Thursday, May 11, 2017

♪ သင့်ကို ဆေးလိပ်ဖြတ်ပေးမယ့် Android Apps ၅ ခု ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Smoking-featured.jpg?fit=800%2C450&ssl=1
သင့် ကျန်းမာရေးကို ထိခိုက်စေတဲ့ မကောင်းတဲ့ အလေ့အကျင့်များစွာ ရှိပါတယ်။ အဲဒီအထဲမှာတော့ ဆေးလိပ်သောက်ခြင်းဟာ အဆိုးရွားဆုံးဖြစ်ပါတယ်။ သင့်ရဲ့ အဆုတ်ကို ပျက်ဆီးစေသလို သက်လုံကို ကျဆင်းစေပါတယ်။ ဆေးလိပ်ဖြတ်ဖို့ဆိုတာ မလွယ်ကူပေမယ့် အောက်ဖော်ပြပါ Android Apps များက သင့်ကို ကူညီပေးနိုင်ပါတယ်။

၁။ QuitNow!: Quit Smoking
QuitNow!: Quit Smoking က ဆေးလိပ်ဖြတ်ရာမှာ ကူညီပေးမယ့် နာမည်အကြီးဆုံး App ဖြစ်ပါတယ်။ သူက သင်တစ်နေ့တာ အတွင်း သောက်တဲ့ ဆေးလိပ် အရေအတွက်၊ ဆေးလိပ်တစ်ဘူးမှာ ပါတဲ့ အရေအတွက်နဲ့ ဆေးလိပ်တစ်ဘူးရဲ့ ဈေးနှုန်းတို့ကို မေးမြန်းမှာပါ။

အဲဒီနောက်မှာ သူက အောက်ပါ အချက်များဖြင့် သင် ဆေးလိပ်ဖြတ်ဖို့ ကူညီမှာပါ။
• Achievements – တစ်နေ့တာအတွင်း ဆေးလိပ်သောက်သုံးမှု မရှိခြင်း၊ သက်သာသွားတဲ့ ငွေပမာဏနဲ့ မိနစ်များတို့လို သင့်ရဲ့ အောင်မြင်မှုများကို ပြသပေးထားပါတယ်။
• Community – ဆေးလိပ်ဖြတ်နေတဲ့ အခြား လူများနဲ့ ဆွေးနွေး စကားပြောနိုင်ပြီး ဆေးလိပ်ဖြတ်ဖို့ တွန်းအားများ၊ အကြံဥာဏ်များ ရနိုင်ပါတယ်။
• Health – ဒီကဏ္ဍမှာ သင့်ရဲ့ သွေးဖိအား တိုးတက်လာမှု၊ ခန္တာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ နစ်ကိုတင်း ပမာဏ၊ ရုတ်တရက် သေဆုံးနိုင်ခြေ နည်းပါးမှု၊ သင့်ရဲ့ ကိုယ်ကာယ ကျန်းမာလာမှုများကို ပြသထားပါတယ်။
Download

၂။ Smoke Free
Smoke Free မှာ ဆေးလိပ်ဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ တိုးတက်မှုများ၊ ဆေးလိပ်ဖြတ်ဖို့ ကူညီပေးမယ့် နေ့စဉ် အလုပ်များကို မှတ်သားနိုင်ပါတယ်။ ဆေးလိပ်မသောက်ရင် သူက အမှတ်များ သင့်ကို ပေးမှာပါ။ သင့်ရဲ့ တိုးတက်မှု၊ ရည်မှန်းချက်၊ ကျန်းမာရေး တိုးတက်မှု၊ ဆေးလိပ် မသောက်တဲ့ အချိန်များကို သူက မှတ်တမ်းတင် တွက်ချက်ပေးနိုင်ပါတယ်။ သက်သာသွားတဲ့ ငွေပမာဏကိုလည်း သူက တွက်ချက်ပေးပါတယ်။ App Settings ထဲမှာ သင့်ဒေတာများကို Reset ပြုလုပ်ခြင်း၊ Reminders များ သတ်မှတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
Download

၃။ Quit Tracker : Stop Smocking

Quit Tracker : Stop Smocking က သင်ဆေးလိပ် မသောက်တဲ့ အချိန်၊ သက်သာသွားတဲ့ ငွေ ပမာဏနဲ့ ဆေးလိပ် မသောက်ခြင်းကြောင့် အသက်ရှည်လာတဲ့ ရက်အရေအတွက်တို့ကို တွက်ချက်ပေးပါတယ်။ ဆေးလိပ် မသောက်ခြင်းကြောင့် စုဆောင်းမိတဲ့ ငွေများကနေ ၀ယ်ယူနိုင်မယ့် ပစ္စည်းများကို ပြသပေးတာက သူ့ရဲ့ ထူးခြားချက်ပါ။ သူ့မှာ ဂိမ်းတစ်ခုပါပြီး ဆေးလိပ်သောက်ချင်စိတ် မပေါ်လာအောင် ဂိမ်းက စွဲဆောင်ပေးပါတယ်။
Download

၎။ Quitify for Quit Smoking!
Quitify for Quit Smoking! က ဆေးလိပ်သောက်ခြင်းကြောင့် ကုန်သွားတဲ့ ငွေပမာဏ၊ ဆေးလိပ်မသောက်တဲ့ နေ့များ၊ ဆေးလိပ် မသောက်ခြင်းကြောင့် သင့် လူ့သက်တမ်းမှာ ထပ်တိုးလာမယ့် နေ့ရက်များကို တွက်ချက်ပေးထားပါတယ်။ Menu ထဲမှာ ဆေးလိပ် သောက်ချင်တဲ့ စိတ်ကို ထိန်းချုပ်နည်းများ၊ သင့်ရဲ့ အောင်မြင်မှုများကို ပြသပေးထားပါတယ်။
Download

၅။ Stop Smoking – Easy Quit Free
Stop Smoking – Easy Quit Free က ဆေးလိပ် မသောက်ခြင်းကြောင့် စုဆောင်းမိတဲ့ ငွေပမာဏ၊ ကျန်းမာရေး အခြေအနေ၊ ရည်မှန်းချက်များ၊ တိုးတက်လာတဲ့ လူ့သက်တမ်း စတာတွေကို တွက်ချက် ပြသပေးပါတယ်။ သူ့ရဲ့ ထူးခြားချက်က စီမံကိန်းတစ်ခု ချမှတ်နိုင်တာဖြစ်ပြီး ဆေးလိပ် အမြန်ပြတ်အောင် ကူညီပေးပါတယ်။ တစ်နေ့လျှင် သောက်မယ့် ဆေးလိပ် အရေအတွက်ကို သင်က သတ်မှတ်နိုင်ပြီး တကယ် သောက်ဖြစ်တဲ့ အရေအတွက်ကိုလည်း မှတ်သားနိုင်ပါတယ်။
Download



Credit to ==> DigitalTimes.com.mm




No comments:

Post a Comment