Tuesday, May 23, 2017

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: 2 people, phone
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ညလုံးပေါက်အားသွင်းပြီးထားတာ မနက်ကျ ပါဝါမတက်တော့ဘူး။ အားသွင်းရင်းဖြစ်သွားတာ။ ဘယ်လိုလုပ်ရမလဲ။ အကြံပေးပါဦး။
ဖြေ - ဟုတ်ကဲ့။ အားသွင်းရင်းဖြစ်သွားတဲ့ကိစ္စကတော့ ဘက်ထရီအပူလွန်ကဲပြီး Ampera ဆဲလ်သေသွားတာမျိုးလည်း ဖြစ်နိုင်သလို Charging လမ်းကြောင်း (ဆားကစ်အတွင်းပိုင်း) ရှော့ဖြစ်တာမျိုးလည်း ရှိပါတယ်။ အရင်ဆုံး ဘက်ထရီအသစ်လဲကြည့်ပါ။ မရရင်တော့ နီးစပ်ရာ Service ဆိုင်ကို ပို့လိုက်ပါခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က အသစ်လဲထားတာ မကြာသေးဘူး။ မိလိုက် မမိလိုက် ဖြစ်နေတယ်။ ဘာဖြစ်တာလဲ မသိဘူး။
ဖြေ - အစ်ကိုရေ အစ်ကို့ Phone က Touch Quality မကောင်းလို့ ဖြစ်တာပါ။ Touch အသစ်လဲရမှာပါ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က အသံမကြားရဘူးဖြစ်နေတယ်။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone ကို Speaker လဲကြည့်ပါ။ မရရင်တော့ Speaker လမ်းကြောင်းကို စစ်ရမှာပါ။

မေး - မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်ဖုန်းမှာ Screen Lock ချပြီး Pattern မေ့သွားလို့။ Factory Reset ချဖို့ Recovery Mode ၀င်လို့မရလို့ပါ။ Model နံပါတ်က Happy Phone C570 ပါ။
ဖြေ - မင်္ဂလာပါအစ်ကို။ Recovery Mode ၀င်တဲ့နည်းက Volume Down Key နဲ့ Power ကိုနှိပ်ပါ။ Vibrate တုန်ရင် Power Key လွှတ်ပြီး Volume Down Key ကိုဆက်ဖိထားရင် Recovery Mode ၀င်နိုင်ပါပြီ။

မေး - ကျွန်တော့်ဖုန်းမှာ Facebook Version အမြင့်သုံးချင်လို့ Zapya နဲ့ကူးပြီး Install လုပ်ပါတယ်။ ဒါပေမယ့် Parse Error စာသားပြပြီး Install လုပ်လို့မရပါဘူး။ ကူညီပါဦး။
ဖြေ - ဒီလို Error မျိုးက Android Version အနိမ့်တွေကို Support မပေးတဲ့ Application Version အမြင့်တွေမှာ အဖြစ်များပါတယ်။ Latest Version တွေကိုပဲ သုံးချင်တယ်ဆိုရင်တော့ အနည်းဆုံး Android Version 5.0 (Lollipop) ဆိုရင် အဆင်ပြေပါတယ်။

မေး - ကျွန်တော့်ဖုန်းက Samsung J5 ပါ။ Factory Reset ချရင် FRP Lock ကျတတ်တယ်လို့ သိရပါတယ်။ Lock မကျအောင် ဘယ်လိုလုပ်ရမလဲခင်ဗျာ။
ဖြေ - FRP Lock မကျချင်ရင် Setting > Developer Options > Oem Unlock ကို On ထားရင် Factory Reset ချရင် FRP Lock မကျတော့ပါဘူး။ အဆင်ပြေပါစေခင်ဗျာ။

မေး - Huawei ဖုန်းတွေကို Firmware ပြန်တင်တဲ့အခါ တစ်ချို့ Huawei ဖုန်းတွေက လိုင်းပျောက်သွားတာမျိုး၊ Touch အလုပ်မလုပ်တော့တာမျိုး စတဲ့ Error တွေ ကြုံရပါတယ်။ ဒီ Error ကို ဘယ်လိုဖြေရှင်းလို့ရမလဲ။ သိချင်ပါတယ်။
ဖြေ - Huawei ဖုန်းမှ မဟုတ်ပါဘူး။ တခြား မည်သည့်ဖုန်းအမျိုးအစားမဆို Firmware ပြန်တင်တော့မယ်ဆိုရင် မိမိပြုလုပ်မယ့် မူလဖုန်းအမျိုးအစားရဲ့ Version, Build Number ရဲ့ အမြင့်ကို တင်ရပါတယ်။ လက်ရှိသုံးနေတဲ့ Version, Build Number ထက် နိမ့်တာတင်မိရင်တော့ Error အမျိုးမျိုး ကျနိုင်ပါတယ်။ ဒီ Error မျိုးကြုံလာရင် Step 2 အဆင့်အနေနဲ့ Downgrade ဆင်းပြီး အနိမ့် Firmware ကို တင်ရပါမယ်။ ပြီးလျှင် သူ့ထက်မြင့်တဲ့ Firmware ကို ပြန်လည်ရေးသားရပါမယ်။ ဒါမှအဆင်ပြေမှာပါ။

မေး - Redmi Note တွေရဲ့ အတွေ့အကြုံလေးပါ။ Software လိုလို Hardware လိုလိုဖြစ်နေတဲ့ နည်းလမ်းပြဿနာလေးပါ။ အတွေ့အကြုံရအောင်ပါ။
ဖြေ - Redmi Note ဖြစ်တဲ့ပုံစံကတော့ ခရီးသွားရင်း ဘက်ထရီအားကုန်သွားတော့ Power Supply အသေးလေးနဲ့ချိတ်လိုက်တော့ ဖုန်းက ပါဝါဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်သွားသည်။ Firmware ပြန်တင်ရင် Fastboot File Download ဆွဲပြီးတင်ပါ။ (www.en.miui.com)

မေး - Zypya က ချိတ်လို့ရပြီး ဘယ်ကိုမှ ပို့လို့မရတာ ဘယ်လိုဖြေရှင်းလို့ရပါသလဲ။
ဖြေ - ဖြေရှင်ဖို့နည်းလမ်းရှိပါတယ်။ Security Application ကိုရှာပါ။ Data Usage ထဲက Restric Data Usage ထဲက Zypya ကို Data ကော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 

No comments:

Post a Comment