Friday, June 24, 2016

iOS9 ၏ Lock screen Notification စနစ်အား Disable ပြုလုပ်ခြင်း


 
Lock screen Notification အချက်အလက်တွေက ဖုန်းသုံးတဲ့သူအတွက် အဆင်ပြေလှတဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်ပေမယ့် ဖုန်းအတွက် လုံခြုံမှုအားနည်းစေတဲ့ အချက်တစ်ခုလည်း ဖြစ်နေပါတယ်။ ဖုန်းရဲ့ screen ပေါ်မှာ ပေါ်လာတဲ့ အသိပေးချက် (notification) တွေကို Passcode နဲ့ တခြား လုံခြုံရေးစနစ်တွေ သိစရာမလိုဘဲ ဖတ်ရှုနိုင်တာဖြစ်ပါတယ်။ Lock screen Notification စနစ်ကြောင့် ကိုယ့်အချက်အလက်တွေကို သူတစ်ပါးအလွယ်တကူ ရယူမှုမှ ကာကွယ်ချင် သူတွေအတွက် ဒီစနစ်ကို Disable ပြုလုပ်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
Lock screen Notification စနစ်ကို Disable ပြုလုပ်ဖို့အတွက် ဦးစွာဖုန်းထဲက Settings ဆိုတာကို နှိပ်ပြီးဖွင့်လိုက်ပါ။
 
Setting ထဲ ရောက်သွားပြီဆို ရင်တော့ Touch ID & Passcode ဆိုတာကို ရှာဖွေပြီး ထပ်ရွေးချယ် ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုရွေး ချယ်လိုက်မယ် ဆိုရင်တော့ ကိုယ်ကဖုန်းမှာ Passcode ပေးထားမယ်ဆိုရင်တော့ Passcode နံပါတ်ကို ဖြည့်သွင်းဖို့ လိုမှာဖြစ်ပါတယ်။
 
Settings ထဲကTouch ID & Passcode စနစ်ထဲကို ရောက်သွားပြီဆိုရင်တော့ Notification View ဆိုတာကို အောက်ဖော်ပြ ပါပုံထဲက အတိုင်း တွေ့ရမှာဖြစ်ပါတယ်။ Notifications View စနစ်က အစိမ်းရောင် ဖြစ်နေတဲ့ခလုတ်လေးကို ပိတ်ပေးလိုက်မယ် ဆိုရင်တော့ Lock screen Notification စနစ်ကို Disable ပြုလုပ်ခြင်း အဆင့်အားလုံးပြီးဆုံး ပြီဖြစ်ပါတယ်။
 
ဒီစနစ်ကို Disable ပြုလုပ်လိုက်ခြင်းက ဖုန်းထဲက Built-in ပါဝင်တဲ့ ဆော့ဖ်ဝဲနဲ့ System စနစ်တွေရဲ့ အသိပေးချက် တွေကိုသာမကဘဲ ကိုယ့်အနေနဲ့  ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့  Third Party ဆော့ဖ်ဝဲနဲ့ ဂိမ်းစနစ်တွေက အသိပေးချက်တွေကိုပါ Disable ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ မိမိအနေနဲ့ ဖုန်းရဲ့ Lock screen ကနေ မည်သည့်ဆော့ဖ်ဝဲနဲ့ ဂိမ်းတွေရဲ့ အသိပေးချက် Notification တွေကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ မိမိအနေနဲ့ ဒီစနစ်ကို Enable ပြန်လည်ပြုလုပ် ချင်တယ်ဆိုရင်တော့ အပေါ်က ဖော်ပြခဲ့တဲ့ အဆင့်တွေအတိုင်း ပြန်လည် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
 
Credit - Internet Journal

No comments:

Post a Comment