Tuesday, June 28, 2016

Android Version 5xx အတွက် မြန်မာစာထည့်သွင်းနည်း [No Root Need]



 Android Version 5.xx တွေအတွက်  မြန်မာစာထည့်သွင်းနည်းပါ...

ထပ် Share ပေးရတဲ့အကြောင်းကတော့....  Android Version 5.xx ကိုပဲမေးမေးနေကြလို့ပါ.... အားလုံးလည်း နားလည်ရလွယ်ကူအောင် လက်တွေ့ လုပ်ထားတာလေးကို Video Tutorial ပုံစံလေးလုပ်ပြီးတင်ပေးလိုက်ပါတယ်...။

 Android Version 6.xx အတွက်ကတော့  (CWM or TWRP)  တခုခုတင်မှပဲ မြန်မာစာ အဆေင်ပြေနိုင်ပါတယ်ခင်မျာ....  Root or Recovery တခုခုမတင်ပဲ  မြန်မာစာ (လုံးဝ) အဆင်ပြေတာမျိုး မတွေ့သေးပါဘူး။

လောလောဆယ်အချိန်မှာ ကျနော်ကိုယ်တိုင်လည်း စမ်းသပ်နေဆဲပါ... အဆင်ပြေတာနဲ့ နောက်မကျအောင် တင်ပေးသွားမှာပါ..:)

မကြာခင်မှာ အဆင်ပြေမဲ့ Font တွေလည်း ထွက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်..။


Build in Myanmar Langauge (Zawgyi) မပါတဲ့ ဖုန်းတွေအတွက် ဒီ Language Enabler Apk   ကို ဒေါင်းယူ Install လုပ်ကာ Language မှာ Myanmar (ဗမာ) သို့မဟုတ် Myanmar (Zawgyi) တခုခုကိုရွေးပြီး ဖုန်းကို Restart ချပေးကြည့်ပါ... (ဖုန်းတိုင်းမှာတော့ မရနိုင်ပါ)

Android Version 5.xx အတွက် လိုအပ်တာတွေကို အောက်မှာ အရင်ဒေါင်းယူ Install လုပ်ပါ......

FIREFOX-46.0.1.apk

Frozen Zawgyi Keyboard Pro.apk

Zawgyi-OneT5(iFont).apk

ကျန်တာတွေကိုတော့ အောက်က Video လေးထဲကအတိုင်း လုပ်ဆောင်ပေးပါခင်မျာ...:)
(Samsung Galaxy J5 SM-J500 Android 5.1.1 မှာ ကိုယ်တိုင်စမ်းသပ်ထားတာပါ)


အပေါ်က Zawgyi One T5 Font နဲ့ အဆင်မပြေခဲ့ရင်...

ဒီ Font တွေနဲ့ စမ်းကြည့်ပါ..   ZawgyiOne2015  ၊  SmartZawgyiPro  ၊  Samsung Zawgyi

Root Access ရပြီးဖုန်းတွေအတွက် မြန်မာစာထည့်ဖို့ Myanmar Font Installer တွေကို  ဒီနေရာ မှာ တင်ပေးထားပါတယ်။ Android Version 4xx မှ 6xx အထိ Support လုပ်နိုင်တဲ့  Font Installer တွေအများကြီးရှိပါတယ်။

Download Link တစ်ခုခုမှ ဒေါင်းမရလျှင်...

 လေးစားလျှက်
WinKabarKyaw (WKK)
http://winkabarkyaw.net

No comments:

Post a Comment