Tuesday, June 21, 2016

♪ “Facebook သုံး၍ဈေးကွက်ထူထောင်သည့်အခါ” ♫


Facebookဆိုတာတစ်ချိန်ကတော့အချင်းချင်းအောက်ကလိအာပြီးသောင်စဉ်ရေမရတွေပြောနေတဲ့နေရာ လို့လူအတော်များများကမှတ်ယူခဲ့ကြပါတယ်။
ကျွန်တော်လည်းဒီအတိုင်းပဲသဘောထားခဲ့ပါတယ်။ဒါပေမယ့်အခုအချိန်မှာ
တစ်ကမ္ဘာလုံးကFacebook သုံးသူအရေအတွက်သန်း (၁၅၀၀) ရှိနေပြီး
မြန်မာပြည်မှာတင်သုံးတဲ့လူငါးသန်းကျော်ရှိပါတယ်။မထင်မှတ်ဘဲFacebook
မှာလူတွေလာစုတော့စီးပွားရေးသမားတွေအကွက်တွေ့သွားပါတယ်။ သက်ဆိုင်ရာbrand
အလိုက်page တွေအတော်များများလည်းရှိနေပါပြီ။

Facebookကိုအတော်လေးပေါ့ပျက်ပျက်သုံးခဲ့တဲ့လူတချို့စီးပွားရေးအမြင်ရှိလာတယ်။အဲဒီကနေအရောင်း အ၀ယ်လုပ်နေတာတွေတွေ့ရပါတယ်။စာဖတ်သူတွေလည်းစီးပွားရေးအမြင်ရှိမယ်ဆိုရင်Facebook
ပေါ် မှာဈေးဆိုင်ထောင်
လို့ရပါတယ်။ဈေးဆိုင်ထောင်ပြီးရင်ဒီအတိုင်းနေလို့တော့မရဘူး။ဈေးဆိုင်က
နေဈေးကွက်ကြီးတစ်ခုဖြစ် လာအောင်ကြိုးစားရပါမယ်။Fan တွေစုရပါမယ်။ Group
တွေဖွဲ့ရပါမယ်။အချိန်ယူပြီးလေ့လာရင်တတ်သွားနိုင်တဲ့ အလုပ်
တွေဖြစ်ပေမယ့်Facebook ကိုသာမန်သုံးသူတွေအတွက်ကအစိမ်းသက်သက်
ဖြစ်နေနိုင်ပါတယ်။Facebook ပေါ်မှာဈေးကွက်ထူထောင် တဲ့ကိစ္စအတွက် Facebook
အဖွဲ့ကြီးရဲ့သဘောထားအမြင်တွေကိုလည်းသိထားသင့်တာမို့
အားလုံးကိုခြုံငုံပြီးတင်ပြသွားချင်ပါတယ်။Facebookရဲ့page တွေအပေါ်မှာ
ဘာတွေကိုဘယ်လိုဖော်ပြမယ်ဆိုတဲ့Website ရဲ့အခြေခံအယူအဆပိုင်းကို
အရင်ကြည့်ရအောင်facebookသုံးစွဲတဲ့သူရဲ့newsfeed မှာဘယ်လိုitem
တွေပဲပေါ်ရမယ်ဆိုတဲ့ကိစ္စကိုfacebookအဖွဲ့ကြီးရဲ့တစ်စိတ်တစ်ပိုင်းလျှို့ဝှက်ထားတဲ့ Algorithm
ပေါ်မှာမူတည်ပြီးဆုံးဖြတ်ပါတယ်။
Facebook မှာnewsfeed ranking
ဆိုတာရှိတယ်။Google ကSearch result ranking
မျိုးခပ်ဆန်ဆန်ပါပဲ။သာမန်သုံးတဲ့လူက ပြဿနာမရှိပေမယ့် facebookကို
ဈေးကွက်တစ်ခုလိုသဘောထားပြီးသုံးမယ့်သူကတော့ ကိုယ်တင်မယ့်post တွေကို
ပြင်ဆင်တဲ့အခါဒီအချက်အားလုံးကိုထည့်ပြီး
စဉ်းစားထားဖို့လိုပါတယ်။Facebookဟာpost တင်တဲ့အခါမှာ စာသားချည်း
သက်သက်တင်တဲ့post တွေထက်ဓာတ်ပုံတွေဗီဒီယိုတွေနဲ့တင်တာကို ပိုပြီး
သဘောကျပါတယ်။တင်လိုက်တဲ့post တစ်ခုအပေါ်မှာတုံ့ပြန်မှုများလေလေ
(ဆိုလိုချင်တာကlike တွေများမယ်၊comment တွေများမယ်၊share လုပ်တာ
တွေများမယ်) အဲဒီpost ကိုfacebookပေါ်မှာ မြင်ရဖို့အခွင့်အလမ်းများ
လေလေဖြစ်ပါမယ်။လူတစ်ဦးချင်းစီနဲ့ဆိုင်တဲ့facebook account အပေါ်မှာ
မူတည်ပြီးပြောမယ်ဆိုရင်ကိုယ်တင်တဲ့post ကိုလူကြိုက်များလေလေ
နောင်တင်မယ့်post ကိုလူတွေပိုပြီးမြင်ရဖို့အခွင့်အလမ်းများလေလေ
ဖြစ်ပါမယ်။Facebook ကိုဈေးကွက်လိုသဘောထားပြီးသုံးမယ့် လူတွေ
အတွက်သူ့account ဟာpublic type ဖြစ်မယ်ဆိုတာသဘောပေါက်မယ်လို့
ထင်ပါတယ်။သူ့post ကိုလူကြိုက်လေpublic ထဲကိုပိုပြီးပေါက်လေဖြစ်ပါမယ်။

ဘယ်လိုပုံစံမျိုးနဲ့တင်တဲ့post ကိုတခြားfacebookသုံးတဲ့လူတွေကပိုပြီးကြိုက်
သလဲ၊ဓာတ်ပုံနဲ့တင်တဲ့post လား၊ဗီဒီယိုနဲ့တင်တဲ့post လား၊အများပိုကြိုက်
တဲ့post ပုံစံဟာနောင်အနာဂတ်ကာလမှာအများပိုပြီးမြင်ရဖို့အခွင့်အလမ်း
ပိုရှိလာပါမယ်။ဆိုကြပါစို့ဓာတ်ပုံနဲ့တင်တဲ့post တွေကိုဗီဒီယိုနဲ့တင်တဲ့post
တွေထက်လူပိုကြိုက်တယ် ဆိုရင်နောင်မှာဓာတ်ပုံနဲ့တင်တဲ့post တွေက
ဗီဒီယိုနဲ့တင်တဲ့post တွေထက်Public wall ပေါ်မှာပိုပြီးပေါ်ဖို့အခွင့်အရေး
ရှိပါမယ်။ကြော်ငြာတွဲပါလာတဲ့ကိုယ့်post ကိုကလစ်နှိပ်ပြီးဖတ်ရတဲ့လူ
တစ်ယောက်ကနောက်ထပ်အဲဒီလိုpost များကိုထပ်ကြည့်ချင်တယ်ဆိုပါစို့။
အဲဒီကြော်ငြာတွေကိုယ်ကဖန်တီးထားတာမဟုတ်ရင်တောင်တစ်ဖက်လူရဲ့ desktop
ကွန်ပျူတာပေါ်မှာဒါမှမဟုတ်မိုဘိုင်းဖုန်းပေါ်မှာသွားပြီးပေါ်နေမှာ
ဖြစ်ပါတယ်။Facebookဟာသူ့ထဲဝင်လာ တဲ့လူဘယ် လမ်းကြောင်းက
လာတယ်၊ဘယ်လိုပစ္စည်းမျိုးသုံးပြီးဝင်လာတယ်ဆိုတာစောင့်ကြည့်နေပါ
တယ်။အသားလွတ်နေတာမဟုတ်ပါဘူး။ဒါကြောင့်user ဟာကွန်ပျူတာပေါ် ကနေFacebook
ထဲဝင်တာလား။မိုဘိုင်းဖုန်းပေါ်ကနေFacebook ထဲဝင်
တာလားဆိုတာသူတို့သိနေပါတယ်။ပြီးတော့Facebook ထဲကိုမိုဘိုင်း
အင်တာနက်ကနေလာတာလား၊Wi-Fi အင်တာနက်ကနေလာတာလား
ဆိုတာကိုလည်းသိနေပါတယ်။ဒါကြောင့်တစ်ဖက်ကFacebook သုံးတဲ့လူ
အပေါ်မူတည်ပြီးသင့်တော်တဲ့post တွေကိုဖော်ပြပေးပါလိမ့်မယ်။ ဒေသ
တစ်ခုမှာနေတဲ့လူတွေဟာသူတို့ရဲ့စမတ်ဖုန်းကိုသုံးပြီးFacebook ကြည့်တာ
များတယ်ဆိုပါစို့၊သူတို့ရဲ့စမတ်ဖုန်းFacebook
မှာဗီဒီယိုPostတွေကိုတွေ့ရဖို့
အခွင့်အလမ်းပိုနည်းပါလိမ့်မယ်။ဒါဟာဒေသတစ်ခုရဲ့Facebook ပရိသတ်
အပေါ်မူတည်ပြီးဘယ်လိုpost မျိုးတင်မယ်ဆိုတာဈေးကွက် ဖော်ဆောင်
သူကစဉ်းစားရမယ့်ကိစ္စတစ်ခု ဖြစ်လာပါတယ်။Facebook မှာpost
အဟောင်းတွေနဲ့သေနေတာမျိုးကိုFacebook အဖွဲ့ကြီးကမကြိုက်ပါဘူး။ account
တစ်ခုဟာpost အသစ်တွေနဲ့ရှင်သန်နေတာကိုပိုပြီး သဘောကျပါ တယ်။Facebook
ကိုသာမန်အသုံးအနေနဲ့မဟုတ်ဘဲဈေးကွက်တစ်ခုလို
သဘောထားပြီးသုံးမယ့်လူဟာဒါကိုအလေးအနက်ထားဖို့လိုပါမယ်။ Facebook မှာpost
အသစ်တွေတင်လေလေအဲဒီpost တွေဟာnewsfeed
တွေမှာပိုပြီးဖော်ပြခံရဖို့အခွင့်အလမ်းများလေလေ ဖြစ် ပါတယ်။Post တစ်ခု
နဲ့ပတ်သက်ပြီးအများဆီကNegative feedback တွေမရဖို့လည်းလိုပါတယ်။
အရင်ကတော့Facebook ဟာlike လုပ်ရင်လုပ်မလုပ်ရင်comment ရေး
ဆိုတာလောက်ပဲရှိခဲ့ပေမယ့်အခုဆိုရင်ကိုယ့်စိတ်ကိုဒီထက်ပိုဖော်ပြဖို့အခွင့်
အလမ်းတွေပေးထားပါတယ်။like မဟုတ်ဘဲတခြားရွေးချယ်မှု အတော်
များများကိုnegative feedback လို့ယူဆစရာရှိလာပါတယ်။block လုပ်ခံရ
တာ၊unfriend အလုပ်ခံရတာတွေအပါအ၀င်ပေါ့။Negative feedback အရ များတဲ့Post
ဟာလူအများစုရဲ့facebook wall ပေါ်မှာပေါ်ဖို့အခွင့်အလမ်း
ပိုပြီးနည်းပါလိမ့်မယ်။ဒါကfacebookကိုဈေးကွက်တစ်ခုလို သဘောမထား
ခင်မှာကြိုပြီးစဉ်းစားထားရမယ့်အချက်တွေဖြစ်ပါတယ်။Facebook ပေါ်တွင်
ဈေးကွက်ဖော်ဆောင်တဲ့အခါမှာ post ကတစ်ဆင့်သွားလို့ရတာရှိတယ်။ Group
တွေဖွဲ့ပြီးအဲဒီကတစ်ဆင့်သွားလို့ရတာတွေရှိပါတယ်။ ကိုယ်ပိုင် account
ရှိပြီးသားလူတွေဟာဒီaccount နဲ့page ဖွဲ့မယ်ဆိုရင်ပိုပြီးလွယ်ပါ
တယ်။ဒါပေမယ့်ကိုယ့်အကြောင်းတွေကိုအကောင်းရောအဆိုးပါfacebook
ပေါ်တင်ဖူးရင်ဒါတွေက လုပ်ငန်းအပေါ်မှာလာပြီးထိခိုက်နိုင်ပါတယ်။လူသိများအောင်လုပ်ထားပြီးသားလူတစ်ယောက်ကိုယ်ပိုင် နာမည်နဲ့account
မဖွင့်
တာပိုကောင်းပါတယ်။လုံးဝမဖွင့်ရဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။နောက်တစ်ခုကGroup
ပါ။Group ဟာအကြောင်းအရာခေါင်းစဉ်တစ်ခုအပေါ်မှာအများ
ဝိုင်းပြီးဆွေးနွေးလို့ရအောင်forum - type ဖွဲ့စည်းထားတဲ့ကဏ္ဍဖြစ်ပါတယ်။
လုပ်ငန်း အတွက်ဈေးကွက်ချဲ့ထွင်ရေးအရောင်းမြှင့်တင်ရေးအတွက် ကိုယ့်ရဲ့
ဖောက်သည်တွေနဲ့ဆက်ဆံဖို့အတွက်သင့်တော်တဲ့လမ်းကြောင်းမဟုတ်ပါဘူး။Facebook
အပေါ်မှာဈေးကွက်ဖော်ဆောင်မယ်ဆိုလုပ်သင့်တာကFacebook page
ပါ။ကိုယ်ပိုင်account နဲ့သီးခြားကင်းလွတ်တဲ့post ဖြစ်ပါတယ်။
Facebook pageဟာလူမှုကွန်ရက်ပေါ်မှာပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှား
ရပ်တည်နိုင်ဖို့အများနဲ့ဆက်ဆံရာမှာပိုပြီးအစွမ်းထက်ဖို့ဒီဇိုင်းချပြီးတီထွင်ထားတာဖြစ်ပါတယ်။Facebook
page ဟာအခြေခံအဆင့်တွေအတွက်အခမဲ့ ဖြစ်ပါတယ်။ အခမဲ့
ဆိုပေမယ့်လုံလောက်တဲ့feature တွေပေးထားပါတယ်။
ကြီးကြီးကျယ်ကျယ်အဆင့်တစ်ခုအထိသွားချင်ရင်တော့အခပေးအဆင့်ကို
တက်ရပါမယ်။အခြေခံအဆင့်လောက်နဲ့မလုံလောက်ပါဘူး။အခပေးအဆင့်မှာfeature
တွေပိုစုံလာရုံ၊Layout designတွေပိုပြီးပြည့်ပြည့်စုံစုံလုပ်လာနိုင်ရုံ
တင်မကဘဲ ကြော်ငြာဆန်ဆန်ဆောင်ရွက်နိုင်တာမျိုးတွေရှိလာပါတယ်။
စီးပွားရေးဈေးကွက်အနေနဲ့facebookကိုသုံးရင်အများစုကတော့အခြေခံ အဆင့်post
အနေနဲ့သွားလေ့ရှိပါတယ်။အခမဲ့post ကိုသုံးတဲ့အတွက် အားနည်းချက်
ကကိုယ့်စိတ်ကြိုက်နာမည်နဲ့ဖွဲ့စည်းထားတဲ့အင်တာနက် လိပ်စာ
မရနိုင်တာပါ။Facebook ကပေးတဲ့လိပ်စာကိုပဲရနိုင်မှာ ဖြစ်ပြီးအဲဒီ
လိပ်စာကအက္ခရာနဲ့ဂဏန်းအတော်များများနဲ့ဖွဲ့စည်းထားတဲ့လိပ်စာပါ။
များသောအားဖြင့်ဂဏန်းတစ်ဒါဇင်လောက်နဲ့ဖွဲ့စည်းထားတဲ့လိပ်စာဖြစ်ပါ တယ်။Page
ဖွဲ့စည်းပြီးအလုပ်လုပ်လို့Like နှစ်ဆယ့်ငါးခုရလာပြီဆိုရင် တော့facebook.com/username
ကိုဝင်ပြီးစိတ်ကြိုက်နာမည်ရဖို့အဆင့်
တစ်ခုကိုတက်နိုင်ပါပြီ။အလျဉ်းသင့်ရင်post ကနေဖော်ဆောင်မယ့်
စီးပွားရေးနည်းလမ်းတွေကိုတင်ပြပါမယ်။
နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)

https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment