Tuesday, May 2, 2017

amaung 6.0.1 နှင့် Zawgyi ဖောင့်



Samaung 6.0.1 နှင့် Zawgyi ဖောင့်

လက်ရှိယနေ့ နည်းပညာ Mobile Group တွေမှာ အမေးများနေကြတဲ့ Samaung 6.0.1 တွေ Zawgyi ဖောင့်ထည့်သွင်းဖို့နဲ့ပတ်သတ်ပြီး သိသလောက်လေး ပြောပြချင်ပါတယ်။ ကိုယ့်ဘာသာ ကြုံတွေလာတဲ့အတွေ့အကြုံ ဟိုကသိ ဒီကသိတာလေးကို ရေးတာဖြစ်တဲ့အတွက် အမှားပါရင် ခွင့်လွတ်ကြပါလို့ အရင်တောင်းပန်ပါတယ်။
ကိုယ်က Samaung 6.0.1 ဖုန်းတလုံးကိုင်ထားရင် အရင်ဆုံး ဖုန်းရဲ့ Setting ထဲမှာ မြန်မာဘာသာပါလား English (Zawgyi) ပါလား အရင်ရှာကြည့်ပါ၊ အမှန်ဆို ရှာကြည့်စရာတောင် မလိုပါဘူး၊ Facebook တို့မှာ မြန်မာဖောင့်မြင်ရ ဖတ်ရနေရင် ဒါ System မှာ မြန်မာဖောင့်ရှိနေလို့ပါဘဲ ဒါကြောင့် Setting မှာလည်း မြန်မာဘာသာရှိနေမှာပါဘဲ၊ ဘယ်မှာမှ Zawgyi ဖောင့်မမြင်ရဘူးဆိုရင်တော့ သေချာပါတယ် Setting မှာ မြန်မာဘာသာ ရှိမှာမဟုတ်ပါဘူး။
နောက်တမျိုးက မြန်မာစာလုံးတွေကို ပြောင်းပြန်မြင်ရတယ် စာလုံးတွေမှားနေတယ် (တကယ်တော့မှန်နေတာပါ) စာတွေဖတ်မရဘူး အဲ့လိုတွေဖြစ်နေရင်တော့ သိထားလိုက်ပါတော့ သင့်ဖုန်းဟာ မြန်မာဖောင့်တမျိုးဖြစ်တဲ့ Unicode ဖောင့်သွင်းထားပါတယ်၊ စာတွေကို အမှန်မြင်ချင်ရင်တော့ မြန်မာဖောင့် Zawgyi ဖောင့်ကို ပြောင်းထည့်ပေးရပါမယ်။ တချို့ဖုန်းတွေကြ Setting ထဲက ဘာသာစကားမှာ မြန်မာ (Unicode), မြန်မာ (Zawgyi) ဆိုပြီး ၂ မျိုးပါပါတယ်၊မြန်မာ (Zawgyi) ကို ပြောင်းရွေးပေးရပါမယ်၊ ဒါပေမဲ့ ဒီနည်းလည်း အဆင်ပြေကြီးရယ်လို့တော့ မဟုတ်ပါဘူး။
Samaung Version 6.0.1 တွေကို မြန်မာဖောင့်ထည့်သွင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဖုန်းမှာ TWRP Recovery ဖိုင်သွင်းပြီး အကိုအောင်သူရရဲ့ TotalSolution ZawgyiBase Zip ဖိုင်ကို TWRP Recovery Mode ကတဆင့် ဝင်သွင်းပေးတာပါဘဲ။ ဒီနည်းလမ်းဟာ Font Error လည်းမရှိသလို နည်းပညာသမားတိုင်းလိုလို အသုံးပြုကြတဲ့ Samsung မြန်မာဖောင့်ထည့်သွင်းနည်းပါ၊ ဖုန်းရဲ့နေရာတိုင်းမှာ မြန်မာဖောင့် (Zawgyi) အမှန်မြင်ရပါမယ်၊ Setting ထဲက ဘာသာစကားမှာ မြန်မာ (Zawgyi) ပါလာပါမယ်။
တချက်ခက်ခဲသွားတာက ဖုန်းကို TWRP Recovery ဖိုင်သွင်းဖို့ ကွန်ပြူတာလိုအပ်ပါတာပါဘဲ၊ ကွန်ပြူတာ Odin မှတဆင့် မိမိဖုနိးနဲ့ကိုက်ညီမဲ့ TWRP Recovery ဖိုင်ကို သွင်းပေးရမှာပါ။ Root Acc ရှိရင်တော့ Flashify Apk ဖြင့် သွင်းယူနိုင်ပါတယ်။ (အခြား Apk တွေနဲ့ သွင်းတဲ့နည်းကတော့ အခန့်မသင့်ရင် Logo မှာဘဲ ရပ်သွားတတ်တာကြောင့် အားမပေးပါဘူး) နည်းပညာနဲ့ အလမ်းဝေးရင်တော့ ဆိုင်ဘဲပြေးလိုက်ပါ။
နောက်တခုက အရင့်အရင် Samsung Version တွေလို Setting ထဲက Font Style ကနေ မြန်မာ Zawgyi Font အလှတို့ ချိန်းသုံးမရတော့ပါဘူး၊ HiFont Apk တို့ဘာတို့ ဘာ Apk နဲ့မှ ချိန်းသုံးမရတော့ပါဘူး၊ ဒီအတွက် ဘယ်နည်းမှမရှိသေးပါဘူး (Samsung Lollipop ထိသာ Apk တွေနဲ့ တဆင့်ခံသွင်းလို့ အဆင်ပြေတာပါ)။ မြန်မာဖောင့်စာလုံးလှ သုံးချင်တယ်ဆိုရင်တော့ Root Acc ရှိရပါမယ်၊ Root Acc ရှိရင် IFont Donate Apk ဖြင့် မြန်မာစာလုံးကိုကြိုက်သလို ချိန်းသုံးနိုင်ပါတယ်။
အဓိကပြောချင်တာကတော့ မြန်မာဖောင့်ကို နေရာတိုင်းမှာ အဆင်ပြေချင်ရင် TWRP Recovery ဖိုင်သွင်းပါ၊ TotalSolution ZawgyiBase Zip ဖိုင်သွင်းပါ။ မြန်မာစာလုံးလှချိန်းသုံးချင်ရင် Root ရအောင်လုပ်ပါ၊ TWRP Recovery ဖိုင်မသွင်းထားဘဲ Root မရှိဘဲ ဘယ်နည်းလမ်းနဲ့မှ မြန်မာဖောင့်မြင်ရအောင် လုပ်ယူမရပါဘူး။ ကိုယ့်ဖုန်းနဲ့ကိုက်ညီမဲ့ TWRP Recovery ဖိုင် ကိုယ့်ဖုန်းနဲ့ကိုက်ညီမဲ့ Root ဖောက်နည်းတွေကို ဖုန်းနည်းပညာ Group တွေက တတ်သိနားလည်တဲ့ ဆရာတွေမှာ မေးမြန်းတောင်းနိုင်ပါတယ်။ TWRP Recovery ဖိုင်သွင်းခြင်း Root ဖောက်ခြင်းဟာ ဖုန်းအာမခံပျက်ပါတယ် အခြားဘာဆိုးကျိုးမှမရှိပါဘူး နည်းလမ်းမှန်မှန်နဲ့ လုပ်ဆောင်ရင်ပေါ့။

 IFont Fonta Apk_5.7.7 (7MB)
 
      Downloads 
 
otalSolution 3.2 ZawgyiBase Zip (49MB)
 
 

No comments:

Post a Comment