
ကိုယ်တိုင် ရေးထားတဲ့Apk တွေကို Upload တင်နည်းလေး ရေးပေး လိုက် ပါတယ်ဗျာ။
ကိုယ်တိုင် ရေးတဲ့ Apkတွေကို Play Store မှာ တင်ရင်တော့ $25.00 USD ကျသင့်မှာ ဖြစ်ပါတယ်။

အဲ့ဒီတာ့ အခမဲ့ တင်လို့ ရတဲ့ 1Mobile Market ကိုဘဲ တင်တဲ့ နည်းလေးကို ပြောပြ မယ်နော်။
ပထမဦးဆုံး [ဒီလင့်ကို သွားလိုက်ပါ]
အဲဒီလင့်မှာ ပထမဦးဆုံး အကောင့် ဖွင့်ပါနော် အရမ်း လွယ်ပါတယ်ဗျာ။

ပုံမှာပြထားတဲ့ အတိုင်း SingUp ကိုနှိပ်လိုက်ပါ။

လိုအပ်တာတွေ အပေါ်မှာ ထြားတဲ့ အတိုင်း အဆင့်ဆင့် ဖြည့်ပေး လိုက်ပါနော်။
အားလုံးဖြည့်ပြီးရင် Next နဲ့ ဆက်သွား လိုက်ပါ။ ပြီးရင် အီးမေးကို ဖွင့်ထားပါနော်။

အပေါ်ပုံပါ အတိုင်း 1မိနစ် မပြည့်ခင် Verify လုပ်ပေး ရပါမယ်။

အီးမေးထဲ ပို့လာတဲ့ 1Mobile Market မေးကို ဖွင့်ပြီး Verify လုပ်ပြီးလို့ အောင်မြင်ရင် အောက်က ပုံလေး အတိုင်း ပါဘဲ။

ကဲ နောက် တဆင့်က ကိုယ်တိုင်ရေး ထားတဲ့ Apk Upload တင်ဘို့ အဆင့်ပါဘဲ အပေါ်က စာမျက်နှာလေး က ခဏ အကြာမှာ အောက်က ပုံလေး အတိုင်း စာမျက်နှာ တခုပြောင်း သွားပါ လိမ့်မယ်။

Add New Appliction ကို ဆက်ပြီး ကလစ်ပါ။

Titel နေရာမှာ App အတွက် သင့်တော်မည့် အမည်ပေး လိုက်ပါ။ ပြီးရင် App တင်ဘို့ မိမိ စက်ထဲက ရွေးပေး လိုက်ပြီး တင်ပေးလို့ ရပါပြီ။

မိမိ App အတွက် Sreenshot လေး တွေကို တော့ အောက်မှာ ပြထားတဲ့ ပုံအတိုင်း ထည့်ပေး ရုံပါဘဲ။

ပုံတွေ တင်ပြီးရင် Save လိုက်ပါနော်

အပေါ်က ပုံလေးက ကျွန်တော် တင်ထားတဲ့ ပုံလေး နမူနာပါ 1Mobile Market မှာ ကိုယ်တင် ထားတဲ့ App လေး ပေါ်ဘို့ကတော့ ၁ရက် ကနေ ၇ ရက် အထိ ကြာတတ် ပါတယ်တဲ့ ...
ကဲ 1Mobile Market မှာ ကိုယ်တိုင်ရေး ထားတဲ့Apk Upload တင်နည်းလေး ကတော့ ဒီမှာဘဲ အဆုံး သတ်ပါပြီ။
- By : Thiha Htike (THT)
- EMail : thihahtike.it@gmail.com
No comments:
Post a Comment