Wednesday, June 22, 2016

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿ နာများ " ♫


မေး - အစ်ကိုတို့ရေ Honor 4X RAM 2.0GB Android Version 6.0 အတွက် Settings အကြောင်းလေး သိချင်လို့ပါဗျာ။
ဖြေ - အစ်ကိုတို့ရေ Honor 4X RAM 2.0GB အတွက် Settings မှာဆိုရင် (1) Search For Setting လည်းပါတယ်။ ရိုက်ပြီးရှာလို့ရတဲ့စနစ်ပါ။ (2) Smart-E ဆိုတဲ့ Function လည်းပါတယ်။ Smart-E ကိုဖွင့်လိုက်ရင် အရုပ်ပုံလည်းပါတယ်ဗျာ။ (3) Voice Control လည်းပါတယ်ဗျာ။ (4) GPS စနစ်လည်း အရမ်းမိုက်တယ်ဗျာ။ (5) Facebook သုံးရင် Notifications မှာ ဓာတ်ပုံလေးနဲ့ဗျာ။ အရမ်းမိုက်တယ်။ အစ်ကိုတို့အနေနဲ့သုံးမယ်ဆိုရင် Build Number 6.6.1 ကို Download ဆွဲလိုက်ပါ။

 မေး - ညီရေ အစ်ကို့ဖုန်းက ကျန်တာအကုန်သုံးရတယ်။ Wi-Fi သုံးလို့မရဘူး။ Zapya လည်းကူးလို့မရဘူး။ ဘာဖြစ်တာလဲ။
ဖြေ - ဟုတ်ကဲ့။ အရင်ဆုံး Firmware ပြန်တင်ကြည့်ပါ။ Firmware ရေးကြည့်လို့မှမရရင်တော့ Hardware က Wi-Fi IC ကိုလဲပေးရမှာဖြစ်တဲ့အတွက် ဖုန်း Service ဆိုင်မှာသွားပြမယ်ဆို အဆင်ပြေသွားနိုင်ပါတယ်။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းလေးရေ၀င်ပြီး ဘက်ထရီတက်လိုက်တာနဲ့ ပါဝါတန်းနှိုးနေတယ်ခင်ဗျာ။ Service ဆိုင်တန်းပို့ရမှာလား။ တခြားလုပ်လို့ရတဲ့နည်းများရှိသေးလားခင်ဗျာ။
ဖြေ - အစ်ကိုရေ အရင်ဆုံး Power Key လေးကို ကြာကြာလေးဖိထားပေးပါ။ Key ညှိနေတာကြောင့်လဲဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက Power IC ပါ။ IC မကောင်းလို့ဖြစ်မယ်ဆိုရင်တော့ Service ဆိုင်ကိုသာပို့လိုက်ပါခင်ဗျာ။

 မေး - အစ်ကို ကျွန်တော့်ဖုန်းလေးက ခဏခဏ Auto Power ကျနေတယ်ဗျာ။ ဘာဖြစ်တာလဲအစ်ကို။
ဖြေ - ဟုတ်ကဲ့အစ်ကို။ ပထမဆုံး Software နဲ့ Firmware ရေးကြည့်ပါအစ်ကို။ Software နဲ့ Firmware ရေးကြည့်လို့မှမရရင်တော့ Hardware နဲ့ Crystal ကို လဲကြည့်ပါ။ မရရင်တော့ IC ပိုင်းတွေ ထိစစ်ကြည့်ရမှာပါ။
မေး - အစ်ကိုရေကျွန်တော့်ဖုန်းက Huawei ဖုန်းပါ။ ဖုန်းက MIC, Speaker, Ring Tone, Ear Piece အသံအကုန်မကြားရဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အစ်ကို့ဖုန်း Software ကလည်းဖြစ်နိုင်သလို Hardware ကလည်းဖြစ်နိုင်တယ်။ အရင်ဆုံး အစ်ကို့ဖုန်းကို Rest ချကြည့်ပါ။ မရရင်တော့ Firmware ကိုတင်ကြည့်ပါ။ Firmware တင်လို့ မရရင်တော့ အစ်ကို့ဖုန်းကို Hardware ပိုင်းနဲ့လုပ်ရမှာပါ။

 မေး - အစ်ကိုတို့ရေ အစ်ကိုတို့ဖုန်းမှာ Vol Key ခလုတ်တွေ သိပ်ပြီးအလုပ်မလုပ်ဘူးဆိုရင် အစ်ကိုတို့ ဘယ်လိုလုပ်သလဲ။
ဖြေ - အစ်ကိုတို့ရေ အစ်ကိုတို့ဖုန်းမှာ Vol Key ခလုတ်တွေ ကပ်နေတာပဲဖြစ်ဖြစ်၊ သိပ်ပြီးနှိပ်လို့အဆင်မပြေတာပဲဖြစ်ဖြစ် လတ်တလောအဆင်ပြေအောင်လုပ်လို့ရတဲ့ APK လေးတစ်ခုရှိပါတယ်။ APK နာမည်က Volume Chop CUT APK လေးဖြစ်ပါတယ်။ အားလုံးအဆင်ပြေပါတယ်။ အင်တာနက်က Download ဆွဲလိုက်ပါ။

 မေး - အစ်ကိုတို့ရေ MPT အင်တာနက်ကို ၀ ကျပ်ဖြင့် အင်တာ နက်သုံးချင်သူတွေအတွက် သုံးနည်းလေးပါဗျာ။
ဖြေ - အစ်ကိုတို့ရေ MPT အင်တာနက်ကို ၀ ကျပ်ဖြင့်သုံးမယ်ဆိုရင် APK Download File လေးဗျာ။ http://pc.cd/uoPutalk (or) Download Here http://www.zunite.org/2016106/mpt-o.html ဆွဲလိုက်ပြီး Install လုပ်ပြီးသုံးလိုပါတယ်ဗျာ။

 မေး - ကျွန်တော်ကိုင်တဲ့ ဖုန်းလေးကတော့ G730 ပါ။ Viber ဖွင့်ပြီးအသုံးပြုတဲ့အခါ စာလည်းပို့လို့ရတယ်။ ဖုန်းလည်း ခေါ်လို့ရတယ်။ ဒါပေမဲ့ Contact တွေ၊ ဓာတ်ပုံတွေ မပေါ်ဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရင်အဆင်ပြေမလဲဆိုတာ တစ်ချက်လောက် ပြောပြပေးပါခင်ဗျာ။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ Viber ဖွင့်တဲ့အခါမှာ Contact မပေါ်ဘူးဆိုတာကတော့ Viber ဖွင့်တဲ့အချိန် လိုင်းကျသွားတဲ့အခါမျိုး ဒါမှမဟုတ် ဖုန်း Modern နှင့် Viber Version မကိုက်တာမျိုးဖြစ်တတ်ပါတယ်။ အရင်ဆုံး ယခု Error ကို စတင်ဖြေရှင်းမယ်ဆိုရင်တော့ Viber Uninstall ပြန်လုပ်လိုက်ပါ။ ပြီးရင် Viber ကိုပဲ Install ပြန်လုပ်လိုက်ပါ။ Viber ကို ပြန်ဖွင့်ကြည့်လိုက်ပါ။ များသောအားဖြင့် အဆင်ပြေသွားတာ တွေ့ရပါလိမ့်မယ်။ မရပါက Viber Version တစ်ချက်ပြန်နှိမ့်ကြည့်လိုက်ပါခင်ဗျာ။ အဆင်ပြေသွားပါလိမ့်မယ်။

ဤကဏ္ဍကို Today Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment