Wednesday, May 17, 2017

♪ " (5) မိနစ်နဲ့ မိုဘိုင်းဖုန်းတစ်လုံး အားပြည့်စေနိုင်တော့မည် " ♫


Image may contain: screen and text

မိုဘိုင်းဖုန်းတစ်လုံး အပြည့်အဝအားသွင်းနိုင်ဖို့ အချိန် (5) မိနစ်သာ ကြာစေမယ့် ဘက်ထရီတွေကို 2018 နှစ်ဆန်းပိုင်းမှာ ထုတ်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ အစ္စရေးနိုင်ငံရဲ့ စွန့်ဦးတီထွင်လုပ်ငန်း တစ်ခုဖြစ်တဲ့ StoreDot က အားသွင်းမြန်တဲ့ FlashBattery စနစ်ကို 2015 ခုနှစ်အတွင်း Las Vegas မှာ ပြုလုပ်ခဲ့တဲ့ CES ပွဲမှာ ပြသခဲ့တာဖြစ်ပါတယ်။

StoreDot မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Doron Myersdorf က " စမတ်ဖုန်းတစ်လုံးကို (5) မိနစ်နဲ့ အားအပြည့်သွင်းနိုင်လာမယ်။ ဒီအတွက် အာရှမှာရှိတဲ့ ဘက်ထရီထုတ်လုပ်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်။ 2018 ခုနှစ် ပထမလေးလပတ်ထဲမှာ ထွက်ပေါ်လာနိုင်ဖို့ လုပ်ဆောင်နေ တယ် " လို့ ပြောပါတယ်။ ဒါပေမယ့် နည်းပညာလေ့လာဆန်းစစ်သူတွေကတော့ သူ့ရဲ့အပြောကို သံသယ ရှိနေဆဲပဲဖြစ်ပါတယ်။

StoreDot အနေနဲ့ ဒီနည်းပညာကို စတင်မိတ်ဆက်ချိန်မှာ စမတ်ဖုန်းဘက်ထရီတွေက ထူထဲခဲ့ပေမယ့် အခုလက်ရှိမှာတော့ တော်တော်လေးကို ပါးလွှာတဲ့ ဘက်ထရီတွေ ဖြစ်နေပါပြီ။ ဒါဟာ မဖြစ်နိုင်ဘူးလို့ ယူဆကြပေမယ့် တဖက်ကကြည့်ရင်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက Qualcomm ကုမ္ပဏီက မိတ်ဆက်ခဲ့တဲ့ it's Quick Charge 4 System ကိုလည်း မေ့ထားလို့ မရပါဘူး။ ဒီစနစ်က (5) မိနစ်အားသွင်းရုံနဲ့ (5) နာရီကြာ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်

StoreDot ကတော့ စမတ်ဖုန်း ဘက်ထရီအတွက်သာမကဘဲ လျှပ်စစ်ကားတွေမှာ (5) မိနစ်အားသွင်းပြီး မိုင် 300 မောင်းနှင်နိုင်မယ့် နည်းပညာကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်က ဘာလင်မှာပြုလုပ်ခဲ့တဲ့ နည်းပညာပြပွဲအတွင်း ပြသခဲ့သေးတယ်လို့ သိရပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

No comments:

Post a Comment