ့် သင်တန်းကို လာအပ်ဗျာ။

📌ကြိုက်ပြီဗျာ။ ဘယ်မှာ သင်တန်းအပ်ရမလဲ။
38 လမ်း၊ 81 x 82 လမ်းကြား၊ မန္တလေးမြို့မှာ လာအပ်ရမှာပါ။ အရင်နေရာမဟုတ်ဘူးနော်။ နေရာအသစ်ပြောင်းထားတာမမေ့နဲ့ဦး။
-
**အသေးစိပ် ထပ်မေးချင်သေးရင် 09-785-808182 , 09-265-808182 ကို ဆက်မေးလိုက်ပါ။
*** တက်မယ်ဆုံးဖြတ်ထားရင်တော့ အမြန်စာရင်းပေးဗျို့။ သင်တန်းတိုင်းက လူပြည့်မြန်လို့ နောက်လထိ ထပ်စောင့်နေရလိမ့်မယ်။
ခဏလေး.. ကျွန်တော်တို့ MPPG က ဆောင်ပုဒ်လေး မှတ်သွားပါဦးဗျ။
-
********* ကျွန်ုပ်တို့၏ အာမခံချက်*********
စိတ်ပါဝင်စားမှုနှင့် တတ်မြောက်လိုစိတ်သာ စာသင်ခန်းအတွင်းသို့ ယူဆောင်လာခဲ့ပါ။ သင်ကြားတတ်မြောက်မှု နှင့် အသက်မွေးမှု အလုပ်အကိုင်တစ်ခု ဖြစ်စေဖို့ ကျွန်တော်တို့မှ တာဝန်ယူပါတယ်။
-
သင်ကြားမည့် သင်ခန်းစာများ နှင့် အခြားအချက်များ အသေးစိတ် ဖတ်ရှုလိုပါက >> http://www.mppgmyanmar.com/training-courses/
ဆက်သွယ်ရန်
==========
MPPG (Mobile Phone Professional Group)
မိုဘိုင်းဖုန်းအမျိုးမျိုးပြုပြင်ရေး နှင့် သင်တန်းကျောင်း
၃၈လမ်း ၊ ၈၁လမ်း နှင့် ၈၂ လမ်းကြား။
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
📱09- 785 80 81 82
📱09- 265 80 81 82
📱09- 444004039
www.mppgmyanmar.com
www.facebook.com/mppgmdy

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org
 
 
 

Manual Myanmar Fonts ထည့်သွင်းနည်း



 (5.0 To 7.0 Any Model) For Beginner
================================
Android Version 5.0 အထက် Devices တွေမှာ Unicode ပါဝင်ပြီး သားပါ Unicode နဲ့အဆင်ပြေရင်တော့ ပြောင်းစရာမလိုပဲ အဆင်မပြေရင်တော့ Zawgyi ပြောင်းကြပါတယ်
ကျနော်ဘာလို့ Any Model လို့ပြောရတာလည်းဆိုတော့ Fonts တွေကြည့်တတ်ရင် ပြောင်းလို့ ရပါတယ် Unicode ပါပြီးသားဆိုတော့Unicode Fonts ကဘယ်နားမလည်း ဘာနာမည် နဲ့လည်း အာ့ကို သိအောင်လုပ် သိရင် အာ့နေရာမှာ zawgyi ကို Replace လုပ်ရုံပါပဲ Samsung 7.0 တွေလည်း ဒီလိုပါပဲ.. အာ့တော့ဘယ်လိုစစ်မလည်း Unicode ကဘယ်မာလည်းဆိုတာ Manual နည်း နဲ့လုပ်နေကျသူတွေကတော့ ဒီ Command နဲ့ နာမည် ကြည့်ရုံနဲ့သိတယ် adb shell ls -al system/fonts
မကြည့်တတ်သေးရင် ဒီ Command နဲ့ Fonts တွေကို ထုတ်လိုက်
adb pull system/fonts
ထွက်လာတဲ့ Fonts တွေကို Large icons View နဲ့ကြည့်
ပုံလေး ပြထားတယ် အာ့လိုလေး ပေါ်နေတဲ့နေရာက Fonts နေရာတွေ
မှာ Zawgyi Fonts ကို Replace လုပ်ရုံပဲ

Replace လုပ်နည်း
==============
Root လိုပါမည်
Fonts ကတော့ များသောအားဖြင့် ကိုကျော်စွာသွင်ရေးထားတဲ့
Smart Zaygyi ကိုသုံးပါတယ်
ပထမဆုံး smartzawgyi.ttf ကို data/local/tmp ထဲသွင်းမယ်
root access ယူမယ် system ကို mount လုပ်မယ် ပြီးရင် Large icon
နဲ့ကြည့်ထားတဲ့ Unicode နေရာတွေမှာ Replace လုပ်နောက်ဆုံး
Fonts တွေကို Permission ပေးပြီး Reboot ချမယ်
adb push smart.ttf data/local/tmp
adb shell
su
mount -o remount rw /system
dd if=/data/loca/tmp/smart.ttf of=/system/fonts/name.fonts
name.fonts နေရာမှာ အပေါ်မှာကြည့်ခဲ့တဲ့ Unicode Fonts နာမည်
တွေထည့်ပေးပါ လေးခုပါရင် လေးခုလုံးပြောင်းပါ ပါသလောက်ပြောင်းပါ
ဥပမာ
dd if=/data/loca/tmp/smart.ttf of=/system/fonts/NotoSansMyanmar-Bold.ttf
အကုန်လုံးပြောင်းပြီးရင် Permission ပေးမယ်
တခုခြင်းပေးလည်း ရတယ် ကျနော်ကတော့ ရိုက်ရတာ ပျင်းတော့
chmod 0644 system/fonts/*
နဲ့အကုန်ပေးလိုက်တယ် ပြီးရင် reboot လို့ ရိုက်
ပြန်တက်လာရင် Myanmar Fonts ရပါပြီ
TWRP သွင်းထားတဲ့အလုံးတွေ Root မလုပ်ပဲ Myanmar Fonts
ထည့်နည်းနဲ့ အသေးစိတ် သိချင်တယ်ဆိုရင်တော့
Mobile Solution Myanmar (MSM) မှာ တင်ပေးထားပါတယ်

Credit : Thar Juu

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org
 
 
 

♪ Xiaomi MIUI 8 အတွက် Tips & Tricks များ ♫


https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/maxresdefault-3.jpg?fit=800%2C450&ssl=1
ရှောင်မီရဲ့ စမတ်ဖုန်း၊ တက်ဘလက်များဟာ ဈေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းတဲ့ အတွက် လူကြိုက်များ ရေပန်းစားနေပါတယ်။ သူ့ရဲ့ ဆော့ဖ်ဝဲကလည်း ထူးခြား ဆန်းသစ်ပြီး အသုံးဝင်တဲ့ စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အခြားလူများ မသုံးနိုင်အောင် Apps များကို ဖွက်ထားခြင်း၊ ဖုန်းကို လှုပ်ခါခြင်းဖြင့် အိုင်ကွန်များကို နေရာချခြင်း၊ ဖိုင်များကို ဖွက်ထားခြင်း အပါအ၀င် ထူးခြားဆန်းသစ်တဲ့ စွမ်းဆောင်ချက်များ ပါရှိပါတယ်။ ဒီ Tutorial မှာ MIUI 8 ရဲ့ လူသိနည်းတဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြလိုက်ပါတယ်။
Apps များကို ဖွက်ပါ။
သင့်ရဲ့ Apps များကို အခြားလူများ မမြင်အောင် ဖွက်ထားချင်ရင်တော့ MIUI 8 က ကူညီပေးနိုင်ပါတယ်။ Phone Settings> Additional Settings > Invisible ထဲသွားပြီး ဖွက်ထားချင်တဲ့ Apps များကို ရွေးပေးပါ။
အိုင်ကွန်များကို နေရာချပါ။
ဖုန်းမှာ Apps များ ထည့်သွင်းလာတာနဲ့ အမျှ Home Screen မှာ ရှုပ်ပွနေမှာပါ။ MIUI 8 မှာတော့ ဖုန်းကို လှုပ်ခါလိုက်တာနဲ့ Apps များကို နေရာတကျ ထားရှိပေးမှာ ဖြစ်ပါတယ်။

Toggles များရဲ့ Settings Screen ကို လျှင်မြန်စွာ သွားပါ။

MIUI 8 ရဲ့ Notification Panel မှာ Mobile Data, WiFi, Bluetooth အပါအ၀င် Quick Settings သို့မဟုတ် Toggles များကို ပြသထားပါတယ်။ အဲဒီ Toggles များရဲ့ Settings Screen ကို လျှင်မြန်စွာ သွားချင်ရင် Toggle ကို စက္ကန့်အနည်းငယ်ကြာ ဖိထားနိုင်ပါတယ်။
ဖိုင်များကို ဖွက်ပါ။
MIUI 8 ရဲ့ File Manager မှာ ဖိုင်များကို ဖွက်တဲ့ စွမ်းဆောင်ချက် ပါလာပါတယ်။ File Explorer ကို ဖွင့်ပြီး အပေါ်ကနေ အောက်သို့ ဖိဆွဲပါ။ သင့်ရဲ့ လက်ဗွေရာ သို့မဟုတ် Password ကို ရိုက်ထည့်ပေးပါ။ Hide Files ကို နှိပ်ပြီး သင်ဖွက်ချင်တဲ့ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ ဖိုင်များကို ရွေးပေးပါ။
Screenshot ရိုက်ခြင်း။
Notification Bar မှ Quick Settings ကနေ စကရင်ရှော့ကို ဖမ်းယူနိုင်သလို ဖုန်းမှ ခလုတ် အတွဲအစပ်များကို နှိပ်၍လည်း ဖမ်းယူနိုင်ပါတယ်။ MIUI 8 မှာ Volume Down နဲ့ Recent Button ကို တစ်ပြိုင်နက် နှိပ်၍ စကရင်ရှော့ ရိုက်နိုင်ပါတယ်။
သတင်း၊ ဆောင်းပါး အရှည်များကို စကရင်ရှော့ တစ်ချက်ထဲနဲ့ ဖမ်းယူနိုင်တဲ့ စွမ်းဆောင်ချက်လည်း MIUI 8 မှာ ပါလာပါတယ်။ သတင်း၊ ဆောင်းပါးရဲ့ ထိပ်ဆုံးကို စကရင်ရှော့ ရိုက်ပြီးနောက် အပေါ်ထိပ်မှ ပေါ်လာတဲ့ Preview ကို တစ်ချက်နှိပ်ပါ။ အောက်ခြေမှ Scroll ကို နှိပ်ရင် သတင်း၊ ဆောင်းပါး အရှည်ကို စကရင်ရှော့ တစ်ချက်ထဲဖြင့် ဖမ်းယူပေးမှာပါ။
လျှင်မြန်စွာ Unlock ပြုလုပ်ခြင်း။
Lockscreen ကနေ ဖုန်းကို လျှင်မြန်စွာ Unlock လုပ်ချင်ရင် Volume Up နဲ့ Back Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။
Flashlight ကို လျှင်မြန်စွာ ဖွင့်ပါ။
Lockscreen ကနေ Flashlight ကို လျှင်မြန်စွာ ဖွင့်ဖို့ Home Button ကို ဖိထားရမှာဖြစ်ပါတယ်။ Flashlight ကို ပိတ်ချင်ရင် Power or Back Button ကို နှိပ်ရမှာပါ။ ဒီနည်းက ဖုန်းကို Unlock လုပ်စရာ မလိုဘဲ ဓါတ်မီးကို သုံးနိုင်မှာ ဖြစ်ပါတယ်။
Ringtone ကို လျှင်မြန်စွာ ပိတ်ပါ။
သင့်ထံ ဖုန်းဝင်လာတဲ့ အခါမှာ အသံကို ပိတ်ချင်ရင် Volume Up or Down Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။
သုံးနေတဲ့ App ကို လျှင်မြန်စွာ ပိတ်ပါ။
သုံးနေတဲ့ App ကို လျှင်မြန်စွာ ပိတ်ဖို့ Back Button ကို ဖိထားရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် Phone Settings> Additional Settings > Button > Long Press Navigation Buttons> Back ထဲသွားပြီး Close Current App ကို ရွေးပေးပါ။
ဝင်လာတဲ့ ဖုန်းကို ချပါ။
သင့်ထံ ၀င်လာတဲ့ ဖုန်းကို ချဖို့အတွက် Power Button ကို ဖိထားနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Phone Settings > Additional Settings> Accessibility ထဲသွားပြီး Power button end call ကို On ပေးပါ။
Phone Call များကို အလိုအလျှောက် Record လုပ်ပါ။
Dial App ကို ဖွင့်ပြီး ဘယ်ဘက်အောက်ခြေမှ Menu ကို နှိပ်ပါ။ Settings> Call recording settings ထဲသွားပြီး Record calls automatically ကို On ပေးပါ။


Credit to ==> DigitalTimes.com.mm

Firmware Site.apk


Myanmar Application Centreမှကြိုဆိုပါတယ်
အခုတင်ပေးမဲ့ Applicationလေးကတော့
Firmware Siteတွေမသိတဲ့သူတွေအတွက်အဆင်ပြေအောင်
အလွယ်တစ်ကူဝင်ရောက်နိုင်အောင်

Firmware Siteတွေစုစည်းထားတဲ့Applicationလေးပါ
လိုချင်ရင်တော့အောက်ကလင့်မှာဒေါင်းယူနိုင်ပါတယ်


 
 


ဒေါင်းလုပ်ဆွဲနည်းမသိသူများဖတ်ရန်

www.myanmarappscentre.blogspot.com/

Myanmar Application Centre { Download Now } အခမဲ့ဒေါင်းလုပ်ရယူပါ
 
 

Friday, April 28, 2017

Instagram မှာ Two-Factor Authentication ကို ဘယ်လို Enable လုပ်မလဲ


Two-factor authentication ဟာ ကိုယ့်ရဲ့ account ကို ပိုမိုလုံခြုံစိတ်ချစွာ အသုံးပြုနိုင်စေမယ့် service တစ်ခုဖြစ်ပါတယ်။ Two-factor authentication ဟာ ကိုယ့် account ရဲ့ password ကို အခြားတစ်ယောက်က သိနေရင်တောင် ဖုန်းနံပါတ်နဲ့ ချိတ်ဆက် ထားတဲ့အတွက် Tablet, Mobile အစရှိတာတွေကနေ လက်ခံရရှိမယ့် code number ကို ထည့်မသွင်းမချင်း log in ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။

Instagram account မှာ Two-factor authentication ကို enable လုပ်ပြီး အသုံးပြုချင်တယ်ဆိုရင် Instagram app ကိုဖွင့်ပါ။ ပြီးရင် Profile icon ကို နှိပ်ပါ။

Profile icon ကို နှိပ်ပြီးရင် ညာဘက်ထောင့် အပေါ်နားမှာ စက်သွားပုံစံနဲ့ options ဆိုတာကိုတွေ့ရပါမယ်။ Options ကို နှိပ်လိုက်ပါ။ ဖုန်းနံပါတ်မထည့်ရသေးဘူးဆိုရင် Edit Profile ဆိုတာကိုရွေးရပါမယ်။ Edit Profile ထဲကမှ Private Information ဆိုတဲ့နေရာမှာ မိုဘိုင်းကို ရွေးပြီး ဖုန်းနံပါတ်ကို ထည့်သွင်းပေးရပါမယ်။ ဖုန်းနံပါတ်ကို ထည့်သွင်းပြီးရင် Confirmation code ကိုပို့ပေး ပါလိမ့်မယ်။ ဖြည့်ပေးလိုက်ပါ။

ဖုန်းနံပါတ်ထည့်သွင်းတဲ့အဆင့် ပြီးသွားရင် Options ထဲကိုပြန်သွားပြီး Two-factor authentication ကို နှိပ်ပါ။



ပြီးရင် Require Security Code ဆိုတဲ့ toggle ကို On ပေးပြီး Turn On ဆိုတာကို နှိပ်ပါ။


ဒါဆိုရင် confirmation code လှမ်းပို့ပေးပါလိမ့်မယ်။ အဆိုပါ code ဖြစ်တဲ့ ဂဏန်းခြောက်လုံးကို ဖြည့်ပေးပြီး Done ကို နှိပ်လိုက်ပါ။


တကယ်လို့ confirmation code တွေ မပို့ဘူးဆိုရင် backup code တွေကို screenshot လုပ်ပြီး သိမ်းထား နိုင်ပါတယ်။ ဒါဆိုရင် Instagram မှာ two-factor authentication ကို enable လုပ်ပြီးပြီဖြစ်ပါတယ်။




Credit to ==> Internet Journal





 
 
 
 
www.pyaephyo.com

Xiaomi Firmware Downloader


Xiaomi ROM (Firmware) တွေကို တကူးတက လိုက်ရှာစရာမလိုပဲ အလွယ်တကူ ဒေါင်းယူနိုင်တဲ့ Tool လေးပါ... Tool ထဲမှာ မပါသေးတဲ့ Model တွေကိုလည်း ဖြည့်စွက်နိုင်ပါသေးတယ်.. လိုအပ်သူများ အောက်မှာဒေါင်းယူနိုင်ပါတယ်ခင်မျာ...။


Thursday, April 27, 2017

Samsung Galaxy J2 Prime (G532G/F/M/H) Root & FIX Password Error (1000% Working Tested)




Samsung Galaxy J2 Prime G532x Model တွေကို  Root  ဖေါက်တဲ့အခါ အောက်ပါပုံအတိုင်း Password ခံနေတတ်ပါတယ်..။






Password ကို ဘယ်လိုမှကျော်မရရင်တော့ Firmware ပြန်တင်ပေးရတတ်ပါတယ်... Root ဖေါက်ချင်တာကိုလည်း ဘယ်လိုမှ ဖေါက်မရပဲဖြစ်နေတတ်ပါတယ်..။


အဆိုပါပြဿနာကို အောက်ပါအတိုင်း ဖြေရှင်းပေးနိုင်ပါတယ်....


(1)#. (ဘာမှမလုပ်ခင် အရေးကြီး Data တွေကို Backup လုပ်ထားပါ) Phone Setting မှ OEM unlock နဲ့ USB debugging ကို ဖွင့်ထားပါ..။





ပြီးရင် အာက်မှာတင်ပေးထားတဲ့ Samsung-Galaxy-J2-G532x_Password Error_FIX ဖိုင်လ်ကို ဒေါင်းယူပြီး Extract လုပ်ပါ (Zip ဖြည်ပါ)။ 






(2)#. Odin3 v3.11.1 ဖိုလ်ဒါကိုဖွင့်ပြီး Odin3_v3.11.1.exe ကို Run ပါ...









 AP မှ တဆင့် patch_recovery_all.tar ဖိုင်လ်ကို ထည့်ပေးပါ..။




(3)#. Phone ကို Power OFF (ပိတ်ပါ)

POWER + HOME + VOL DOWN စတဲ့ ခလုတ်သုံးခုကို တပြိုင်တည်းနှိပ်ပြီး Download Mode ကိုဝင်ပါ..။



ဖုန်းကို USB Cable ကြိုးမှတဆင့် ကွန်ပျူတာနှင့် ချိတ်ဆက်ပြီး Odin မှ Start ကို နှိပ်လိုက်ပါ။





(4)#. Root ဖေါက်ဖို့အတွက် Phone ကို Power ပြန်ပိတ်ပြီး POWER + HOME + VOL UP နှင့် Recovery Mode ကို ဝင်ပါ...



Vol Down & UP Key ကို အသုံးပြုပြီး apply update from ADB ကို Select မှတ်ကာ Power Key ကို တစ်ချက်နှိပ်လိုက်ပါ..။





အပေါ်ကပုံအတိုင်း အဆင်သင့်ဖြစ်သွားရင် ဖုန်းကို USB Cable ကြိုးမှတဆင့် ကွန်ပျူတာနှင့် ချိတ်ဆက်လိုက်ပါ...



(5)#. စောစောက Samsung-Galaxy-J2-G532x_Password Error_FIX Folder ထဲမှ SuperSU sideload installer Folder ကိုဖွင့်ပါ...






SuperSU_sideload_installer ဆိုတဲ့ Bat ဖိုင်လ်လေးကို Double Click နှင့် Run ပေးလိုက်ပါ...





သူ့ဖာသာသူအလုပ်လုပ်နေပါလိမ့်မယ်... ပြီးသွားရင် Reboot System Now နှင့် Restart ချပေးလိုက်ပါ...။







ဖုန်းပြန်တတ်လာရင် အပေါ်ကပုံအတိုင်း SuperSU လေးနဲ့ Root Access ဖြစ်နေတာကို တွေ့မြင်နိုင်ပါပြီ...။






မြန်မာစာကိုတော့ အောက်မှာ တင်ပေးထားတဲ့ Myanmar Font Installer [PC] (4xx, 5xx, 6xx) နှင့် ဖြစ်စေ ဒါမှမဟုတ်  ဒီနေရာမှ  Myanmar Font Installer APK တစ်ခုခုနှင့်ဖြစ်စေ ထည့်ပေးနိုင်ပါတယ်..။



Samsung-Galaxy-J2-G532x_Password Error_FIX


Good Luck! 


 WinKabarKyaw


Sing! Karaoke by Smule ကို VIP Unlocked အဖြစ်အသုံးပြုခြင်း [April 27,2017]


Sing! Karaoke by Smule ကို VIP Unlocked အဖြစ်အသုံးပြုခြင်း [1000% Working]
**************************************************************

မိမိ Android ဖုန်းက Root ဖေါက်ထားပြီးသားဖြစ်ရပါမယ်..။
အရင်ထည့်ထားတဲ့ Sing! Karaoke by Smule ကို (Uninstall) ထုတ်ပစ်ပြီး ဒီ  Sing! Karaoke by Smule Version (အခြား Version များမရနိုင်ပါ) ကို Install လုပ်ပါ။
ပြီးရင် ဒီ Lucky Patcher Latest Version ကိုလည်း ဒေါင်းယူ Install လုပ်ပါ..။
အဆင်သင့်ဖြစ်ပြီဆိုရင်... အောက်က Video ထဲကအတိုင်း ဆောင်ရွက်ပေးလိုက်ပါခင်မျာ....
[1000% Working Tested on 27th Apr 2017]
WinKabarKyaw

~~Myanmar Fc Keyboard_1.2.apk~~


Myanmar Application Centreမှကြိုဆိုပါတယ်
အခုတင်ပေးမဲ့Applicationလေးက ဘောလုံးဝါသနာပါပြီး
ကိုယ်ကြိုက်သက်တဲ့အသင်းရဲ့ မြန်မာkeyboardလေးထားချင်သူတွေအတွက်

အလွယ်တကူသုံးလို့ရပါတယ်
လိုအပ်ရင်အောက်လင့်မှာဒေါင်းယူနိုင်ပါတယ်
 
 
 
 
 

မိခင်တွေအတွက်ဆောင်ထားသင့်တဲ့Mate.apk


Myanmar Application Centre မှကြိုဆိုပါတယ်
အခုတင်ပေးမဲ့ Applicationလေးကတော့
မိခင်တွေ အတွက် ဆောင်ထားသင့်တဲ့ Applicationလေးပါ
မိသာစု စီမကိန်း၊ကိုယ်ဝန်ဆောင်များသိကောင်းစရာများ၊လိင်မှတဆင့်ကူးစက်သောရောဂါ၊

လိင်မှုဆိုင်ရာ ကျန်းမာရေးတွေ စသည်များစွာပါဝင်တာကြောင့်
လိုအပ်ရင် ဒေါင်းထားလို့ ရပါတယ် 
အောက်ကလင့်မှာဒေါင်းယူနိုင်ပါတယ်
 
 
 


ဒေါင်းလုပ်ဆွဲနည်းမသိသူများဖတ်ရန်

www.myanmarappscentre.blogspot.com/

Myanmar Application Centre { Download Now } အခမဲ့ဒေါင်းလုပ်ရယူပါ
 
 
 

Tuesday, April 25, 2017

Automatic Call Recorder Pro v5.25 APK


 
Android /Tablet ဖုန်း ကိုင်ဆောင်ကာ Automatic Call Recorder Pro v5.25 APK အသုံးပြုလိုသူများအတွက် နောက်ဆုံး Update တင်ပေးလိုက်ပါတယ်။

ဖုန်း call အ၀င်ရော ၊ အထွက်ရော အသံကြည်လင်လင်နဲ့(supports wav , ANR, 3gp formats. ) auto record လုပ်ပေးထားမှာပါ။

လူကြိုက်များပြီး ဖုန်းတိုင်းနဲ့ အဆင်ပြေတဲ့ application ကတော့ ရှားပါတယ်။ ဒီ application လေးကတော့ လူကြိုက်လဲများပြီး အသုံးပြုရတာလဲ ဖုန်းအားလုံးနီးပါးနဲ့အဆင်ပြေမှု့ ရှိစေပါတယ်။

ဖုန်း recoder အသုံးပြုသူတော်တော်များများလဲသိရှိပြီးသား application လေးတစ်ခုဖြစ်ပါတယ်။
 ဖိုင်ဆိုဒ်ကတော့ 5.68 MB ရှိပြီး Android Version 2.1 နှင့်အထက်ရှိတဲ့ ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။

ဆိုပါ App ကို Play Store တွင် ‎$6.99‎ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဖော်ပြပါ Download Link တွင် အခမဲ့ ရယူနိုင်မည်ဖြစ်သည်။
 
  DOWNLOAD


  Password: www.ayekyaw.org
 
 

~~Facebook Commentတွေမှာ Voice Commentပေးလို့ရတဲ့Talk&Comment_1.0.1.apk~~


Myanmar Application Centreမှကြိုဆိုပါတယ်
အခုတင်ပေးထားတဲ့ Applicationလေးကတော့
Facebookမှာ Voice Commentပေးချင်တဲ့ အကိုတွေ အမတွေအတွက် 
ဆော့ဝဲကောင်းလေးပါ

http://talkandcomment.comဆိုတဲ့ လင့်ဆိုမှ ၀င်ရောက်ပေးပါ
လိုချင်ရင်တော့အောက်ကလင့်မှာဒေါင်းယူနိုင်ပါတယ်





ဒေါင်းလုပ်ဆွဲနည်းမသိသူများဖတ်ရန်

www.myanmarappscentre.blogspot.com/

Myanmar Application Centre { Download Now } အခမဲ့ဒေါင်းလုပ်ရယူပါ
 
 
 

မြန်မာဘောလုံးပွဲတွေကိုတိုက်ရိုက်ကြည့်ရှုနိုင်တဲ့Myanmar Football Live_3.0.apk

Myanmar Application Centreမှကြိုဆိုပါတယ်
အခု Applicationလေးကတော့
မြန်မာဘောလုံးပွဲတွေကိုကြိုက်နှစ်သက်ပီး
တိုက်ရိုက်ကြည့်ရှုချင်တဲ့သူတွေအတွက်

အရမ်းကိုအဆင်ပြေစေမယ့်
Applicationလေးပါ
လိုအပ်တယ်ဆိုရင်တော့
အောက်ကလင့်မှာဒေါင်းယူနိုင်ပါတယ်
ဒေါင်းလုပ်ဆွဲနည်းမသိသူများဖတ်ရန်

www.myanmarappscentre.blogspot.com/

Myanmar Application Centre { Download Now } အခမဲ့ဒေါင်းလုပ်ရယူပါ
 
 
 

♪ “အကောင်းဆုံး micro SD ကတ်များ” ♫


Image may contain: phone and text
မလွှဲသာမရှောင်သာ စမတ်ဖုန်းတို့ တက်ဘလက်တို့ သုံးလာရပြီဆိုရင် storage card က လိုလာပါပြီ။ ကျွန်တော်တို့က ဖုန်းဆက်ရုံလောက်အဆင့်မှာ ရပ်မနေဘဲ ဓာတ်ပုံတွေ တဖြောင်းဖြောင်းရိုက်၊ သီချင်းတွေ တပြွတ်ပြွတ်သွတ် မှတော့ ဖုန်းတို့ တက်ဘလက်တို့ထဲက internal storage လည်းမခံနိုင်ဘူး။ ဒီနေ့ခေတ် အလတ်တန်းစား စမတ်ဖုန်းတစ်လုံးမှာ Storage 8 GB ဟာ စံလိုဖြစ်လာတယ်။ OS အရွယ်အစားတွေကလည်း version မြင့်လေကြီးလေ ပဲ။ ဒီကြားထဲဖုန်းထုတ်တဲ့ ကုမ္ပဏီက သူထည့်ချင်ရာ app တွေ တွဲထည့်ဦး မယ်ဆိုရင် ကုမ္ပဏီထုတ် OS ဟာ အရွယ်အစား 6 GB နီးပါးရှိလာပါတယ်။ Android မှာဆိုရင် မူရင်း storage 8 GB ထည့်ပေးထားတဲ့ စမတ်ဖုန်းဟာ ဆိုင်ကနေ ဘာညာသာရကာတချို့ထည့်ပြီးရင် နေရာလွတ် 1.5 GB ၀န်းကျင် ပဲကျန်ပါမယ်။

Micro SD ထပ်မထည့်ဘဲ ပေသုံးလို့မရဘူးလား။ ရပါတယ်။ ဓာတ်ပုံ တစ်လ လေးငါးပုံထက် ပိုမရိုက်နဲ့။ သီချင်းတွေ မထည့်နဲ့။ အင်တာနက်ကနေ download မချနဲ့။ လူအတော်များများက ဒီစည်းမျဉ်းကို မလိုက်နာနိုင်ဘူး။ ဒီတော့ Micro SD ထည့်လို့ရရင်ထည့်ပေါ့။ Micro SD Slot သီးခြားပါတာပဲ ကျွန်တော်ကြိုက်တယ်။ SIM Slot နဲ့ Share လုပ် ရတာမကြိုက်ပါဘူး။ SIM နှစ်ခုသုံးခွင့် ဆုံးရှုံးသွားလို့ပါ။ Micro SD ကတ်တွေက Class 2/4/6 နဲ့ 10 ဆိုပြီး ရှိပါတယ်။ တစ်စက္ကန့်မှာ Write လုပ်နိုင်တဲ့ MB ပမာဏပေါ်မူတည်ပြီး Class ခွဲထားတာပါ။ တစ်စက္ကန့်မှာ 4 MB write လုပ်နိုင်ရင် class 4 ပေါ့။ မြန်မာပြည်မှာ အ၀င်များတာက Class 4 နဲ့ Class 10 ဖြစ်ပါတယ်။Class 10 ထဲမှာလည်း အတန်းအစားသုံးမျိုး ထပ်ခွဲပါတယ်။ သူတို့ သုံးမျိုးမှာ Write speed မတူပါဘူး။ U နဲ့ U1 က 10 Mbps နှုန်းနဲ့ Write လုပ်နိုင်ပါတယ်။ U3 က Write speed အမြင့်ဆုံးဖြစ်ပြီး 30 MBPS အမြန်နှုန်းအထိ ရပါတယ်။ အခုနောက်ဆုံးထွက်ထားတဲ့ Ultra High Speed (UHS) ကတ်တွေကတော့ Write speed အရမ်းကိုမြင့် သွားပါပြီ။ UHS1 ကတ်တွေက 104 MBPS အမြန်နှုန်းနဲ့ Write လုပ်နိုင်တယ်။ UHS 2 ကတ်က 312 MBPS အမြန်နှုန်း ထိရပါတယ်။ ရှားပါးနေသေးတဲ့ UHS 3 ကတ်တွေက 642 MBPS အထိ ရပါတယ်။ DSLR ကင်မရာမှာရော အမြင့်တန်း စမတ်ဖုန်းတွေပါ 20 MP အထက် ဓာတ်ပုံတွေနဲ့ 4K ဗီဒီယိုတွေ ရိုက်လာလို့ UHS ကတ်တွေ သုံးလာရ တာဖြစ်ပါတယ်။

4K ဗီဒီယိုရိုက်တဲ့အခါ ချောချောမွေ့မွေ့ record လုပ်နိုင်ဖို့အတွက် Write speed က အတော်လေးအရေးပါပါတယ်။ ဒါပေမယ့် Write speed သိပ်မြင့်တဲ့ micro SD ကတ်လောက် သုံးဖို့တော့မလိုသေးပါဘူး။ U1 ကတ်လောက်သုံးရင် လုံလောက် ပါတယ်။ ကျွန်တော်တို့ စံနဲ့ဆို SDXC လောက်ဟာအတော်ပါ။ ဒါကြောင့် အသစ်ထွက်တယ်ဆိုတိုင်း၊ speed မြင့်တယ်ဆိုတိုင်း ၀ယ်သုံးဖို့ မလိုပါဘူး။ ပိုက်ဆံဖြုန်းရာကျပါတယ်။ micro SD တွေက အခုနောက်ပိုင်းမှာ ဖုန်းနဲ့တက်ဘလက် သီးသန့်သုံးဆိုရင် SD adapter မပါတော့ဘူး။ စွယ်စုံ သုံးနိုင်အောင်ဆိုရင် SD adapter အကြီးပါတဲ့ဟာမျိုးကို ၀ယ်စေချင်ပါတယ်။ မြန်မာပြည်မှာ micro SD ကတ်တွေ အမျိုးအစားအတော်များများဝင်ပါတယ်။ Sandisk ကတော့ ကျွန်တော်အကြိုက်ဆုံးပါ။ ဒါပေမယ့် ကမ္ဘာ့ ပညာရှင်တွေ သတ်မှတ်တဲ့ အကောင်းဆုံး micro SD ကတ်တွေက ဒီလိုခင်ဗျ။

<Samsung Pro +>

အကောင်းဆုံးအဆင့်မှာရှိနေပြီး ဈေးလည်းအတော်ကြီးပါတယ်။ 32 GB ကတ်တစ်ခုဟာ ဒေါ်လာလေးဆယ်ကျော်ရှိပါ တယ်။ ဈေးလည်းကြီးပေမပေါ့။ UHS 1 ကတ်ပေကိုး။ 4K ဗီဒီယိုဆရာတွေအတွက် အသင့်တော်ဆုံးပါ။ reading speed 18 MBPS ရှိပြီး Writing speed 75.5 MBPS ရှိပါတယ်။ Random read / write မှာ အကောင်းဆုံးအဆင့်ရပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ Laptop ကွန်ပျူတာတွေမှာသုံးဖို့ သင့်တော်ပါတယ်။ စမတ်ဖုန်းရဲ့ 4K ဗီဒီယိုအတွက်ဆိုရင် ဒီကတ်က အကောင်းလွန်နေပါတယ်။ စမတ်ဖုန်းနဲ့ရိုက်တဲ့ 4K ဗီဒီယိုက bit rate နိမ့်တယ်။ ဒီလောက် Write မှာ Speed မြန်တဲ့ micro SD မလိုပါဘူး။ 1080 p နဲ့ Full HD ဗီဒီယိုရိုက်တဲ့ ကင်မရာကြီးတချို့အတွက် လိုကောင်းလိုနိုင်ပါတယ်။ တစ်သက်တာ အာမခံရမှာ မဟုတ်ဘဲ ဆယ်နှစ်အာမခံပဲရပါမယ်။

<Lexar 633X>

Samsung Pro + ထက် အတော်လေးဈေးသက်သာပါတယ်။ 32 GB ကတ် ဟာ (၁၈) ဒေါ်လာကျော်ပဲရှိပါတယ်။ U1 ကတ်ဖြစ်ပေမယ့် အမြင့်ဆုံး Write Speed ဟာ Samsung U3 ကတ်နဲ့ အတူတူရပါတယ်။ Sequential read 78.1 MBPS ပဲရပြီး Sequetial Write Speed 42-7 MBPS ပဲရလို့ ဒုတိယနေရာမှာ နေခဲ့ရတာပါ။ ဒါပေမယ့် 4K ဗီဒီယို ရိုက်ကူးရေး မှာသုံးဖို့တော့ လုံလောက် နေပါသေးတယ်။ Gopro က ထုတ်တဲ့နာမည်ကြီး အမြန်ရိုက် ကင်မရာ တွေဖြစ်တဲ့ Hero 4 နဲ့ Hero 5 ကင်မရာတွေမှာသုံးနိုင်တယ်လို့ Gopro က ထောက်ခံချက်ပေးထားပါတယ်။

တက်ဘလက်၊ စမတ်ဖုန်းနဲ့ Laptop ကွန်ပျူတာတွေမှာ သုံးဖို့လည်း သင့်တော် ပါတယ်။ ပုံမှန် read speed မှာ Samsung ကတ်တွေထက်သာပေမယ့် Write speed မှာ နည်းနည်းနှေးပါတယ်။ ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်ကိုတွဲပြီး စဉ်းစား မယ်ဆိုရင်တော့ အတော်လေးဝယ်ပျော်တဲ့ကတ်ပါ။ Full size SD ကတ်အဖြစ် သုံးနိုင်မယ့် adapter ပါပါတယ်။ USB 3.0 နဲ့ သုံးနိုင်မယ့် adapter ဖြစ်လို့ တန်ဖိုးရှိပါတယ်။ စမတ်ဖုန်းထဲကဓာတ်ပုံတွေကို PC ထဲလွှဲပို့မယ်ဆိုရင် မြန်ဆန်ပါလိမ့်မယ်။

<Lexar 1000 X>

ဒုတိယနေရာမှာရှိတဲ့ Lexar 633X ထက် ပိုပြီးဈေးကြီးပါတယ်။ ပထမနေရာ မှာရှိတဲ့ Samsung Pro + ထက် ဈေး နည်းနည်းပဲ သက်သာပါတယ်။ အလုပ် လုပ်ရာမှာ ပိုပြီးမြန်ဆန်တယ်ဆိုတဲ့ UHS-11 bus ကို သုံးထားပါတယ်။ ဒါပေမယ့် ကိုယ့် device က Support လုပ်ဖို့ လိုပါတယ်။ U 3 ကတ်အမျိုး အစားဖြစ်ပေမယ့် အလုပ်လုပ်ပုံနှေးပါတယ်။ Sequential Write speed 54 MBPS ရပေမယ့် random write speed က 1.35 MBPS ပဲရှိပါတယ်။ Sequential read မှာ အတော်လေးမြန်တယ်။150 MBPS အထိရှိပါတယ်။ HD အဆင့် ဗီဒီယိုတွေ MP အမြင့်ဓာတ်ပုံတွေ ရိုက်တယ်ဆိုရင်တော့ သုံးပျော်တဲ့ ကတ်တစ်ခုပါ။ Full size SD အနေနဲ့သုံးနိုင်ဖို့ USB 3.0 adapter ပါပါတယ်။ USB 3.0 ကြောင့် 9.33 GB ရှိတဲ့ ဗီဒီယိုဖိုင်တွေကို လွှဲပြောင်းရာမှာ ၇၀ စက္ကန့် ပဲကြာပါတယ်။ စက္ကန့် ၁၅၀ ကြာတဲ့ Samsung Pro + ထက် ပိုမြန်ပါတယ်။

<Samsung EVO +>

ဝယ်ပျော်အောင် ဈေးအသက်သာဆုံးလုပ်ပေးထားတယ်။ 32 GB ကတ်တစ်ခု ဟာ ၁၅ ဒေါ်လာကျော်ပဲကျပါတယ်။ Class 10 ကတ်ပါ။ Speed အနေနဲ့ ပြောရင် U 1 အဆင့်ပါ။ ဖုန်းနဲ့တက်ဘလက်မှာသုံးဖို့လောက်တော့ လုံလောက်ပါတယ်။ အမြင့်ဆုံး read speed 81 MBPS ဖြစ်ပြီး အမြင့်ဆုံး Write speed 35 MBPS ဖြစ်ပါတယ်။ 4K ဗီဒီယိုတွေ အတွက် Random read speed 7.9 MBPS ဖြစ်ပြီး Random write speed 2 MBPS ဖြစ်ပါတယ်။ U1 ကတ်အတော်များများထက် လက်ခံနိုင်တဲ့ အခြေအနေရှိပါတယ်။ ရေစိုဒဏ် ခံတယ်၊ အပူချိန် (-85°C) ကနေ (58°C) ကြားမှာ အလုပ်လုပ်နိုင်တယ်။ ဓာတ်ရောင်ခြည်ဒဏ် ခံနိုင်တယ် ဆိုတာကို သုံးစွဲသူတွေ သဘောကျမှာပါ။ Bit rate မြင့်တဲ့ 4K ဗီဒီယိုမရိုက်သရွေ့ အဆင်ပြေမယ့်ကတ်ပါ။


နောင်စိုး (ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal