Tuesday, June 21, 2016

သင်သေဆုံးသွားပြီးတဲ့နောက် သင့် Facebook Account ကို သင့်သူငယ်ချင်ထံ အမွေးပေးထားနိုင်တဲ့နည်းလမ်း




သင်သေဆုံးသွားပြီးတဲ့နောက် သင်နဲ့အတူပျောက်ကွယ်သွားမယ့်အရာတွေထဲမှာ သင့်ဖေ့ဘုတ်အကောင့် မပါပါဘူးနော်။ သင်မရှိပေမယ့်လည်း သင့်အကောင့်ကို ဆက်သုံးနေဖို့ Legacy Contact တစ်ဦးကို ကိုယ်စားလှယ်လွှဲခဲ့လို့ရပါတယ်။ အဆင်ပြေဆုံးတစ်ချက်ကတော့ Account Password ကို သူကိုလုံးဝပေးစရာမလိုတာပါပဲ။
သင်ရွေးချယ်ထားတဲ့ Legacy Contact တစ်ဦးက
  • သင့် Timeline မှာ post တင်လို့ရမယ်။
  • Friend requests လက်ခံပေးလို့ရမယ်။
  • သင့် profile picture ကို ပြောင်းပေးလို့ရမယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်ပေးခြင်းဖြစ်သည်။
  • ဒါပေမယ့် သင့်ဆီရောက်လာတဲ့ မက်ဆေ့ခ်ျတွေကိုတော့ သူဖတ်လို့မရပါဘူး။
  • သင့်အကောင့်ကို Log in လုပ်လို့မရဘူး။
  • အရင်ကတင်ခဲ့တဲ့ post တွေကို ဖျက်လို့၊ ပြင်လို့မရဘူး။
ဒီလို Legacy contact တစ်ဦးကို ရွေးချယ်ဖို့
  • ဖေ့ဘုတ်ရဲ့ ညာဘက်ထောင့်က setting ထဲကိုဝင်ပါ။
  • ထို့နောက် Security ထဲကိုဝင်ပါ။
  • Legacy Contact ကိုရွေးပြီး သင်စိတ်ချယုံကြည်ပြီး ကိုယ့် account ကို လက်လွဲလို့ ရမယ့်သူကို သင့်ဖေ့ဘုတ်အကောင့်ကြီး အမွေပေးလိုက်ပါ။ ဒါဆို ဘာကိုမှ နောက်ဆံတင်းစရာ မလိုတော့ဘူးပေါ့။ အရေးကြီးဆုံးတစ်ချက်က သင် အသက် ၁၈နှစ် ပြည့်ပြီးမှ ဒီလိုလွှဲထားခဲ့လို့ရမှာပါ။
ကဲ စာဖတ်ပရိတ်သက်ကြီးတို့ရော ကိုယ့်အကောင့်ကို လက်လွဲလို့ရလောက်တဲ့အထိ ဘယ်သူငယ်ချင်းကို ခင်မင်လဲ။ comment box မှာ mention ခေါ်လိုက်ပါအုံး။
Account Setting ထဲသွားပါ။

 Security ကိုနှိပ်ပါ

သူငယ်ချင်းကိုရွေးချယ်ဖို့  Leagacy Contact ထဲဝင်ပါ

Choose Leagacy Contact ကိုထပ်နှိပ်ပါ

မိမိ password ကိုထည့်ပြီး Continue ကိုနှိပ်ပါ

မိမိသူငယ်ချင်း အမည်ကိုရိုတ်ပြီး ရွေးချယ်လိုကပါ

သူ့ အကောင့်ကို လှန်းအကြောင်းကြားရန် မက်ဆေ့ကို Send နှိပ်ပြီးပို့ လိုက်ပါ

အောက်ပါပုံအတိုင်း ပြန်ထွက်ပါ

အောက်ပါပုံအတိုင်း သူငယ်ချင်းကို ရွေးချယ်ပြီးရင်တော့ မိမိ Facebook Account ကို သူ့ ကိုအမွေပေးထားနိင်ပါပြီ
အာကာ

No comments:

Post a Comment