
Google Play Store အသုံးပြုတဲ့အခါ တစ်ခါတစ်ရံ error တွေကြုံတတ်ပါတယ်။
ဒေါင်းလုဒ်ဆွဲတဲ့အခါ ဆွဲမရတာမျိုး သို့မဟုတ် Play Store
ကိုဖွင့်လို့တောင်မရတာမျိုး စသဖြင့်ကြုံရတတ်ပါတယ်။ ဒီလိုကြုံတဲ့အခါ
ဘယ်လိုဖြေရှင်းလို့ရနိုင်သလဲ ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
(1)date and time settings ကိုစစ်ပါ။
သင့် device ထဲမှ date and time ကိုတိတိကျကျ ထည့်ပေးပါ။
အချိန်မှားနေတယ်ဆိုရင် date and time settings ထဲမှ Automatic date and
time ကို off လုပ်ပြီးအချိန်ပြင်လို့ ရပါတယ်။ ထို့နောက် Automatic date and
time ကို network provided ရွေးထားဖို့လိုအပ်ပါတယ်။

(2) Google Play Store app ကို clear cache နှင့် clear data လုပ်ပေးပါ။
အချို့သောစမတ်ဖုန်းများမှာဆိုရင် app ကိုခပ်ကြာကြာဖိထားလိုက်ရင် app
info ပေါ်လာပါတယ်။ ထို app info မှာ clear data နှင့် clear cache
လုပ်လိုက်ရုံပါပဲ။ ဒီလိုလုပ်လို့မရရင် setting ထဲမှ App သို့မဟုတ်
application manager မှာဝင်လုပ်လို့ ရပါတယ်။
ဒီနေရာမှာ တစ်ခုပြောချင်တာက clear data လုပ်လိုက်မယ်ဆိုရင် သင့်ရဲ့
files,settings,accounts,database နှင့်အခြားသောအချက်အလက်တွေ
ပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Play store သုံးတဲ့အခါ အစကနေ login
ပြန်လုပ်ရပါလိမ့်မယ်။

(3) Google Play Store ရဲ့နောက်ဆုံးဗားရှင်းကို install လုပ်ပါ။
Software ရဲ့လတ်တလောထွက်ရှိတဲ့ နောက်ဆုံးဗားရှင်းဆိုတာ ပိုပြီးတော့ stable ကျတာကြောင့် update ပြုလုပ်ပေးဖို့လိုပါတယ်။
အမြဲ up to date ဖြစ်နေဖို့ Google Play Store app ထဲသို့ဝင်ပါ။ menu
button ကိုနှိပ်ပြီး settings ထဲဝင်လိုက်ရင် Google Play app updates
ဆိုတာတွေ့ပါလိမ့်မယ်။ Auto updates apps ကိုထိလိုက်ပါ။ wifi နဲ့မှ check
လုပ်စေချင်ရင်တော့ Auto-update apps over wifi ကိုအသေအချာရွေးပေးပါ။

(4) အကောင့်ကို reset ပြန်လုပ်ပါ။
အကောင့်ကို remove လုပ်လိုက်ပြီး add ပြန်လုပ်ရမှာပါ။ settings
ထဲဝင်ပြီး Accounts ကိုနှိပ်ပါ။ ထို့နောက် menu icon ထဲဝင်ပြီး remove
account ကိုနှိပ်လိုက်ပါ။
Add account ပြန်လုပ်ဖို့အတွက်လည်း settings ထဲဝင်၊ accounts ထဲဝင်ပြီး
add account နှိပ်လိုက်ရင် screen မှာပေါ်လာမဲ့အဆင့်တွေကို
လိုက်လုပ်ရုံပါပဲ။

(5) disable apps လုပ်ထားခဲ့တာရှိ၊မရှိကို စစ်ဆေးပါ။
အတော်များများသော apps တွေဟာသူတို့ လုပ်ဆောင်ချက်ကောင်းမွန်စွာ
လည်ပတ်ဖို့ အခြားသော apps များကိုလိုအပ်ပါတယ်။ Google play store
ဟာလည်းအခြားသော appsများကိုလိုအပ်တာကြောင့် apps များကို disable
လုပ်ထားမိသလား စစ်ဆေးပါ။ အထူးသဖြင့် download manager app ကိုမဖြစ်မနေ
ဝင်စစ်ပေးပါ။ Settings ထဲမှ application manager သို့မဟုတ် Apps
ထဲသို့ဝင်ပြီး disable apps တွေရှိ၊မရှိ စစ်ဆေးကြည့်ပါ။ ရှိရင် enables
လုပ်ပေးပါ။

(6) VPN ကို disable လုပ်ပေးပါ။
အကယ်၍ သင့်ရဲ့စက်မှာ VPN ကို enable လုပ်ထားခဲ့ရင် disable လုပ်ပေးပါ။
Settings ထဲဝင်ပါ။ more networks ထဲဝင်ပါ။ VPN ထဲဝင်ပြီး disable
လုပ်ပေးပါ။

(7) Google Play Store app ကို uninstall updates လုပ်ပါ။
Settings ထဲမှ apps သို့မဟုတ် application manager ထဲသို့ဝင်ပါ။ Google Play store app ကိုရှာပြီး uninstall updates လုပ်ပေးပါ။
(8) factory data reset လုပ်ပါ။
အပေါ်ကအချက်တွေ အကုန်လုပ်ပြီးလို့မှ မရရင်နောက်ဆုံးနည်းလမ်းပါပဲ။
အန္တရယ်လည်းများတာကြောင့် မကျွမ်းကျင်ရင် မလုပ်တာအကောင်းဆုံးပါ။ factory
data reset လုပ်လိုက်ရင် သင့်မှာရှိတဲ့ data တွေအကုန်ဆုံးရှုံးပါလိမ့်မယ်။
ဒါကြောင့် မလုပ်ဆောင်မှီမှာ complete backup လုပ်ထားရပါတယ်။
Settings ထဲမှ backup & reset ထဲသို့ဝင်ပါ။ back up my data ကို on
လုပ်ပါ။ ထို့နောက် back up account ထဲဝင်ပြီး back up လုပ်မဲ့အကောင့်ကို
သေချာရွေးချယ်ပါ။ ဒါကိုလုပ်ဆောင်ပြီးရင် back up ရဲ့အောက်က factory data
reset ကိုနှိပ်ပါ။ ဒါဆိုရင် သင့်ဖုန်းက data တွေအကုန်ပျက်ပြီး ဝယ်ကာစကလို
ဖြစ်သွားပါလိမ့်မယ်။ Google account ထဲကို login ပြန်ဝင်မှ data တွေ
restore ပြန်ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် back up သေချာမလုပ်တတ်ရင်
အန္တရယ်များပါတယ်။

ref:androidpit
ခမ်းမူး (Myanmar Mobile App)
No comments:
Post a Comment