Thursday, June 30, 2016

Sing! Karaoke by Smule 3.8.1 APK




Update On, 24 June 2016
Update Version,  Smule v3.8.1
File Size, 38.9 MB
Smule v3.8.1 အောက်ပါလင့်ခ်တွင်ဒေါင်းလုတ်ရယူနိုင်ပါပြီ။

Smule တွင် စတင်အသုံးသူသည် အကောင့်ပြုလုပ်ပြီးမှ တခြားသူများသီဆိုထားသော MP3 နှင့် MP4 များကို လိုက်လံကြည့်ရှုနိုင်မှာဖြစ်ပြီး
 မိမိကိုယ်တိုင်လည်း မိမိသီဆိုချင်သည့် သီချင်းအား Smule ထဲတွင်ရိုတ်ရှာပြီး MP3 နှင့် MP4 ကြိုက်ရာကိုရွေးချယ်ကာ ကာရာအိုကေသီဆိုနိုင်မှာဖြစ်ပါတယ်။
သီချင်းသီဆိုရာတွင် တစ်ဦးတည်းသီဆိုခြင်း , စုံတွဲသီဆိုခြင်းနှင့် အဖွဲလိုက်သီခြင်း ဆိုပြီးတော့ ရွေးချယ်နိုင်ပါတယ်။ 
မိမိရှာဖွေလိုက်သော သီချင်းဟာ တီးလုံးနှင့်နောက်ခံအသံလေးဘဲ လာနေမှာဖြစ်လို့ ကိုယ်ကိုတိုင်သီချင်းဆိုပေးရမည်ဖြစ်ပါတယ်။ နာချပ်တပ်ပြီးသီဆိုပါက အသံအရည်အသွေးအလွန်ကောင်းမွန်မှာဖြစ်ပါတယ်။ ဖုန်းဖြင့်ကာရာအိုကေသီဆိုရန် အကောင်းဆုံး SmuleSing Aplication နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဖုန်းထဲကသီချင်းတွေနဲ့ သီဆိုချင်ပါက http://www.smule.com/ ကိုသွားကာ ကိုယ့်ရဲ့အကောင့်ကို Login ၀င်လိုက်ပြီး Upload နေရာမှာ သီချင်းကိုတင်ပေးလိုက်ပါ ဒါဆိုရင် Smule App ရဲ့ ကိုယ့်အကောင့်ထဲမှာသီချင်းရောက်နေပါလိမ့်မယ် ဒါဆိုရင် ဆိုလို့ ရပါပြီ။
မိမိသီဆိုပြီးသော သီချင်းဟာ Smule ရဲ့ News Feed ပေါ်သို့ ရောက်ရှိသွားမှာဖြစ်ပြီး မိမိနှင့်သူငယ်ချင်းဖြစ်နေသူများရဲ့ News Feed တွင်သွားပေါ်နေမည်ဖြစ်ပါတယ်။ ဆိုရှယ်တစ်ခုကဲ့သို့ အသုံးပြုနိုင်တဲ့ Smule တွင် သူငယ်ချင်းတွေ အချင်းချင်းအပြန်အလှန် မက်ဆေ့များပေးပို့ နိုင်မှာဖြစ်ပါတယ်။
VISA Card , Master Card ရှိသူများကတော့ VIP ၀ယ်ယူပြီး သီဆိုနိုင်ပါတယ်။
ကိုယ်နှစ်သက်ရာသီချင်းနဲ့ တစ်ဦးတည်းဖြစ်စေ စုံတွဲသီချင်းဖြစ်စေ အဖွဲလိုက်ဖြစ်စေ ကာရာအိုကေ သီဆိုဖို့  အခုဘဲ Smule Application ကိုစမ်းသုံးကြည့်ရအောင်။
App ၏ File Size မှာ 46 MB မျှရှိပြီး Android OS Version 4.0.3 နှင့်အထက်ဖုန်းများတွင် ထည့်သွင်းအသုံးနိုင်ပါသည်။

   

   



ဗားရှင်းအသစ် TubeMate v2.2.9 Apk

TubeMate နဲ့ Youtube မှာ ဗီဒီယိုတွေကို ဒေါင်းလုပ်ဆွဲရတာ မြန်ဆန်လို့အဆင်ပြေကြတဲ့ မိတ်ဆွေများတွက် TubeMate v2.2.9 ဗားရှင်းအသစ် ကိုအခုဘဲဒေါင်းယူနိုင်ပါပြီ။
TubeMate v2.2.9 ဒေါင်းယူရန်

မိမိမျက်နှာပေါ်မှာ မြန်မာနိုင်ငံအလံတံဆိပ်လေးနဲ့ လန်းနိုင်တဲ့ FlagFace v2.0.17 Apk



မိမိမျက်နှာပေါ်မှာ နိုင်ငံတကာအလံတံဆိပ်လေးတွေနဲ့ ဒီဇိုင်းလန်းလန်းလေးဖန်တီးနိုင်တဲ့ FlagFace v2.0.17 လေးကိုတင်ပေးလိုက်ပါတယ်။နိုင်ငံတကာရဲ့ အလံများအပြင်  ကျန်ေတို့ မြန်မာနိုင်ငံအလံလေးလဲပါဝင်လာပါတယ်။ File Size မှာ 25 MB မျှရှိပြီး Android OS Version 4.0 နှင့်အထက်ဖုန်းများတွင်ထည့်သွင်းအသုံးပြုနိုင်ပါသည်။
နှစ်သက်သူများတွက် အောက်ပါလင်ခ့်မှဒေါင်းလုတ်ရယူနိုင်ပါသည်။

Play Store မှာ App တွေကို အကန့် အသတ်နဲ့ ဒေါင်းယူပြီး Lock ခတ်ထားနိုင်တယ်ဆိုတာသင်သိပါလား?



Play Store မှာ App တွေကို မိမိသတ်မှတ်ထားသလောက်ကို ဒေါင်းပြီးရင် ထပ်ဒေါင်းလို့မရအောင် PIN Lock နဲ့ ခတ်ထားနိုင်တဲ့ နည်းလမ်းပါ။
မိမိသူငယ်ချင်းဘဲဖြစ်ဖြစ် မိမိရဲ့ ကလေးငယ်တွေဘဲဖြစ်ဖြစ် မိမိဖုန်းကိုကိုင်ပြီး Google Play Store က App တွေ အတင်းဒေါင်းယူလို့မရအောင် Play Store ရဲ့ Setting ထဲမှာ PIN Lock လေးလုပ်ထားနိုင်ပါတယ်။
ကဲ့လူသိနည်းတဲ့ ဒီနည်းလမ်းလေးကို လေ့လာပြီး ရှယ်သွားပေးလိုက်နော်










♪ ဖုန်းမိုက်ခရိုဖုန်းအပေါက်ထဲကို လေနဲ့မှုတ်လိုက်တာနဲ့ unlock လုပ်ပေးမယ့် Android app ♫


ဖုန်းပါဝါခလုတ်ပျက်သွားလို့ unlock လုပ်လို့မရတော့ဘဲ၊ စိတ်ညစ်နေရသူတွေအတွက် အမိုက်စား Android app လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

Air Unlock လို့ ခေါ်တဲ့ ဒီ Android app လေးဟာ ဖုန်းရဲ့ မိုက်ခရိုဖုန်းအပေါက်ထဲကို လေနဲ့ ခပ်ပြင်းပြင်းမှုတ်လိုက်တာနဲ့ ဖုန်းကို unlock လုပ်ပေးမှာပါ။ ဖုန်း lock ပြန်ကျသွားဖို့ကတော့၊ ဖုန်း settings ထဲမှာ Screen timeout အချိန်ကို စက္ကန့် ၃၀ လောက်ပေးထားလိုက်ရင် အဆင်ပြေပါတယ်။ ဒါဆို ဖုန်း ပါဝါခလုတ် အလုပ်မလုပ်လည်း၊ ဘာမှစိတ်ညစ်စရာမလိုဘဲ၊ ဖုန်းမိုက်ခရိုဖုန်းအပေါက်လေးထဲကို လေမှုတ် ထည့်လိုက်ရုံနဲ့ အလုပ်ဖြစ်ပါတယ်။

ပါဝါခလုတ်အကောင်းအတိုင်းရှိနေတဲ့လူတွေသုံးမယ်ဆိုရင်လည်း၊ သုံးပျော်တဲ့ app လေးဖြစ်ပြီး၊ Google Play Store မှာ အခမဲ့ရယူနိုင်ပါတယ်။ ဖိုင်ဆိုက်ကလည်း သေးသေးလေးဆိုတော့ ခဏလေးဒေါင်းလုဒ်ဆွဲလိုက် ရုံပဲပေါ့။

ဒီ app ကို အသုံးပြုပုံကတော့
  • Google Play Store ကနေ Air Unlock ကို ဒေါင်းလုဒ်ဆွဲလိုက်ပါ။
  • ဖုန်းမှာ Install လုပ်ပြီးရင်၊ Open လုပ်ပါ။
  • App ၀င်ဝင်ချင်းမှာ On နဲ့ Off နှစ်မျိုးပဲရှိပြီး၊ သုံးချင်ရင် On လုပ်ထားပြီး၊ မသုံးချင်ဘူးဆိုရင် Off လုပ်ထားလိုက်ပါ။
  • On လုပ်ပြီးသွားတာနဲ့ သင့်ဖုန်းကို lock လုပ်လိုက်ပြီး၊ ဖုန်းရဲ့ မိုက်ခရိုဖုန်းအပေါက်ကနေ လေမှုတ်သွင်း ကြည့်လိုက်ပါ။ (စပီကာအပေါက်မဟုတ်ဘဲ မိုက်ခရိုဖုန်းအပေါက်ကို လေမှုတ်ပေးရမှာဖြစ်ပါတယ်။)
  • ဒီ app လေးဟာ Restart ချပြီးရင်လည်း အလိုအလျောက်ပွင့်နေမှာဖြစ်တာကြောင့် ပါဝါခလုတ် မကောင်းသူတွေအတွက် အဆင်ပြေပါတယ်။
Untitled-3

Air Unlock ဆိုတဲ့ Android app လေးကို ရေးဆွဲသူ developer ကတော့ Codificador ဖြစ်ပြီး၊ တခြား အမိုက်စား app တွေကိုလည်း ရေးဆွဲထားတဲ့ စတူဒီယိုဖြစ်ပါတယ်။
Credit to ==> Digital Times

TTKeyboard for Android


Developer THANT THET KHIN ZAW ၏ TTKeyboard for Android ဖြစ်ပါတယ် iOS ဖုန်းများမှာနာမည်ကြီး လူသုံးများတဲ့ ကီးဘုတ်ဖြစ်ပြီးယခုအခါ Android အတွက်ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ် အောက်မှာဒေါင်းလုပ်ကြပါ 
TTKeyboard, one of the most famous Myanmar keyboard on iOS, is now available for your Android Devices.
Currently supports:
• ZawGyi (with Smart ZawGyi)
• MyanSan
Other features:
• Emojis support up to Unicode 8.0
• Dark and Light Themes

■ “Myanmar President Office” Viber Public Chat ■


“Myanmar President Office” နာမည်နဲ့ Viber မှာ Public Chat ဖွင့်လှစ်လိုက်ပါပြီ။
Public Chat မှာ နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းများကို အချိန်နဲ့တပြေးညီ တင်ပေးနေပြီ ဖြစ်ပါတယ်။< သတင်းများကို မိတ်ဆွေတို့ရဲ့ Viber မှာ ဖတ်ရှုနိုင်ဖို့အတွက် Follow လုပ်ထားရမှာ ဖြစ်ပါတယ်။
Public Chat Follow လုပ်နည်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
-
-
-
-
-
ref-Myanmar President 

ဖုန်း Screen ထထလင်းနေတဲ့ Error




  မင်္ဂလာပါခင်ဗျာ.....
Android ဖုန်းကိုင်ဆောင်တဲ့ User များ ဖုန်းကို Power ခလုတ်နှိပ်ပြီး  Screen off ထားတဲ့အချိန်မှာ Screen ခဏခဏပြန်ပွင့်တဲ့ error လေးကြုံဖူးကြမယ်ထင်ပါတယ်......
အဲ့ဒီ error လေးကို အခုပေးတဲ့ ဆော့ဝဲလ်လေးနဲ့ ဖြေရှင်းလိုက်ပါခင်ဗျာ.....

ဘာကြောင့် အဲ့ဒီလို ဖြစ်ရတာလဲဆိုရင်....
Virus ရှိတဲ့ App & Game တွေသွင်းထားမိခြင်း ၊ သွင်းထားတဲ့ App & Game တွေက မိမိ Device နှင့် ကိုက်ညီမှုမရှိခြင်း စတဲ့အချက်တွေကြောင့်ဖြစ်ရတာပါ..။

ဒီပြဿနာလေးကို TrustGo Mobile Security နဲ့ ဖြေရှင်းနိုင်ပေးနိုင်ပါတယ်။
 
အင်စတောလုပ်ပြီး Security Scanner လေးကိုနှိပ်ပေးလိုက်ပါ....


TrustGo Mobile Security မှမဟုတ်ပဲ..
AVG
 Avira Antivirus Security :  စ,တဲ့ ...
အခြား Antivirus ဆော့ဝဲလ်တစ်ခုခုနဲ့လည်းရပါတယ်...
ကျွန်တော်ကတော့ ဒီကောင်လေးနဲ့အဆင်ပြေလို့ ဒီဆော့ဝဲလ်လေးကိုညွှန်းထားတာပါ.....


Scan စစ်တဲ့အချိန်က သွင်းထားတဲ့ ဆော့ဝဲလ်အနည်း/အများပေါ်မူတည်ပြီး ကြာနိုင်ပါတယ်....
Scan စစ်ပြီးတဲ့အထိစောင့်ပေးပါ....




Scan စစ်ပြီးသွားရင်တော့ ပုံမှာပြထားတဲ့အတိုင်းပဲ High Risk, Low Risk ဆိုပြီး
တွေ့တဲ့ဖိုင်လေးတွေကို Delete Or Uninstall လုပ်ပစ်လိုက်ပါ....




ဒါဆိုရင်တော့ screen off ထားရင် screen ပြန်ပြန်ပွင့်တဲ့ error လေးအဆင်ပြေသွားပါလိမ့်မယ်ဗျ.....
Ref:mm-mpxteam
Thiha Htike(THT)
thihahtike.it@gmail.com

Wednesday, June 29, 2016

facebook သုံးတဲ့သူများအတွက် updater Version Facebook v84.0.0.0.60 APK


Android ဖုန်းဘော်ဒါတို့အတွက် ဘော်ဒါတို့၏ မိတ်ဆွေးကောင်း Facebook ဗားရှမ်းသစ်လေဖြစ်တဲ့ facebook application  လေးတင်ပေးလိုက်ပါတယ်။အထူးအထွေ ပြောစရာမလိုပါဘူး Facebook ကို ကလေးတွေသိပြီး အခုရှိရင် .... Updated လိုချင်းသူများအတွက် အောက်မှာသာဒေါင်းလိုက်ပါတော့ဗျာ....ဒီကောင်လေး၏ဖိုင်ဆိုဒ်လေးကတော39MB ဖြစ်ပြီး Android OS, Tablet အားလုံးမှာသုံးနိုင်ပါတယ်။

ဖုန်းကလစ်သူနဲ့ Service သမားတွေအတွက် မရှိမဖြစ်တဲ့-SuperSU v2.75 beta APK


ဒီနေ့ထပ်ထွက်လာတဲ့ SuperSu လေးကိုတင်ပေးလိုက်ပါတယ်
အရင်ကလည်း အသစ်တက်လာတိုင်းတင်ပေးနကြပါ။ဒီဆော့ဝဲလ်လေးကိုတော့ အထူးမိတ်ဆက်မနေတော့ပါ
ဒါပေမယ့် နည်းနည်လေး ပြောကြည့်ပါဦးမယ်
SuperSu ဆိုတာ the Superuser access management tool of All Android လို့ကျနော့် အထင်လေးကို ပြောလိုက်ပါရစေခင်ဗျာ။ ဒီဗားရှင်းမှာ Feature အသစ်တွေ ထပ်တိုးတာလာပါတယ်။
ဖုန်း Service သမားများနဲ့ ဖုန်းကလစ်သူ ဘော်ဒါတွေကတော့
လုံးဝဆောင်ထားသင့်တဲ့ ဆော့ဝဲလေးပါ။  အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ။ Size 5.62MB။
2.1 အထက် ဖုန်းအားလုံးမှာ အသုံးပြုနိုင်ပါတယ်။





Download Here

✌ True Move H ဖြင့် ပုဂံကီးဘုတ် Code ဝယ်ယူနည်း✌



ပုဂံကီးဘုတ်ကို နောက်ဆုံးအပ်ဒိတ်အဖြစ် သုံးလိုသူများအတွက် True Move H Sim မှ Code ဝယ်ယူနည်းအဆင့်ဆင့်ကို ပုံဖြင့် တင်ပေးလိုက်ပါတယ်။

Code တစ်ကြိမ် ဝယ်ပြီးရင် ဖုန်းအသစ် မလဲမခြင်း၊ ဖန်ဝဲလ် ဘယ်လိုတင်တင်၊ Reset Data ဘယ်လိုလုပ်ပါစေ ပုဂံကီးဘုတ်ရဲ့ နောက်ဆုံး အပ်ဒိတ်တွေကို အမြဲတမ်း သုံးနိုင်မှာဖြစ်ပါတယ်။

မှတ်ချက်။ ။ Code တစ်ခုက ဖုန်းတစ်လုံးသာ အသုံးပြုနိုင်ပါတယ်။

Bagan Keyboard V8.0 ★ ★ ★ http://www.1mobilefonts.com/2016/04/bagan-keyboard.html
Credit -