Wednesday, May 31, 2017

iCloud (or) Apple ID အကောင့် Free ဖွင့်နည်း


 Apple ထုတ်ကုန်တွေမှာ iCloud ရဲ့ အသုံးဝင်ပုံလေးတွေကို ဆက်လက် ဖေါ်ပြပေးချင်ပါသေးတယ်..။ iDevices တွေကို မြန်မာပြည်သားများ အသုံးပြု နည်းနေသေးပေမယ့် လက်ရှိအသုံးပြုနေတဲ့သူ အများစု ကလည်း iDevices တွေအကြောင်း ကောင်းကောင်း မသိသေးတာရယ်၊ သိပ်လည်း အသုံးမပြုတတ်ကြသေးတာကြောင့် ဒီအသုံးပြုနည်းတွေကို ပိုစ့်တစ်ခုအဖြစ် တင်ပေးလိုက်ရပါတယ်..။ လက်ရှိအချိန်ထိ Apple ထုတ်တွေကို ဝယ်ကိုင်နိုင်သော်လည်း iCloud အကောင့်တစ်ခု ရဖို့ကို အခကြေးငွေပေးပြီး ဖွင့်ခိုင်းနေကြတာ တွေ့နေရတဲ့အတွက်.. ဒီလိုလွယ်ကူတဲ့ နည်းလေးတွေကို အလွယ်တကူ လုပ်တတ်အောင် ၊ iCloud အကောင့်တွေ ဖွင့်တတ်အောင် ဒီပိုစ့်မှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ 
iCloud ဆိုတာက Apple ထုတ်တွေရဲ့ လုံခြုံရေးလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး..။ ဥပမာ မိမိမှာ iPhone တစ်လုံးရှိပြီး အကြောင်းတခုခုကြောင့် ပျောက်သွားတယ်ဆိုရင်တောင်.. ဒီ iCloud အကောင့်နဲ့ မိမိဆီ ဖုန်းပြန်ရောက်လာအောင် ဆက်သွယ်နိုင်ပါလိမ့်မယ်..။ iPhone ရဲ့ SIM ကတ်နဲ့ အမြဲတမ်း အင်တာနက် ဖွင့်ထားဖို့တော့ လိုပါတယ်..။ နောက်ဆုံး မိမိဆီ ဖုန်းပြန်မရောက်လာရင်တောင်မှ အဲ့ဒီ iPhone ကို ဘာမှအသုံးပြုလို့ မရအောင် Lost Mode and Erase Mode တွေနဲ့ ထိန်းချုပ် ဖျက်ဆီးပစ်လိုက်လို့ ရပါတယ်..။ ယနေ့အချိန်ထိ iCloud ရဲ့ လုံခြုံရေး (Security) ကို ဖျက်စီးနိုင်တဲ့ ဆော့ဝဲလ်တွေနဲ့ ဟတ်ကာတွေ မထွက်ပေါ်လာသေးပါဘူး.. (နောက်ပိုင်းတော့ ပေါ်ကောင်းပေါ်လာပါလိမ့်မယ်)။ ဒါကြောင့် Apple ထုတ်ကုန်တွေ ဝယ်သုံးနိုင်တဲ့သူများကတော့ ဒီ iCloud အကောင့်ကို မဖြစ်မနေ လုပ်ထားရမှာပါ..။ နောက်တစ်ခုကတော့ iCloud ရဲ့ Find my iPhone ကို အလွယ်တကူ ပိတ်လို့မရအောင် Pass Code (or) လက်ဗွေ နဲ့ ဖုန်းအဖွင့်မှာ ပိတ်ခံထားဖို့လည်း လိုပါတယ်..။

 Apple ID ဆိုတာကတော့ Gmail အကောင့်နဲ့လည်း ဖွင့်သုံးလို့ ရသလို၊ iCloud အကောင့်ထည့်ပြီးတော့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်..။ ဟိုးအရင်ပိုစ့်ဖြစ်တဲ့ ကွန်ပျူတာကနေ Gmail ဖြင့် iTunes နဲ့ Apple ID ဖရီးအကောင့်ဖွင့်နည်းကိုလည်း ဒီလင့်က ပိုစ့်မှာ တင်ပေးထားခဲ့ဖူးပါတယ်..။ iOS 6.1 မှာ iCloud အကောင့်ဖွင့်ရင် Gmail နဲ့ Confirm ပြန်လုပ်ပေးရတာ တွေ့ရပြီး iOS 7.1.1 တစ်လုံးမှာ Gmail နဲ့ Confirm လုပ်ဖို့ မလိုတာ တွေ့ရပြန်ပါတယ်..။ ဘယ်လိုပဲ ဖြစ်ဖြစ် သူရေးထားတဲ့ စာသားတွေကို ကြည့်ပြီး အဆင်ပြေသလို လိုက်လုပ်ပေးလိုက်ရင်တော့ ok သွားမှာပါ..။ အခု ဒီပိုစ့်က ပုံတွေကတော့ iPhone 4s iOS 6.1 နဲ့ လုပ်ပြထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်..။
iPhone တွေ ၊ iPad တွေ ပျောက်သွားခဲ့ရင်တော့ မိမိတို့ ကွန်ပျူတာကနေ iCloud ဆော့ဝဲလ်ကို ထည့်သွင်းပြီးတော့ မိမိတို့ iPhone ၊ iPad တွေမှာ ထည့်ထားတဲ့ iCloud အကောင့်နဲ့ ဝင်ပြီး အပေါ်မှာ ရေးပေးခဲ့သလို Lost Mode and  Erase Mode တွေနဲ့ မိမိတို့ ဖုန်းကို တခြားလူ အသုံးပြုလို့ မရအောင် iCloud နဲ့ ထိန်းချုပ်ထားလို့ ရပါတယ်..။ ဒါကြောင့် ဝင်းဒိုးတွေအတွက် iCloud ဆော့ဝဲလ် လိုအပ်ခဲ့ရင်တော့ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်..။ ဖိုင်ဆိုဒ်က 67 MB ရှိပြီး၊ ဒါရိုက်လင့်နဲ့ ချိတ်ပေးထားပါတယ်..။


အောက်ကပုံလေးကတော့ iCloud နဲ့ iPhone ၊ iPad ပျောက်သွားခဲ့ရင် ပြန်ရှာ ယူနိုင်တဲ့ ပုံလေးကို ပြပေးလိုက်တာပါ..။ 

iCloud ဖရီးအကောင့်ဖွင့်ဖို့ မိမိတို့ရဲ့ iPhone ၊ iPad တွေမှာ အင်တာနက် ရရှိနေရပါမယ်..။ ပြီးရင်တော့ အောက်ကပုံလေးအတိုင်း Setting ကနေ သွားလိုက်ပါ..။ ပြီးရင်တော့ အောက်ကို ဆွဲချပြီး အောက်ဒုတိယပုံလေးအတိုင်း iCloud စာသား နေရာကို ဆက်နှိပ်ဝင်သွားလိုက်ပါ..။ 



အောက်ကပုံလေးအတိုင်း ပေါ်လာရင်တော့ OK ပေးပြီး Get a Free Apple ID စာသားလေးကို ဆက်နှိပ်သွားပါ..။



အောက်ကပုံအတိုင်း မွေးသက္ကရာဇ်ကို အဆင်ပြေသလို ထည့်ပေးလိုက်ပါ..။ ၁၈ နှစ်ကျော်ဖို့ လိုပါတယ်..။ ပြီးရင် Next..။



အပေါ်ပုံအတိုင်း နာမည် ရှေ့၊ နောက် ပေးပြီးရင်တော့ အောက်ကပုံအဆင့်မှာ Get a free iCloud email address စာသားကို ရွေးယူပြီး Next နှိပ်သွားပါ..။


iCloud ရဲ့ Email မှာ အောက်ကပုံအတိုင်း ထည့်ပါ..။ မရရင် နာမည်ပြောင်း၊ သို့မဟုတ် နာမည်နောက်မှာ နံပါတ်တွေ ထည့်ပြီး ပြန်စမ်းကြည့်ပါ..။ ပြီးရင်တော့ အောက် ဒုတိယ ပုံအတိုင်း Create စာသားကို ဆက်နှိပ်သွားလိုက်ပါ..။



Password မှာ တော့ အရင် Apple ID အကောင့်ဖွင့်တုန်းကလိုပဲ စည်းကမ်းချက်တွေ ရှိပါတယ်..။ (၁) ထိပ်ဆုံးစာလုံး အကြီး (Caps Letter) ဖြစ်ရမယ်။ (၂) အက္ခရာတူ၊ နံပါတ်တူ ၃-လုံး မဖြစ်ရ။ (၃) အက္ခရာနှင့် နံပါတ် အတူရောပါရမည်။ (၄) အနည်းဆုံး ပါတ်စ်ဝါ့ဒ်မှာ ၈-လုံး ဖြစ်ရမည်။ (၈-လုံးထက် ပို၍ရသည်) ဒီစည်းကမ်းချက်တွေ ညီရင်တော့ iCloud အကောင့်တစ်ခုကို မိမိတို့ရဲ့ iPhone ၊ iPad တွေနဲ့ အလွယ်တကူ ဖွင့်ယူလို့ ရပါပြီ..။ အောက်ကပုံလေးတွေအတိုင်း ကျနော် ပါတ်စ့်ဝါ့ဒ်တွေ ထည့်ပေးလိုက်ပြီး iCloud အကောင့်တစ်ခုကို ကျနော်ဖွင့်လို့ ရခဲ့ပြီ..။ ဒါတွေမသိလို့ပဲ iCloud အကောင့်တွေကို ဆိုင်တွေမှာ အခကြေးငွေပေးပြီး ဖွင့်ခိုင်းနေကြရသည်..။ တချို့ဆိုင်တွေဆိုရင် Online မှာ ဈေးဝယ်လို့ရတဲ့ Visa လို Master လို ကတ်တွေရှိမှ iCloud အကောင့်ကို ဖွင့်လို့ရသည်လို့ ပြောတာများလည်း ကြုံဖူးပြီ..။ တကယ်တော့ လုပ်နည်းနဲ့ စည်းကမ်းတွေ မသိလို့သာ သူများပြောတိုင်း ယုံနေရတဲ့ သူများအတွက် ဒီပိုစ့်မှ နည်းများက ထိုသူများအတွက် အတော်လေး အထောက်အကူ ပြုလိမ့်မည် ထင်ပါသည်..။
ပါတ်စ့်ဝါ့ဒ်တွေကိုတော့ ကျနော် Apple ရဲ့ စည်းကမ်းများအတိုင်း အောက်ကပုံလေးအတိုင်း ထည့်ပေးလိုက်ပါပြီ..။ Verify မှာလည်း Password နေရာမှာ ရေးခဲ့တဲ့အတိုင်း မှန်အောင် ပြန်ရေးထည့်ပေးလိုက်ပါ..။ နောက်ဆုံးမှာတော့ ကျနော် နံပါတ်တွေနဲ့ ပေးဆုံးထားပါတယ်..။ အောက်ကပုံလေးတွေကို ဆက်ကြည့်လိုက်ပါ..။




ပါတ်စ်ဝါ့ဒ်ထည့်ပေးပြီး Next ကို နှိပ်သွားလိုက်ပါ..။ အောက်ကအဆင့်တွေမှာတော့ မေးခွန်း ၃-ခု ကို ၊ ကြိုက်တဲ့မေးခွန်းရွေးယူပြီး ကြိုက်တဲ့ အဖြေတွေ ထည့်ပေးလိုက်လို့ ရပါတယ်..။ အဆင့်ဆင့် ရေးမှတ်ထားရင်တော့ နောင်တချိန်လိုအပ်တဲ့အခါ အသုံးဝင်မှာဖြစ်လို့ ပိုကောင်းပါတယ်..။



ပထမ မေးခွန်းကို အလွယ်ဖြစ်အောင် ထိပ်ဆုံးက မေးခွန်းတွေကိုပဲ ရွေးယူပြီး အောက်ကပုံလေးတွေ အတိုင်း ဖြည့်ပေးလိုက်ပါတယ်..။


ဒုတိယ မေးခွန်းကိုလည်း အောက်ကပုံလေးအတိုင်း ဖြည့်ပေးလိုက်ပါတယ်..။ ပြီးရင် Next ...

တတိယ မေးခွန်းကိုလည်း အောက်ကပုံလေးအတိုင်း ဖြည့်ပြီး Next နဲ့ ဆက်သွားလိုက်ပါတယ်..။

Gmail တောင်းရင်တော့ မိမိတို့ တခါမှ Apple ID မဖွင့်ဖူးသေးတဲ့ Gmail အကောင့်ကို ထည့်ပေးလိုက်ပါ..။ လိုအပ်ရင် Confirm ပြန်လုပ်ရမှာ ဖြစ်လို့ မိမိတို့အတွက် အသုံးပြုလို့ ရတဲ့ Gmail အကောင့်ဖြစ်ဖို့ လိုပါတယ်..။ အောက်ကအဆင့်တွေကို Next နဲ့ ဆက်သွားလိုက်ပါ..။




ပြီးရင်တော့ အပေါ်နဲ့ အောက်ကပုံလေးတွေ အတိုင်း Agree လုပ်ပေးလိုက်ပါ..။


Creating Account ပြီးရင်တော့ မိမိတို့ရဲ့ iCloud အကောင့်တခုကို ရရှိပါပြီ..။ ပေါ်လာတဲ့ စာသားတွေကို ကြည့်ပြီး လိုအပ်ရင်တော့ မိမိတို့ အပေါ်မှာ ထည့်ပေးလိုက်တဲ့ Gmail ကနေ Confirm ပြန်လုပ်ပေးလိုက်ပါ..။ အောက်ကတော့ ကျနော် ဖွင့်ပေးလိုက်လို့ အဆင်ပြေသွားတဲ့ iCloud အကောင့်တွေထဲက တခုကို ဖေါ်ပြပေးလိုက်တာပါ..။ iCloud အကောင့်ရသွားရင်တော့ အောက်ပုံလေးအတိုင်း မြင်ရမှာပဲ ဖြစ်ပါတယ်..။ မျှားပြထားတဲ့အတိုင်း အောက်ကို ဆွဲချလိုက်ရင်တော့ Fine my iPhone ဆိုတဲ့ စာသားလေးကို တွေ့ရပါလိမ့်မယ်..။



အပေါ်ပုံအတိုင်း ပိတ်နေတာလေးကို အောက်ကပုံလေးတွေအတိုင်း ON ဖြစ်အောင် လုပ်ပေးလိုက်ပါ..။ Allow ကို ဆက်နှိပ်ပေးလိုက်ပါ..။ ဒါဆိုရင်တော့ မိမိတို့ရဲ့ iDevices တွေ ပျောက်ဆုံးသွားခဲ့ရင် အင်တာနက်ကနေ လှမ်းပြီး ဘယ်မှာ ရောက်နေလဲဆိုတာကို ထောက်လှမ်းနိုင်သလို ၊ iCloud ရဲ့ Lost Mode and Erase Mode တွေကို အသုံးပြုပြီး မိမိတို့ရဲ့ iDevices တွေကို တခြားလူများ အသုံးပြုလို့ မရအောင် ပိတ်ပစ် သို့မဟုတ် ဖျက်ပစ်လို့ ရသွားပါပြီ..။


ဒီအောက်ကပုံလေးတွေကတော့ မိမိတို့ လက်ရှိ မြန်မာစာ ပေါ်နေတဲ့ iOS ဗါးရှင်းကနေ အလိုလို iOS Update မတက်သွားအောင် Setting ကနေ သွားပိတ်ပေးထားရမယ့် နေရာလေးပဲ ဖြစ်ပါတယ်..။ iPad 2 iOS 7.1.1 နဲ့ ပုံရိုက်ယူပြပေးထားခြင်းပဲ ဖြစ်ပါတယ်..။ iOS 6 အထက်တွေမှာ ဒီလို ပိတ်လို့ မရသေးပဲ iOS 7 အထက်ဗါးရှင်းတွေမှာမှ ဒီလို Update ပိတ်တဲ့ စာသားနေရာလေး ပါတာ ဖြစ်ပါတယ်..။ မြန်မာစာ ပေါ်ပြီးသားတွေ မပျောက်လိုရင်တော့ ဒီလိုလေး အောက်ကပုံလေးတွေလို Update ပိတ်ပေးထားဖို့ သတိရပါ..။


ON ဖြစ်နေတာကို အောက်ကပုံလေးအတိုင်း OFF လုပ်ပေးလိုက်ပါ..။ 

iDevices များဖြစ်တဲ့ iPhone ၊ iPad တွေ ကောက်ရခဲ့ရင် ဘာကို အရင်ဆုံး ပြုလုပ်သင့်သလဲ... ၊
တကယ်လို့များ ဒီလို iPhone ၊ iPad တွေ ကောက်တွေ့ခဲ့ရင်တော့၊ မိမိကိုလည်း သူခိုးအဖြစ် စွပ်စွဲမှာ မလိုလားဘူး ဆိုရင်တော့ ကောက်ရ တွေ့တွေ့ချင်း ပါဝါ အရင်ပိတ်ပါ..။ SIM ကတ် ထုတ်ပစ်ပါ..။ အင်တာနက် လုံးဝ မသုံးမိပါစေနဲ့..။ နားလည်တတ်ကျွမ်းတဲ့ သူတွေကို ပြပြီး Pass Code ဖွင့်ပြီး Fine My iPhone ကို ပိတ်ပါ..။ iCloud ကို ရအောင် Remove လုပ်ပစ်ပါ..။ ဒါပေမယ့် ဒီပိုစ့်တင်ပေးတဲ့ အချိန်ထိ iCloud နဲ့ Fine My iPhone ကို Remove လုပ်လို့ မရသေးပါဘူး..။ နောက်မကြာခင်တော့ ရလာမှာပါ..။ အဲ့ဒီအခါကျရင်တော့ Remove လုပ်နည်း ပိုစ့်တွေ ထပ်တင်ပေးပါအုန်းမည်..။ အင်တာနက်နဲ့ iCloud (Fine My iPhone) ချိတ်ဆက်မိရင်တော့ အင်တာနက် မြေပုံကနေ ကိုက်တစ်ရာအတွင် အနီးကပ်ဆုံး နေရာထိ ရှာပြီး လိုက်လာလို့ ရပါတယ်..။ ပြီးရင်တော့ အသံပိတ်ထားလည်းပဲ iCloud ရဲ့ အသံမြည်စေတဲ့ Call နဲ့ ခေါ်လို့ ရပါတယ်..။ iPhone 5 မှာဆိုရင် ကင်မရာမှ မီးလင်းစေတဲ့ Call နဲ့ပါ ခေါ်ယူလို့ ရပါတယ်..။ ဒါကြောင့် ကောက်တွေ့တဲ့သူများ ပြန်ပေးဖို့ အခက်အခဲ ရှိတယ်ဆိုရင်တော့ ပါဝါပိတ် SIM ကတ်ထုတ်ပြီးသာ သိမ်းထားလိုက်ပါ..။ ပြန်ပေးဖို့ လွယ်ကူတယ်ဆိုရင်တော့ Lost Mode မှာ ပေါ်နေတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး မုန့်ဖိုးတောင်း ပြန်ပေးလိုက်ရင်လည်း နှစ်ဖက်စလုံး အဆင်ပြေစေတဲ့ နည်းလမ်းလေးပါပဲ..။
 ဒီနိုင်ငံမှာတော့ ဒီနိုင်ငံသားတွေက ဖုန်းပြန်ပေးလိုက်ရင်၊ သို့မဟုတ် ပိုက်ဆံအိပ် ကောက်ရလို့ ပြန်ပေးလိုက်ရင် မုန့်ဖိုးပေးဖို့ နေနေသာသာ၊ Thanks ဆိုတဲ့ စကားလေးတစ်ခွန်းတောင် မပြောတတ်တဲ့အပြင် ကျနော်တို့လို နိုင်ငံခြားသား မြန်မာတွေကို အထင်သေးတတ်တဲ့အတွက် သူခိုးလို့ မစွပ်စွဲရင်ကိုပဲ ကျနော်တို့က သူတို့ကို ပြန်ပြီး ကျေးဇူးပြန်တင်ရမယ့် အနေအထားပါ..။ ဒါကြောင့် နိုင်ငံအနေအထား လူမျိုးအနေအထားကို ကြည့်ပြီး (ကိုယ်ရှူးကိုယ်ပါတ် ၊ စေတနာ စောက်တလွဲ မဖြစ်ရအောင်..) မိမိတို့ ရောက်ရှိနေတဲ့ နိုင်ငံအလိုက် ပြန်ပေးသင့်၊ မပေးသင့် စဉ်းစား ချင့်ချိန်ပြီး ပြုလုပ်သင့်ပါကြောင်း...။
ကြုံကြိုက်ခဲ့ရင်တော့ နောက်ပိုင်း ကွန်ပျူတာမှ iCloud ကို အသုံးပြုပြီး iDevices  များ ရှာတတ်၊ ဆက်သွယ်တတ်အောင်နှင့် Lost Mode and Erase Mode တွေကနေ ဖုန်းတွေကို ပိတ်တတ်၊ ဖျက်တတ်အောင် ပိုစ့်များ ဆက်လက် တင်ပေးပါအုန်းမည်..။
 
 
 

♪ “စမတ်ဖုန်းတစ်လုံး ဘယ်လိုရွေးချယ်ဝယ်ယူမလဲ” ♫


Image may contain: phone
လူဦးရေ ၅၄ သန်းခန့်ရှိတဲ့ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းထိုးဖောက် ၀င်ရောက်မှုနှုန်းဟာ ၂၀၁၃ ခုနှစ်မှာ ဂဏန်းနှစ်လုံး ပြည့်လုပြည့်ခင်ရှိခဲ့ပြီး မနှစ်ကဆိုရင် ၅၀% နီးပါးရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အဓိက ဖုန်း အော်ပရေတာတွေ၏ အဆိုအရ မြန်မာ နိုင်ငံလူဦးရေရဲ့ ၈၀% လောက် ကပိုင်ဆိုင်တဲ့ ပထမဆုံး ဟန်းဆက်တွေက စမတ်ဖုန်းတွေဖြစ်ပါတယ်။ ထိုသို့သုံးစွဲမှုများပြားလာ ခြင်းနှင့်အတူ မိုဘိုင်းဖုန်းသုံးစွဲသူ များနှင့် လူ့အဖွဲ့အစည်းများအတွင်းတွင် တရားမ၀င်မှောင်ခိုသွင်းထားသည့် မိုဘိုင်းဖုန်းများ သည် တစ်ဆတစ်ဆတိုးပွားလာလျက်ရှိပါတယ်။ တစ်ခါ တစ်ရံတွင် မှောင်ခိုရောင်းချသူများသည် ဖုန်းအသစ်များ ထက် ပြန်လည် ပြင်ဆင်ထားသည့် ဖုန်းများကို တရားမ၀င် ရောင်းချလေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဖုန်းတစ်လုံးကိုဝယ်ယူတော့မယ်ဆို လျှင် သိထားသင့်တာလေးတွေကို လေ့လာကြည့်ကြ ရအောင်။ သေချာတာ ကတော့ ကျွန်တော်တို့ ၀ယ်ယူမယ့်ဖုန်းရဲ့ သက်ဆိုင်ရာ Show Room တွေ၊ စိတ်ချရတဲ့ဆိုင်ကြီးတွေမှာဝယ်ယူသင့်ပါတယ်။

မိမိတို့ဝယ်ယူမယ့် ဖုန်းအမျိုးအစားနဲ့ တူညီတဲ့ဖုန်းက ကိုယ့်အသိမှာရှိလျှင် ယူသွားပြီးပုံစံကို တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။ ဒါက အပြင်ပိုင်းပေါ့။ ဘာပစ္စည်းတွေသုံးထားလဲ၊ ဘယ်လို ပုံစံတည်ဆောက်ထားလဲ၊ အလေးချိန်၊ ရုပ်ထွက်စတာတွေကို တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။ နှိုင်းယှဉ်လိုက်လျှင် တစ်ထပ် တည်းတော့ လုံးဝမကျနိုင်ပါဘူး။ သိသိ သာသာကွဲပြားနေမှာဖြစ်ပါတယ်။ မျက်နှာပြင်ဘေးဘောင် ရဲ့နေရာယူမှု အထူအပါး၊ resolution ကင်မရာအရည်အသွေးတွေ သိသာစွာ ကွာနိုင် ပါတယ်။ Graphic အရည်အသွေးနဲ့ပတ်သက်ပြီး D-Day တို့ Contract Killer တို့လိုမျိုး ဂရပ်ဖစ်လိုအပ်ချက်မြင့်မားတဲ့ ဂိမ်းတွေတင်ကာ တစ်ပြိုင်နက်တည်းဖွင့်ထားကြည့်ပါက ဖုန်းအတုများ မှာ နှေးကွေးစွာ run မှာဖြစ်သလို hang သွားတာတွေဖြစ်မှာပါ။ အထူးသဖြင့် home ခလုတ်၊ power ခလုတ်နဲ့ volume ခလုတ် တွေက သိသာစွာ ကွာခြားလှပါတယ်။ iPhone Clone တွေဆိုလျှင် power ခလုတ်က သိသာစွာကွဲပြားတာကို တွေ့ရမှာပါ။ ဘက်ထရီကာဗာကိုချွတ်ပြီး တိုက်ဆိုင်စစ်ဆေးကြည့်ရင် အချို့သော အစိတ်အပိုင်းတွေ၊ နေရာချထားမှုတွေ (Sim card slot လိုမျိုး)က original နဲ့ ကွဲပြားနေမှာဖြစ်ပါတယ်။ Battery specification တွေက ကွဲပြားနေတာတို့ဖြစ်မှာပါ။ နာမည်ကြီးဖုန်းများ နှင့် နာမည် ဆင်တူရိုးမှား၊ ပုံစံဆင်တူရိုးမှားဖုန်းတွေကလည်း များစွာထွက်ပေါ် နေသောကြောင့် အဆိုပါဖုန်းများကိုလည်း သတိ ထားရမှာဖြစ်ပါတယ်။

မိမိတို့ရဲ့အဖိုးတန်တဲ့ငွေကြေးတွေက ဖုန်းအ၀ယ်မှားတဲ့အတွက် အလဟဿဆုံးရှုံးပြီး စိတ်သောက ရောက်စေမယ့်အဖြစ်မျိုးတွေ မကြုံရစေဖို့မိမိတို့အနေနဲ့ အသေအချာလေ့လာစစ်ဆေးပြီးမှ ၀ယ်ယူ သင့်ပါတယ်။ နောက်တစ် ချက်က မိမိတို့အနေဖြင့် ဖုန်းဝယ်လျှင် ဆိုင်မှာကတည်းက အားလုံးစစ်ဆေးပြီး လိုတာတွေအားလုံးလုပ်ခဲ့လျှင် ချို့ယွင်း အားနည်းချက်တွေရှိခဲ့ပါက ချက်ချင်းသိနိုင်မှာပါ။ ဥပမာ SIM ကတ်မိ၊ မမိ၊ Dual ဆိုလျှင် နှစ်ခုလုံးမိမမိ၊ microSD ကတ်မှာ ကတ်စိုက် ရမရ (အချို့ချောင်နေတတ်ပြီးမမိတာတွေဖြစ်တတ်ပါတယ်)၊ ကင်မရာ အရည်အသွေး၊ Google Play သုံးလို့ရမရ၊ မိမိတို့များသောအားဖြင့် အသုံးပြုရမယ့် apps တွေတင်လို့ရမရ၊ မြန်မာစာရမရ၊ ဖုန်းခေါ်လျှင် အသံကြား မကြား (စပီကာ ပြဿနာဖြစ်တတ်ပါတယ်)စတဲ့ အခြေခံ လိုအပ်ချက်တွေကို ဆိုင်မှာတည်းက အသေအချာ စစ်ဆေးခဲ့သင့်ပါတယ်။ ဘာကြောင့် လဲဆိုတော့ အဆိုပါပြဿနာလေးတွေက မကြာခဏကြုံတွေ့ နေကြလို့ပဲဖြစ်ပါတယ်။ ဒီလိုအခြေခံအချက်လေးတွေသိရှိထား လျှင် မိမိတို့အနေဖြင့် ဖုန်းအ၀ယ်မှားလို့ စိတ်သောကရောက်ရမယ့် အခြေ အနေမှ ရှောင်လွှဲနိုင်မှာပဲဖြစ်ပါတယ်။

<Second ဈေးကွက်နဲ့အတူ တွင်ကျယ်လာတဲ Clone>

အများစုသော စမတ်ဖုန်းသုံးစွဲသူများက အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ရဲ့ဖုန်းတွေကိုပြန်လည် ရောင်းချလေ့ရှိပါ တယ်။ မော်ဒယ်အမြင့် ကိုင်ချင်တာ၊ ငွေလိုတာ၊ လက်ရှိကိုင်နေတဲ့ဖုန်းကို ရိုးအီသွားပြီး နောက်ထပ် အသစ်တစ်လုံး ကိုင်ချင်တာ စတာတွေကြောင့် မိမိနဲ့နီးစပ်ရာ သူငယ်ချင်းတွေကိုပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာပဲဖြစ်ဖြစ်၊ စမတ်ဖုန်း အဟောင်း ၀ယ်ရောင်းဆိုင်တွေ ကိုပဲဖြစ်ဖြစ် ရောင်းချလေ့ရှိပါတယ်။ အဲဒီနေရာမှာ စမတ်ဖုန်းဝယ်ယူမယ့်သူတစ်ယောက်အနေနဲ့ ဈေးနှုန်း သက်သက် သာသာနဲ့ ၀ယ်ယူနိုင်တဲ့အတွက် စိတ်ဝင်စားကြမှာဖြစ်ပါတယ်။ သို့သော်တစ်ခုရှိတာက မိမိဝယ်ယူမယ့်ဖုန်းက အစစ်လားအတုလား (Genuine လား Clone လားပေါ့)သိရှိထားမယ်ဆိုလျှင်တော့ clone ၀ယ်ယူ မိတဲ့ပြဿနာကို ကာကွယ်ပြီးသားဖြစ်မှာပါ။ ထို့အတူ ဖုန်းဆိုင်များမှာ ၀ယ်ရင်လည်း အတုလားအစစ်လားသိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အများစုသောသူများအနေဖြင့် တော်ရုံတန်ရုံတော့ သိပ်နားလည်မှာ မဟုတ်တဲ့အတွက် ဈေးနှုန်းကိုကြည့်ပြီး သက်သာတယ်ဆိုတာနဲ့ဝယ်ယူ ကြမှာအမှန်ပါပဲ။ ကိုးစား ယုံကြည်ထိုက်သော ဆိုင်ကြီးတွေမှာတော့ clone တွေဝယ်ယူမိဖို့ အခွင့်အလမ်းသိပ်မရှိပေမယ့် အချို့သောဆိုင်တွေမှာ တော့ clone တွေကို ရောင်းနေကြပါတယ်။ Clone လို့ပြောရောင်းလျှင် ကိစ္စမရှိသော်လည်း အစစ်လိုလိုဘာလိုလိုနဲ့ရောင်းချမယ် ဆိုလျှင်တော့ ၀ယ်ယူမိသူတွေမှာ တော်တော်လေး နစ်နာမှာဖြစ်ပါတယ်။ အများစုဖြစ် တတ်တာက နည်းပညာနဲ့ပတ်သက်ပြီး ရင်းနှီး ကျွမ်းဝင်မှုအားနည်း လှတဲ့လူကြီးတွေအနေနဲ့ clone ကို တကယ့်အစစ်ဖုန်းကဲ့သို့ ထင်ပြီး ၀ယ်ယူမိတာတွေရှိပါတယ်။ သူတို့ကတော့ တံဆိပ်နဲ့ပုံစံကိုပဲ သိတာ များတဲ့အတွက် အထက်ကဆိုခဲ့သလို အဟောင်းဈေးကွက်မှာပဲဖြစ်ဖြစ်၊ အချင်းချင်းပြန် ရောင်းတဲ့အခါမှာပဲဖြစ်ဖြစ် Clone ကိုဝယ်မိလျက်သား ဖြစ်နေတတ်ပါတယ်။ အချို့က သိသိနဲ့လိမ်ရောင်းတာမျိုးတွေရှိပါတယ်။ Clone ကို ငွေအရေးတကြီးလိုလို့ မရောင်းချင်ဘဲ ရောင်းချရတဲ့ပုံစံမျိုးနဲ့ သိပ်နားလည်တဲ့သူတွေကို ဈေးသက်သာစွာရောင်းချလေ့ရှိပါတယ်။ ၀ယ်ယူသူတွေကလည်း ဘာပဲဖြစ်ဖြစ် သက်သက်သာသာနဲ့ရမယ်ဆိုတော့ သိပ်မစဉ်းစားမိဘဲ ၀ယ်ယူမိတတ် ကြပါတယ်။

<iPhone ၀ယ်ယူမယ်ဆိုရင်>

iPhone ကတော့ clone ဟုတ်မဟုတ်စစ်ရတာ လွယ်ပါတယ်။ iTunes App Store က iOS apps တွေတင်တဲ့အခါ ရနိုင်မှာမဟုတ်ပါဘူး။ Android ကို iOS ပုံစံပြောင်းထားတာဖြစ်ပါတယ်။ မိမိတို့ဝယ် ယူမယ့်ဖုန်းရဲ့ specification ကို GSMArena (သို့မဟုတ်) Official website မှရယူကာ တိုက်ဆိုင်စစ်ဆေးကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ spec တွေကို third-party app တစ်ခု ဖြစ်တဲ့ Antutu Benchmark ကို Google Play မှ download လုပ်ကာရယူပြီး စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ အကယ်၍ ဖုန်းရဲ့ ထုတ်လုပ် သူက အခြားနာမည်တစ်ခုကို ဖော်ပြနေတယ်ဆိုလျှင် အဲဒါဟာ clone ဆိုတာသိနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ IMEI code ကို စစ်ဆေး တာပဲဖြစ်ပါတယ်။ iPhone မှာတော့ သူ့ရဲ့ Serial Number ကို Settings>General > About Phone ကနေ ရယူပြီး https://selfsolve. apple.com/agreement WarrantyDynamic.do သို့ ၀င်ကာစစ်ဆေး နိုင်ပါတယ်။ အကယ်၍ iPhone က clone ဆိုလျင်တော့ “We’re sorry,but this serial number is not valid. Please check your information and try again,” ဆိုပြီးဖော်ပြမှာဖြစ်ပါတယ်။ Android သုံးစွဲသူများအဖို့ IMEI code ကို handset ရဲ့နောက်ကျောဖက်မှာ ကပ်ထားတဲ့ sticker ကနေကြည့်နိုင်ပါတယ်။ မရှိဘူး ဆိုလျှင်တော့ Settings> About>Status ကနေရယူနိုင်သလို *#06# ကိုရိုက်ထည့် ကာ ဖုန်းခေါ်ပြီး IMEI code ကို ရယူနိုင်ပါတယ်။ IMEI code ကိုရရှိပါက အဆိုပါ code ကို imei.info သို့သွားပြီး box ထဲမှာရိုက်ထည့်ကာ “Check” ကိုနှိပ်ပြီး စစ်ဆေး နိုင်မှာဖြစ်ပါတယ်။ အဲဒီအခါဖုန်းရဲ့ information တွေကိုပြသမှာဖြစ်ပြီး ကိုယ့် Handset နဲ့ အချက်အလက် တွေကွဲနေပါက clone ဆိုတာသိနိုင်မှာဖြစ်ပါတယ်။

<Samsung ဖုန်းတွေဝယ်မယ်ဆိုရင်>

Samsung ဖုန်းတွေအတွက်ဆိုလျှင် Samsung Kies ဆိုတဲ့ ဆော့ဝဲကို http:/ www.samsung.com/ph/support/ useful-software/KIES/ ကနေရယူပြီး သင့်ရဲ့ပီစီမှာတင်ကာ ဖုန်းကို USB နဲ့ချိတ်ဆက်လိုက်တဲ့ အခါသင့် Samsung ဖုန်းရဲ့ Device Name တွေ၊ Firmware information တွေနဲ့ ဖုန်းနဲ့ပတ်သက်တဲ့ specification တွေကိုပြသမှာဖြစ်ပါတယ်။ အကယ်၍ မိမိချိတ်ဆက်လိုက်တဲ့ device ကို ချိတ်ဆက်နိုင်ခြင်းမရှိဘဲ not recognized ဖြစ်နေကာ နောက်ထပ် connect ထပ်လုပ်ခိုင်း တဲ့အခါ တွေမှာလည်း ချိတ်ဆက်လို့မရနိုင်သေးဘူးဆိုလျှင် အဲဒါက Samsung Galaxy ဖုန်းမဟုတ်ဘူးဆိုတာ ပြသတာပဲဖြစ်ပါ တယ်။ ထို့ပြင် Galaxy device တွေမှာအသုံးပြုနိုင်တဲ့ Samsung codes တွေကိုရိုက်ထည့်ပြီး ဖုန်းခေါ်ဆိုကာ စစ်ဆေးနိုင်ပါ သေးတယ်။ အသုံးများတဲ့ code အချို့ ကတော့ *#1234#[Display device current firmware],*#*# 1472365#*#* [GPS test settings],*#0*#[General Test Mode], *#*#197328640 #*#* [Service mode main menu] စတာတွေပဲ ဖြစ်ပါတယ်။ အရှေ့က code တွေကို ရိုက်ထည့်ကာ dial လုပ်လိုက်လျှင် ကွင်းထဲမှာဖော်ပြထားသော လုပ်ငန်းစဉ်များကို လုပ်ဆောင်သွား မှာဖြစ်ပါတယ်။ အကယ်၍ မရဘူးဆိုလျှင်တော့ Samsung မဟုတ်ဘူး ဆိုတာ ဖော်ပြနေတာပဲဖြစ်ပါတယ်။

<IMEI code တွေရဲ့အကြောင်း>

IMEI code ဟာ ဂဏန်း ၁၅ လုံးပါဝင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ၃၅၈၈၉၃၀၅၇၄၇၀၃၂၃ ဖြစ်ပါတယ်။ အဲဒီမှာ နံပါတ် ၇ နဲ့ ၈ ခုမြောက် ဖော်ပြတဲ့ဂဏန်းများက ဖုန်းထုတ်လုပ်တဲ့နိုင်ငံများနဲ့ အရည်သွေးကို ဖော်ပြတာဖြစ်ပါတယ်။ အနှစ်ချုပ် မှတ်ထားလျှင်တော့ ၀၂ (သို့မဟုတ်) ၂၀ ဆိုလျှင် အရည်အသွေးနိမ့်၊ ၀၈ (သို့မဟုတ်) ၈၀ ဆိုလျှင် အရည် အသွေး အသင့်အတင့်၊ ၀၃(သို့မဟုတ်) ၃၀၊ (သို့မဟုတ်) ၄၀ဆိုလျှင် တရုတ် ပြည်မှာထုတ်တာဖြစ်ပြီး အရည်အသွေး ကောင်းမွန်ပါတယ်။ ၀၆,၆၀ ဆိုလျှင်လည်း ဟောင်ကောင်၊ တရုတ်၊ မက္ကဆီကို စက်ရုံထုတ် များဖြစ်ပြီး အရည်အသွေးကောင်းမွန်ပါတယ်။ ၀၅,၀၁ (သို့မဟုတ်) ၅၀,၁၀ ဆိုလျှင် ဘရာဇီး၊ USA သို့မဟုတ် ဖင်လန်စက်ရုံထုတ်များဖြစ်ကာ အရည်အသွေးအလွန်ကောင်းမွန်ပါ တယ်။ ၀၀ ဆိုလျှင်တော့ မူရင်းစက်ရုံ ထုတ်ဖုန်းဖြစ်ကာ အရည်အသွေးအကောင်းဆုံးဖြစ်ပါတယ်။ ၁၃ ဆိုလျှင် တော့ အရည် အသွေးအလွန်ညံ့ကာ ကျန်းမာရေးအတွက်လည်း အန္တရာယ် ရှိနိုင်မှာဖြစ်ပါတယ်။ အထက်ပါအချက်များနဲ့စစ်ဆေးလို့ရနိုင်သလို လက်ရှိပြည်တွင်းမှာ တရားဝင်ဖြန့်ဖြူးနေတဲ့ စမတ်ဖုန်းတံဆိပ်များဟာ သူတို့တိုက်ရိုက် တင်သွင်းတဲ့စမတ်ဖုန်းများအတွက် Warranty ပေး လေ့ရှိပြီး ဖုန်းနဲ့အတူ အဆိုပါ warranty card သို့မဟုတ် ဟိုလိုဂရမ် အမှတ်တံဆိပ်ကပ်ထား တာတွေပါဝင်မှာ ဖြစ်ပြီး အဆိုပါကတ်များက ဖုန်းအစစ်ဖြစ်ကြောင်း သက်သေခံနေတာလည်း ဖြစ်ပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 
 
 
 

Tuesday, May 30, 2017

Android နဲ့ အလန်းစား Video တွေဖန်တီးနိုင်မယ့် VivaVideo 5.7.5


 

VivaVideo ဟာ Android ဖုန်းထဲမှာတင် Video တွေကို အလန်းစားဖြစ်အောင် ဖန်တီးနိုင်ပါတယ်.. ကိုယ့်ရဲ့ စိတ်ကူးဥာဏ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းပေါ်မူတည်ပြီး တကယ့်အလန်းစား Video တစ်ခုကိုရရှိနိုင်ပါတယ်... ဖန်တီးလိုက်တဲ့ Video တွေကို Social Media တွေပေါ်ကို တိုက်ရိုက်တင်ပေးနိုင်ပါတယ်.. Pro version ဖြစ်တာကြောင့် Viva Video ရဲ့ Water Mark လည်းမပေါ်တော့တဲ့အပြင် Special Feature တွေကိုလည်း ရယူနိုင်ပါတယ်..

Key Features
  • Creative Video Camera Lenses
  • Support multi capture options: Basic/Selfie/FX/Funny/Music Video/Collage
  • Exclusive selfie camera with seven fascinating lenses
  • Use nine funny lenses to play your “prank skills”
  • Capture videos especially for Instagram & Vine
  •  HOT Photo Movie Maker
  • The easiest way to turn your photos into movie masterpiece and create video slideshow in several clicks!
  •  Unique Video Collage (PIP) Maker
  • -Merge clips into one story with many awesome & fancy collage templates

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download VivaVideo Pro v5.7.5.apk : 36.14 Mb

Mediafire Link

pCloud Link

သွက်လက်လက် Facebook ဗားရှင်းသစ် 126.0.0.18.77


May 28 ရက်နေ့က ထုတ်ပေးလိုက်တဲ့ Facebook ဗားရှင်းသစ် 126.0.0.18.77 ဖြစ်ပါတယ်.. Beta Version ဖြစ်ပြီး UI နဲ့ Function တွေ သိပ်အပြောင်းအလဲလုပ်ထားတာကို မတွေ့ရပေမယ့် ပိုမိုသွက်လက်လာပါတယ်...



 What's New
  • Improvements for reliability and speed

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >

Download Facebook 126.0.0.18.77.apk : 73 Mb

နိုင်ငံတကာနှင့်မြန်မာငွေလဲနှုန်းကိုသိရှိနိုင်တဲ့ ဆော့ဖ်ဝဲလ်


မင်္ဂလာပါ ပြည်ပရောက် ချစ်ညီကိုမောင်နှမတွေအတွက် အရမ်းအသုံးဝင်တဲ့ ဆော့ဖ်ဝဲတစ်ခုမျှဝေလိုက်ပါတယ်။ အဲဒါကတော့Myanmar Exchange Rates ဆော့ဖ်ဝဲလ်လေးပါ။ မိမိတို့ခေတ္တရောက်ရှိနေတဲ့ နိုင်ငံမှ အမိမြန်မာနိုင်ငံသို့ ငွေလဲချင်တဲ့အခါငွေဈေးနှုန်းကိုသိချင်လို့ သူငယ်ချင်း မိတ်ဆွေတွေဆီသို့ ဖုန်းနဲ့လှမ်းမေးစရာမလိုပဲ ဒီဆော့ဖ်ဝဲလေးကို ဖုန်းမှာဆောင်ထားခြင်းဖြင့် အင်တာ နက်ဖွင့်ပြီးနောက်ဆုံးပေါက်ဈေးကမ္ဘာငွေကြေးနှုန်းထား များစာရင်းကိုသိရှိနိုင်မှာဖြစ်ပါတယ်။နောက်ပြီးဒီဆော့ဖ်ဝဲ လေးကမေလ၆ ရက်နေ့မှာစပြီးဗားရှင်းအသစ်ထွက်ရှိထား တာမို့အသုံးပြုရတာအရမ်းကိုကောင်းမွန်စေပါတယ်။ Android/Tablet 5.0 အထက်ရှိဖုန်း များမှာထည့်သွင်း Install လုပ်၍အသုံးပြုနိုင်ပါတယ်။ လိုအပ်ရင် အသုံးပြုဖို့ ဒေါင်းလော့ရယူပါ။
 
ဝင်းလှိုင်-နည်းပညာ 
 
 

♪ “ဖိုင်ချုပ်ချယ်မှုမှန်သမျှ ဆန့်ကျင်ကြ” ♫


Image may contain: text
အလကားရတဲ့ Program ပဲဖြစ်ဖြစ်၊ ဖိုင်ပဲဖြစ်ဖြစ် ကိုယ်သုံးချင်တိုင်းသုံးခွင့် အမြဲရတတ်တာမဟုတ်ပါဘူး။ တရားဝင် ၀ယ်တဲ့ သီချင်းခွေတွေ ရုပ်ရှင် ကားတွေမှာတောင် ကော်ပီကူးမှာ ကြောက်လို့ DRM ဆိုတာကြီး ထည့်ထားလိုက်သေးသဗျ။ တချို့ဟာတွေက သူ့ဖက်ကကြည့်ရင် တရားတယ်ထင်ရလို့ ထားလိုက်ပါတော့။ ဒါပေမယ့် တချို့သော ကန့်သတ် ချုပ်ချယ်မှု တွေကတော့ သိပ်ပြီး တရားနည်းလမ်းမကျဘူး။ ဒါတွေကို ဆန့်ကျင်ကြပါမယ်။ အောက်မှာပြောထားတဲ့ နည်းလမ်းတွေအတိုင်း ဆန့်ကျင်ကြပါမယ်။

ပထမဆုံးဆန့်ကျင်မှုက Admin ခွင့်ပြုချက်လိုတယ်လို့ ပြောလာတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်။ ကြုံဖူးမှာပါ။ Windows ထဲမှာ program တစ်ခုကို installation တင်တဲ့အခါ ခင်ဗျားဟာ admin မဟုတ်လို့ ဒီလိုမျိုး လုပ်ပိုင်ခွင့်မရှိပါဘူးလို့ ပြောတာမျိုး။ ကိုယ်က account တွေ သီးခြားခွဲ မထားဘဲ တစ်ခုတည်းသော account ကနေသုံးတဲ့ အဓိက user လည်း ဖြစ်မယ်၊ ယူစရာမလို ဘဲ အလိုလို admin အဆင့်ရောက်နေတဲ့ လူလည်း ဖြစ်မယ်ဆိုရင် ဒီလိုအပြောခံရတာကြီးက ကသိကအောက်နိုင်လှပါတယ်။

ဒီပြဿနာကိုကျော်လွှားမယ်ဆိုရင် ကိုယ်ဖွင့်မယ့် program ပေါ်မှာ ညာကလစ်ထောက်ပါမယ်။ ပြီးရင်ပေါ်လာတဲ့ အကွက်ထဲကနေ Run as administrator ကိုရွေးပေးပါမယ်။ ပြီးရင် admin password ဖြည့်၊ မရှိရင်လည်း မဖြည့်နဲ့ပေါ့ဗျာ။ ဒီနည်းလမ်းက ယာယီပြေလည်မှုကို ပေးပါ တယ်။ အပြီးတိုင် ပြေလည်ချင်တယ်ဆိုရင် program shortcut ဒါမှ မဟုတ် EXE ဖိုင်ပေါ်မှာ ညာကလစ်ထောက်ပါ။ ပြီးရင် Compatibility tab ကို ရွေးပါ။ Privilege level section ထဲဝင်ပါ။ Run this program as administrator စာသားဘေးက လေးထောင့်ကွက်မှာ အမှန်ခြစ်ဖြုတ်ပါ မယ်။ ပြီးရင် apply နေရာမှာ ဘယ်ကလစ်နှိပ်ပါမယ်။

အဲဒီနောက်မှာ Change setting for all user မှာ ကလစ်နှိပ်ရပါမယ်။ Administrator option မှာ deselect လုပ်ရပါ မယ်။ အဲဒါမှ ကန့်သတ် ချုပ်ချယ်ထားတာ အပြီးတိုင်ကင်းလွတ်သွားပါလိမ့်မယ်။ ဒီလိုကန့်သတ် ချုပ်ချယ်မှုမျိုးဟာ ဖိုင်တစ်ခုခုကို ကိုယ်ဖျက်တဲ့အခါမှာလည်း ကြုံတတ် တယ်။ အဲဒါက Windows ကလုပ်တဲ့ အဟန့်အတားပါ။ သူ့မှာလည်း admin လုပ်ပိုင်ခွင့်က လိုပြန်တာပဲ။

ဒီအကန့်အသတ်ကို ကျော်လွှားဖို့အတွက် အခမဲ့ရတဲ့ 10bit Unlocker tool ကိုသုံးပါမယ်။ သူ့ကို www.bit.ly/ unlocker419 မှာ download ဆွဲနိုင် ပါတယ်။ ဖိုင်တွေ folder တွေ access လုပ်တာ၊ ဖျက်တာတွေနဲ့ ပတ်သက်တဲ့ ကန့်သတ် ချက်အားလုံးကို ကာကွယ်ပေးပါတယ်။ ဖျက်လိုက်တိုင်း ကတိကအောက်လုပ်တဲ့ ဖိုင်ပေါ်မှာ ညာကလစ်ထောက် ပါ။ ပြီးရင် ပေါ်လာတဲ့အကွက်ထဲကနေ 10bit Unlocker ကိုရွေးပါ။ 10bit unlocker Window ထဲ ဒုက္ခပေးတဲ့ဖိုင်ကို drag and drop ဆွဲချလို့လည်း ရပါတယ်။ ပြီးရင် unlock ကို ကလစ်နှိပ်ပါ။ ပြီးရင် Unlock & delete ကို ရွေးပေးပါ။

နောက်ထပ်ဖယ်ရှားမယ့် အကန့်အသတ်ကတော့ ကိုယ့်ဖက်ကိုယ် နည်းနည်းယက်မယ်ဗျာ။ Trial Period အကန့်အသတ်အတွင်း အခမဲ့ ပေးသုံးတဲ့ software တွေအတွက် အစမ်းသုံးကာလကို ပိုပြီးရှည်အောင် ဆွဲဆန့်မှာပါ။ Software တစ်ခု ဟာ တစ်သက်လုံးအခမဲ့သုံးခွင့်ပေးမထား ဘူးဆိုရင် သူ့အတွက်လုပ်နိုင်တာ သုံးမျိုးရှိတယ်။ ပထမတစ်မျိုးက လိုင်စင်ကြေးပေး ပြီးသုံးတာ။ ဒါတောင် antivirus ဆိုရင် တစ်နှစ်ပဲသုံးလို့ ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကရှိသေး။ ဒုတိယတစ်ခုက အစမ်းသုံးကာလ စေ့တာနဲ့ uninstall လုပ်ပစ်တာပါ။ တတိယတစ်မျိုးကတော့ အစမ်းသုံး ကာလ ကို ပိုပြီးရှည်အောင် ဆင်ကြံကြံတာ။ တစ်သက်လုံး အလကား သုံးလို့ ရအောင် ကြံချင်လည်းကြံမယ်။

ဒီကိစ္စအတွက် အခမဲ့ရနိုင်တဲ့ Run-As Date Software ကိုသုံးပါမယ်။ သူက ပေါ်တာကြာပြီ။ www.nirsoft.net/utils ကနေ အခမဲ့ download ဆွဲပြီးသုံးနိုင်ပါတယ်။ ဒီ software ရေးတဲ့လူ the prolific Nivsoff ကုမ္ပဏီရဲ့ အပြောကတော့ software တိုင်းမှာ အလုပ်လုပ်ဖို့ အာမမခံဘူး တဲ့ သူပြောတာ မှန်ပါတယ်။ Software ကုမ္ပဏီကြီးတွေကထုတ်တဲ့ program တွေမှာ RunAsDate အလုပ်မလုပ်တာ ကိုယ်တွေ့ပါ။ Run As Date ကိုသုံးမယ်ဆိုရင် trial program တစ်ခုကို browser လုပ်ပြီးရှာ ရပါမယ်။ ပြီးရင် Relative to the current date/ time ဆိုတာကို Date/ Time Menu ထဲမှာရှာပြီး ရွေးရပါမယ်။

ပြီးရင် နာရီကိုနောက်ပြန်လှည့်ပါမယ်။ ကိုယ်သုံးချင်သလောက် ရက်ကို နောက်ပြန်လှည့်ပါ။ Tria period မကုန်သေးဘူး လို့ထင်ရအောင် software ကို လှည့်စားဖို့ဖြစ်ပါတယ်။ ပြီးရင် အစမ်းသုံးကာလကို ဆန့်ထုတ်ဖို့အတွက် Run မှာ ကလစ်နှိပ်ပါ မယ်။ မူလ Program နဲ့ Run As Date ကို သီးခြားစီဖွင့်သုံးလို့မရပါဘူး။ အဲဒီလိုဖွင့်သုံးရင် မူလ program ထဲက အစမ်းပေးသုံး ကာလဟာ တည်မြဲနေမှာပါ။ RunAs Date ကနေဖွင့်မှ အစမ်းသုံးကာလ ဆန့်ထွက်လာမှာပါ။ RunAs Date ဟာ အစမ်းသုံး ကာလ ဆန့်ထုတ်ထားတဲ့ Program ကို Run ပေးဖို့ Desktop shortcut တစ်ခု ဖန်တီးပေးပါတယ်။ အဲဒီ Program ကို စဖွင့်ပြီ ဆိုတာနဲ့ system ထဲက date ကို အလိုအလျောက်ပြောင်းပေးပါမယ်။ Shortcut ကနေ သွားဖွင့်မှ ဒီအကျိုးကျေးဇူးကို ခံစားရမှာပါ။

နောက်ထပ်တစ်ခုကလည်း ဆင်ကြံကြံမှာပဲ။ BBC Programme တွေကို တစ်သက်လုံးကြည့်လို့ရအောင်လုပ် မှာပါ။ BBC ဟာ သူကထုတ်လွှင့်တဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို Device အတော် များများ မှာရနိုင်အောင် ကြိုးစားပေးပါ တယ်။ Online ကနေကြည့်နိုင်အောင် ခွင့်ပြုပေးထားသလို Offline ကြည့်နိုင်အောင်လည်း ခွင့်ပြုပေးထား ပါတယ်။ ဒါဆိုရင် ဘာလုပ်ဖို့ဆင်ကြံကြံစရာလိုသတုန်း။ iPlayer service တစ်ခုတည်း ပေါ်ကပဲကြည့်လို့ရအောင် လုပ်ထားတာရယ်၊ ထုတ်လွှင့်ပြီး ရက်ပေါင်း သုံးဆယ် ဒါမှမဟုတ် download ချပြီး ရက်သုံးဆယ်ကြာရင် iPlayer service ထဲမှာ ပျောက်သွားအောင်လုပ်ထားလို့ ဖြစ်ပါတယ်။

ဒါဟာတစ်နည်းပြောရရင် DRM (Digital Right Management) သုံးပြီး ကန့်သတ်ချုပ်ချယ်တာ တစ်မျိုးပဲ။ အကောင်း ဆုံး ဖြေရှင်းနည်းက အခမဲ့ရနိုင်တဲ့ Get iPlayer ကိုသုံးပြီး ဖြေရှင်းတာပါ။ သူ့ကို www. bit.ly/yet iplayer 419 ကနေ download ချပြီး အခမဲ့ သုံးနိုင်ပါတယ်။ သူက BBC ထုတ်လွှင့်တဲ့ အစီအစဉ်မှန်သမျှ ကြိုက်ရာကို download ဆွဲခွင့်ရအောင် လုပ်ပေးတယ်။ ကိုယ့်ကွန်ပျူတာထဲမှာ ကြိုက်သလောက် သိမ်းထားနိုင်အောင်လည်း ဆောင်ရွက်ပေးပါတယ်။

ပထမဆုံး Get iPlayer ရဲ့ start menu folder ထဲက web PRV Manager ကိုရွေးပါ။ ပြီးရင် BBC ကလတ်တလော လွှင့်နေတဲ့ programme list ကိုခေါ်ကြည့်ပါ။ ဒါမှမဟုတ် download ချချင်တဲ့ Programme တစ်ခုကို search ကနေ၀င်ပြီးရှာပါ။ ပြီးရင် အဲဒီ programme ကိုရွေးပါ။ ပြီးရင် tab အသစ်ထဲမှာ record လုပ်နိုင်မယ့်အတွက် Record မှာ ကလစ်နှိပ်ပါ။ Record လုပ်လို့ပြီးသွားပြီဆိုရင် Web PRV Manager ထဲ ပြန်ချင်ပြန် နိုင်တယ်။ Recordings မှာကလစ်နှိပ်ပြီး ကိုယ် Record လုပ်ထားတာ တွေကိုကြည့်နိုင်တယ်။ Start Menu မှာရှိတဲ့ iPlayer Recordings folder ကိုဖွင့်ပြီးလည်း ကြည့်နိုင်ပါတယ်။

Record လုပ်ပြီး သိမ်းဆည်းထားတဲ့ ဗီဒီယိုတွေဟာ DRM-Free MP4 format နဲ့ ဖြစ်ပါတယ်။ အချိန်ကာလကန့်သတ် ချက်နဲ့ပြတဲ့ ရုပ်ရှင်တွေ ဗီဒီယိုတွေကို ထာဝရသိမ်းဆည်းဖို့ နောက်ထပ်သုံးနိုင်တဲ့ လက်နက် တစ်ခုကတော့ screen recorder ကိုသုံးဖို့ ဖြစ်ပါတယ်။ Screen ပေါ်မှာ ဖွင့်ပြီးပြသမျှကို Capture ဖမ်းပြီးသိမ်းဆည်းပေးထားပါမယ်။ ဒီကိစ္စ အတွက် အခမဲ့ရနိုင်တဲ့ tool တွေ အွန်လိုင်းမှာရှိပါတယ်။



နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 
 

♪ “Porn ကြည့်တာကို လူမမိအောင် ကာကွယ်ပေးမယ့် ကိရိယာ” ♫


Image may contain: text
Porn ကြည့်တာကို လူမမိအောင် ကာကွယ်ပေးမယ့် ကိရိယာကို Porn ၀က်ဆိုက် xHamster က နယ်သာလန် ကုမ္ပဏီ Moos Neimeijer နဲ့ ပူးပေါင်း ဖန်တီးလိုက်ပါတယ်။ ကိရိယာကို Minimeyes လို့ အမည် ပေးထားပြီး ကိရိယာဟာ အခြေခံအားဖြင့် သင့်အခန်းထဲသို့ လူဝင်လာရင် အာရုံခံ သိရှိတဲ့ Motion Sensor တစ်ခု ဖြစ်ပါတယ်။

တီထွင်သူများက ကိရိယာကို နေအိမ်၊ ရုံးခန်း၊ ကော်ဖီဆိုင်များမှာ အသုံးပြု နိုင်တယ်လို့ ပြောပါတယ်။ ကိရိယာဟာ ကွန်ပျူတာနဲ့ ၁၆.၅ ပေ အကွာ အဝေးအတွင်းမှာ Bluetooth ဖြင့် ဆက်သွယ်မှာ ဖြစ်ပါတယ်။ ကိရိယာက အခန်းတံခါးကို အနီအောက်ရောင်ခြည်ဖြင့် စောင့်ကြည့်နေမှာ ဖြစ်ပြီး လူဝင်လာတာနဲ့ သူက ကွန်ပျူတာမှ ၀င်းဒိုးအားလုံးနဲ့ အသံကို ပိတ်ပေးမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကွန်ပျူတာနဲ့သာ တွဲဖက် သုံးနိုင်ပြီး တက်ဘလက်၊ စမတ်ဖုန်းများနဲ့ အလုပ်မလုပ်ပါဘူး။ စမတ်ဖုန်း၊ တက်ဘလက်များဟာ လူတွေ Porn အကြည့်ဆုံး ကိရိယာများ ဖြစ်တယ်လို့ စစ်တမ်းက ဖော်ပြ ထားတဲ့အတွက် ကိရိယာကို လူကြိုက်ပါ့မလားလို့ စိတ်ပူစရာ ရှိပါတယ်။ ဒါပေမယ့် တီထွင်သူများက အဲဒီ ကိရိယာများနဲ့ တွဲဖက် သုံးနိုင်အောင် ဖန်တီးမယ်လို့ ပြောပါတယ်။

Minimeyes ကို ထုတ်လုပ်ရောင်းချဖို့ လက်ရှိမှာ Indiegogo ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ လုံလောက်တဲ့ ရန်ပုံငွေ ပမာဏ ရရင် ဒီဆောင်းရာသီမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံ ဗီဒီယိုကို အောက်ပါ လင့်ကနေ ကြည့်နိုင်ပါတယ်။ 

https://youtu.be/3uTbzJ3iatY


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 

Android ဖုန်းမှ Microsoft Excel, Word, Powerpoint များတွင်​ မြန်​မာစာထည့်​သွင်းနည်း (100% Tested)




Android ဖုန်းမှ Microsoft Excel, Microsoft Word, Microsoft Powerpoint  စတဲ့ Microsoft Application တွေမှာ မြန်မာစာအဆင်မပြေဘူးဟုဆိုကာ တော်တော်များများ မေးထားကြလို့ လူတိုင်းအလွယ်ကူဆုံး ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်ခင်မျာ..။



လိုအပ်တာတွေဒေါင်းယူ Install လုပ်ပြီး အောက်ဖေါ်ပြပါအတိုင်း တဆင့်ချင်း လုပ်ဆောင်ပေးလိုက်ပါ...။ 
(အဆင်မပြေဖြစ်ခဲ့ရင် အောက်နားက Video လေးကိုကြည့်နိုင်ပါတယ်)



Zawgyi-One Font.ttf
































Done!


   အထက်ဖေါ်ပြပါအတိုင်း Microsoft Excel နဲ့  M icrosoft Word တို့မှာလည်းထည့်​​ပေးနိုင်​ပါတယ်​။




@@@@@XXX@@@@@



အားလုံးပြီးရင် Phone Setting > App Manager  မှတဆင့် Powerpoint ကို "Force Stop" လုပ်ပေးပါ..။





Microsoft Powerpoint App ကို ဖွင့်ပြီး အသုံးပြုနိုင်ပါပြီ။













@@@@@@@XXX@@@@@@@



=============================
      How To Install Custom Font On
 Microsoft Excel, Word, Powerpont APK
=============================
1) Your Device Must be Rooted.
2) Any Font.ttf.
3) Install Some APP (Download Link)
4) Follow My Video.
Good Luck!