Wednesday, May 17, 2017

♪ “Browser တွေနဲ့ ထူးထူးခြားခြား အလုပ်လုပ်မယ်” ♫


No automatic alt text available.
Browser ကို အင်တာနက်စာမျက်နှာတွေကြည့်ဖို့ ကျွန်တော်တို့ သုံးပါတယ်။ တစ်ခါတလေကြတော့ Website တွေ ကနေ download တွေဘာတွေချ တယ်ပေါ့ဗျာ။ Browser က ဒါလောက်ပဲအသုံးတည့်သလား။ မဟုတ်ပေါင်ဗျာ။ Flash ထည့်ပေးထားတဲ့ Browser ဆိုရင် အင်တာနက်ကနေ ဗီဒီယိုတွေ ဘာတွေကြည့်လို့ရပါတယ်။ အခုတော့ HTML5 ကို သုံးလာကြလို့ ဗီဒီယို ကြည့်နိုင်တာမဆန်းတော့ပါဘူး။ ဒါပေမယ့် Browser ရဲ့ အစွမ်းဟာ ဒီလောက်နဲ့ဘယ်ကမတုန်း။ Plug-in တွေထည့်နိုင်ရင်ထည့်နိုင်သလောက် မထင်တာတွေ လုပ်ပြနိုင်ပါတယ်။ ဘာတွေ လုပ်ပြနိုင်သလဲ။

<Facebook မှာ ဘယ်သူကကိုယ့်ကို အဆက်ဖြတ်သလဲ သိနိုင်တယ်>

Facebook ထဲမှာ တစ်ဖက်လူလုပ်သမျှ အရာအားလုံးကို Browser ထဲမှာ လာပြောလေ့မရှိပါဘူး။ Facebook app တိုက်ရိုက်သုံးပါတယ် ဆိုတာတောင် တစ်ဖက်လူဘာလုပ်တယ်ဆိုတာ အကုန်မသိနိုင်ပါဘူး။ ဥပမာပြောရရင် လူတစ်ယောက် ဟာ အလိုက်ကန်းဆိုးမသိဘဲ ကိုယ်ရေး ကိုယ်တာပုံတွေကို တစ်ခါတင်ရင် အစိတ်သုံးဆယ်တင်မယ်။ Facebook မိတ်ဆွေ တချို့က သည်းမခံနိုင်ဘူး။ ဒီတော့ Unfollow လုပ်တယ်။ ဒီလူတွေဟာ သူငယ်ချင်း အဖြစ် ဆက်ပြီးရှိနေတယ်။ အလိုက်ကန်းဆိုး မသိသူရဲ့ Post တွေကို မမြင်ရတော့ဘူး။ ခင်ဗျားကိုဘယ်သူက unfollow လုပ်ထားတယ်ဆိုတာ Facebook ကပြောဖူးသလား။

Unfriend လုပ်တာလည်း ဒီအတိုင်းပဲ။ အလွယ်နဲ့မသိနိုင်ဘူး။ ငါ့မှာ သူငယ်ချင်းတွေ လျော့ကုန်ပါရော့လားဆိုတာ လောက် သိရတာ။ ဘယ်သူတွေက စိတ်ကုန်လို့ အဆက်ဖြတ်သွားသလဲ မသိနိုင်ဘူး။ သူငယ်ချင်း စာရင်းတစ်ခုလုံးဖော်ပြီး စစ် ကြည့်မှသိနိုင်မှာ။ သူငယ်ချင်း လေးငါးထောင် ထားတဲ့ ပုဂ္ဂိုလ်တွေဆိုရင် Facebook သူငယ်ချင်းစာရင်းထဲက ဘယ်သူ ပျောက်နေတယ်ဆိုတာ ဘီးစိပ်တိုက်ပြီး ရှာဖို့မလွယ်ရေးချမလွယ်ပါခင်ဗျာ။ အလွယ်သိချင်သူများ Who Deleted Me ဆိုတဲ့ Plug-in သုံးပါမယ်။ Chrome နဲ့ Firefox browser တွေမှာသုံးနိုင်တယ်။

ဒီ Plug-in က Facebook သူငယ်ချင်းစာရင်းကို စောင့်ကြည့်ပေးတယ်။ စာရင်းထဲက တစ်ယောက်ယောက်ပျောက်သွား ပြီဆိုရင် သတိပေးတယ်။ သူတို့ရဲ့ account တွေကို deactivate လုပ်ထားလို့ပဲ ပျောက်သွားတာလား၊ ကိုယ့်အပေါ် သဘော မကျလို့ အဆက်ဖြတ်သွားတာလားဆိုတာကို ပြောပြ ပေးနိုင်ပါတယ်။ သူက သုံးလို့ကောင်းတယ်။ ဒါပေမယ့် chrome ထဲကို ကြော်ငြာတွေနဲ့အတူ တွဲဝင်လာတဲ့ malicious code တွေရှိနေရင် ဒီ plug-in ကြောင့် အန္တရာယ်ရှိနိုင်တယ်။ Chrome version အဟောင်းတွေမှာပါ။ version 50.0 ကနေ အထက်သုံးရင် သိပ်ပြီး ပြဿနာမရှိပါဘူး။
နောက်ဆုံးထွက်ထားတဲ့ Who Deleted Me မှာ အဲဒီအားနည်းချက်ကို ပြင်ပေးထားပြီးပါပြီ။ အန္တရာယ်ရှိတဲ့ ဖြစ်စဉ်တွေ ပေါ်လာတဲ့အခါ ခွင့်ပြုမိန့်ယူ ရတဲ့ permission ယူတဲ့စနစ်ထည့်ပေးထားလို့ ဘယ်သူတွေကိုယ့်ကို အလစ်ချောင်းနေတယ်ဆိုတာ သိနိုင်ပြီး လုံခြုံရေးပိုကောင်းစေပါတယ်

<Skype ကို တခြား Web tool တွေထဲမှာ ပေါင်းထည့်နိုင်တယ်>

Viber ကို ပြည်တွင်းမှာသုံးလာနိုင်တဲ့အတွက် ပြည်ပကို စကားပြောဖို့ Skype ကို သိပ်ပြီးမသုံးကြတော့ပါဘူး။ တိုက်ရိုက် ဖုန်းဆက်ချင်လို့ Viber out ၀ယ်တယ်ဆိုရင် သူကငွေဖြည့်ဖို့လွယ်ပြီး ကုန်ကျစရိတ်လည်း ပိုသက်သာ တယ်လေ။ ဒါပေမယ့် Skype ကလည်း အသုံးဝင်တုန်းပါပဲ။ Google ရဲ့အပိုင် Hangouts ကလည်း Skype နဲ့ ပြိုင်ဖက်ပါပဲ။ ဒါပေမယ့် Chrome browser အတွက် Skype add-on ရနိုင်တယ်။အင်တာနက်သီးသန့်သုံး skype ထက်စာရင် သူ့မှာ အားသာချက် တချို့ရှိတယ်။ ကိုယ်လျှောက်ကြည့်ခဲ့တဲ့ Web-page တွေကို skype contact တွေဆီ မျှဝေနိုင်ပါတယ်။Skype ကို microsoft က ကိုင်ထားတာပါ။ Skype ရဲ့ အရေးပါပုံကို ရိပ်စားမိတဲ့အတွက် လောလော ဆယ်မှာ ဒီ extension ကို စွမ်းဆောင်ရည်အသစ်တွေ ထပ်ဖြည့်ပြီး ပြင်ဆင်ထားပါတယ်။ ဒီတိုင်းထက် နည်းနည်းပိုကောင်း လာမှာသေချာ ပါတယ်။ ထပ်ဖြည့်လိုက်တဲ့ စွမ်းဆောင်ရည်တွေကြောင့် Skype for chrome ဟာ Gmail ၊ Twitter ၊ Google ၊ Calendar ၊ Outlook.com တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်လာနိုင်ပါတယ်။ Messages နဲ့ Calendar events တွေထဲမှာရှိနေတဲ့ Skype call link တွေကို Sbutton တစ်ချက်နှိပ်ရုံနဲ့ အပေါ်မှာပြောခဲ့တဲ့ Gmail အပါအ၀င် နေရာတွေဆီကို ထည့်နိုင်ပါတယ်။ ဒါ့အပြင် Skype မှာ မှတ်ပုံတင်စရာမလိုဘဲ ဗီဒီယိုဖုန်းပြောတဲ့အလုပ်တွေ လည်း လုပ်နိုင်ပါမယ်။ Linux နဲ့ Chrome OS သုံးမယ်ဆိုရင်ဖြင့် ဒီအခွင့်အရေး မရနိုင်ပါဘူး။

<Website တွေထဲက စိတ်မချရတဲ့ Script တွေကို ပိတ်နိုင်တယ်>

ဒါကတော့ Firefox browser မှာ ပိုပြီးလုပ်နိုင်ပါတယ်။ No script add-on ကို အခုဆိုရင် Firefox သုံးတဲ့လူ နှစ်သန်း ကျော်လောက်က အသုံးပြုနေပါတယ်။ လူကြိုက်များရတာက အန္တရာယ်များတဲ့ Script တွေကြောင့် Web user တွေမထိခိုက် အောင် ကာကွယ်ပေးနိုင်လို့ပါ။ ဒီ add-on ထွက်တာ ၁၂ နှစ် ရှိပါပြီ။ Firefox အနေနဲ့ add-on တွေကို ဖယ်ထုတ်ပစ်တာ၊ အပြောင်းအလဲ လုပ်တာမျိုးတွေရှိပါတယ်။ No script ကိုလည်း မကြာခဏဆိုသလို update လုပ်ပါတယ်။ No script 5.0m Classic Firefox add-on နဲ့ Web extension ကြားက ကွာခြားချက်ကို စေ့ပေးပါတယ်။

ဒါကြောင့် data သိပ်များတဲ့ Website တွေကိုသုံးတဲ့အခါ Performance ပိုကောင်းပြီး Google tracker တွေကို ပိုပြီး ပိတ်ဆို့နိုင်ပါတယ်။ သူပိတ်နိုင် တဲ့အထဲမှာ nosy Analytics tool တွေပါပါတယ်။ ကိုယ့်ရဲ့ ပိတ်ဆို့မှု လိုအပ်ချက်အပေါ် မူတည်ပြီး Noscript ကို လိုအပ်သလို ချိန်ညှိမှုတွေ လုပ်နိုင်ပါတယ်။ လိုအပ်တဲ့ Website တချို့မှာပဲ Java script ကိုခွင့်ပြုပြီး ကျန်တဲ့ site တွေမှာ ခွင့်မပြုတာမျိုး လုပ်နိုင်ပါတယ်။ မယုံကြည်ရတဲ့ site တွေအတွက် Flash ၊ Java နဲ့ တခြား Plug-in တွေကို အလိုအလျောက် ပိတ်ဆို့တာမျိုး လုပ်နိုင်ပါတယ်။ Chickjacking ကိုပိတ်ဆို့နိုင်တဲ့ Clear Click နည်းပညာကိုလည်း သုံးထားလို့ ကြော်ငြာခ မတန်တဆပေးရတာမျိုး မရှိနိုင်ပါဘူး။ တချို့ Website တွေကို ပိုပြီးယုံကြည် စိတ်ချရတဲ့ HTTPS သုံးဖို့လည်း တွန်းအားပေးနိုင်ပါတယ်။ Moon Pale Browser သုံးတဲ့လူတွေမှာ Noscript 5 စသုံးတာ ပြဿနာရှိတယ်ဆိုတဲ့ အသံကြားပါ တယ်။ Version အဟောင်းကို ပြောင်းသုံးရင် အဆင်ပြေနိုင်ပါတယ်။

<Website တွေရဲ့ IO address ကို သိနိုင်တယ်>

ဒါကတော့ Opera browser မှာ အကောင်းဆုံးဆောင်ရွက်ပေးပါတယ်။ သုံးတဲ့သူရဲ့ IP address ကို ဖျောက်ချင်ဖျောက် ထားနိုင်တယ်။ Website တွေရဲ့ IP address ကို ဖျောက်ထားလို့မရဘူးဆိုပြီး ဆောင်ရွက်ပေးတာက Opera ရဲ့ add - on တစ်ခုဖြစ်တဲ့ IP Address Finder ဖြစ်ပါတယ်။

နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 
 

No comments:

Post a Comment