Friday, June 24, 2016

♪ Android gallery app မှဓာတ်ပုံအယ်လ်ဘမ်တွေကို ဘယ်လိုလျို့ဝှက်နိုင်မလဲ ♫


အကယ်၍ သင့် gallery မှာရှိတဲ့ ဓာတ်ပုံအယ်လ်ဘမ်များကို အခြားသူတွေမသိအောင် လျို့ဝှက်ထားပြီး ကိုယ်ပိုင် privacy အဖြစ်ထားရှိဖို့လိုအပ်လာပြီဆိုရင် ခေါင်းစားစရာမလိုတော့ပါဘူး။ ဒီပြသနာကိုဖြေရှင်းဖို့ လျင်မြန်လွယ်ကူတဲ့ နည်းလမ်းနှစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁)Gallery Lock
Gallery Lock (Hide pictures) ဆိုတဲ့ apps ကို Google Play မှာဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ ဒီ apps ကိုအသုံးပြုခြင်းဖြင့် အခြားသူများကိုမမြင်စေချင်သော သင့်ရဲ့ဓာတ်ပုံများ၊ ဗွီဒီယိုများကို password ထားပြီး ကာကွယ်လို့ရပါတယ်။ gallery မှာရှိသောဓာတ်ပုံများကို ထို apps ထဲသို့ပြောင်းရွှေ့လိုက်ခြင်းပါပဲ။ အသုံးပြုရ ရိုးရှင်းလွယ်ကူပါတယ်။

Gallery lock app ကိုစဖွင့်လိုက်တာနဲ့ PIN တစ်ခုကိုဝင်ရပါမယ်။ သူ့ရဲ့ defaults က 7777 ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ထိုနံပါတ်ကို သင်စိတ်ကြိုက်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ instructions တွေပေါ်လာတာနဲ့အတူ default album အုပ်စုတစ်ခုကိုမြင်ရပါလိမ့်မယ်။

မျက်နှာပြင်ရဲ့အောက်ဆုံးက Add folder ကိုနှိပ်ပြီး အမည်တစ်ခုပေးလိုက်ပါ။ OK လုပ်ပြီး မျက်နှာပြင်ရဲ့အောက်ဆုံးကို ဆင်းကြည့်လိုက်မယ်ဆိုရင် default picture တွေနဲ့ folder အသစ်တစ်ခုကို တွေ့ရပါလိမ့်မယ်။ သူ့ထဲကိုဝင်လိုက်ပါ။ မျက်နှာပြင်ရဲ့အောက်ခြေက Add photo/video ကိုနှိပ်ပါ။ ယခုအခါ သင်လျို့ဝှက်ထားချင်တဲ့ ဓာတ်ပုံများ၊ဗွီဒီယိုများကိုနှိပ်ပြီး မျက်နှာပြင်ရဲ့ညာဘက်ထောင့်မှာရှိတဲ့ အစိမ်းရောင်အပေါင်းလက္ခဏာကို နှိပ်ပြီးလျို့ဝှက်နိုင်ပါပြီ။ အကယ်၍ လျို့ဝှက်မသိမ်းထားချင်တော့ဘူး ဆိုရင်လည်း folder ထဲဝင်ပြီး unhide လုပ်ရုံပါပဲ။ အသုံးပြုနည်းဗွီဒီယိုလင့်ခ်ကိုပါ ဖော်ပြပေးလိုက်ပါတယ်။

Video link > https://www.youtube.com/watch?feature=player_embedded&v=azbb_SJ-WsM

(၂) Astro File Manager
Gallery lock app ထက် file manager ကိုအသုံးပြုရပိုနှစ်သက်တယ်ဆိုရင် ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ အရင်ဆုံး ASTRO File Manager ကို Google Play မှာဒေါင်းလုဒ်ဆွဲလိုက်ပါ။ ထို app ထဲကိုဝင်လိုက်ပြီးရင် Primary ထဲသို့သွားပါ။ ထို့နောက် Pictures ကိုနှိပ်ပါ။ ယခုအခါ သင်လျို့ဝှက်ချင်တဲ့ ဓာတ်ပုံ၊ဗွီဒီယို folder ကိုဖိထားလိုက်ပါ။ highlighted ဖြစ်လာပြီးရင် menu button ကိုနှိပ်ပါ။ ထိုမှ Rename သို့သွားပါ။ Rename ပြုလုပ်ပြီးပြီဆိုရင် သင့်ရဲ့ဖိုင်ကို လျို့ဝှက်ပြီးပါပြီ။

ထိုလျို့ဝှက်ထားသော folders ကိုကြည့်ချင်တယ်ဆိုရင် menu ထဲက view settings မှာဝင်ကြည့်နိုင်ပါတယ်။ unhide ပြန်လုပ်ချင်တယ်ဆိုရင်လည်း rename ပြန်လုပ်ပေးရုံပါပဲ။ အသုံးပြုနည်းဗွီဒီယိုလင့်ခ်ကိုပါ ဖော်ပြပေးလိုက်ပါတယ်။

Video link > https://www.youtube.com/watch?feature=player_embedded&v=W3GrhhEu6IM

ခမ်းမူး (Myanmar Mobile App)

No comments:

Post a Comment