Wednesday, April 19, 2017

Root ​ဖောက်​ရခြင်း၏ အ​ကြောင်း အရင်း (၁၀) ချက်​ (သို့မဟုတ်​) Root ​ဖောက်​ခြင်း၏ ​ကောင်းကျိုးများ


ဝန်ခံချက်

။ ။ ယခု Post မှာ ( XDA Developers) များမှ တရားဝင်ရေးဆွဲထားသော Root အကြောင်း ဆော့ဖ်ဝဲတစ်ခုမှ Top Ten Reasons Why We Root  စာပိုဒ်ကို English ဘာသာမှ နားလည်လွယ်အောင် တောသားလေး (ကောင်းခန့်ကျော်) မှ အနီးစပ်ဆုံး ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

ငြင်းဆိုချက်

။  ။ ကျွန်တော် Root Access ရယူခြင်းကို နှစ်သက်ပါသည်။ ကျွန်တော် ကိုင်ဖူးသမျှ ဖုန်းတိုင်းကိုလည်း Root ဖောက်ပြီး ကိုင်ခဲ့ပါသည်။ သို့သော် ROOT အကြောင်းကို အတော်အတန် နားမလည်ဘဲ ROOT မဖောက်ကြပါရန် အကြံပြုချင်ပါသည်။ ROOT အကြောင်း နားမလည်ဘဲ ROOT ဖောက်ပြီှး ဖြစ်လာသော ပြဿ       နာ များကို တောသားလေးမှ တာဝန်ယူမည် မဟုတ်ပါ။

Android သည်​ ဖုန်း၏ system လုပ်​​ဆောင်​ချက်​များကို စိတ်​ကြိုက်​ ပြု ပြင်​နိုင်​​သော အရှင်းလင်းဆုံး စနစ်​တစ်​ခု ဖြစ်​သည်​။ သင်​သည်​ သင်​၏ ဖုန်းကို root ​ဖောက်​စရာ မလို ဟု ထင်​​ကောင်းထင်​ပါလိမ့်​မည်​။ သို့​သော်​ root ​ဖောက်​ခြင်းအားဖြင့်​ အလုပ်​အနည်း ငယ်​ ပြု လုပ်​ရုံနှင့်​ များစွာပြီး​မြောက်နိုင်​သည်​ကို​တော့ သင်​ အံ့သြသွားပါလိမ့်မည်​။ ​အောက်​တွင်​ ကမ္ဘ္ဘာတစ်​ဝှမ်းရှိ Android ဖုန်းကိုင်​သူများ၏ root ​ဖောက်​ရခြင်း အဓိက အ​ကြောင်းအရင်း (၁၀) ချက်​ကို ​ဖော်​ပြထားသည်​။

(၁)  မိမိဖုန်းနှင့်​ မကိုက်​ညီ​သော App များကို install လုပ်​နိုင်​ခြင်း နှင့်​ ​ပျောက်​ကွယ်​​နေ​သော Feature များကို Unlock လုပ်​နိုင်​ခြင်း          

တစ်​ခါတစ်​ရံတွင်​ Android သည်​ သင်​လိုချင်​​သော permittions ၊ စွမ်း​ဆောင်​ချက်​များနှင့်​ Feature အချို့ကို သုံးခွင့်​​ပေးမထားပါ။ App တစ်​ခုကို ၎င်းကုမ္ပဏီများက block ထားလျှင်​ဖြစ်​​စေ ၊ Android ၏ System file အတွင်း သို့ ထည့်မထားလျှင်​ဖြစ်​​စေ ထို app ကို System အဖြစ် ပြောင်းလဲခွင့် မရနိုင်​ပါ။ Root ​ဖောက်​ခြင်းသည်​ ၎င်းကုမ္ပဏီများမှ block ထား​သော app များကို install လုပ်​နိုင်​ခြင်း ၊ System app များအဖြစ် ပြောင်းလဲနိုင်ခြင်း ၊ Android ၏ ​နောက်​ဆုံး​ပေါ် Version (Firmware) မှ feature များ ရနိုင်​ခြင်း ၊ မကိုက်​ညီ​သော app များကို ကိုက်​ညီ​အောင်​ ပြုလုပ်​​ပေးနိုင်​ခြင်း ၊ သင့်​ဖုန်း၏ Hardware ပိုင်းကို စွမ်းအားမြှင့်​​ပေးနိုင်​ခြင်း ၊ Audio ပိုင်းကို စည်းချက်​မှန်​၍ ​ကောင်းမွန်​​အောင်​ ပြုလုပ်​​ပေး နိုင်​ခြင်း ၊ Moto X ဖုန်းကဲ့သို့ အသံပိုင်းဆိုင်​ရာတွင်​ အထူးသီးသန့်​ Feature များကို ထိုစက်​၏ အရည်​အ​သွေးအတိုင်း အသုံးပြု နိုင်​ခြင်း စ​သည်​တို့ကို ကံ​ကောင်း​ထောက်​မစွာ ကူညီ​ပေးနိုင်​ပါသည်​။ root ​ဖောက်​ခြင်း သည်​ သင်​လိုချင်​​သော မည်​သည့်​အရာပင်​ဖြစ်​​စေ ထိုအရာများကို ပိုမို ​အောင်​မြင်​ပြီး​မြောက်​ရန်​အတွက်​ စွမ်း အား​ပေးနိုင်​ပါသ​ည်​။

 

(၂) app တိုင်းကို အလိုအ​လျှောက်​ ပြုလုပ်​​စေနိုင်​ခြင်း ၊ ရပ်​တန့်​​စေနိုင်​ခြင်း

       

   သင်​၏ ဖုန်းတွင်​ Tasker ဟု​ခေါ်​သော back ထွက်​လိုက်​​သော်​လည်း ဆက်​လက်​၍ အလိုအ​လျှောက်​ လုပ်​​ဆောင်​​နေ​သည့်​ app များကို သင်​ ကြား​ကောင်း ကြားဖူးပါလိမ့်​မည်​။ ထို app များကို ပိတ်​ရန်​နှင့်​ စီမံခန့်​ခွဲရန်​ အတွက်​ root မလိုအပ်​ပါ။ သို့​သော်​ သင်​ root ​ဖောက်​ထားလျှင်​ ထို app တစ်​ခုလုံးကို ပိုမို စနစ်​တကျ စီမံခန့်​ခွဲနိုင်​သည်​။ အင်​တာနက်​လိုင်း (3G) နှင့်​ ဂြိုလ်​တုစနစ်​ (GPS) တို့ကို အသုံးပြု​သော Task များ ၊ CPU ၏ အရှိန်​ကို ပြင်​ဆင်​နိုင်​​သော Task များ ၊ Screen ပွင့်​​နေ​စေ​သော Task များ နှင့်​ အခြား Task များ စသည့်​ Task အချို့ကို စီမံခန့်​ခွဲ၍ ထိန်းချုပ်​ရန်​ root access ( root ​ဖောက်​ရန်​ ) လိုအပ်​သည်​။ ထို့​ကြောင့်​ သင်​သည်​ Tasker ကဲ့သို့​သော app တစ်​ခု၏ အကျိုး​ကျေးဇူးကို အပြည့်​အဝ ခံစားချင်​လျှင်​ သင်​၏ ဖုန်းကို root ​ဖောက်​ရမည်​မှာ အ​သေအချာပင်​ ဖြစ်​သည်​။

(၃) သင့်​ဖုန်း၏ သွက်​လက်​မှုနှင့်​ ဘတ္ထရီသက်​တမ်းကို မြှင့်​တင်​​ပေးခြင်း

    

   root မ​ဖောက်​ဘဲ သင်​သည်​ သင်​၏ ဖုန်းသွက်​လက်​မှုနှင့်​ ဘတ္ထရီသက်​တမ်းကို မြှင့်​တင်​ရန်​ နည်းလမ်းများစွာဖြင့်​​ ဆောင်​ရွက်​နိုင်​ပါသည်​။ သို့​သော်​ root ​ဖောက်​ထားလျှင်​ သင့်​ဖုန်းသည်​  အမြဲတမ်း သွက်​လက်​ပြီး ဘတ္ထရီ သက်​တမ်းကို ရှည်​ကြာ​စေအောင် ပြင်ဆင်နိုင်ပါလိမ့်မည်​။ ဥပမာအားဖြင့်​ CPU ကို ပြင်​ဆင်​နိုင်​​သော app တစ်​ခုနှင့်​ CPU ကို အနည်းငယ်​ မြှင့်​ခြင်းဖြင့်​ သင်​၏ ဖုန်းကို များစွာ သွက်​​စေနိုင်​သကဲ့သို့ CPU ကို ​လျှော့ခြင်းဖြင့်​လည်း ဘတ္ထရီသက်​တမ်းကို မြှင့်​တင်​နိုင်​ပါသည်​။ သင်​မဖွင့်​မီ ​နောက်​ကွယ်​တွင်​ အလိုအ​လျှောက်​ အလုပ်​လုပ်​​နေ​သော app များကို ပိတ်​နိုင်​​သော application ကိုလည်း root ​ဖောက်​ထားခြင်းဖြင့်​ အသုံးပြုနိုင်​ပါသည်​။

(၄) မည်​သည့်​ app မှမဆို ​ads (​ကြော်​ငြာများ) ကို block (ပိတ်​) ထားနိုင်​ခြင်း

   

  ရှုပါ​လော့!! အခါအား​လျော်​စွာ ထည့်​သွင်းထား​သော ​ကျွနု​ပ်​တို့ ​ဝင်ငွေရှာရာဖြစ်​သည့်​ ကြော်​ငြာများ၏ လိုအပ်​ချက်​ ကို ကျွနု​ပ်​တို့အားလုံး နားလည်​ သ​ဘော​ပေါက်​ကြပါ၏။ သို့​သော်​ ထို​ကြော်​ငြာများသည်​ ကျွနု​ပ်​တို့၏ ဖုန်း လက်​ကျန်​​ငွေများနှင့်​ Internet​ traffic (အင်​တာနက်​ သုံးစွဲရန်​ ​ပမာဏ) များ ၊ ကိုယ်​​ရေးကိုယ်​တာ အချက်​အလက်​များကို ရယူသွားနိုင်​ပါသည်​။ အချို့ဖုန်းများနှင့်​ app များမှ ​ကြော်​ငြာများကို သင်​ ပိတ်​ထားချင်​လျှင်​ root ​ဖောက်​ခြင်းသည်​ ထိုကဲ့သို့ ပြုလုပ်​ရန်​ အ​ကောင်းဆုံး နည်းလမ်းဖြစ်​သည်​။ ​ကြော်​ငြာ အား အခမဲ့ ပြုလုပ်​နိုင်​ခြင်း ၊ ​ကြော်​ငြာအား ပိတ်​နိုင်​ခြင်းနှင့်​ ​ကြော်​ငြာများ ပယ်​ဖျက်​နိုင်​ခြင်း တို့သည်​ ကြီးမား​သော option (​ရွေးပိုင်​ခွင့်​)  ကြီးပင်​ ဖြစ်​သည်​။ တစ်​ကယ်​​တော့ သင်​၏ ဖုန်းကို root ​ဖောက်​မထားလျှင်​ သင့်​ဖုန်းသည်​ pinch တစ်​ခုအတွင်း အလုပ်​လုပ်​​နေ​သော Feature တစ်​ချို့ကို သုံးစွဲခွင့်​ ​ပေးမည်​မဟုတ်​ပါ။

(၅) မည်​သည့်​ data မျှ ပျက်​စီးမှုမရှိဘဲ backup လုပ်​နိုင်​ခြင်း

     

သင်​သည်​ Android ဖုန်း အသစ်​တစ်​လုံး ​ပြောင်းကိုင်​လျှင်​ ​သော်​လည်း​ကောင်း ၊ အ​ကြောင်း​ကြောင်း​ကြောင့်​ သင့်​ဖုန်းကို restore လုပ်​လိုလျှင်​​သော်​လည်း​ကောင်း သင်​ ပထမဆုံး သင်​၏ app များ နှင့်​ setting များကို backup လုပ်​ရမည်​ ဖြစ်​သည်​။ သင့်​ device အား Root ​ဖောက်​လိုက်​လျှင်​ လုပ်​​ဆောင်​ချက်​ အနည်းမျှဖြင့်​ သင့်​ဖုန်း၏ setup တစ်​ခုလုံးကို backup လုပ်​နိုင်​သည်​။ Root မ​ဖောက်​ ရ​သေးပါက app နှင့်​ data များ စသည့်​ အရာ အနည်းငယ်​ကိုသာ backup လုပ်​နိုင်ပြီး လိုအပ်​​သော system app များနှင့်​ ထို app တို့၏ data များ ၊ Titanium backup ( စက်​ process တစ်​ခုလုံး၏ သတင်း အတိုအထွာ များကို backup လုပ်​ခြင်း ) မလုပ်​နိုင်​ပါ။

(၆) ဖုန်းရှိ အလိုအလျောက် Install လုပ်​ထားပြီး​သော Crapware များကို ဖယ်​ရှားနိုင်​ခြင်း

     

    Titanium backup သည်​ ဖုန်းများစွာတို့၌ ဦးစွာ Install လုပ်​ထားပြီးသည့်​ စိတ်​ အ​နှောင့်​အယှက်​ ဖြစ်​​စေ​သော ၊ battery အားကုန်​မြန်​​စေ​သော ၊ memory ​နေရာလွတ်​များကို ဖြုန်းတီး​နေ​သော Crapware များကို unistall လုပ်​နိုင်​ပါသည်​။ ထိုကဲ့သို့​သော Feature ကို root ​ဖောက်​မှသာ ရနိုင်​သည်​။ သင့်​ဖုန်းကို ထို Crapware များ မပါဘဲ ပုံမှန်​ လုပ်​​ဆောင်​နိုင်​ရန်​ ပထမဆုံး ၎င်း Crapware များကို Freeze လုပ်​ပါ။ ထို့​နောက်​ ဖုန်း၏ ​memory ​နေရာလွတ်​ တိုးလာ​စေရန်​ ထို Crapware များကို အပြီး ဖျက်​ပစ်​လိုက်​ပါ။

[Freeze လုပ်နည်းကို ကျွန်တော့် Blog တွင် နောက်မှ ဖော်ပြပေးသွားပါမည်။ တောသားလေး (ကောင်းခန့်ကျော်) ]

(၇) Android apk များအား ပြင်​ဆင်​နိုင်​ခြင်း

      

  သင်​သည်​ ဖုန်း၏ Feature အသစ်တိုင်းနှင့်​ ကလိတတ်​​သောသူ ဖြစ်​လျှင်​ root ​ဖောက်​ခြင်းသည်​ သင့်​အတွက်​ အ​ကောင်းဆုံး ဖြစ်​သည်​။ သင့်​ Keyboard ၏ layout ပိုင်းကို Keyboard Manager ကဲ့သို့​သော application တစ်​ခုခုနှင့်​ ပြင်​ဆင်​ချင်​လျှင်​ ​သော်​လည်း​ကောင်း ၊ သင်​ကိုယ်​တိုင်​ စာ​ရေးရာတွင်​ ပိုမို သွက်​လက်​​စေခြင်း ၊ အဆင့်​မြှင့်​ပြီး လက်​ကွက်​များ နှင့်​ အခြား အပို theme များကို Pimp My ROM နှင့်​ ပြင်​ဆင်​ထည့်​သွင်း ချင်​လျှင်​ ​သော်​လည်း​ကောင်း Root ​ဖောက်​ခြင်းသည်​ သင့်​စိတ်​ကူးအတိုင်း ဖန်​တီးရန်​ စွမ်းအင်​ ​ပေးနိုင်​ပါသည်​။ သင်​ ထိုသို့လုပ်​လျှင်​ XDA နည်းပညာအသင်းကြီးသည်​ တစ်​စုံတစ်​ရာ ကူညီနိုင်​​သော အ​သေးစား app သိုမဟုတ်​ tweak တစ်​ခု ကို ဖန်​တီးသကဲ့သို့ ​ပြောင်းလဲမှုများသည်​ forum တစ်​ခုကို ​ကျော်​လွန်​​အောင်​ ​ဆောင်​ရွက်​​စေနိုင်​ပါသည်​။ System app အဖြစ်လည်း ပြောင်းလဲနိုင်ပါသည်။

(၈) Custom Kernel တစ်​ခုကို Flash လုပ်​နိုင်​ခြင်း

    

  Android တစ်​ချို့၏ under-the-hood tweak များသည်​ root​ ဖောက်​ထား​သော ဖုန်းဖြင့်​သာလျှင်​ flash လုပ်​နိုင်​​သော custom kernel တစ်​ခု လိုအပ်​ပါသည်​။ Kernel သည်​ သင့်​ app များနှင့်​ ဖုန်း၏ Hardware ပိုင်းကို ဆက်​သွယ်​ရန်​ ကူညီပါသည်​။ ဆိုလိုသည်​မှာ Custom kernel တစ်​ခုသည်​ သင့်​ကို performance များ ပိုမို ​ကောင်းမွန်​စေခြင်း ၊ ဘတ္ထရီသက်​တမ်းကို ရှည်​ကြာ​စေခြင်း နှင့်​ ဘတ္ထရီအားဖြည့်​လျှင်​ လျှင်​မြန်​စွာ အားပြည့်​​စေခြင်း (အားဖြည့်​လျှင် backgroud data များကို ပိတ်ပေးထားခြင်း) ၊ အခြား feature အများအပြားကို ​ပေးစွမ်းနိုင်​ပါသည်​​။ သင်​သည်​ kernel များအား Kernel manager ကဲ့သို့ တစ်​ခုခုဖြင့်​ တစ်​ဆင့်​ချင်း သို့မဟုတ်​ ရိုးစင်းစွာ flash လုပ်​နိုင်​ပါသည်​။

(၉) Custom ROM တစ်​ခုကို Flash လုပ်​နိုင်​ခြင်း

   

   သင်​ ယခု Feature ကို သိပြီး ဖြစ်​​ကောင်း ဖြစ်​ပါလိမ့်​မည်​။ သို့​​သော်​ ၎င်းသည်​လည်း root ​ဖောက်​ခြင်း၏ အ​ကောင်းဆုံး အကျိုး ရလဒ်​တစ်​ခု ဖြစ်​ပါသည်​။ Custom ROM တစ်​ခုသည်​ Android  Custom version တစ်​ခု၏ အ​ခြေခံ ဖြစ်​သည်​။ ထို့ပြင်​ သင်​၏ ဖုန်းအသုံးပြုပုံ ကိုပါ ​ပြောင်းလဲပစ်​ နိုင်​ပါသည်​။ Custom ROM အချို့သည်​ Android ၏ stock version တစ်​ခုကို stock version မဟုတ်​​သော ဖုန်းအဖြစ်​ ​ပြောင်း​ပေးခြင်း သို့မဟုတ်​ Android ၏ Version အ​ဟောင်းတစ်​ချို့ကို အသစ်​အဖြစ်​ ​ပြောင်း​ပေးခြင်း စ​သော စွမ်းရည်​တို့ကို အလွယ်​တကူ ​ဆောင်​ကြဉ်း​ပေးနိုင်​ ပါသည်​။ Custom ROM တစ်​ချို့သည်​ Handy feature အသစ်​ တို့ကို ​ပေးစွမ်းနိုင်​သည်​။ အချို့သည်​ ပြိုင်​ဘက်​ကင်း Feature အစစ်​အမှန်​ အများအပြားကို ​ပေးစွမ်းနိုင်​သည်​။ အချို့သည်​ သင့်​ဖုန်း၏ system လုပ်​​ဆောင်​ချက်​ အားလုံးကို ​ခြေဆုံး​ခေါင်းဆုံး ​ပြောင်းလဲပစ်​ နိုင်​​ပေသည်​။ သင့်​ဖုန်းသည်​ Nexus ဖုန်း အမျိုးအစားပင်​ ဖြစ်​​နေပါ​စေ မည်​သို့​သော ဖုန်းပင်​ ဖြစ်​​စေ အ​ကြောင်းမဟုတ်​ပါ။ ကျွနု​ပ်​တို့သည်​ root ​ဖောက်​ခြင်းဖြင့်​ Custom ROM များကို စိတ်ကြိုက်တင်ပြီး Feature အလန်းများကို ရယူရန် အကြံပြု လိုက်​ပါသည်​။ သင့်ကို ဘယ်​​တော့မှ စိတ်​ မချမ်းမသာ မဖြစ်​​စေပါ။သို့သော် မိမိတင်လိုသော Custom ROM သည် Error လုံးဝမရှိ သို့မဟုတ် Error အနည်းဆုံး ဖြစ်သင့်ပြီး စမ်းသပ်ဖူးသူ အတန်အသင့် ရှိသင့်ပါသည်။ မှတ်​ချက်​။ ။ သင်​ ဖတ်​ဖူး​သော စာအုပ်​များနှင့်​ အ​တွေ့အကြုံ များတွင်​ Custom ROM တစ်​ခုကို Flash လုပ်​ရန်​ အမှန်​တကယ်​ပင်​ root access မလိုအပ်​ဘူး ဟု ဆိုလျှင်​​သော်​မှ သင့်​ bootloader ( တစ်​ခါတစ်​ရံ root access နှင့်​အတူ ကွယ်​​ပျောက်​​နေ​သော process တစ်​ခု ) ကို Unlock လုပ်​ရန်​ လိုအပ်​ပါလိမ့်​မည်​။ Root ​ဖောက်​ခြင်းသည်​ ထုတ်​လုပ်​သူ၏ ကန့်​သတ်​ ထားမှု ​အောက်​မှလည်း ကင်းလွတ်​စေနိုင်ပါသည်။ ထို့ကြောင့် ထိုထုပ်လုပ်သူ၏ နည်းပညာ စာရင်းပင် ဝင်သော်ငြားလည်း ထိုစွမ်းရည်ကို ထိန်းသိမ်းထားနိုင်ပါသည်။

(၁၀) သင့်ဖုန်းအား သင် အမှန်တကယ် ပိုင်ဆိုင်စေခြင်း

 

  နောက်ဆုံးတွင် အထက်တွင် ဖော်ပြခဲ့သော root ဖောက်ခြင်း၏ စွမ်းရည်အားလုံး တို့သည် အောက်ပါအချက် တစ်ချက်တည်း ကိုသာ ရည်ညွှန်းပါသည်။ ထိုအချက်မှာ သင်သည် သင့်ဖုန်းကို စိတ်ရှိတိုင်း ပြုပြင်နိုင်၍ သင့်ကို အမှန်တကယ် ပိုင်ဆိုင်စေခြင်း ပင်ဖြစ်သည်။ ထုတ်လုပ်သူများနှင့် ကုမ္ပဏီများသည် ထိုအချက်ကို ထိန်းသိမ်းနိုင်ရန် ကြိုးစားနေကြသည်။ သို့သော် root access သာ ရလျှင် သင့်ဖုန်းကို အမှန်တကယ် ပိုင်ဆိုင်နိုင်ပြီး ထုတ်လုပ်သူများက ပိတ်ပင်နိုင်ရန် ကြိုးစားနေသော အခြား party များ၊ အခွင့်အလမ်းများ အားလုံးကို သင်ကိုယ်တိုင် ဖွင့်ပစ်နိုင်ပါသည်။ ကျွန်တော်သည် အများအားဖြင့်​ အခြားသူများ၏ ဖုန်း များကို Root ​ဖောက်​ရန်​ မတိုက်​တွန်း ပါ။ သို့​သော်​ ​နောက်​ဆုံးတွင်​ Root ​ဖောက်​ခြင်းဖြင့်​ ရလာသည့်​ ထိန်းချုပ်​နိုင်​မှု စွမ်​ရည်များ ၊ အခွင့်​အလမ်းများ စသည်​တို့ကို သင်​ တန်​ဖိုးဖြတ်​နိုင်​လိမ့်မည်​ မဟုတ်​ပါ။ Root နှင့်ပတ်သတ်၍ နောက်ထပ် သိရှိလိုပါက ကျွန်တော့်ထံ Email မှတစ်ဆင့် ပေးပို့မေးမြန်းနိုင်ပါသည်။ ဆရာမဟုတ်ပါခင်ဗျာ။ သိသမျှ ပြန်ဖြေပေးပါမယ် ။

Translated by : Taw Thar Lay .
Ema
 
 
 

No comments:

Post a Comment