Tuesday, June 21, 2016

♪ iPhone နဲ့ ရိုက်ထားတဲ့ Live Photos တွေကို GIF အဖြစ် ပြောင်းလဲပေးမယ့် Google ထုတ် “Motion Stills” app ♫


iPhone 6s ၊ iPhone 6s Plus နဲ့ iPhone SE တို့မှာ အသစ်ပါဝင်တဲ့ Live Photos ဓာတ်ပုံတွေကို iPhone ကိုင်သူတော်တော်များများသိကြမှာပါ။

Live Photo ဆိုတာ ဓာတ်ပုံတစ်ပုံရိုက်လိုက်တဲ့အခါ၊ shutter ခလုတ်ကို မနှိပ်မီ နဲ့ နှိပ်ပြီးနောက် ၃စက္ကန့်စာ ပုံရိပ်နဲ့ အသံတွေကိုပါ ဓာတ်ပုံထဲမှာ ထည့်ပေါင်းထားနိုင်တဲ့ feature ဖြစ်ပါတယ်။ Live Photo တစ်ပုံကို ဖိနှိပ်လိုက်တာနဲ့၊ ဓာတ်ပုံက အသက်ဝင်လှုပ်ရှားလာမှာဖြစ်တာကြောင့် ဘ၀ရဲ့ အမှတ်တရအချိန်တွေကို အကောင်းဆုံးသိမ်းဆည်းထားနိုင်မယ့်နည်းလမ်းတစ်ခုပါ။

အခုအခါ Google ဟာ အဆိုပါ Live Photos တွေကို GIF နဲ့ movie တွေအဖြစ် ပြောင်းလဲပေးမယ့် “Motion Stiils” app ကို iOS အတွက် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီ app ကို Google Research Team ကနေ ရေးဆွဲပေးခဲ့တာဖြစ်ပြီး၊ ကုမ္ပဏီရဲ့ ‘video stabilization’ နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Motion Stills apps ကနေ ဖန်တီးထားတဲ့ GIF တွေကို Messenger ကနေ ပို့တာမျိုး၊ လူမှုကွန်ရက်ဆိုက်မှာ တင်တာမျိုးတွေ လုပ်နိုင်သလို၊ clip အများအပြားကိုစုပေါင်းပြီး ဗီဒီယိုတစ်ခုအနေနဲ့လည်း ဖန်တီးနိုင်ပါတယ်။
iPhone Live Photos တွေကို GIF အဖြစ် ပြောင်းပေးတဲ့ iOS app တော်တော်များများရှိပေမယ့်၊ iOS မှာပဲ ပါဝင်တဲ့ feature တစ်ခုအတွက် iOS သီးသန့် app တစ်ခုကို Google က တကူးတကထုတ်ပေးခဲ့တာကတော့ ထူးခြားပါတယ်။ Google ရဲ့ အဆိုအရ Google Photos အတွက် လုပ်ဆောင်ချက်အသစ်တွေ ထုတ်ပေးဖို့အတွက် အခု Motion Stills app က ရတဲ့ သတင်းအချက်အလက်တွေက အသုံးဝင်ကောင်းဝင်လိမ့်မယ်လို့ သိရပါတယ်။

Goolge ရဲ့ app အသစ်တစ်ခုဖြစ်တဲ့ Motion Stills ကို iOS မှာ အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပြီး၊ Live Photos ရတဲ့ iPhone တွေမှာပဲ သုံးနိုင်မှာဖြစ်ပါတယ်။
Credit to ==> Digital Times

No comments:

Post a Comment