Tuesday, May 16, 2017

♪ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အရွယ်သေး စမတ်ဖုန်းများ ♫


https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/0-1.jpg?fit=800%2C450&ssl=1
အရွယ်ကြီး စမတ်ဖုန်းများကို နှစ်သက်သူများ ရှိသလို ကိုင်ဆောင်ရတာ ပေါ့ပါးပြီး သေးသွယ်ကျစ်လစ်တဲ့ စမတ်ဖုန်းများကို အကြိုက်တွေ့သူများလည်း ရှိပါတယ်။ အဲဒီလို အရွယ်သေး စမတ်ဖုန်းများကို ၀ယ်ယူချင်သူများအတွက် ၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး အရွယ်သေး စမတ်ဖုန်းများကို ဝေဖန်သုံးသပ်ပေး လိုက်ပါတယ်။

၁။ iPhone 7

Weight: 138g | Dimensions: 138.3 x 67.1 x 7.1mm | OS: iOS 10.3 | Screen size: 4.7-inch | Resolution: 750 x 1334 | CPU: Apple A10 Fusion | RAM: 2GB | Storage: 32GB/128GB/256GB | Battery: 1960mAh | Rear camera: 12MP | Front camera: 7MP iPhone 7 မှာ ၄.၇ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်အစားက ကျစ်လစ်ပါတယ်။ စတိုင်ကျတဲ့ သတ္တုဒီဇိုင်း၊ ရေစိုခံခြင်း နဲ့ အရည်အသွေးမြင့်မားတဲ့ မျက်နှာပြင် စတဲ့ စွမ်းရည်များလည်း ရှိပါတယ်။ အလင်းရောင် နည်းပါးတဲ့ နေရာများမှာတောင် ကင်မရာက အရည်အသွေးကောင်းတဲ့ ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပါတယ်။ 256GB Storage က လုံလောက်တဲ့ ပမာဏပါ။ ဒါပေမယ့် ဈေးနှုန်း မြင့်မားပါတယ်။

၂။ iPhone SE

Weight: 113g | Dimensions: 123.8 x 58.6 x 7.6mm | OS: iOS 10.3 | Screen size: 4.0-inch | Resolution: 640 x 1136 | CPU: Apple A9 | RAM: 2GB | Storage: 16GB/64GB | Battery: 1624mAh | Rear camera: 12MP | Front camera: 1.2MP iPhone SE က iPhone 7 ထက် အရွယ်သေးပြီး ဈေးသက်သာပါတယ်။ iPhone SE ရဲ့ A9 Chipset , 2GB RAM , 12MP Camera များက iPhone 6S နဲ့ တူညီပါတယ်။ iPhone SE မှာ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး စွမ်းရည် အမြင့်မားဆုံး ၄ လက်မ ဖုန်း ဖြစ်ပါတယ်။

၃။ Samsung Galaxy A3 (2017)

Weight: 138g | Dimensions: 135.4 x 66.2 x 7.9mm | OS: Android 6 | Screen size: 4.7-inch | Resolution: 720 x 1280 | CPU: Exynos 7870 | RAM: 2GB | Storage: 16GB | Battery: 2350mAh | Rear camera: 13MP | Front camera: 8MP Samsung Galaxy A3 (2017) မှာ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး Galaxy S7 နဲ့ ဆင်တူပါတယ်။ ရေစိုခံပြီး ဖုန်မ၀င်အောင် ကာကွယ်ပေးပါတယ်။ ၂ ရက် အသုံးခံတဲ့ ဘက်ထရီက စွမ်းရည်မြင့် စမတ်ဖုန်းများထက် သာလွန်နေပါတယ်။ ၄.၇ လက်မ HD Display , 13MP Camera တပ်ဆင်ထားပြီး စွမ်းဆောင်ရည်သင့် အရွယ်သေး ဖုန်း ဖြစ်ပါတယ်။

၎။ Sony Xperia X Compact

Weight: 135g | Dimensions: 129 x 65 x 9.5mm | OS: Android 6 | Screen size: 4.6-inch | Resolution: 720 x 1280 | CPU: Snapdragon 650 | RAM: 3GB | Storage: 32GB | Battery: 2700mAh | Rear camera: 23MP | Front camera: 5MPSony Xperia X Compact မှာ ၄.၆ လက်မ HD Display တပ်ဆင်ထားပြီး လက်တစ်ဖက်ထဲနဲ့ အသုံးပြုလို့ အဆင်ပြေပါတယ်။ စွမ်းဆောင်ရည်သင့် Snapdragon 650 Chipset ထည့်သွင်းထားပါတယ်။ 3GB RAM နဲ့ ကြာရှည် အသုံးခံတဲ့ ဘက်ထရီ ပါပါတယ်။ ကင်မရာ အရည်အသွေး ကောင်းမွန်ပါတယ်။

၅။ Sony Xperia XA

Weight: 137.4g | Dimensions: 143.6 x 66.8 x 7.9mm | OS: Android 6 | Screen size: 5.0-inch | Resolution: 720 x 1280 | CPU: MediaTek Helio P10 | RAM: 2GB | Storage: 16GB | Battery: 2300mAh | Rear camera: 13MP | Front camera: 8MP Sony Xperia XA မှာ ၅ လက်မ မျက်နှာပြင် တပ်ဆင်ထားတဲ့ အတွက် ဒီစာရင်းမှာတော့ အရွယ်အကြီးဆုံးပါ။ ပါးလွှာတဲ့ ဒီဇိုင်း ဖြစ်ပြီး မျက်နှာပြင်ဟာ Edge-to-Edge Display ဖြစ်ပါတယ်။ 8MP Front Camera က Selfie ချစ်သူများ အကြိုက်တွေ့မှာပါ။ စွမ်းဆောင်ရည်နဲ့ ဘက်ထရီ သက်တမ်းကတော့ အလွန် ကောင်းမွန်ခြင်း မရှိပါဘူး။


Credit to ==> Digital Times
 
 
 

No comments:

Post a Comment