Saturday, June 18, 2016

♪ Wifi ကို အသုံးပြုကာ ဖုန်းခေါ် နိုင်တဲ့ AT&T Company ♫


မြန်မာနိုင်ငံမှာတော့ အော်ပရိတ်တာတွေက အခုမှ 4G ကို စမ်းသပ်နေရတာတွေ၊ ဖုန်းခေါ်ဆိုခတွေ အပြိုင်အဆိုင်ဈေးလျှော့ပေးနေရတာတွေ စတဲ့ ဝန်ဆောင်မှုတွေကို စမ်းသပ်နေရတဲ့ အချိန်မှာ AT&T ဆိုတဲ့ Company က သူတို့နဲ့ စာချုပ်ချုပ်ထားတဲ့ ဖုန်းတွေကို AT&Tရဲ့ ဝိုင်ဖိုင် အင်တာနက် အသုံးပြုကာ ဖုန်းခေါ်ဆိုနိုင်ခြင်း၊ စာတိုပေးပို့ခြင်း စတဲ့ ဝန်ဆောင်မှုကို Android ဖုန်းတစ်မျိုးဖြစ်တဲ့ LG ဖုန်းမှာအသုံးပြုခွင့်ပေးလိုက်ပါပြီ။ 
AT&T ဆိုတာ နာမည်ကြီး အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ၊ အင်တာနက် ဝန်ဆောင်မှုပေးခြင်း များကို ပြုလုပ်ပေးနေတဲ့ Company တစ်ခုဖြစ်ပါတယ်။ အရင်က AT&T အင်တာနက်လိုင်း အသုံးပြုခွင့်ရရှိတဲ့ ဖုန်းများအား အခြားဖုန်းများသို့ ဘယ်နေရာမှာမဆို ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးခြင်းများကို  အခမဲ့ ခေါ်ဆိုပေးပို့ခြင်းအား  Apple အတွက် ဝန်ဆောင်မှုပေးခဲ့သလို လက်ရှိအချိန်မှာတော့ Android ဖုန်းအမျိုးအစားတစ်မျိုးဖြစ်တဲ့ LG မှာ ထပ်မံ တိုးချဲ့  အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။
AT&T အင်တာနက် လိုင်းအသုံးပြုထားသူများအနေနဲ့ 2015 ထုတ် LG ဖုန်းကို အသုံးပြုနေသမျှ ကာလပတ်လုံး တစ်နိုင်ငံတည်းအတွင်းမှာရှိတဲ့ ဘယ်ဖုန်းနံပါတ်ကိုမဆို ဝန်ဆောင်မှု အခမဲ့ဖြင့် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 
  ဒါပေမဲ့အခြားနိုင်ငံမှာရှိနေတဲ့ဖုန်းနံပါတ်များကိုခေါ်ဆိုမယ်ဆိုရင်တော့နိုင်ငံတကာဖုန်းခေါ်ဆိုမှုနှုန်းထားအတိုင်း ကျသင့်ငွေပေးရမှာဖြစ်ပါတယ်။ အခုလိုတစ်နိုင်ငံတည်းမှာနေထိုင်နေကြသူတွေ အချင်းချင်း ဖုန်းခေါ်ဆို ရာမှာ  AT&T ဝိုင်ဖိုင်အင်တာနက်ကို အသုံးပြုပြီး အခြား AT&T အသုံးမပြုထားတဲ့ ဖုန်းများဆီသို့ အခမဲ့ ဖုန်းခေါ်နိုင်ခြင်း၊ စာတိုပေးပို့နိုင်ခြင်းကို နိုင်ငံအကန့်အသတ်နဲ့ ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။
AT&T အနေနဲ့ နောက်ထပ် အခြားနာမည်ကြီး မိုဘိုင်းဖုန်း Company များနဲ့ ချိတ်ဆက်ကာ တစ်ကမ္ဘာလုံးအတိုင်းအတာအထိ အသုံးပြုသွားနိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ လက်ရှိ AT&T ဝိုင်ဖိုင် အင်တာနက်ကို အသုံးပြုခွင့်ရရှိတဲ့ နိုင်ငံတွေကတော့ US, Puerto, Rico, the Virgin Islands နဲ့အခြားနိုင်ငံတကာအဆင့်မှီနိုင်ငံတွေဖြစ်ပါတယ်။
Ref: The Verge

Aung Ko Htet (MMA)

#aungkohtet_mma

No comments:

Post a Comment